အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းအတွက် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) - အဆင့် (၂) ဒီဇိုင်းရေးဆွဲခြင်းအဆင့်

0

(0 မှတ်ချက်)

Certified

15 hour(s)

59 စာရင်းသွင်းထားသူဦးရေ

2620 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် မြန်မာနိုင်ငံအနှံ့ရှိ ပညာရေးစီမံကိန်းများကို အစီအစဉ်ရေးဆွဲချမှတ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ပို့ချခြင်းများတွင် အလွန်အရေးပါသည့် နေရာမှ ပါဝင်နေကြသည့် ပညာရေးကဏ္ဍအတွင်းမှ အဖွဲ့အစည်းခေါင်းဆောင်များ၊ စီမံကိန်း သို့မဟုတ် စီမံချက်မန်နေဂျာများအတွက် ရေးဆွဲပြုစုထားပါသည်။ သင်တန်းတွင် အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းတွင် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) ၏ အခြေခံသဘောတရားများနှင့် နည်းဗျူဟာများ ပေါင်းစပ်ထည့်သွင်းခြင်းကို ဦးစားပေးဖော်ပြထားသည့် စီမံကိန်းရေးဆွဲခြင်းစက်ဝန်း (programming cycle) ၏ ဒုတိယအဆင့်ဖြစ်သော ဒီဇိုင်းရေးဆွဲခြင်းအဆင့်ကို အဓိကအသားပေးဖော်ပြထားပါသည်။ သင်တန်းတွင် ရည်ရွယ်ချက်ချမှတ်ခြင်း၊ ပါဝင်ပတ်သက်သူများကို ပါဝင်ဆောင်ရွက်စေခြင်း၊ သင့်လျော်သော ကြားဝင်ကူညီမှုများ (interventions) ကို ရွေးချယ်ခြင်းနှင့် ပြုပြင်ရန်လွယ်ကူပြီး အလိုက်သင့် တုံ့ပြန်နိုင်သော ပို့ချမှုယန္တရားများကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းခြင်းများ ပါဝင်သည့် ဒီဇိုင်းရေးဆွဲခြင်းအဆင့်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လုပ်ဆောင်ချက်အမျိုးမျိုးအပြင် ဒီဇိုင်းရေးဆွဲခြင်းအဆင့်တွင် ကြည့်ရှုလေ့လာရမည့် အဓိကကျသည့် ကျင့်ဝတ်နှင့်လျော်ညီသော ထည့်သွင်းစဉ်းစားမှုများလည်း လွှမ်းခြုံပါဝင်နေပါသည်။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ အစပျိုးလုပ်ဆောင်မှု စီမံကိန်းများ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း၏ နည်းလမ်းများနှင့် နည်းဗျူဟာများကို နားလည်ခြင်းဖြင့် အဖွဲ့အစည်းခေါင်းဆောင်များသည် ခံနိုင်ရည်အားကောင်းသော ရပ်ရွာအသိုင်းအဝိုင်းများ (resilient communities) ကို တည်ဆောက်ခြင်းနှင့် အရည်အသွေးမီ သင်ယူမှုအခွင့်အလမ်းများကို သာတူညီမျှ လက်လှမ်းမီရယူနိုင်မှု ရှိစေခြင်းတွင် ပံ့ပိုးပေးနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့၏ လူမျိုးစုအသိုင်းအဝိုင်းများအတွင်း ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းပြီးမြောက်ချိန်တွင် တက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်တတ်လာမည် -

  • ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ဒီဇိုင်းရေးဆွဲခြင်း ချဉ်းကပ်နည်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။ 
  • အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းတွင် ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • စီမံကိန်းများကို ပဋိပက္ခကို ထည့်သွင်းစဉ်းစားမှုရှိစွာ ရေးဆွဲခြင်း၏ အရေးပါပုံကို ဖော်ပြတတ်မည်။
  • CSE ၏ လမ်းညွှန်ချက်စည်းမျဉ်း (၆) ခုကို ဖော်ပြတတ်မည်။
  • ဒီဇိုင်းရေးဆွဲခြင်းအဆင့်၏ အဓိကလုပ်ငန်းများကို အနှစ်ချုပ်ဖော်ပြတတ်မည်။
  • လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ချိတ်ဆက်တတ်မည်။
  • ရှင်းလင်းတိကျပြီး SMART ဖြစ်သော စီမံကိန်းရည်မှန်းချက်များကို ချမှတ်တတ်မည်။
  • အပြုသဘောဆောင်ပြီး ပဋိပက္ခကို အသွင်ပြောင်းစေသည့် ရလဒ်များကို ဖော်ဆောင်တတ်မည်။
  • ပါဝင်ပတ်သက်သူများကို စည်းရုံးကာ ပါဝင်ဆောင်ရွက်ခိုင်းတတ်မည်။
  •  CSE ၏ အခြေခံသဘောတရားများအပေါ် အခြေခံ၍ သင့်လျော်သော ကြားဝင်ကူညီမှုများ (interventions) ကို ရွေးချယ်တတ်မည်။
  •  ပြုပြင်ရန်လွယ်ကူပြီး အလိုက်သင့်တုံ့ပြန်နိုင်သော ပို့ချမှုယန္တရားများကို အကောင်အထည်ဖော် တတ်မည်။
  • ဘေးအန္တရာယ်စီမံခန့်ခွဲမှု (risk management) နှင့် အရေးပေါ် (contingency) အစီအစဉ်များ ရေးဆွဲတတ်မည်။
  • ဒီဇိုင်းရေးဆွဲခြင်းအဆင့်တွင် ကြည့်ရှုလေ့လာရမည့် အဓိကကျသည့် ကျင့်ဝတ်နှင့်လျော်ညီသော ထည့်သွင်းစဉ်းစားမှုများကို သရုပ်ဖော်ရှင်းလင်းတတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

မိတ်ဆက်ခြင်း

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) ၏ လမ်းညွှန်ချက်စည်းမျဉ်းများ

သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

စီမံကိန်း၏ အသွင်ကူးပြောင်းရေး ရလဒ်များနှင့် SMART ရည်မှန်းချက်များ ချမှတ်ခြင်း

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ရည်မှန်းချက်များ ချမှတ်ပုံ

ပါဝင်ပတ်သက်သူများ (Stakeholders) ကို ပါဝင်ဆောင်ရွက်စေခြင်း

သင့်လျော်သော ကြားဝင်ကူညီမှုများ (Interventions) ကို ရွေးချယ်ခြင်း

သင့်လျော်သော ကြားဝင်ကူညီမှုများ (Interventions) ကို ရွေးချယ်ခြင်း - အဆက်

သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၃)

ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) နှင့် အရေးပေါ် (Contingency) အစီအစဉ်များ ရေးဆွဲခြင်း

ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) နှင့် အရေးပေါ် (Contingency) အစီအစဉ်များ ရေးဆွဲခြင်း - အဆက်

ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုဆိုင်ရာ စစ်ဆေးမှု (Conflict Sensitivity Check) တစ်ခု လုပ်ဆောင်ခြင်း

သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

အဖွဲ့အစည်းအနှံ့ ကျင့်ဝတ်နှင့်လျော်ညီစွာ ပြုမူမှု (Ethical Conduct) ကို စံထားပုံ

သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပြန်လည်သုံးသပ်ခြင်း

ပြန်လည်သုံးသပ်ခြင်း - ဗီဒီယို

သက်ဆိုင်သော သင်တန်းများ

chatGPTicon