အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTube

အလယ်တန်းအထူးပြု စာရိတ္တနှင့်ပြည်သူ့နီတိ အဆင့်မြင့်သင်ကြားနည်း

3.5

(2 မှတ်ချက်)

Certified

7 hour(s)

238 စာရင်းသွင်းထားသူဦးရေ

1754 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်၏ အလုံးစုံသော ရည်ရွယ်ချက်မှာ မြန်မာ့စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ် တန်ဖိုးများနှင့် ရပ်တည်ချက်များကို နမူနာပြခြင်းမှတစ်ဆင့် သင်ကြားပေးနိုင်ရန် လိုအပ်သော တတ်ကျွမ်းမှုများကို သင့်အား ဖြည့်ဆည်းပြင်ဆင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် အလယ်တန်း စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ဆိုင်ရာ အခြေခံအချက်အလက်များသာမက သင်ကြားရေးဆိုင်ရာ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုနှင့် သဘောထားတို့ ဖွံ့ဖြိုးတိုးတက်စေနိုင်သော သင်ခန်းစာများ၊ သင်ယူမှုလုပ်ငန်းများနှင့် ရင်းမြစ်များ ပါဝင်ပါသည်။ လက်တွေ့လုပ်ငန်းများမှ စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ အသိပညာများကို နက်နက်ရှိုင်းရှိုင်း လေ့လာရမည်ဖြစ်ပြီး၊ လေ့လာစူးစမ်းမှု အရည်အချင်းများကို တိုးပွားစေနိုင်ပါသည်။ ထို့ပြင် အရည်အချင်းပြည့်ဝသည့် အလယ်တန်း စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ဆရာတစ်ဦးအဖြစ် သင်ကြားနိုင်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများဖြစ်သည့် သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများစသည်တို့ကို လေ့လာရမည်ဖြစ်သည်။
ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် -
မော်ဂျူး ၁ - စာရိတ္တနှင့် ပြည်သူ့နီတိအသိပညာကို စုစည်းခိုင်မာစေခြင်း
မော်ဂျူး ၂ – လူမှုရေးကျင့်ဝတ်
မော်ဂျူး ၃ – ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ
မော်ဂျူး ၄ – သင်ကြား၊ သင်ယူမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို ပြန်လည်သုံးသပ်ခြင်း
မော်ဂျူး ၅ - စည်းမျဉ်းစည်းကမ်းများ
မော်ဂျူး ၆- ငြိမ်းချမ်းစွာနေထိုင်ခြင်း 
အဓိကအသုံးအနှုန်းများ
လက်သင့်ခံနိုင်မှု (acceptance)၊ လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (community of practice)၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း (critical thinking)၊ ဆန်းစစ်ဝေဖန်မှုရှိစွာ မေးမြန်းခြင်း (critically question)၊ ယဉ်ကျေးမှုနှင့် ဆက်နွှယ်သော သင်နည်းဗေဒ(culturally relevant pedagogy)၊ တိုက်ရိုက် ညွှန်ကြားခြင်း (direct instruction)၊ မျှဝေစာနာမှု (empathy)၊ ကြိုတင်လေ့လာပြင်ဆင်စေသော သင်ကြားမှု၊ သင်ယူမှုဖြစ်စဉ် (flipped classroom)၊ ကိုးကားမှုအညွှန်းဘောင် (frame of reference)၊ ကမ္ဘာ့နိုင်ငံသားနီတိ (Global Citizenship Education)၊ လူတိုင်းအကျုံးဝင်မှု (inclusivity)၊ အဓိပ္ပာယ်ဖွင့်ဆိုသည့် ရှုထောင့် (meaning perspective)၊ သင်နည်းဗေဒဆိုင်ရာ အသိပညာ (pedagogical content knowledge)၊ စီမံချက်အခြေပြု သင်ယူမှု (project-based learning)၊ ပြန်လည်သုံးသပ်မှုရှိသော စုံစမ်းမေးမြန်းမှု (reflective inquiry)၊ စည်းလုံးညီညွတ်မှု (solidarity)၊ ပုံပြောသင်ကြား၊သင်ယူခြင်း (story telling)၊ သည်းခံမှု (tolerance)၊ အသွင်ပြောင်း သင်နည်းဗေဒ (transformative pedagogy)၊ အသင်းအဖွဲ့စိတ်ဓာတ် (union spirit)၊ ပညာရေးအဖွဲ့အစည်း (agency of education)၊ လိုက်နာရမည့်ကျင့်ဝတ်များ (code of conduct/ethics)၊ သိမှုဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများ (cognitive and non-cognitive skills)၊ ပူးပေါင်းညှိနှိုင်းစုံစမ်းမေးမြန်းမှု (collaborative