စာသင်ခန်းအတွင်းငြိမ်းချမ်းရေးယဥ်ကျေးမှုတစ်ရပ်ကိုဖော်ဆောင်ခြင်း
4.9
(36 Reviews)
Certified
4 week(s)
291 Enrollment(s)
6902 View(s)

Share On :
Course Description
စာသင်ခန်းအတွင်းငြိမ်းချမ်းရေးယဥ်ကျေးမှုတစ်ရပ်ကိုဖော်ဆောင်ခြင်း အွန်လိုင်း မော်ဂျူးမှ ကြိုဆိုပါသည်။
ပဋိပက္ခများနှင့် ကြမ်းတမ်းသော အခြေအနေများ အများအပြား ဖြစ်ပွားနေသည့် ယနေ့ကမ္ဘာတွင် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းသော အသိုင်းအဝန်းကို ထူထောင်ရန် ပဋိပက္ခများကို နားလည်မှုနှင့် ကြိုးပမ်းအားထုတ်မှုများသည် ယခင်ကထက် ပို၍ အရေးတကြီး လိုအပ်ပါသည်။ ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ်ကိုပညာရေးကမှတဆင့် တည်ဆောက်ရန်အရေးကြီးလာပါသည်။ ဤ ငါးနာရီကြာသော အွန်လိုင်း မော်ဂျူးကို ဆရာ၊ဆရာမ များ နှင့် ပညာရေးနှင့် ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲ ထားပါသည်။ ဤသင်ခန်းစာတွင် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၏ အခြေခံနားလည်မှုနှင့် ပညာရေးတွင် ငြိမ်းချမ်းရေး အကြောင်းအရာများကို မည်သို့ထည့်သွင်း လုပ်ဆောင် နိုင်သည် လေ့လာကြရပါမည်။
Course Objectives
ဆရာ၊ဆရာမများအနေဖြင့် လုံခြုံသော သင်ယူမှုဝန်းကျင်ကို တည်ဆောက်နိုင် စေရန်နှင့် ကျောင်းသူကျောင်းသားများကို သဟဇာတဖြစ်သော၊ တရားမျှတသော၊ ပဋိပက္ခများကို ဖြေရှင်းတတ်သော လူ့အဖွဲ့အစည်းဖြစ်ရန်လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်စေရန် ရည်ရွယ်ပါသည်။
Learning Outcomes
သင်ခန်းစာရည်ရွယ်ချက်
ငြိမ်းချမ်းရေးနှင့် ပညာရေး အွန်လိုင်းသင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်
- ငြိမ်းချမ်းရေး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ဖော်ထုတ်လာမည်။
- အကြမ်းဖက်မှု ၃မျိုး၏ကွဲပြားခြားနားမှုများကို ရှင်းပြတတ်လာမည်။
- ပဋိပက္ခအဆင့်များ၊ပဋိပက္ခ၏အကြောင်းရင်းခံ သဘောတရားများကို ဆန်းစစ်နိုင်မည်။
- ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရွေးချယ်နိုင်မည်။
- ငြိမ်းချမ်းရေးပညာရေး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ရှင်းပြတတ်လာမည်။
- ငြိမ်းချမ်းရေးပညာရေးချဉ်းကပ်မှုများနှင့် နည်းဗျူဟာများ ကို သင်ခန်းစာများတွင် လက်တွေ့အသုံးချနိုင်မည်။
- ငြိမ်းချမ်းရေးကို ဖော်ဆောင်သောဆရာ/ဆရာမများ၏ အလေ့အကျင့်များကို အသိအမှတ်ပြုလာမည်။
ပါဝင်သောသင်ခန်းစာများမှာ
သင်ခန်းစာ ၁_ ငြိမ်းချမ်းရေးကို နားလည်ခြင်း
သင်ခန်းစာ ၂_ ပဋိပက္ခကို နားလည်ခြင်း
သင်ခန်းစာ ၃_ ငြိမ်းချမ်းရေး အတွက်ပညာရေး
သင်ခန်းစာ ၄_ ငြိမ်းချမ်းရေးတည်ဆောက်သူဆရာ/ဆရာမများ
သင်ခန်းစာ ၅_စာသင်ခန်းတွင်း အသုံးပြုနိုင်သောငြိမ်းချမ်းရေးဆိုင်ရာ ဖြည့်စွက် သင်ခန်းစာများ
ဤသင်ခန်းစာ ( ၅) ခုကို ဗီဒီယို သင်ခန်းစာ ပို့ချမှုများနှင့် အတူ ထပ်ဆောင်းဖတ်ရန် PDF file များကို လင့်ထဲမှ ဖတ်ရှုရပါမည်။ မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးနိုင်သည့် short quiz များကို ဖြေဆိုရမှာဖြစ်ပြီး မော်ဂျူး၏ အဆုံးတွင် ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။
Please login to take this course
Related Courses
