မော်ဂျူး (၃) အကောင်အထည်ဖော်ခြင်းအဆင့် - အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းအတွက် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE)
4.3
(3 မှတ်ချက်)
Certified
15 hour(s)
454 စာရင်းသွင်းထားသူဦးရေ
6161 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ဤမော်ဂျူးသည် မြန်မာနိုင်ငံအနှံ့ရှိ ပညာရေး စီမံကိန်းများကို အစီအစဉ်ရေးဆွဲချမှတ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ပို့ချခြင်းများတွင် အလွန်အရေးပါသည့်နေရာမှ ပါဝင်နေကြသည့် ပညာရေးကဏ္ဍအတွင်းမှ အဖွဲ့အစည်းခေါင်းဆောင်များ၊ စီမံကိန်း/စီမံချက်မန်နေဂျာများအတွက် ရေးဆွဲပြုစုထားသည်။ ဤမော်ဂျူးတွင် CSE စီမံကိန်းများကို အကောင်အထည်ဖော်သည့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို စီမံခန့်ခွဲခြင်း၊ ပူးပေါင်းပါဝင်မှုရှိစေသည့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုကို ထပ်မံစစ်ဆေးခြင်း၊ ဝန်ထမ်းများနှင့် ရပ်ရွာလူထုအဖွဲ့ဝင်များကို အခြေခံသဘောတရားနှင့် ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုနှင့်ပတ်သက်၍ သင်တန်းပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းအဆင့် တစ်လျှောက်လုံးတွင် ကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်းများကို ခြုံငုံ၍ဖော်ပြထားပါသည်။ ထို့ပြင် ဤမော်ဂျူးတွင် အကောင်အထည်ဖော်ခြင်းအဆင့်အတွင်း စီမံကိန်းအကောင်အထည်ဖော်သူများ မကြာခဏ ရင်ဆိုင်ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုနှစ်ခု၊ အကောင်အထည်ဖော်သူများသည် အဘယ်ကြောင့် ထိုစိန်ခေါ်မှုနှစ်ရပ်ကို မကြာခဏ ရင်ဆိုင်ကြုံတွေ့ရကြောင်းနှင့် အဆိုပါစိန်ခေါ်မှုများလျော့ပါးရေးနည်းဗျူဟာများကိုလည်း အသေးစိတ်အနှစ်ချုပ်ဖော်ပြထားပါသည်။
သင်တန်း၏ ဦးတည်အုပ်စု
ဤမော်ဂျူးကို မြန်မာနိုင်ငံတွင်း ပညာရေးကဏ္ဍတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ စီမံကိန်း သို့မဟုတ် စီမံချက်မန်နေဂျာများ အတွက် ရေးဆွဲပြုစုထားပါသည်။ ၎င်းတို့ စီစဉ်လုပ်ဆောင်နေကြသည့် သဘောသဘာဝ အမျိုးမျိုးရှိနိုင်သော အောက်ပါ သင်ယူမှုဆိုင်ရာ အစပျိုးလုပ်ဆောင်မှုများအတွက် ဦးတည်ဖန်တီးထားခြင်းဖြစ်ပါသည် -
- ကျောင်းပညာရေးသင် (Formal)၊ နေ့စဉ်ဘဝအတွေ့အကြုံများမှ ရရှိသော ပညာရေးသင် (informal) နှင့် ကျောင်းပြင်ပ ပညာရေးသင် (non-formal) ကျောင်းများနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ
- ပုဂ္ဂလိက၊ အစိုးရနှင့် ရပ်ရွာကျောင်းများ
- မြို့ပြ၊ ကျေးလက်ဒေသနှင့် မြို့ပြမကျကျေးလက်မကျ (semi-rural) ဒေသများရှိ စာသင်ကျောင်းများ။
သင်တန်းရည်ရွယ်ချက်များ
ဤမော်ဂျူးသည် ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ အစပျိုးလုပ်ဆောင်မှု စီမံကိန်းများ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း၏ နည်းလမ်းများနှင့် နည်းဗျူဟာများကို နားလည်ခြင်းဖြင့် အဖွဲ့အစည်းခေါင်းဆောင်များသည် ခံနိုင်ရည်အားကောင်းသော ရပ်ရွာအသိုင်းအဝိုင်းများ (resilient communities) ကို တည်ဆောက်ခြင်းနှင့် အရည်အသွေးမီ သင်ယူမှုအခွင့်အလမ်းများကို သာတူညီမျှ လက်လှမ်းမီရယူနိုင်မှု ရှိစေခြင်းတွင် ပံ့ပိုးပေးနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့၏ လူမျိုးစုအသိုင်းအဝိုင်းများအတွင်း ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤမော်ဂျူးမှတစ်ဆင့် CSE စီမံကိန်းများကို အကောင်အထည်ဖော်နေစဉ်တွင် ဖြစ်ပေါ်သင့်သည့် လုပ်ငန်းအမျိုးမျိုး၏ ရှင်းလင်းသော ခြုံငုံသုံးသပ်ချက်ကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။