inquiry)၊ စုံစမ်းမေးမြန်းမှုရှိသည့် အသိုက်အဝန်း (community of inquiry)၊ လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (community of practice)၊ စာနာရိုင်းပင်းမှု (compassion)၊ ထိရောက်သော ဆက်သွယ်ပြောဆိုမှု (effective communication)၊ မိမိကိုယ်တိုင်ကျင့်ဝတ်နှင့်အညီ ကျင့်ကြံပြောဆိုမှု (ethical self)၊ ကျင့်ဝတ် (ethics)၊ နောက်ခံသင်ရိုး (hidden curriculum)၊ လူသားတန်ဖိုးများ (human values)၊ ဩဇာလွှမ်းမိုးမှုများ (influences)၊ ဩဇာလွှမ်းမိုးသူများ (influencers)၊ စာရိတ္တဆိုင်ရာ အကျပ်အတည်း (moral dilemma)၊ စာရိတ္တ (morals)၊ အချင်းချင်း လေးစားမှု (mutual respect)၊ မျှဝေတွေးခေါ်စာနာခြင်း (perspective taking)၊ မိမိနှင့် သက်ဆိုင်သည်ဟူသော ခံယူချက် (sense of belonging)၊ လူမှုတန်ဖိုးများ (social values)၊ တန်ဖိုးထားမှုများ (values)၊ သင်ယူသူကိုယ်တိုင် တက်ကြွစွာ ဦးဆောင်ပါဝင်သင်ယူမှု (active participatory learning)၊ ကလေးအလုပ်သမား (child labour)၊ ဘုံရပိုင်ခွင့် (collective right)၊ ခွဲခြားဆက်ဆံခြင်း (discrimination)၊ ရရှိခံစားပိုင်ခွင့် (entitlement)၊ တန်းတူညီမျှသော (equal)၊ သာတူညီမျှသော (equitable)၊ စာမတတ်မြောက်မှု (illiteracy)၊ ဥပဒေဆိုင်ရာ အခွင့်အရေး (legal right)၊ စာရိတ္တဆိုင်ရာ ရပိုင်ခွင့် (moral right)၊ လိုက်နာလုပ်ဆောင်ရမည့် ကတိကဝတ်များ (obligation)၊ ပညာသင်ယူပိုင်ခွင့် (right to education)၊ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ (rights and responsibilities)၊ ကမ္ဘာလုံးဆိုင်ရာစံနှုန်း (universal norms)၊ လူ့အဖွဲ့အစည်းအတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများ (vulnerable groups in society)၊ ကလေးသူငယ်ဗဟိုပြု ချဉ်းကပ်နည်း (child-centered approach)၊ ထိရောက်သော တုံ့ပြန်အကြံပြုချက် (effective feedback)၊ စာမေးပွဲအခြေပြုချဉ်းကပ်နည်း (exam-oriented approach)၊ သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း (formative assessment)၊ ဖြစ်စဉ်စစ်ဆေးအကဲဖြတ်ခြင်း (process assessment)၊ ရလဒ်စစ်ဆေးအကဲဖြတ်ခြင်း (product assessment)၊ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း (summative assessment)၊ အာဏာရှင် (authoritarian)၊ ဓလေ့ထုံးတမ်းများ (customs)၊ ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုပုံစံ (democratic leadership style)၊ တိုက်ရိုက်ဒီမိုကရေစီ (direct democracy)၊ စည်းကမ်း (discipline)၊ တိကျပြတ်သားသော စည်းကမ်းများ (explicit rules)၊ သွယ်ဝိုက်သော စည်းကမ်းများ (implicit rules)၊ ဥပဒေများ (laws)၊ စည်းမျဉ်းများ (regulations)၊ ကိုယ်စားပြုဒီမိုကရေစီ (representative democracy)၊ စည်းကမ်းများ (rules)၊ မိမိကိုယ်ကိုထိန်းကျောင်းခြင်း (self-regulate)၊ အပြုသဘောဆောင်သော အပြုအမူ (constructive behaviour)၊ ယဉ်ကျေးမှုသည် တစ်သမတ်တည်း မရှိပါ (culture is not static)၊ အပျက်သဘောဆောင်သော အပြုအမူ (destructive behaviour)၊ အုပ်စုအချင်းချင်းအကြား ပဋိပက္ခ (intergroup conflict)၊ လူအချင်းချင်းအကြား ပဋိပက္ခ (interpersonal conflict)၊ အုပ်စုအတွင်း ပဋိပက္ခ (intragroup conflict)၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခ (intrapersonal conflict)၊ ဖျန်ဖြေသူ (mediator)၊ ရှုထောင့် (perspective)၊ အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက် (sense of belonging)၊ သင်ကြားပေးနိုင်သော အခိုက်အတန့် (teachable moment)။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စ ဆရာ၊ ဆရာမများသာမက လုပ်ငန်းခွင်ဝင်ပြီး ဆရာ၊ ဆရာမများပါ အလယ်တန်း စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် ဖြစ်ပါသည်။ ဆရာဆရာမများအနေဖြင့် စာရိတ္တနှင့်ပြည်သူ့နီတိဆိုင်ရာ အသိပညာများကို ပိုမိုနက်နဲစွာ လေ့လာနိုင်ရန် သင့်လျော်သော သင်ကြားရေးချည်းကပ်နည်း၊ သင်ထောက်ကူ ရင်းမြစ်များနှင့် စစ်ဆေးအကဲဖြတ်နည်းများကို ထိရောက်စွာ အသုံးချ၍ လူတိုင်း အကျုံးဝင်သည့် သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် စီစဉ်ရေးဆွဲထားပါသည်။
