Apple App Store Google Play Store YouTube

EDC Year 1 Local Curriculum Syllabus (Myanmar version)


ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် သတ်မှတ်ထားသော ဒေသဆိုင်ရာသင်ရိုးဘာသာရပ်တွင်ပါရှိသော သင်ရိုးအကြောင်းအရာများကို သင်ကြားနိုင်သည့် အရာများအဖြစ် ပြင်ဆင်လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ပြီး ဤဘာသာရပ်ကို ထည့်သွင်းထားခြင်းဖြစ်သည်။ ကျောင်းသား (သို့မဟုတ်) မူလတန်းဆရာလောင်းများသည် ဘာသာရပ်နှင့် ဆိုင်သောအခြေခံ ကျွမ်းကျင်မှုများ ကောင်းမွန်စွာရရှိစေရန်အတွက် မူလတန်း၊ အလယ်တန်းအဆင့် နှင့်  ကိုက်ညီသော  စာပေစံများကို သင်ယူရမည်ဖြစ်ပြီး မူလတန်းကျောင်းသားများကို ထိရောက်စွာသင်ကြားနိုင်မည့် ဆရာများ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။ (ပညာရေးဒီဂရီကောလိပ်သင်ရိုးညွှန်တမ်း အညွှန်းဘောင်၊ ၂၀၁၈) အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင် နှင့်အညီ အမျိုးသားပညာရေး ဥပဒေ (၂၀၁၄၊ ပြန်လည်မွမ်းမံမှု ၂၀၁၅) သည် တိုင်းဒေသကြီး နှင့် ပြည်နယ်အတွက် တိုင်းအစိုးရကို ဒေသဆိုင်ရာ သင်ရိုးရေးဆွဲရန် အခွင့်အလမ်းများ ပေးထားခြင်း ဖြစ်သည်။ ဤဒေသဆိုင်ရာ သင်ရိုးတွင် ပါဝင်မည့်  အကြောင်းအရာများကို အခြေခံပညာ သင်ရိုးညွှန်းတမ်း၏ သက်ဆိုင်ရာ ဘာသာရပ်များတွင် ထည့်သွင်းသင်ကြားခြင်းဖြင့်သော်လည်းကောင်၊ (သို့မဟုတ်) သီးခြားဘာသာရပ်အနေဖြင့် ပါဝင်သောအကြောင်းအရာအချို့ကို သင်ကြားခြင်းဖြင့်သော်လည်းကောင်း သင့်လျော်သောနည်းဖြင့် သင်ကြားနိုင်ရန် စီစဉ်ထားပါသည်။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းတွင်  ဖော်ပြထားသော အဓိက သင်ယူမှု အကြောင်းအရာများမှာ တိုင်းရင်းသား ဘာသာစကားများ၊ သမိုင်း၊ ရိုးရာဓလေ့ နှင့် ယဉ်ကျေးမှုများ၊ စိုက်ပျိုးရေး အပါအဝင် ဒေသဆိုင်ရာ စီးပွားရေး နှင့် လုပ်ငန်းများ ပါဝင်သည်။ တိုင်းရင်းသား ဘာသာစကား နှင့် မတူညီသော ယဉ်ကျေးမှုများကို မြှင့်တင်မှုများ ရရှိရန် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးဆွဲမှုသည် သင်ကြားသင်ယူမှုတွင် မိမိ၏ မိခင်ဘာသာစကားကို အသုံးပြုပြီး အကြောင်းအရာများကို ဒေသအလိုက် လိုက်လျောညီထွေစွာ အသုံးပြုနိုင်ခြင်း၊ သင်ယူသူနှင့် ပိုမိုကိုက်ညီသော သင်ယူမှုများ ပြုလုပ်နိုင်ခြင်း၊ သင်ယူမှုကို အောင်မြင်စေရန် မြန်မာကလေးများအားလုံး၏ မိမိကိုယ်တိုင် သဘောထားခံယူချက်များကို မြှင့်တင်ပေးနိုင်ခြင်း နှင့် မိမိ၏ ယဉ်ကျေးမှုကို လေးစားမှု၊ နားလည်သဘောပေါက်မှုမျာ ကို မြှင့်တင်ပေးနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိမည် ဖြစ်သည်။ ထိုရည်ရွယ်ချက်များ ပြည့်မီစေရန်အတွက် ဤဘာသာရပ်တွင် ကျောင်းသားများကို ၎င်းတို့ သင်ကြားမည့်  မူလတန်းကျောင်းသားများ၏ ဘက်စုံတိုးတက်မှုကို ကူညီဆောင်ရွက်ပေးနိုင်သည့် လိုအပ်သော စွမ်းရည်များ တိုးတက်လာစေရန် ပုံဖော်ပေးမည်ဖြစ်သည်။ ဤဘာသာရပ်ကို သင်ယူပြီးမြောက်ပါက ကျောင်းသားများသည် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ ဗဟုသုတများ၊ သင်ကြားသင်ယူမှု ဖြစ်စဉ်များ နှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ စသည့် ကျွမ်းကျင်မှုများ ရရှိမည် ဖြစ်သည်။ ထိုကျွမ်းကျင်မှုများသည် ၎င်းတို့၏ မူလတန်းကျောင်းသားများကို ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း ဘာသာရပ်အတွက် ချမှတ်ထားသော သင်ယူမှုဦးတည်ချက်များကို ပေါက်မြောက်အောင် သင်ကြားနိုင်ရန် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ 

Information

Author
MOE
Resource Format
Software Digital Tool
Subject(s)/ Learning Area(s)
Local Curriculum
Publisher
MOE
Publishing Year/Publishing Month
2019/9
Strand
N/A
Sub Strand
N/A
Lesson
N/A
Keywords
EDC, Education_Degree_College, Year_1, Year_1_Syllabi, Syllabus, EDC_Year_1_Local_Curriculum_Syllabus_Myanmar_Version, Local_Curriculum, Local_Curriculum_Syllabus, ပညာရေးဒီဂရီကောလိပ်, ပထမနှစ်, သင်ရိုးမာတိကာ, ပထမနှစ်_ဒေသဆိုင်ရာသင်ရိုး_သင်ရိုးမာတိကာ, ဒေသဆိုင်ရာသင်ရိုး, ပထမနှစ်_‌‌ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း_သင်ရိုးမာတိကာ, ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း, ဒေသဆိုင်ရာ_သင်ရိုးညွှန်းတမ်းဘာသာရပ်
Keywords by Other
URL
Additional Information
Suitable for Education College Year(s)
Year 1
License
Educational License

Ratings & Reviews

You must login to leave a review.

If you have not logged in, please to leave a review.

Be the first to leave a review

Resource ID 2218

  • Resource FormatSoftware Digital Tool
  • Total Views1319
  • Total Downloads15
  • Created2021-05-18 14:32:03
  • Updated2023-12-03 21:17:41
  • Uploaded by
    mkw_manager
Related Resources
EDC Year 1 Local Curriculum Syllabus (Myanmar version)

EDC Year 1 Local Curriculum...

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝ...

Learn More
EDC Year 2 Semester 1 Local Curriculum Teacher Educator Guide (Myanmar version)

EDC Year 2 Semester 1 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...

Learn More
ရှင်သန်နေသောအမွေအနှစ်ကို အာရှပစိဖိတ်ရှိ စာသင်ခန်းများအတွင်းသို့ယူဆောင်လာခြင်း

ရှင်သန်နေသောအမွေအနှစ်ကို အာရ...

Bringing Living Heritage to the classroom in Asia-Pacific

Learn More
Back To Top