ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်းဖြင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း
0
(0 Reviews)
Certified
5 hour(s)
65 Enrollment(s)
507 View(s)

Share On :
Course Description
ဤသင်တန်းကို ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင် သင်ယူခြင်း နည်းဗျူဟာများနှင့် ချဉ်းကပ်ခြင်းနည်းများကို စာသင်ခန်းထဲတွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် တိုးမြှင့်လုပ်ဆောင်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများကို ဆရာများရရှိသွားစေရန်ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်-
မော်ဂျူး (၁) ထိရောက်သော ပူးပေါင်းဆောင်ရွက်သင်ယူခြင်းအတွက် နည်းဗျူဟာများ
မော်ဂျူး (၁.၁) ပူးပေါင်းဆောင်ရွက်သင်ယူခြင်းကို နားလည်သဘောပေါက်ခြင်းနှင့် ၎င်း၏ အကျိုးကျေးဇူးများ
မော်ဂျူး (၁.၂) ပူးပေါင်းဆောင်ရွက်သင်ယူနိုင်သော ဝန်းကျင်တစ်ခု တည်ဆောက်ခြင်း
မော်ဂျူး (၂) စာသင်ခန်းတွင်း ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း လုပ်ငန်းများ စီစဉ်ရေးဆွဲခြင်း
မော်ဂျူး (၂.၁) ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း
မော်ဂျူး (၂.၂) မတူကွဲပြားသော ကျောင်းသားများအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်းကို ပြောင်းလဲပြင်ဆင်ခြင်း
မော်ဂျူး (၃) ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်းဖြင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပုံ
မော်ဂျူး (၃.၁) စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများအသုံးပြုခြင်း
မော်ဂျူး (၃.၂) စိန်ခေါ်မှုများကို ကျော်လွှားခြင်း
အဓိက အသုံးအနှုန်းများ
စစ်ဆေးရန်အချက်များပါသော စာရင်းများ (Checklists) နှင့် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားများ (Rubrics)၊ ပူးပေါင်းဆောင်ရွက်သင်ယူနိုင်သည့် သင်ယူမှုဝန်းကျင် (Collaborative learning environment) ၊ ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှု ပုံစံ (Cooperative learning structure)၊ အုပ်စုလိုက် စူးစမ်းလေ့လာခြင်းလုပ်ငန်း၊ စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း နည်းလမ်းများ၊ အချင်းချင်းနှင့် မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်းများ၊ ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်ခြင်း၊ တွေး-တွဲ-မျှဝေခြင်း၊ VARK သင်ယူမှုပုံစံများ (အမြင်၊ အကြား၊ အဖတ် နှင့် လှုပ်ရှားမှုတို့ဖြင့် သင်ယူမှု)။
Course Objectives
ဤသင်တန်းသည် ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း နည်းဗျူဟာများနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများကို ဆရာများ ကျယ်ပြန့်စွာ သိရှိနားလည်သွားစေရန် ရည်ရွယ်ပါသည်။ ဤသင်တန်းမှတစ်ဆင့် ကျောင်းသားများ၏ ကွဲပြားစုံလင်သော သင်ယူမှုပုံစံများကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းတို့၏ စိတ်ပါဝင်စားမှုကို ထိန်းသိမ်းထားနိုင်သော ပံ့ပိုးမှုအားကောင်းသည့် သင်ယူမှုဝန်းကျင်များကို ဖန်တီးနိုင်ရန် လိုအပ်သော လက်တွေ့ကျွမ်းကျင်မှုများကို ဆရာများအား ပြင်ဆင်ပေးသွားမည် ဖြစ်သည်။ ဆရာများအနေဖြင့် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြု၍ ကျောင်းသားများ၏ ပါဝင်လုပ်ဆောင်မှုကို စစ်ဆေးအကဲဖြတ်တတ်ရန်၊ အုပ်စုလုပ်ငန်းများတွင် ဖြစ်ပေါ်လေ့ရှိသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် ထိရောက်သည့် သင်ယူမှုလုပ်ငန်းများကို