အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

ပညာရေးဆိုင်ရာ ကိုယ်ပိုင်အတွေးအခေါ်များကို စူးစမ်းလေ့လာခြင်း

4.8

(8 မှတ်ချက်)

Certified

5 hour(s)

121 စာရင်းသွင်းထားသူဦးရေ

2314 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

သမိုင်းတစ်လျှောက်တွင် ကမ္ဘာတစ်ဝန်းလုံးက လက်ခံသတ်မှတ်ထားသော ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူ၍ မရှိခဲ့ပေ။ မတူကွဲပြားသော အတွေးအခေါ်ပညာရှင်များနှင့် ပညာရှင်များသည် ပညာရေး၏အဓိပ္ပာယ်ကို ကိုယ်ပိုင်နည်းလမ်းများဖြင့် သတ်မှတ်ကြသည်။ အလားတူ များစွာသော သီအိုရီပညာရှင်များသည် သင်ကြားရေး၏ ရည်ရွယ်ချက်နှင့် နည်းလမ်းများနှင့်ပတ်သက်၍ ကွဲပြားသော အယူအဆများနှင့် အတွေးအခေါ်များကို အဆိုပြုခဲ့ကြသည်။ ဆရာအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးထားမှုစံများနှင့် ကိုယ်ပိုင်မူဘောင်များပေါ်တွင် အခြေခံ၍  ၎င်းတို့၏ သင်ကြားရေး အတွေးအခေါ်များ သို့မဟုတ် နည်းစနစ်များကို ရေးဆွဲကြသည်။ ထိုသို့ရေးဆွဲရာတွင်လည်း သင်ကြားရေးအတွက် အရေးကြီးသည်ဟု ၎င်းတို့ယူဆသည့် (ကျွမ်းကျင်မှု၊ သဘောထားနှင့် အသိပညာများကဲ့သို့သော) အရာများ၊ မည့်သူကို သင်ကြားမည်နည်းနှင့် မည်သို့ စီစဉ်၍ သင်ကြားရမည် အစရှိသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားလျက်ရှိသည်။ နောက်ဆုံးတွင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်သည် ကျောင်းသားများအား ဖြစ်နိုင်သမျှ အကောင်းဆုံး ပညာရေး ပံ့ပိုးပေးရန် ဖြစ်သည်။ မတူကွဲပြားသော ပညာရေး ဆိုင်ရာဒဿနများ၊ သီအိုရီများနှင့် ၎င်းတို့၏ စာသင်ခန်းအတွင်း အသုံးချမှုများကို ဆန်းစစ်ခြင်းဖြင့် အမျိုးမျိုးသော ပညာရေးဆိုင်ရာ အခင်းအကျင်းတွင် ဤသဘောတရားများကို မည်သို့အကောင်အထည် ဖော်ရမည်ကို ဆရာများက နက်နက်ရှိုင်းရှိုင်း နားလည်လာစေရန်နှင့် ပညာရေးအတွက် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များကို ဖော်ထုတ်နိုင်ရန် ကူညီပေးပါသည်။
သင်တန်းတွင် အောက်ပါ မော်ဂျူး များ ပါဝင်ပါသည်။
၁။ ပညာရေးနှင့် ပညာရေးဒဿနကို စူးစမ်းလေ့လာခြင်း 
၁.၁။ ပညာရေးတွင် ဒဿနိကဗေဒ၏ အရေးပါမှု
၁.၂။ ပညာရေးသီအိုရီများနှင့် ၎င်းတို့ကို စာသင်ခန်းအတွင်း အသုံးချရန် နည်းလမ်းများ
၂။ သင်၏ ကိုယ်ပိုင်ထူးခြားသော ပညာရေးဒဿနကို ပြုစုရေးဆွဲခြင်း
၂.၁။ ကျော်ကြားသော ပညာရေးဒဿနပညာရှင်မျာနှင့် ၎င်းတို့၏ ဒဿနများ
၂.၂။ ကိုယ်ပိုင်သင်ကြားရေး အတွေးအခေါ်ကို ပြုစုရေးဆွဲခြင်း