အလယ်တန်း စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်တွင် ချမှတ်ထားသော သင်ယူမှုရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
  • လိမ္မာယဉ်ကျေး၍ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သော အသိအပြုအမူများနှင့် ပြည့်စုံသည့် နိုင်ငံသားများ ဖြစ်လာရန်။
  • စည်းမျဉ်း၊ စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာကျင့်သုံးတတ်သော နိုင်ငံသားကောင်းများ ဖြစ်လာရန်။
  • နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးတတ်ရန်။
  • မိမိ၏နိုင်ငံအတွင်း၊ အာဆီယံဒေသအတွင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စေရေးတို့ကို တန်ဖိုးထားတတ်စေရန်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
  • မြန်မာအမျိုးသားသင်ရိုးညွှန်းတမ်းအညွှန်းဘောင် (ဆဋ္ဌမအကြိမ်) အရ စာရိတ္တ နှင့် ပြည်သူ့နီတိနှင့်စပ်လျဉ်းသော “အလယ်တန်းပညာရေး ရည်မှန်းချက်များ” ကို နှိုင်းချင့်သုံးသပ်တတ်မည်။
  • စာရိတ္တနှင့် ပြည်သူ့နီတိ ပညာရေးနှင့် ဆက်စပ်နေသော ဆရာများအတွက် တတ်ကျွမ်းမှုဆိုင်ရာ စံသတ်မှတ်ချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းကျောင်းသားများ ‘အသင်းအဖွဲ့စိတ်ဓာတ်’ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ဆရာ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းကျောင်းတွင် စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားဖြစ်မှုအကြောင်း သင်ကြား၊ သင်ယူမှုအတွက် ဆီလျော်သော သင်နည်းဗေဒဆိုင်ရာ နည်းလမ်းများကို ဆန်းစစ်တတ်မည်။
  • အလယ်တန်းအဆင့်တွင် စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ အယူအဆအား နားလည်သဘောပေါက်မှု တိုးလာစေရန်အတွက် ရွေးချယ်ထားသော သင်နည်းဗေဒဆိုင်ရာ နည်းလမ်း၏ အကျိုးကျေးဇူးများကို ကျိုးကြောင်းသင့် ရှင်းပြတတ်မည်။
  • တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဟူသည့် ဝေါဟာရများကို နှိုင်းယှဉ်တတ်မည်။
  • တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များမှ တစ်မျိုးမျိုးဖြစ်စေ၊ သုံးမျိုးစလုံးဖြစ်စေ ပြုမူပုံ (သို့မဟုတ်) ဆောင်ရွက်ပုံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးလျက်ရှိသည့် အတွေ့အကြုံတစ်ခုကို ပြန်လည် သုံးသပ်တတ်မည်။
  • ‘နောက်ခံသင်ရိုး’ နှင့် ဆက်နွှယ်နေသည့် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်တို့ကို နားလည်ရန် အဘယ်ကြောင့် အရေးကြီးကြောင်း ရှင်းပြတတ်မည်။
  • ပညာရေးအဖွဲ့အစည်း၏ သဘောတရားကို ပြန်လည်ဆန်းစစ်တတ်ပြီး အလယ်တန်းကျောင်းသားတစ်ယောက်၏ ပညာရေးအပေါ် လွှမ်းမိုးမှုရှိသော သမားရိုးကျ ဩဇာလွှမ်းမိုးမှုများနှင့် အလွတ်သဘော ဩဇာလွှမ်းမိုးမှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အပြိုင်ဖြစ်နေသော လွှမ်းမိုးမှုများ၊ စိတ်လှုပ်ရှားမှုများ၊ အတွေးများနှင့် လူမှုတန်ဖိုးများသည် ကျောင်းသားတစ်ယောက်၏ အပြုအမူအပေါ်တွင် ဖြစ်စေ၊ သင်ယူမှုသဘောထားအပေါ်တွင် ဖြစ်စေ၊ နှစ်မျိုးစလုံးအပေါ်တွင်ဖြစ်စေ မည်သို့ အကျိုးသက်ရောက်မှုရှိကြောင်း သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ‘မြန်မာကျောင်းဆရာ’ တစ်ယောက်အဖြစ် မိမိ၏အခန်းကဏ္ဍတွင် ရှိနေနိုင်သည့် အပြိုင်ဖြစ်နေသော လွှမ်းမိုးမှုများ၊ စိတ်လှုပ်ရှားမှုများ၊ အတွေးများနှင့် လူမှုတန်ဖိုးများ၏ အကျိုးသက်ရောက်မှုကို ပြန်လည်သုံးသပ်တတ်မည်။