စီစဉ်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို သင်ယူရမည်ဖြစ်သည်။ ဤသင်တန်းအပြီးတွင် ဆရာများသည် ကျောင်းသားများ၏ လေးနက်စွာ ဆန်းစစ်ဝေဖန်စဉ်းစားခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် အုပ်စုလိုက်ဆောင်ရွက်ခြင်း စသော စွမ်းရည်များ ဖွံ့ဖြိုးလာစေရန် ကူညီဆောင်ရွက်ပေးနိုင်မည့် သင်ကြားရေး အလေ့အကျင့်များ တိုးတက်လာမည် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- ပူးပေါင်းဆောင်ရွက်သင်ယူခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပံ့ပိုးမှုအားကောင်းသော ဝန်းကျင်တစ်ခု ဖန်တီးခြင်း၏ အရေးပါပုံကို သိရှိနားလည်သွားမည်။
- ပူးပေါင်းဆောင်ရွက်သင်ယူနိုင်သည့် သင်ယူမှုရပ်ဝန်းတစ်ခုကို တည်ဆောက်ရန်နှင့် ထိန်းသိမ်းထားရန် လက်တွေ့ကျသော နည်းဗျူဟာများကို အသုံးပြုတတ်မည်။
- ကျောင်းသားများ၏ လေးနက်စွာဆန်းစစ်ဝေဖန်စဉ်းစားမှု၊ အပြန်အလှန် ပြောဆိုဆက်သွယ်မှု စွမ်းရည်များ၊ လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိစေရန် လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် ထိရောက်သော ပူးပေါင်းဆောင်ရွက်သင်ယူမှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်။
- ပူးပေါင်းဆောင်ရွက် သင်ယူခြင်း (Collaborative learning) နှင့် ပူးပေါင်းပါဝင် လုပ်ဆောင်သင်ယူခြင်း (Cooperative learning) တို့ကို နှိုင်းယှဉ်ခွဲခြားတတ်မည်။
- (အမြင်၊ အကြား၊ အရေးအဖတ်နှင့် လှုပ်ရှားမှု - VARK) တို့တွင် အားသာသည့် သင်ယူသူများ အပါအဝင် မတူကွဲပြားသည့် သင်ယူသူအမျိုးမျိုးကို ဖြည့်ဆည်းပေးရန် ပူးပေါင်းပါဝင်လုပ်ဆောင် သင်ယူခြင်းလုပ်ငန်းများကို ခွဲခြားလုပ်ဆောင်နိုင်မည်။
- အဖွဲ့ဝင်များအားလုံး တက်ကြွစွာပါဝင်ပြီး ဘုံရည်မှန်းချက်များ ပြီးမြောက်အောင်မြင်စေသည့် အပြင် ကျောင်းသားများအကြား အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်မှုတို့ကို မြှင့်တင်နိုင်သော သင်ယူမှုနည်းစနစ်များကို သင်ယူနိုင်မည်။
- လူတိုင်းအကျုံးဝင်ပြီး ပံ့ပိုးမှုရှိသော သင်ယူမှုဝန်းကျင်တစ်ခု ဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်သင်ယူခြင်းလုပ်ငန်းများကို လိုအပ်သလို ပြင်ဆင်လုပ်ဆောင်တတ်မည်။
- ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း လုပ်ငန်းများ၏ ထိရောက်မှုများကို စစ်ဆေး အကဲဖြတ်ပြီး ကျောင်းသားများ၏ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်မှုနှင့် သင်ယူမှုရလဒ်များကို တိုးတက်စေရန် လိုအပ်သလို ညှိနှိုင်းပြုပြင်ခြင်းများ ပြုလုပ်ဆောင်ရွက်တတ်သည့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာမည်။
- အဖွဲ့အတွင်းပြောဆိုဆက်သွယ်မှုများ နှင့် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးနိုင်သော ကျောင်းသားတစ်ဦးချင်း၏ ပါဝင်ဆောင်ရွက်မှုများ၏ အရေးကြီးသောကဏ္ဍများကို သတ်မှတ်ဖော်ထုတ်ကာ ပူးပေါင်းဆောင်ရွက်မှုရှိသော သင်ယူမှုဝန်းကျင်များကို စောင့်ကြည့် စစ်ဆေးနိုင်သော စွမ်းဆောင်ရည်ရှိကြောင်း ပြသနိုင်မည်။
- ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း လုပ်ငန်းများ၏ ထိရောက်မှုကို စစ်ဆေးအကဲဖြတ်နိုင်ရန် ‘မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်း’၊ ‘အချင်းချင်း စစ်ဆေးအကဲဖြတ်ခြင်း’၊ ‘စစ်ဆေးရန် အချက်များ ပါသောစာရင်း’ စသည်တို့ကို အသုံးပြုနိုင်မည်။