သင်ယူမှုရလဒ်များ
ဤမော်ဂျူးပြီးမြောက်ချိန်တွင် တက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်တတ်လာမည် -
- ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အကောင်အထည်ဖော်ခြင်း လုပ်ငန်းအမျိုးမျိုးကို စာရင်းပြုစုတတ်မည်။
- ထိရောက်သော ပါဝင်ပတ်သက်သူများကို စီမံခန့်ခွဲခြင်းနှင့် ရပ်ရွာလူထုအဖွဲ့ဝင်များနှင့် ယုံကြည်မှု တည်ဆောက်ခြင်းတို့ကို သေချာစေသည့် လုပ်ငန်းများကို အသုံးပြုတတ်မည်။
- ပူးပေါင်းပါဝင်မှုရှိစေသည့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုကို ထပ်မံစစ်ဆေးခြင်းအား ဆောင်ရွက်တတ်မည်။
- ပွင့်လင်းမြင်သာမှုရှိပြီး မျှတသော ရင်းမြစ်များစီမံခန့်ခွဲမှုမှတစ်ဆင့် သာတူညီမျှမှု (equity) ကို မြှင့်တင်တတ်မည်။
- ဆိုးကျိုးများသက်ရောက်ခြင်း မရှိစေရ (Do No Harm) အခြေခံသဘောတရားကို ရှင်းပြတတ်မည်။
- စီမံကိန်းဝန်ထမ်းများ (programme staff) နှင့် ရပ်ရွာလူထုအဖွဲ့ဝင်များကို ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုနှင့် ‘ဆိုးကျိုးများသက်ရောက်ခြင်း မရှိစေရ (Do No Harm)' အခြေခံသဘောတရား နှင့်ပတ်သက်၍ သင်တန်းပေးခြင်း၏ အရေးပါပုံကို အကျိုးသင့်အကြောင်းသင့် ရှင်းပြတတ်မည်။
- စီမံကိန်းအကောင်အထည်ဖော်ခြင်းတွင် ရပ်ရွာလူထု၏ ပါဝင်မှုကို တိုးမြှင့်စေသည့် လုပ်ငန်းများကို အသုံးပြုတတ်မည်။
- အကောင်အထည်ဖော်ခြင်းအဆင့်အတွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင် တတ်မည်။
- အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို CSE ၏ လမ်းညွှန်ချက်စည်းမျဉ်းများ (Guiding Principles) နှင့် ချိန်ညှိထားမှုကို စစ်ဆေးအကဲဖြတ်ရန် CSE ၏ အခြေခံသဘောတရားများဆိုင်ရာ စစ်ဆေးရန်အချက်များပါသောစာရင်းကို အကျိုးရှိရှိအသုံးချတတ်မည်။
- ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အကောင်အထည်ဖော်ခြင်းဆိုင်ရာ အဓိကစိန်ခေါ်မှုများကို စာရင်းပြုစုတတ်မည်။
- ရပ်ရွာလူထု၏ ပါဝင်ဆောင်ရွက်မှု မရှိ/နည်းပါးခြင်း (community disengagement) ၏ နောက်ကွယ်မှ အကြောင်းပြချက်များကို စာရင်းပြုစုတတ်မည်။
- CSE စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ရပ်ရွာလူထုအဖွဲ့ဝင်များကို ပါဝင်ဆောင်ရွက်စေ ရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ယူမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းခြင်း (CLA) အညွှန်းဘောင်ကို အသုံးပြုတတ်မည်။
- ‘ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုဆိုင်ရာ စွမ်းဆောင်ရည်’ လိုအပ်/နည်းပါးခြင်းနှင့် တင်းမာမှုတိုးမြင့်လာ ခြင်းနှင့် ပဋိပက္ခကို ပိုမိုဆိုးရွားစေခြင်းတို့ကြား ဆက်နွှယ်မှုများကို ရှင်းပြတတ်မည်။
- ‘ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုဆိုင်ရာ စွမ်းဆောင်ရည်များ’ လိုအပ်/နည်းပါးခြင်း၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းများကို စာရင်းပြုစုတတ်မည်။
- လိုအပ်သော ‘ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုဆိုင်ရာ စွမ်းဆောင်ရည်’ နည်းပါးခြင်း ဘေးအန္တရာယ်ကို လျော့ပါးစေရန် လက်တွေ့ကျသော နည်းဗျူဟာများကို အသုံးပြုတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
