ပညာရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်း။ မော်ဂျူး (၃) - ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ပံ့ပိုးပေးခြင်း
5
(3 Reviews)
Certified
8 hour(s)
208 Enrollment(s)
704 View(s)

Share On :
Course Description
Course Objectives
ဤသင်တန်းသည် ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှု၏ အမျိုးမျိုးသော ကဏ္ဍများကို စေ့စေ့စပ်စပ် လေ့လာမှုပြုထားပြီး ဆရာအတတ်သင် နည်းပြများနှင့် ပညာရေးခေါင်းဆောင်များကို ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျမှု (burnout) ကို လျှော့ချရန်၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို မြှင့်တင်ရန်နှင့် ဆရာများ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန်အတွက် နည်းဗျူဟာများ ပေးအပ်ထားသည်။ ဆရာတစ်ဦး၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုသည် ကျောင်းသားများ၏ သင်ယူမှုရလဒ်များကို တိုက်ရိုက်သက်ရောက်ကြောင်း အသိအမှတ်ပြုသောအားဖြင့် ဤသင်တန်းက ဆရာများကို ပညာရေးအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ဘက်စုံပံ့ပိုးကူညီနိုင်မည့် ချဉ်းကပ်ပုံကို ပေးစွမ်းထားသည်။
သင်တန်းကို အဓိက အပိုင်း
(၄) ပိုင်း ခွဲခြားထားသည်-
- ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုကို နားလည်ခြင်း – ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာမှု၏ အဓိပ္ပာယ်၊ ၎င်း၏ အရေးပါမှုနှင့် ဆရာများ ရေရှည်တည်တံ့အောင်
ထိန်းသိမ်းနိုင်မှု၊ ကျောင်းသားသင်ယူမှုနှင့် သင်ကြားမှုအရည်အသွေးတို့အပေါ် ၎င်း၏
သက်ရောက်မှုတို့ကို အထူးသဖြင့် ပဋိပက္ခဒဏ်ခံရသော နေရာများအပေါ် အာရုံစိုက်ကာ
သတ်မှတ်ဖော်ပြထားသည်။
- ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှု လျော့ကျခြင်း၏ လက္ခဏာများကို
ဖော်ထုတ်ခြင်း – ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျမှု၏ ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ခံစားမှုဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အန္တရာယ်ရှိကြောင်းပြသော
အစောပိုင်းလက္ခဏာများ (Red Flags) ကို ခွဲခြားသိမြင်စေပြီး မိမိကိုယ်ကိုနှင့်
အချင်းချင်း အကဲဖြတ်နိုင်ရန် ကိရိယာများကို ပံ့ပိုးပေးသည်။
- ပံ့ပိုးကူညီမှုရှိသော အလုပ်ပတ်ဝန်းကျင်ကို မြှင့်တင်ခြင်း – စိတ်ဖိစီးမှုကို
လျှော့ချရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အချင်းချင်း
လမ်းညွှန်မှု၊ အလုပ်တာဝန် မျှတမှုနှင့် စုပေါင်းပြဿနာဖြေရှင်းမှုတို့ကို
ပျိုးထောင်ပေးသည်။
- မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် အပြန်အလှန် ပံ့ပိုးခြင်း ယဉ်ကျေးမှုကို တည်ဆောက်ခြင်း – နေ့စဉ်လုပ်ရိုးလုပ်စဉ်များတွင် မိမိကိုယ်ကို ဂရုစိုက်မှု အလေ့အထများကို ထည့်သွင်းခြင်း၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်း (RPCs) ကို တည်ဆောက်ခြင်းနှင့် ခေါင်းဆောင်မှုက ဦးဆောင်သည့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုဆိုင်ရာ မူဝါဒများကို ထောက်ခံအားပေးခြင်း။
မိမိဘာသာ သင်ယူခြင်း၊ ပြန်လည်သုံးသပ်သည့် လေ့ကျင့်ခန်းများနှင့် လက်တွေ့အခြေအနေ လေ့လာမှုများမှတစ်ဆင့် ဤသင်တန်းက ပညာရေးခေါင်းဆောင်များ ၎င်းတို့၏ ကျောင်းများ သို့မဟုတ် သင်တန်းကျောင်းများ၌ ရေရှည်တည်တံ့သော ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုဆိုင်ရာ အလေ့အထများကို အကောင်အထည်ဖော်နိုင်ကြောင်း သေချာစေမည်ဖြစ်သည်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် ဆရာလုပ်ငန်းဆိုင်ရာ ပံ့ပိုးမှု ယဉ်ကျေးမှုကို ပျိုးထောင်ပေးခြင်းဖြင့် ဤသင်တန်းသည် ဆရာများ၏ အလုပ်ထွက်နှုန်းကို လျှော့ချရန်၊ စိတ်အားထက်သန်မှုကို မြှင့်တင်ရန်နှင့် အလုံးစုံ သင်ကြားမှု ထိရောက်မှုကို တိုးတက်စေရန် ရည်ရွယ်သည်။
Learning Outcomes
- သင်ကြားခြင်းနှင့် စောင့်ကြည့်ခြင်းမှသည် ဆရာများကို ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ကျန်းမာမှုကို ဦးစားပေး၍ ဘက်စုံပံ့ပိုးကူညီခြင်းဆီသို့ ကူးပြောင်းနိုင်သော ခေါင်းဆောင်မှုအခန်းကဏ္ဍများကို လုပ်ဆောင်ရန်အတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုများကို ရရှိစေရန်။
- ဘေးကင်းလုံခြုံပြီး၊ ပံ့ပိုးမှုရှိသော၊ ပူးပေါင်းဆောင်ရွက်နိုင်သော ပတ်ဝန်းကျင်များကို ဖန်တီးပေးခြင်းဖြင့် စိန်ခေါ်မှုအရှိဆုံး ပညာရေးပတ်ဝန်းကျင်များတွင် အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေရန်။
