Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

ဆရာများအတွက် လမ်းညွှန်သင်ပြခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း နည်းလမ်းများ

0

(0 Reviews)

Certified

2 week(s)

146 Enrollment(s)

1173 View(s)

Share On :

Course Description

ပညာရေးကဏ္ဍ၌ ဆရာများ၏ သင်ကြားမှုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းညွှန်သင်ပြခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းစဉ်သည် အလွန်တန်ဖိုးရှိပြီး ကျောင်းသားများ၊ ဆရာများနှင့် အဖွဲ့အစည်းများကို အကျိုးပြုပါသည်။ ဤချဉ်းကပ်မှုများသည် ကျောင်းသားများအတွက်၊ အထူးသဖြင့် ကျောင်းစာတွင် အခက်အခဲ ရှိသူများအတွက် ပညာရေးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး ဆရာများ၏ သင်ကြားမှု အတတ်ပညာတိုးတက်မှု၊ သင်ကြားရေးနည်းလမ်းများနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခတို့ကို မြှင့်တင်ပေးနိုင်သည်။ ကျောင်းသားများနှင့် ဆရာများ တိုးတက်အောင်မြင် လာသည့်အခါတွင် အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်တစ်ခု ဖြစ်ပေါ်လာပါသည်။ လမ်းညွှန်သင်ပြခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၏ အရေးပါမှုသည် ကြီးမားပြီး ပိုမိုကောင်းမွန်သော သင်ကြားရေး အလေ့အကျင့်များနှင့် ကျောင်းသားများ၏ ရလဒ်များ၊ ကျွမ်းကျင်မှုများ တိုးတက်ခြင်းနှင့် မိမိတစ်ကိုယ်ရည် အတွက်သာမက သင်ကြားမှုအတတ်ပညာများကို ဖွံ့ဖြိုးတိုးတက်ခြင်းများ ဆီသို့ ဦးတည်နေပါသည်။ ဤသင်တန်းသည် ကျွမ်းကျင်ပညာရှင် ဆရာများကို လမ်းညွှန်ဆရာများ ဖြစ်လာရန် ဦးစွာ ၎င်းတို့ တာဝန်ယူရမည့် အဓိကကျသော အခန်းကဏ္ဍများနှင့် ထိုမှတစ်ဆင့်  အဆိုပါ အခန်းကဏ္ဍများအတွက် လိုအပ်မည့် ကျွမ်းကျင်မှုများကို ရရှိရန် လမ်းညွှန် ပေးမည် ဖြစ်ပါသည်။ ဆက်လက်၍ ဆရာများအား ထိုအခန်းကဏ္ဍများနှင့် ကျွမ်းကျင်မှုများကို လေ့ကျင့်ရန်  အခွင့်အလမ်း ပေးမည် ဖြစ်သည်။

ရက်သတ္တပတ် (၂) ပတ်တာ အချိန်ယူမည့် ဤ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် -

မော်ဂျူး ၁/ပထမ ရက်သတ္တပတ် - လမ်းညွှန်သင်ပြခြင်းဆိုင်ရာ အဓိက အခန်းကဏ္ဍနှင့် ကျွမ်းကျင်မှုများ

၁.၁။ နားထောင်ခြင်း

၁.၂။ ခြွင်းချက်မရှိ နားလည်လက်ခံ၍ ပံ့ပိုးပေးခြင်း

၁.၃။ သင်တန်းနည်းပြဆရာ၏ အခန်းကဏ္ဍများ

 မော်ဂျူး ၂/ဒုတိယ ရက်သတ္တပတ် - လမ်းညွှန်သင်ပြပေးခြင်း၏ အဓိက လုပ်ငန်းများ

၂.၁။ လေ့လာကြည့်ရှုခြင်း

၂.၂။ တုံ့ပြန်အကြံပြုချက်များ ပေးခြင်းနှင့် လက်ခံခြင်း

၂.၃။ ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ ပြောဆိုဆွေးနွေးမှုများ

အဓိက အသုံးအနှုန်းများ

စိတ်ကူးပုံဖော်နားလည်ခြင်း၊ အာရုံစိုက်၍ နားထောင်ခြင်း၊ ကိုယ်တိုင်ဦးဆောင် လက်တွေ့လုပ်ဆောင်ခြင်း၊ ကြီးကြပ်ကွပ်ကဲသူ၊ ကိုယ်တိုင်တွေ့ကြုံခံစားခြင်း၊ စာနာမှု၊ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်ယူခြင်း၊ ကူညီလမ်းညွှန်သူ၊ လမ်းညွှန်သူ၊ ယေဘုယျကောက်ချက်ချခြင်း၊ လေ့လာကြည့်ရှုခြင်း၊ ရင်းနှီးမှု၊ ပြန်လည်သုံးသပ်သည့် အလေ့အကျင့်၊ လုပ်ဆောင်နေစဉ် ပြန်လည်သုံးသပ်ခြင်း၊ လုပ်ဆောင်မှုအပေါ်  ပြန်လည်သုံးသပ်ခြင်း၊ သင်ယူမှုအတွက် ပြန်လည်သုံးသပ်ခြင်း၊ သမားရိုးကျ ဆရာ၊ ခြွင်းချက်မရှိ နားလည်လက်ခံ၍ ပံ့ပိုးပေးခြင်း။