မိတ်ဆက်
သင်ခန်းစာ ၁။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ
ပူးပေါင်းပါဝင်မှုရှိစေသည့် ‘ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု’ ကို ထပ်မံစစ်ဆေးခြင်း
ပွင့်လင်းမြင်သာမှုရှိပြီး မျှတသော ရင်းမြစ်များစီမံခန့်ခွဲမှုမှတစ်ဆင့် သာတူညီမျှမှု (equity) ကို မြှင့်တင်ခြင်း
ပွင့်လင်းမြင်သာမှုရှိပြီး မျှတသော ရင်းမြစ်များစီမံခန့်ခွဲမှုမှတစ်ဆင့် သာတူညီမျှမှု (equity) ကို မြှင့်တင်ခြင်း - အဆက်
ပွင့်လင်းမြင်သာမှုရှိပြီး မျှတသော ရင်းမြစ်များစီမံခန့်ခွဲမှုမှတစ်ဆင့် သာတူညီမျှမှု (equity) ကို မြှင့်တင်ခြင်း - အဆက်
စွမ်းဆောင်ရည်မြှင့်တင်မှု
သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)
သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)
သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၃)
သင်ခန်းစာ ၂။ ရပ်ရွာလူထုကို ပါဝင်ဆောင်ရွက်စေခြင်းနှင့် ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုဆိုင်ရာ အပြီးသတ်စစ်ဆေးမှုတစ်ခု ဆောင်ရွက်ခြင်း
ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်း
ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်း - အဆက်
ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်း - အဆက်
ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်း - အဆက်
ပဋိပက္ခကြိုတင်ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်း - အဆက်
ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုဆိုင်ရာ အပြီးသတ်စစ်ဆေးမှုတစ်ခု ဆောင်ရွက်ခြင်း
သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)
သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)
သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၃)
သင်ခန်းစာ ၃။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အကောင်အထည်ဖော်ခြင်း၏ အဓိကစိန်ခေါ်မှုများ (အပိုင်း-၁)
ရပ်ရွာလူထု၏ ပါဝင်ဆောင်ရွက်မှု မရှိခြင်း/နည်းပါးခြင်း (Community Disengagement)
ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုမရှိခြင်းသည် ရပ်ရွာလူထု၏ ပါဝင်ဆောင်ရွက်မှု မရှိခြင်း/နည်းပါးခြင်းဆီ မည်ကဲ့သို့ ဦးတည်သွားနိုင်သနည်း။
ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ယူခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းခြင်း (CLA) ဆိုင်ရာ အလေ့အကျင့်များ
ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ယူခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းခြင်း (CLA)
သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)
သင်ခန်းစာ ၄။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အကောင်အထည်ဖော်ခြင်း၏ အဓိကစိန်ခေါ်မှုများ (အပိုင်း-၂)
ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော စီမံကိန်းရေးဆွဲခြင်းနှင့် ဆက်စပ်နေသည့် စွမ်းဆောင်ရည် လိုအပ်ခြင်း/နည်းပါးခြင်း၏ အကြောင်းရင်းများ
‘စွမ်းဆောင်ရည် လိုအပ်ခြင်း/နည်းပါးခြင်း’ အန္တရာယ်ကို လျော့ပါးစေနိုင်သည့် နည်းဗျူဟာများ
သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)
သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)
အကျဉ်းချုပ်
ပြန်လည်သုံးသပ်ခြင်း
အနှစ်ချုပ်
အနှစ်ချုပ် - ဗီဒီယို
သက်ဆိုင်သော သင်တန်းများ