- ကျောင်းသားများအကြား ယုံကြည်မှုတည်ဆောက်ယူရန်နှင့် အပြန်အလှန်ပြောဆို ဆက်သွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို တိုးမြှင့်ရန် နည်းဗျူဟာများကို အသုံးချပြီး ပိုမိုသင့်လျော်ညီညွှတ်ပြီး အကျိုးရှိသော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးရာတွင် ဖြစ်လေ့ရှိသော စိန်ခေါ်မှုများကို ဖြေရှင်းကျော်ဖြတ်နိုင်မည်။
- ကျောင်းသားများအားလုံး တက်ကြွစွာပါဝင်၍ အုပ်စုလုပ်ငန်းများတွင် ပံ့ပိုးနိုင်ရန် သေချာစေခြင်းဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုများ၏ ထိရောက်မှုကို အားပေးနိုင်သော နည်းလမ်းများကို အကောင်အထည်ဖော်နိုင်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး (၁) ထိရောက်သော ပူးပေါင်းဆောင်ရွက်သင်ယူခြင်းအတွက် နည်းဗျူဟာများ
မော်ဂျူး ၁။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
၁.၁။ ပူးပေါင်းဆောင်ရွက်သင်ယူခြင်းကို နားလည်သဘောပေါက်ခြင်းနှင့် ၎င်း၏ အကျိုးကျေးဇူးများ
မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ (၁)
မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)
မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)
မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)
အကျိုးကျေးဇူးများ - ပူးပေါင်းဆောင်ရွက်သင်ယူခြင်းဖြင့် တိုးတက်လာသော ကျွမ်းကျင်မှုများနှင့် စွမ်းရည်များ
မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ (၂)
မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း
၁.၂။ ပူးပေါင်းဆောင်ရွက်သင်ယူနိုင်သော ဝန်းကျင်တစ်ခု တည်ဆောက်ခြင်း
မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း
မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး (၂) စာသင်ခန်းတွင်း ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်းလုပ်ငန်းများ စီစဉ်ရေးဆွဲခြင်း
မော်ဂျူး ၂။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
၂.၁။ ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)
ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်း
ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှုပုံစံ အမျိုးအစားများ
မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၂.၂။ ကွဲပြားခြားနားသော ကျောင်းသားများအတွက် ပူးပေါင်းပါဝင်လုပ်ဆောင် သင်ယူခြင်းကို ပြောင်းလဲပြင်ဆင်ခြင်း
မော်ဂျူး (၂.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
သင်ယူမှုပုံစံအမျိုးမျိုးရှိသော ကျောင်းသားများအတွက် ကြိုတင်ပြင်ဆင်ခြင်း
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး (၃) ပူးပေါင်းဆောင်ရွက်သင်ယူခြင်းနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူခြင်းဖြင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း
မော်ဂျူး ၃။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
၃.၁။ စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများအသုံးပြုခြင်း
မော်ဂျူး (၃.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများ
မော်ဂျူး (၃.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၃.၂။ စိန်ခေါ်မှုများကို ကျော်လွှားခြင်း
မော်ဂျူး (၃.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၁)
မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၂)
မော်ဂျူး (၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃) အနှစ်ချုပ်
Summary
သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ
Related Courses