Course Objectives

ဤသင်တန်းသည် ဝါရင့် ဆရာများအနေဖြင့် အခြားသော ဆရာများကို လမ်းညွှန်သင်ပြပေးနိုင်ရန် အခန်းကဏ္ဍများနှင့် လိုအပ်သော ကျွမ်းကျင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန် ရည်ရွယ်ပါသည်။ ထို့ပြင် အဆိုပါ အခန်းကဏ္ဍများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချနိုင်ရန် အခွင့်အလမ်းများလည်း ပေးရန် ရည်ရွယ်ပါသည်။

Learning Outcomes

သင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • နားထောင်ခြင်းဆိုင်ရာ အင်္ဂါရပ်လေးခုနှင့် နားထောင်ခြင်း အဆင့်လေးဆင့်အကြား ခွဲခြားသတ်မှတ်နိုင်မည်။
  • HURIER နမူနာပုံစံကို အသုံးပြု၍ မိမိ၏ နားထောင်ခြင်း စွမ်းရည်ကို တိုင်းတာနိုင်မည်။
  • လမ်းညွှန်သင်ပြသူဆရာ၏ ပြောဆိုဆွေးနွေးမှုများတွင် စာနာစိတ်ဖြင့် နားထောင်ခြင်းနှင့် ပြန်လည်သုံးသပ်သည့် အဖွင့်မေးခွန်းများ မေးခြင်း စသော အာရုံစိုက်နားထောင်ခြင်းဆိုင်ရာ အင်္ဂါရပ်များကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
  • ခြွင်းချက်မရှိ နားလည်လက်ခံ၍ ပံ့ပိုးပေးခြင်း နှင့် ယင်းကို မည်သို့ လုပ်ဆောင်နိုင်သည်ကို သတ်မှတ်နိုင်မည်။
  • လမ်းညွှန်သင်ပြသူဆရာနှင့် လုပ်ငန်းခွင်ဝင်စ ဆရာတို့၏ ပြောဆိုဆွေးနွေးမှုကို ပိုင်းခြားစိစစ်ပြီး လမ်းညွှန်သင်ပြသူဆရာက လုပ်ငန်းခွင်ဝင်စ ဆရာအပေါ် ပို၍ နားလည်လက်ခံနိုင်ကြောင်း မည်သို့ ပြသနိုင်သည်ကို အကြံပြုချက်များ ပေးနိုင်မည်။
  • လုပ်ငန်းခွင်ဝင်စ ဆရာ၏ အခန်းကဏ္ဍ လေးခုကို ခွဲခြားသတ်မှတ်နိုင်မည်။
  • ပြန်လည်သုံးသပ်သည့် အလေ့အကျင့်၏ အရေးပါမှုကို နားလည်ပြီး ဤနယ်ပယ်ရှိ ထင်ရှားသော သီအိုရီများကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
  • လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်ယူမှု/ပြန်လည်သုံးသပ်မှု စက်ဝန်း၏ အဆင့်တစ်ခုစီတွင် လမ်းညွှန်သင်ပြသူဆရာ၏ အခန်းကဏ္ဍကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
  • လေ့လာကြည့်ရှုခြင်း၏ ရည်ရွယ်ချက်များကို ခွဲခြားသတ်မှတ်နိုင်မည်။
  • လေ့လာကြည့်ရှုခြင်းပုံစံလွှာကို ဆန်းစစ်လေ့လာပြီး ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်မှ ဥပမာတစ်ခု၏ နယ်ပယ်များ၊ အနိမ့်ဆုံး လိုအပ်ချက်များနှင့် အညွှန်းကိန်းများကို စစ်ဆေးရန်အချက်များပါသော စာရင်းများဖြင့် ဆက်စပ်နိုင်မည်ဖြစ်သည်။
  • ဆရာများအား လမ်းညွှန်သင်ပြခြင်းနှင့် စပ်လျဉ်း၍ လေ့လာကြည့်ရှုခြင်း လုပ်ငန်းစဉ်၏ အဆင့်များကို စာရင်းပြုစုနိုင်မည်။
  • တုံ့ပြန်အကြံပြုချက်ပေးရန်အတွက် PATS အညွှန်းဘောင်ကို ပြန်လည် ဆန်းစစ်နိုင်မည်။
  • လမ်းညွှန်သင်ပြသူဆရာနှင့် လုပ်ငန်းခွင်ဝင်စဆရာတို့၏ ဆက်ဆံရေးသည် အပြန်အလှန် သက်ရောက်မှုရှိကြောင်း နားလည်ပြီး ကောင်းမွန်၍ ယုံကြည်စိတ်ချရသော ဆက်ဆံရေးတွင် တုံ့ပြန်အကြံပြုချက်များ ပေးခြင်းနှင့် လက်ခံခြင်းအတွက် နည်းစနစ်များကို စာရင်းပြုစုနိုင်မည်။
  • အပြုသဘောဆောင်ပြီး ပညာရှင်ဆန်သော တုံ့ပြန်အကြံပြုချက်ပေးပုံနှင့် ပတ်သက်၍ လမ်းညွှန်သင်ပြသူ ဆရာတစ်ဦးအား အကြံဉာဏ်ပေးနိုင်မည်။
  • ဆရာတစ်ယောက်၏ လက်တွေ့လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းကို အားပေးရာတွင် ကြီးကြပ်ကွပ်ကဲသူ၏ အခန်းကဏ္ဍကို သတ်မှတ်ဖော်ထုတ်၍  ကြီးကြပ်ကွပ်ကဲသူတစ်ဦး ပံ့ပိုးဖြည့်ဆည်းပေးနိုင်သော ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
  • လမ်းညွှန်သင်ပြသူ ဆရာတစ်ဦးနှင့် လုပ်ငန်းခွင်ဝင်စ ဆရာတို့ကြားတွင် ကြီးကြပ်ကွပ်ကဲရန် ပြောဆိုဆွေးနွေးသည့် ဥပမာတစ်ခုကို ဖန်တီးနိုင်ပြီး ကြီးကြပ်ကွပ်ကဲနေစဉ်တစ်လျှောက် လုပ်ဆောင်ချက်တစ်ခုစီတွင် ပြဿနာများကို သတ်မှတ်ဖော်ထုတ်ရန်နှင့် ဖြေရှင်းရန် နည်းလမ်းများကို ထည့်သွင်းနိုင်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ လမ်းညွှန်သင်ပြခြင်းဆိုင်ရာ အဓိက အခန်းကဏ္ဍများနှင့် ကျွမ်းကျင်မှုများ