Please login to take this course
Lectures
မိတ်ဆက်
၁။ ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို နားလည်ခြင်း
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှု
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှု၏ အရေးပါပုံ
ဆရာများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မှုအပေါ် သက်ရောက်မှု
ကျောင်းသားများအပေါ် သက်ရောက်မှု
သင်ကြားမှု အရည်အသွေးအပေါ် သက်ရောက်မှု
အကျပ်အတည်းနှင့် ပဋိပက္ခ အခြေအနေများတွင် ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှု၏ အရေးပါပုံ
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ဦးစားပေးရခြင်း၏ အဓိက အကြောင်းရင်းများ
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ပံ့ပိုးရန် နည်းဗျူဟာများ
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ပံ့ပိုးရန်အတွက် အဓိက ထည့်သွင်းစဉ်းစားရန် အချက်များ
သင်၏ ခေါင်းဆောင်မှုကို ကိုယ်တိုင်အမြန်စစ်ဆေးမှု
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၃)
၂။ ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ကျဆင်းလာစေသည့် လက္ခဏာများကို ဖော်ထုတ်ခြင်း
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှု လျော့ကျခြင်း၏ အဖြစ်များသော အန္တရာယ်ရှိကြောင်းပြ အစောပိုင်းလက္ခဏာများ
ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို အကဲဖြတ်ခြင်းဆီသို့ ပထမအဆင့်
ဆရာအတတ်သင် နည်းပြများအတွက် အန္တရာယ်ရှိကြောင်းပြ လက္ခဏာများကို ဖော်ထုတ်ရန် အရေးကြီးသော လုပ်ဆောင်ချက်များ
ပုန်းကွယ်နေသော စိတ်ဖိစီးမှုများကို တက်ကြွစွာ တုံ့ပြန်ရန် လှုပ်ရှားမှုများ
အခြေအနေအခြေပြု ဖြစ်ရပ်လေ့လာမှု။ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်နေသော ဆရာမ
သင့်ပတ်ဝန်းကျင်ရှိ ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ပံ့ပိုးခြင်း
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၃)
၃။ ပံ့ပိုးကူညီမှုရှိသော အလုပ်ပတ်ဝန်းကျင်ကို မြှင့်တင်ခြင်း
အချင်းချင်း ပံ့ပိုးမှု၏ အရေးပါပုံ
အချင်းချင်း ပံ့ပိုးမှုစနစ်၏ အရေးပါသော အခြေခံမူများ
ထိရောက်သော အချင်းချင်း ပံ့ပိုးမှု နည်းဗျူဟာ - "တွဲဖက်ပံ့ပိုးမှုစနစ်"
ပြန်လည်သုံးသပ်သည့် အခြေအနေအခြေပြု ဆွေးနွေးမှု- "လုပ်ငန်းခွင်မှ အသံများ"
အလုပ်တာဝန် မျှတမှုနှင့် လက်တွေ့ကျသော မျှော်မှန်းချက်များ
ဆရာများ၏ အလုပ်တာဝန် စီမံခန့်ခွဲရာတွင် ပံ့ပိုးပေးရန် အရေးကြီးသော လုပ်ဆောင်ချက်များ
အလုပ်တာဝန် စီမံခန့်ခွဲမှု နည်းဗျူဟာ (၁) - D ၄လုံး မက်ထရစ်
အလုပ်တာဝန် စီမံခန့်ခွဲမှု နည်းဗျူဟာ (၂) - နယ်နိမိတ်များ သတ်မှတ်ခြင်း
ဆရာအတတ်သင် နည်းပြများအတွက် တာဝန်။ "အလုပ်တာဝန် မျှတမှု လုပ်ဆောင်ရန် အစီအစဉ်"
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၃)
၄။ မိမိကိုယ်ကို ဂရုစိုက်မှုနှင့် အပြန်အလှန်ထောက်ပံ့ကူညီမှုဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်ခြင်း
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်း (RPC) တည်ဆောက်ခြင်း
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်း၏
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်း (RPC) တစ်ခု တည်ထောင်ရန် အဆင့်များ
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်းကို ပံ့ပိုးရန် နည်းဗျူဟာများ
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဆရာများ အဝန်းအဝိုင်း (RPCs) - စိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ
ဖြစ်ရပ်အခြေပြု လေ့လာမှု
ပြန်လည်သုံးသပ်ခြင်း လုပ်ငန်း
မိမိကိုယ်ကို ဂရုစိုက်မှုကို နေ့စဉ်လုပ်ရိုးလုပ်စဉ်များတွင် ထည့်သွင်းခြင်း
ဆရာများ၏ နေ့စဉ် မိမိကိုယ်ကို ဂရုစိုက်မှုကို ပံ့ပိုးရာတွင် နည်းပြ၏ အခန်းကဏ္ဍ
ဆရာများ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွင် မိမိကိုယ်ကို ဂရုစိုက်မှုကို ထည့်သွင်းရန် ဆရာအတတ်သင် နည်းပြများအတွက် နည်းဗျူဟာများ
ကုန်ကျစရိတ်သက်သာသော ရိုးရှင်းသည့် နည်းစနစ်များဖြင့် ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုကို ထိန်းသိမ်းခြင်း
မိမိကိုယ်ကို ဂရုစိုက်မှု - စိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၄)
ပြန်လည်ဆန်းစစ်ခြင်း
Summary
သင်တန်းအနှစ်ချုပ်
Related Courses
