အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTube
ကျွန်ုပ်တို့အကြောင်း

Myanmar Teacher Platform က အရည်အသွေးပြည့်မီတဲ့ပညာရေးကတစ်ဆင့် ဘဝတိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ထားရှိတဲ့ ဆရာ၊ ဆရာမတွေ ၊ ဆရာအတတ်သင် ဆရာ၊ ဆရာမတွေ ၊ ဆရာအတတ်သင် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘေးကင်းလုံခြုံမှုရှိပြီး လူတိုင်းပါဝင်လေ့လာနိုင်တဲ့ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ ပလက်ဖောင်းတွင် အောက်ပါတို့ ပါဝင်ပါသည်။

၁။ တစ်ပြိုင်နက်ဖြစ်သောသင်ယူမှုနှင့် တစ်ပြိုင်နက်မဟုတ်သော သင်ယူမှုနည်းလမ်း(synchronous and asynchronous learning) များဖြင့် အခမဲ့ သင်တန်းများ တက်ရောက်နိုင်သော အွန်လိုင်း သင်ယူု ပလက်ဖောင်း ( E-learning platform) တစ်ခု ပါရှိပြီး ၊ သင်ယူသူများ အနေဖြင့် ဆွေးနွေးမှု ဖိုရမ်များမှ တဆင့် အပြန်အလှန် ဆွေးနွေးခွင့်လည်း ရရှိမည်ဖြစ်ပါသည်။ ရွေးချယ်တက်ရောက်ထားသော သင်တန်းများပြီးမြောက်သွားပါက သင်တန်းပြီးစီးကြောင်းလက်မှတ်လည်း ရရှိနိုင်ပါသည်။

၂။ အီလက်ထရွန်နစ်စာအုပ်များ(E-books)၊ ဗီဒီယိုများ စသည်ဖြင့် အမျိုးမျိုးသော အီလက်ထရွန်နစ် သင်ကြား၊သင်ယူမှုရင်းမြစ်ပေါင်း ၇၀၀ကျော် ပါ၀င်သော အွန်လိုင်း စာကြည့်တိုက် (E-library) လည်း ပါရှိပါသည်။ E-library ကို E-learning platform နှင့် ပေါင်းစပ်ထားသောကြောင့် သင်ယူသူများအနေဖြင့် စနစ်တကျရှိပြီး ဆန်းသစ်သော သင်ယူမှု အတွေ့ အကြုံကိုလည်း ခံစားစေနိုင်ပါသည်။

၃။ မြန်မာနိုင်ငံမှ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်း‌ဘောင် (MTCSF)၊ ပဋိပက္ခအခြေအနေရှိ ဆရာ၊ ဆရာမ (TiCC) များအတွက် လေ့ကျင့်သင်ကြားရေးဆိုင်ရာသင်ထောက်ကူပစ္စည်းအစုံ နှင့် MTP ပေါ်ရှိ ရင်းမြစ်များနှင့် ချိတ်ဆက်ထားသည့် ဘ‌လော့ဂ်များလည်း ပါဝင်သည်။ ဤဘ‌လော့ဂ်ပို့စ်များကို အပတ်စဉ်တိုင်း မျှဝေပေးသွားမည်ဖြစ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်း၊ ဆရာအတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိအမြင်များရရှိခြင်းနှင့် ဆရာအတတ်ပညာဆိုင်ရာရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်ရရှိနိုင်ခြင်းဟူသည့် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။

၄။ အပတ်စဉ် တင်ဆက်မျှဝေသွားမည့် ဘလော့ဂ်ဆောင်းပါးများနှင့်ပတ်သက်ပြီး မိမိ၏အတွေးအမြင်များကို ဆွေးနွေးနိုင်သကဲ့သို့ သင့်လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများ၊ ဝါရင့်ဆရာ၊ ဆရာမများနှင့်ပါ သင့်အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့် ဆွေးနွေး‌သည့်အဖွဲ့များလည်း ပါဝင်ပါသည်။ ဤအဖွဲ့များမှတစ်ဆင့် သင့် အတတ်ပညာဆိုင်ရာနယ်ပယ်ကို ချဲ့ထွင်နိုင်ပြီး အချင်းချင်းအပြန်အလှန်သင်ကြားခြင်း (peer learning) ကိုလည်း တိုးမြှင့်လုပ်ဆောင်နိုင်ပါသည်။


Myanmar Teacher Platform ပေါ်ရှိ သင်ကြား၊သင်ယူမှုရင်းမြစ်များစွာကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စနစ်တကျအထူးပြုစုထားသည့်အပြင် ကောင်းမွန်သော နိုင်ငံတကာကျင့်ထုံးများအတိုင်းလည်း လိုက်နာထားပါသည်။ ယခုပလက်ဖောင်းသည် မြန်မာနိုင်ငံရှိ ဆရာ၊ဆရာမများနှင့် သင်ယူသူများအတွက် အဓိကထားသော်လည်း အသုံးပြုသူများအားလုံး၏ ပညာရေး နှင့်/သို့မဟုတ်အတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

chatGPTicon
;