မော်ဂျူး ၁။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၁.၁။ နားထောင်ခြင်း

မော်ဂျူး ၁.၁ အတွက် ဉာဏ်စမ်းမေးခွန်း

HURIER နမူနာပုံစံ

သင်၏နားထောင်မှုအဆင့်ကို ကိုယ်တိုင် အမှတ်ပေးခြင်း

ကောင်းမွန်သော နားထောင်ခြင်းဖြစ်ရန်အတွက် အကြံပြုချက်များ

ဆရာမချူးဝေအကြောင်း ဖြစ်ရပ်လေ့လာချက်

ဆရာမချူးဝေနှင့် ဆရာမ နှင်းနုတို့၏ ဆွေးနွေးမှုများ

မော်ဂျူး ၁.၁ အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး ၁.၂ အတွက် ဉာဏ်စမ်းမေးခွန်း

"ခြွင်းချက်မရှိ နားလည်လက်ခံ၍ ပံ့ပိုးပေးခြင်း" အတွက် လေ့ကျင့်ရန် လုပ်ငန်း

လမ်းညွှန်ဆရာနှင့် လုပ်ငန်းခွင်ဝင်စ ဆရာတို့အကြား ဆွေးနွေးမှုများ - လေ့ကျင့်ရန် လုပ်ငန်း

မော်ဂျူး ၁.၃ အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး ၁.၃ ၏ ဗီဒီယိုသင်ခန်းစာ ၁

မော်ဂျူး ၁.၃ အတွက် ဉာဏ်စမ်းမေးခွန်း

လမ်းညွှန်သင်ပြသူဆရာ၏ အခန်းကဏ္ဍ - လေ့ကျင့်ရန် လုပ်ငန်း

ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ သီအိုရီ (၄) ရပ် - လေ့ကျင့်ရန် လုပ်ငန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ လမ်းညွှန်သင်ပြခြင်း၏ အဓိကလုပ်ငန်းများ

မော်ဂျူး ၂။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၂.၁။ လေ့လာကြည့်ရှုခြင်း

စာသင်ခန်းတွင်း ထိရောက်သော လေ့လာကြည့်ရှုခြင်းကို လုပ်ဆောင်ရန် လမ်းညွှန်ဆရာ၏ အဓိက ကဏ္ဍများ

မော်ဂျူး ၂.၁ အတွက် ဉာဏ်စမ်းမေးခွန်း

လေ့လာကြည့်ရှုမှု ပုံစံလွှာကို အသုံးပြုခြင်း - လေ့ကျင့်ရန် လုပ်ငန်း

လေ့လာကြည့်ရှုမှု အဆင့်များ

လေ့လာကြည့်ရှုမှု အဆင့်များ - လေ့ကျင့်ရန် လုပ်ငန်း

၂.၂။ တုံ့ပြန်အကြံပြုချက် ပေးခြင်းနှင့် လက်ခံခြင်း

တုံ့ပြန်အကြံပြုချက်ကို ပေးရန်နှင့် လက်ခံရန် နည်းစနစ်များ

မော်ဂျူး ၂.၂ အတွက် ဉာဏ်စမ်းမေးခွန်း

၂.၃။ ကြီးကြပ်ကွပ်ကဲရန်အတွက် ပြောဆိုဆွေးနွေးမှုများ

လေ့ကျင့်ရန် လုပ်ငန်း - YouTube ဗီဒီယိုကိုကြည့်၍ မေးခွန်းများကို ဖြေဆိုပါ

မော်ဂျူး ၂.၃ အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon
;