  • ‘လူမှုရေးအသိရှိမှု’ အကြောင်းကို ကွဲပြားစုံလင်မှုကို အသိအမှတ်ပြုခြင်း၊ အခြားသူများကို လေးစားခြင်းနှင့် လူတိုင်းအကျုံးဝင်မှုရှိခြင်း စသည်တို့နှင့် ဆက်စပ်၍ အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • လူမှုရေးအသိရှိမှုနှင့် မျှဝေတွေးခေါ်စာနာမှုတို့၏ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
  • စာသင်ခန်းနှင့် မြန်မာ့ရပ်ရွာအတွင်းတွင် မျှဝေခံစားခြင်းနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ တည်ဆောက်ခြင်း အကြောင်းကို အလယ်တန်းကျောင်းသားများ သင်ယူနိုင်သည့် လုပ်ငန်းတစ်ရပ်ကို ဖန်တီးတတ်မည်။
  • ကျင့်ဝတ်နှင့်ညီသော ဆက်သွယ်ပြောဆိုရေးနှင့် စပ်လျဉ်း၍ ဆရာ၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို အဓိပ္ပာယ်ကောက်ယူရန် စာရိတ္တဆိုင်ရာ အကျပ်အတည်း တစ်ခုကို ပြန်လည်သုံးသပ်တတ်မည်။
  • စာရိတ္တဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရာတွင် အရေးကြီးသော ကောင်းမွန်သည့် ဆက်သွယ်ပြောဆိုရေး (ယဉ်ကျေးမှုရှိခြင်း၊ လူတိုင်းအကျုံးဝင်မှုရှိခြင်းနှင့် ကျင့်ဝတ်နှင့်ညီခြင်း) ဆိုင်ရာ သာဓကများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • စာသင်ခန်းအတွင်းနှင့် မြန်မာ့ရပ်ရွာအတွင်းတွင် ကျင့်ဝတ်နှင့်ညီပြီး ရိုသေလေးစားမှုရှိသော ဆက်သွယ်ပြောဆိုမှုကို ကိုယ်တိုင်စောင့်ကြည့်လေ့လာရန် ဆက်လက်လုပ်ဆောင်နေဆဲ ပြန်လည်သုံးသပ်ခြင်းအတွက် နည်းလမ်းတစ်ရပ်ကို ရေးဆွဲတတ်မည်။
  • အလယ်တန်းသင်ရိုးညွှန်းတမ်းရှိ‘ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ” အား သင်ယူခြင်း (အယူအဆများ၊ ကျွမ်းကျင်မှုများ၊ တန်ဖိုးထားမှုများနှင့် သဘောထား ခံယူချက်များ) ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မိမိ၊ အခြားသူများ၊ အုပ်စုများနှင့် လူ့အဖွဲ့အစည်း၊ သဘာဝတရားနှင့် ကမ္ဘာလုံးဆိုင်ရာဟူသော နယ်ပယ်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတစ်ယောက်၏ တာဝန်ဝတ္တရားများသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် မည်သို့ ချိတ်ဆက်နေကြောင်း စစ်ဆေးအကဲဖြတ်တတ်မည်။
  • လူ့အဖွဲ့အစည်းအတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများ၏နောက်ခံ အကြောင်းအရာနှင့် လူ့အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်မှု (ဥပမာ – ဆန္ဒမဲပေးခွင့်၊ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး) တို့ကို လေ့လာဖော်ထုတ်ရန် စုံစမ်းမေးမြန်းမှုအခြေပြု လုပ်ငန်းတစ်ရပ်ကို ဖန်တီးတတ်မည်။
  • ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို စူးစမ်းလေ့လာနိုင်သည့် လုပ်ငန်းတစ်ရပ် ဖန်တီးခြင်းအတွက် သင်နည်းဗေဒဆိုင်ရာ နည်းလမ်း ရွေးချယ်မှုကို ကျိုးကြောင်းသင့် ရှင်းပြတတ်မည်။
  • အလယ်တန်းကျောင်းတွင် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ သင်ယူခြင်း၏ အဓိကသော့ချက်ဖြစ်သော ‘လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာမှု” ကို နှိုင်းချင့်သုံးသပ်တတ်မည်။
  • ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ဆောင်ရာတွင် အများဆန္ဒအတိုင်းဖြစ်သော “ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ” ကို ရေးဆွဲခြင်းအတွက် နည်းလမ်းတစ်ရပ်ကို လက်တွေ့ဆောင်ရွက်ပြီး ဆန်းစစ်ဝေဖန်တတ်မည်။
  • အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ မြန်မာကျောင်းဆရာတစ်ဦး၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ရှင်းပြတတ်မည်။
  • သင်ယူမှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းရန် ‘သာတူညီမျှမှု’နှင့် ‘တန်းတူညီမျှမှု’ တို့၏ ကွဲပြားခြားနားချက်ကို သရုပ်ဖော်ပြတတ်မည်။
  • စာသင်ခန်း နောက်ခံအခြေအနေတွင် ကျောင်းသားနှင့်ဆရာ၏ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများနှင့် ပတ်သက်သော ကိစ္စရပ်များကို သတ်မှတ်ဖော်ထုတ်ရန် စာသင်ခန်းဆိုင်ရာ စိတ်မှန်းဖြစ်ရပ်တစ်ခုကို ဆန်းစစ်လေ့လာတတ်မည်။
  • စိတ်မှန်းဖြစ်ရပ်ကို ဆန်းစစ်လေ့လာမှုနှင့် တာဝန်ယူမှုရှိသော မြန်မာကျောင်းဆရာတစ်ဦး ဖြစ်လာခြင်းအပေါ်နောက်ဆက်တွဲ သက်ရောက်မှုတို့နှင့် သက်ဆိုင်သော မိမိ၏ ဘက်လိုက်မှုများကို ဆန်းစစ်ဝေဖန်တတ်မည်။
  • သင်ခန်းစာများတစ်လျှောက် လေ့လာဖော်ထုတ်ထားသည့် ဘာသာရပ် အကြောင်းအရာနှင့် သင်နည်းဗေဒဆိုင်ရာ နည်းလမ်းများကို ပြန်လည်သုံးသပ် တတ်မည်ဖြစ်ပြီး အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်း အတွက် သင်နည်းဗေဒဆိုင်ရာ အသိပညာများ နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်လာမှုကို ရှင်းပြတတ်မည်။
  • အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒကို ဆွေးနွေးခြင်းဖြင့် အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြား၊ သင်ယူခြင်းနှင့် သက်ဆိုင်သော စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • စာရိတ္တနှင့် ပြည်သူ့နီတိ သင်ယူရာတွင် လေးနက်စွာ ဆန်းစစ်ဝေဖန်မှု၊ နိုင်ငံသားဖြစ်မှု၊ ဆက်သွယ်ပြောဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်ဖန်တီးနိုင်မှုများကို စစ်ဆေးအကဲဖြတ်ရန် အခွင့်အလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိကို လေ့လာရာတွင် မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် အချင်းချင်း စစ်ဆေးအကဲဖြတ်ခြင်း၏ အခြေခံ သဘောတရားများနှင့် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းအတွက် ၎င်းတို့၏ ဆက်စပ်မှုများကို ပြန်လည်သုံးသပ်တတ်မည်။
  • စာသင်ခန်း၊ ကျောင်း၊ မြန်မာ့အသိုက်အဝန်းနှင့် သက်ဆိုင်သော စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပညာရေးကျင့်ဝတ်ငါးပါးနှင့် ဆက်စပ်၍ ကျောင်းတွင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးတတ်မည်။
  • ကျင့်ဝတ်/ပြုမူဆောင်ရွက်မှုဆိုင်ရာ စည်းကမ်း၏ အယူအဆကို ရှင်းပြတတ်မည်။
  • ကျောင်းအဖွဲ့ဝင်တစ်ဦး၏အပြုအမူသည် ကျင့်ဝတ်ကို သွေဖည်ခြင်း (သို့မဟုတ်) ကျင့်ဝတ်ပျက်ပြားခြင်းများ တွေ့ရှိရသည့် ကျောင်းတွင်းပြဿနာတစ်ခုကို စုံစမ်းစစ်ဆေးတတ်မည်။
  • ကျင့်ဝတ်/ပြုမူဆောင်ရွက်မှုဆိုင်ရာ စည်းကမ်းကို အခြေခံသော ပြဿနာ တစ်ခုအား ဖြေရှင်းရန်အတွက် တာဝန်ယူမှုရှိသော လုပ်ဆောင်မှုဖြစ်စဉ် တစ်ခုကို အကြမ်းဖျင်း ဖော်ပြတတ်မည်။
  • စည်းမျဉ်းများ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ကျောင်းအဖွဲ့ဝင်တစ်ဦး၏ ကျင့်ဝတ်ကို သွေဖည်သောအပြုအမူအား ဖြေရှင်းရန် တုံ့ပြန်မှုအပေါ် ဆန်းစစ်ဝေဖန်ပြီး တုံ့ပြန်အကြံပြုချက် ပေးတတ်မည်။
  • စည်းကမ်းမလိုက်နာခြင်း၏ အကျိုးဆက်များအပါအဝင် ဥပဒေများ၊ စည်းကမ်းများနှင့် ဓလေ့ထုံးတမ်းများ (ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာအုပ်စုများ) အကြား ကွဲပြားခြားနားချက်ကို ဖော်ပြတတ်မည်။ • လူ့အဖွဲ့အစည်းတွင် စည်းကမ်းများနှင့် ဓလေ့ထုံးတမ်းများကို ဖန်တီးထားသည့် တိကျပြတ်သားသောနည်းလမ်းများနှင့် သွယ်ဝိုက်သောနည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အိမ်၊ ကျောင်းနှင့် လူ့အဖွဲ့အစည်းအတွင်းတွင် အကျိုးသက်ရောက်မှုရှိသည့် သမားရိုးကျ စည်းကမ်းများနှင့် အလွတ်သဘောစည်းကမ်းများကို သတိမူခြင်းသည် အလယ်တန်းကျောင်းသားများအတွက် အဘယ်ကြောင့် အရေးကြီးကြောင်း အဓိပ္ပာယ်ကောက်ယူတတ်မည်။
  • အလယ်တန်းကျောင်းကို စီမံခန့်ခွဲသည့် ခေါင်းဆောင်မှုဆိုင်ရာ အုပ်စုအမျိုးမျိုးကို ဆန်းစစ်တတ်မည်။
  • ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ရန်အတွက် အလယ်တန်းကျောင်းအုပ်ကြီး တစ်ဦး၏ တာဝန်ယူမှုကဏ္ဍနှင့် ကိုက်ညီမှုအရှိဆုံးဖြစ်သော ခေါင်းဆောင်မှုပုံစံကို ရှာဖွေတတ်မည်။
  • မြန်မာကျောင်းဆရာတစ်ဦး ဖြစ်လာခြင်းတွင် ခေါင်းဆောင်မှုဆိုင်ရာ တာဝန် ဝတ္တရားများနှင့် အရည်အချင်းများအပေါ် သက်ရောက်မှုရှိသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်တတ်မည်။
  • မိမိနှင့်ဇာတ်ကောင် (စာအုပ် သို့မဟုတ် ရုပ်ရှင်ထဲမှ လူတစ်ဦး) တို့၏ တူညီချက်များနှင့် ကွဲပြားခြားနားချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လူမှုရေးဆိုင်ရာ ဩဇာလွှမ်းမိုးမှုများက ဘဝကို မည်သို့ပုံဖော်ပေးကြောင်း ဆုံးဖြတ်ရန် မိမိနှင့်အတန်းဖော်တို့၏ တူညီချက်များနှင့် ကွဲပြားခြားနားချက်များကို ဆန်းစစ်လေ့လာတတ်မည်။
  • တူညီချက်များနှင့် ကွဲပြားခြားနားချက်များကို နားလည်သဘောပေါက်ခြင်းသည် အကျိုးသက်ရောက်မှုကောင်းသော သင်ကြား၊ သင်ယူခြင်းအတွက် သင်ကြားရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို မည်သို့လွှမ်းမိုးမည်ဖြစ်ကြောင်း ပြန်လည်သုံးသပ် တတ်မည်။
  • ကျောင်းသား၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ (သို့မဟုတ်) တန်ဖိုးထားမှုများကို တန်ဖိုးမထားသည့် စာသင်ခန်းအတွေ့အကြုံတစ်ခု၏ အကျိုးသက်ရောက်မှုကို ပြန်လည်သုံးသပ်တတ်မည်။
  • အလယ်တန်း စာသင်ခန်းအတွင်းရှိ ကျောင်းသားများကို ၎င်းတို့၏ ဖြစ်တည်မှုအား တန်ဖိုးထားပြီး ဆက်လက်တန်ဖိုးထားမည်ဟု ခံစားမိစေရန် အကြိုမိတ်ဆက် လုပ်ငန်းတစ်ရပ်ကို ဖန်တီးတတ်မည်။
  • စာသင်ခန်းအတွင်းတွင် အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်ကို ဖန်တီးရန်အတွက် အကြိုမိတ်ဆက်လုပ်ငန်းတစ်ခု၏ ထိရောက်မှုနှင့် အပြုသဘောဆောင်သော အတန်းဖော် ဆက်ဆံရေးများ တည်ဆောက်ခြင်းအတွက် ၎င်း၏အလားအလာ ရှိမှုကို လက်တွေ့ဆောင်ရွက်ပြီး ဆန်းစစ်ဝေဖန်တတ်မည်။
  • ပဋိပက္ခအမျိုးအစား အများအပြား (တစ်ဦးချင်း/လူအချင်းချင်းအကြား ဖြစ်ပွားသော ပဋိပက္ခနှင့် အဖွဲ့တွင်း/အခြားအဖွဲ့များနှင့် ဖြစ်ပွားသော ပဋိပက္ခ) ကို တစ်ခုချင်းစီအတွက် သာဓကများပေးပြီး ဆန်းစစ်လေ့လာတတ်မည်။
  • အလယ်တန်းကျောင်း နောက်ခံအခြေအနေ၌ အဖွဲ့တွင်းပဋိပက္ခအတွင်း ဘာသာစကား ရွေးချယ်မှုများ၏ သက်ရောက်မှုကို သရုပ်ပြသင်ကြားရန် သရုပ်ဆောင်သင်ကြားခြင်း လုပ်ငန်းတစ်ရပ်ကို ပြင်ဆင်တတ်မည်။
  • ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြောင်းလဲခြင်းနှင့် တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် ပဋိပက္ခကို စူးစမ်းရှာဖွေရန် သရုပ်ဆောင်သင်ကြားခြင်း လုပ်ငန်း၏ သင်နည်းဗေဒဆိုင်ရာ နည်းလမ်းနှင့် ၎င်း၏ အကျိုးကျေးဇူးများကို ကျိုးကြောင်းသင့် ရှင်းပြတတ်မည်။
  • လူမှုကျင့်ဝတ်၊ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ၊ စည်းကမ်းရှိခြင်းနှင့် ငြိမ်းချမ်းစွာ နေထိုင်ခြင်းတို့၏ အဓိကနောက်ခံအကြောင်းအရာများကို ပေါင်းစပ်တတ်မည်။
  • စာရိတ္တနှင့် ပြည်သူ့နီတိတွင် စူးစမ်းလေ့လာထားသည့် အဓိက နောက်ခံအကြောင်းအရာများကို ပြန်လည်သုံးသပ်တတ်ပြီး ဤသို့နားလည်သဘောပေါက်ခြင်းသည် မြန်မာကျောင်းဆရာ ဖြစ်လာခြင်းကို မည်သို့ပံ့ပိုးပေးကြောင်း (တစ်ဦးချင်းလုပ်ငန်းဖြင့်) ဆွေးနွေးတတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး (၁) စာရိတ္တနှင့် ပြည်သူ့နီတိ အသိပညာကို စုစည်းခိုင်မာစေခြင်း

၁.၁။ စာရိတ္တနှင့် ပြည်သူ့နီတိပညာရေး

အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ တတ်ကျွမ်းမှုများ

ဆရာများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ

အလယ်တန်းပညာရေး၏ ရည်မှန်းချက်များ

မြန်မာနိုင်ငံ၏ အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ လမ်းညွှန်မူများ

သင်ယူမှုလုပ်ငန်း။ ဆရာ့အခန်းကဏ္ဍကို ဆန်းစစ်ခြင်း

၁.၂။ စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားဖြစ်မှု

စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားဖြစ်မှုတို့ကို သင်ကြားရာ၌ သင်နည်းဗေဒဆိုင်ရာ အသိပညာများ၏ အရေးပါပုံ

အသွင်ပြောင်းသင်နည်းဗေဒ (Transformative Learning Approach)

သင်နည်းဗေဒ နည်းလမ်းလေးမျိုး

အ‌ဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၂) လူမှုရေးကျင့်ဝတ်

၂.၁။ စာရိတ္တ ကောင်းမွန်သော ဆရာတစ်ယောက် ဖြစ်လာရန် လူမှုရေးကျင့်ဝတ်များကို ကျင့်သုံးခြင်း

လူသားတန်ဖိုးများနှင့် လူမှုရေးကျင့်ဝတ်များ

ကျင့်ဝတ်/ပြုမူဆောင်ရွက်မှုဆိုင်ရာ စည်းကမ်း

နောက်ခံသင်ရိုး

သင်ယူမှုလုပ်ငန်း။ တန်ဖိုးထားမှုများမှသည် စာရိတ္တဆိုင်ရာ အကျပ်အတည်းအထိ

၂.၂။ အချင်းချင်းလေးစားမှု

လူမှုရေးကျင့်ဝတ်များနှင့် အချင်းချင်းလေးစားမှုကို သင်ကြားခြင်း

ဩဇာလွှမ်းမိုးသူများနှင့် လွှမ်းမိုးမှုများ

လူမှုတန်ဖိုးများ

သင်ယူမှုလုပ်ငန်း။ လွှမ်းမိုးမှုပုံစံများနှင့် အချင်းချင်းလေးစားမှုကို ဆန်းစစ်ခြင်း

၂.၃။ မြန်မာနိုင်ငံရှိ လူမှုရေးကျင့်ဝတ်ဆိုင်ရာ တန်ဖိုးထားမှုများ

သိမှုဆိုင်ရာကျွမ်းကျင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှု

မျှဝေတွေးခေါ်စာနာခြင်း

သင်ယူမှုလုပ်ငန်း။ အခြားသူများ၏ အမြင်ဖြင့် ကြည့်ရှုခြင်း

၂.၄။ ကောင်းမွန်သော ဆက်သွယ်ပြောဆိုမှု၏ တန်ဖိုးများ

‘ကျင့်ဝတ်နှင့်ညီသော’ မြန်မာကျောင်းဆရာတစ်ဦး ဖြစ်လာရန် ကောင်းမွန်သော ဆက်သွယ်ပြောဆိုမှုကို တန်ဖိုးထားခြင်း

သင်ယူမှုအတွက် ဆက်သွယ်ပြောဆိုမှု

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၃) ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

၃.၁။ နိုင်ငံသားများ၏ ရပိုင်ခွင့်များ

အလယ်တန်းကျောင်းတွင် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

ခွဲခြားဆက်ဆံခြင်းဆိုသည်မှာ အဘယ်နည်း။

လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

ပညာသင်ယူပိုင်ခွင့်

အလယ်တန်းကျောင်းရှိ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ နယ်ပယ်

သင်ယူမှုလုပ်ငန်း။ နေ့စဉ်ဘဝတွင် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

‘ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ’ နှင့် သက်ဆိုင်သော သင်နည်းဗေဒဆိုင်ရာ အသိပညာများ

သင်နည်းဗေဒဆိုင်ရာ ချဉ်းကပ်မှု

လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း

သင်ယူမှုလုပ်ငန်း။ အသံများ၊ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

၃.၂။ တာဝန်ယူမှုနှင့် တာဝန်ခံမှု

မြန်မာကျောင်းဆရာ၏ ပညာရေးကျင့်ဝတ်ငါးသွယ်

ပညာရေး၏ အဓိကပန်းတိုင်

လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း ဖန်တီးခြင်း

သင်ယူမှုလုပ်ငန်း။ တရားမျှတပြီး တာဝန်သိစွာ အတူတကွ လုပ်ဆောင်ခြင်း

တာဝန်ယူမှုရှိသော မြန်မာကျောင်းဆရာတစ်ဦး ဖြစ်လာခြင်း

လူတိုင်းအကျုံးဝင်မှုကို အားပေးရန် နည်းလမ်းများ

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၄)သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှု ချဉ်းကပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း

၄.၁။ စာရိတ္တနှင့် ပြည်သူ့နီတိအတွက် သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ

အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ

ကြည့်ရှုလေ့လာခြင်း

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သင်ယူပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း

သင်ယူမှုလုပ်ငန်း။ အကြောင်းအရာမှ လက်တွေ့သို့ - စာရိတ္တနှင့် ပြည်သူ့နီတိကို သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း

၄.၂။ စာရိတ္တနှင့် ပြည်သူ့နီတိအတွက် စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ

အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိအတွက် စစ်ဆေးအကဲဖြတ်ရန် ချဉ်းကပ်နည်းများ

အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၅) စည်းမျဉ်းစည်းကမ်းများ

၅.၁။ အတတ်ပညာဆိုင်ရာ အသိုင်းအဝိုင်းရှိ စည်းမျဉ်းစည်းကမ်းများ

စည်းမျဉ်းဆိုသည်မှာ အဘယ်နည်း။

မိမိကိုယ်ကို ထိန်းကျောင်းခြင်း

ဥပဒေများ

ကျင့်ဝတ်စည်းကမ်း

သင်ယူမှုလုပ်ငန်း။ စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်ခြင်း

တာဝန်ယူမှုရှိပြီး ကျင့်ဝတ်နှင့်ညီသော ပြုမူဆောင်ရွက်မှုကို တန်ဖိုးထားခြင်း

ဆရာ့ကျင့်ဝတ်သိက္ခာနှင့် အလေ့အကျင့်များကို တန်ဖိုးထားခြင်း

သင်ယူမှုလုပ်ငန်း။ ကျောင်းမှပြဿနာများကို ကျင့်ဝတ်နှင့်အညီ တုံ့ပြန်ခြင်း

၅.၂။ စည်းမျဉ်း၊ စည်းကမ်းများနှင့် ခေါင်းဆောင်မှု

ဓလေ့ထုံးတမ်းများ

စည်းကမ်းများကို လူမှုရေးအရ တည်ဆောက်ထားခြင်း

သင်ယူမှုလုပ်ငန်း။ စည်းမျဉ်းများ၊ ဥပဒေများနှင့် ဓလေ့ထုံးတမ်းများကို နားလည်ခြင်း

မြန်မာကျောင်းဆရာများ၏ ခေါင်းဆောင်မှု အရည်အသွေးများ

ဒီမိုကရေစီ၏ အခြေခံသဘောတရားများ

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၆) ငြိမ်းချမ်းစွာ နေထိုင်ခြင်း

၆.၁။ ကွဲပြားစုံလင်သည့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

ဆရာများ၏ အခန်းကဏ္ဍနှင့် လေးစားမှု

သင်ကြားမှုနည်းဗျူဟာနှင့် လက်တွေ့ကျင့်သုံးခြင်း

သင်ယူမှုလုပ်ငန်း။ မိမိကိုယ်ကိုနှင့် အခြားသူများကို ရှုမြင်ခြင်း

ငြိမ်းချမ်းစွာ နေထိုင်ခြင်းကို သင်ကြားပေးခြင်း

အပြုအမူနှင့် အကျိုးဆက်များ

အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်ကို ဖန်တီးခြင်း

သင်ယူမှုလုပ်ငန်း။ အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်ကို ရရှိနိုင်စေရန် ဖန်တီးခြင်း

၆.၂။ သဟဇာတဖြစ်စွာ နေထိုင်ခြင်း

အပြုသဘောဆောင်သော အပြုအမူများနှင့် အပျက်သဘောဆောင်သော အပြုအမူများ

အမူအကျင့်များကို ကိုယ်တိုင်ထိန်းကျောင်းခြင်း

ပဋိပက္ခဖြေရှင်းရေး ဗျူဟာ အဆင့်လေးဆင့်

သင်ကြားပေးနိုင်သော အခိုက်အတန့်

သင်ယူမှုလုပ်ငန်း။ စာသင်ခန်းအတွင်း ပဋိပက္ခ - သရုပ်ဆောင်သင်ကြားခြင်းဖြင့် သင်ယူခြင်း

မြန်မာကျောင်းဆရာတစ်ဦး ဖြစ်လာခြင်း

တာဝန်သိကမ္ဘာ့နိုင်ငံသား ဖြစ်လာစေခြင်း

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအကျဉ်းချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ခြင်း

ဆက်လက်ဖတ်မှတ်စရာများ

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;