အဓိကအသုံးအနှုန်းများ

အသိပညာ တည်ဆောက်မှု ပဓာနဝါဒ၊ ဝေဖန်ရေး သီအိုရီ၊ ပညာရေးဒဿန၊ မဖြစ်မနေ အရေးပါမှုဝါဒ၊ ဖြစ်တည်မှုပဓာနဝါဒ၊ နိုင်ငံတကာ အပြန်အလှန်မှီခိုအားထားမှု၊ စိတ်ကူးစံထားဝါဒ၊ ခေါင်းဆောင်မှုလုပ်ဆောင်ချက်၊ ရေရှည်တည်တံ့ရေးပဓာနဝါဒ၊ မျက်မှောက်ခေတ်လွန်ဝါဒ၊ ကိုယ်တွေ့အခြေပြုဝါဒ၊ သရုပ်မှန်ဝါဒ၊  အသိပညာ ပြန်လည်တည်ဆောက်ခြင်းဝါဒ၊  အခြေအနေဆိုင်ရာခေါင်းဆောင်မှု။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် သင်ယူသူများအား ပညာရေးဒဿနအမျိုးမျိုးကို နားလည်သဘောပေါက်စေရန် ပြင်ဆင်ပေးပြီး အဆုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် ပညာရေးသဘောတရားများကို ပြုစုပျိုးထောင်ရန် ကူညီပေးပါသည်။

သင်ယူမှုရလဒ်များ

ဤမော်ဂျူးကိုသင်ယူပြီးချိန်တွင် သင်သည် -

  • ပညာရေး ဒဿနိကဗေဒ၏ အရေးပါမှုကို ပိုင်းခြားစိတ်ဖြာသုံးသပ်နိုင်မည်။
  • အဓိက ဒဿနများနှင့် ပညာရေး သီအိုရီများအပြင် စာသင်ခန်း အလေ့အကျင့်များတွင် အသုံးချပုံကို အကျဉ်းချုပ် ဖော်ပြနိုင်မည်။
  • ပညာရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် စာသင်ခန်းအတွင်း အသုံပြုနိုင်ရန် နည်းလမ်းအမျိုးမျိုးကို စူးစမ်းလေ့လာပြီး အဆိုပါနည်းလမ်းများကို လွှမ်းမိုးနေသည့် အတွေးအခေါ်များကို စူးစမ်းလေ့လာနိုင်မည်။
  • ပညာရေး ဒဿန ပညာရှင်များနှင့် ၎င်းတို့ပံ့ပိုးပေးခဲ့သော ဒဿနများအကြောင်း သင်သိထားသည်များကို စုစည်းတတ်မည်။
  • သင်၏သင်ကြားရေးချဉ်းကပ်မှုတွင် အခြေခံပညာရေး တန်ဖိုးများကို တွေးတောဆင်ခြင်တတ်မည်။
  • သင့်ကိုယ်ပိုင် သင်ကြားရေးအတွေးအခေါ်ကို ရေးဆွဲတတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

မိတ်ဆက်

မော်ဂျူး ၁။ ပညာရေးနှင့် ပညာရေးဒဿနကို စူးစမ်းလေ့လာခြင်း

မော်ဂျူး (၁) ဗီဒီယိုသင်ခန်းစာ

၁.၁။ ပညာရေးတွင် ဒဿနိကဗေဒ၏ အရေးပါမှု

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၁.၂။ ပညာရေးသီအိုရီများနှင့် ၎င်းတို့ကို စာသင်ခန်းအတွင်း အသုံးချရန် နည်းလမ်းများ

'ဆရာဗဟိုပြုသီအိုရီများ' အပိုင်းအတွက် ဗီဒီယိုသင်ခန်းစာ

ကျောင်းသားဗဟိုပြု သီအိုရီများ - ကိုယ်တွေ့အခြေပြုဝါဒ

'ကျောင်းသားဗဟိုပြုသီအိုရီများ' အပိုင်းအတွက် ဗီဒီယိုသင်ခန်းစာ 

လူ့အဖွဲ့အစည်းဗဟိုပြု သီအိုရီများ - မျက်မှောက်ခေတ်လွန်ဝါဒ

ဖြစ်တည်မှုပဓာနဝါဒ

'လူ့အဖွဲ့အစည်းဗဟိုပြုသီအိုရီများ' အပိုင်းအတွက် ဗီဒီယိုသင်ခန်းစာ 

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး ၁။ ဉာဏ်စမ်းမေးခွန်းများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ သင်၏ ကိုယ်ပိုင်ထူးခြားသော ပညာရေးဒဿနကို ပြုစုရေးဆွဲခြင်း

မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ

၂.၂။ ကိုယ်ပိုင်သင်ကြားရေး အတွေးအခေါ်ကို ပြုစုရေးဆွဲခြင်း

မော်ဂျူး (၂.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်း

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး ၂.၂။ ဉာဏ်စမ်းမေးခွန်း

မော်ဂျူး ၂။ ဉာဏ်စမ်းမေးခွန်းများ

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon