ပညာရေးကဏ္ဍသုံး ICT မိတ်ဆက် (အခြေခံအဆင့်)
4.4
(32 Reviews)
Certified
5 hour(s)
1206 Enrollment(s)
5086 View(s)

Share On :
Course Description
ဤသင်တန်းသည် ဆရာ၊ဆရာမများကို ဒစ်ဂျစ်တယ်ခေတ်၏ ICT အကြောင်းမိတ်ဆက်ရန် ရည်ရွယ်ရေးဆွဲထားသည့် သင်တန်းတစ်ခုဖြစ်သည်။ ဤသင်တန်းသည် 'ပညာရေးကဏ္ဍသုံး ICT မိတ်ဆက်' ဟု အမည်ရပြီး အခြေခံအဆင့်သင်တန်းတစ်ခုဖြစ်ပါသည်။ ဤသင်တန်းသည် ICT ၏ လွှမ်းခြုံမှု အတိုင်းအတာကို ဦးစွာ ဖွင့်ဆိုပြီးမှ ကျောင်းနှင့် စာသင်ခန်းအတွင်း အသုံးပြုမှုအကြောင်းကို အသေးစိတ် ဆက်လက် ကြည့်ရှုပါသည်။ ဆရာ၊ ဆရာမများအနေနှင့် မိမိ၏ လုပ်ငန်းတာဝန် ဆောင်ရွက်စဉ်အတွင်း ICT အသုံးပြုခြင်း၏ ရေတိုနှင့် ရေရှည် ကောင်းကျိုးများကို သင်ယူသိရှိသွားမည်ဖြစ်သည်။ ထို့ပြင် ICT အသုံးပြုခြင်းနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကိုလည်း လေ့လာရပါမည်။ ဤသင်တန်းက ဆရာ၊ ဆရာမအနေနှင့် စိန်ခေါ်မှုများကို မည်သို့ ထိရောက်စွာ ကိုင်တွယ်ရင်ဆိုင်ရမည်ကိုလည်း တင်ပြထားပါသည်။ စာသင်ခန်းတွင် ICT ကို ချက်ချင်း အသုံးချနိုင်အောင် လက်တွေ့ကျပြီး ရိုးရှင်းသည့် လုပ်ငန်းများနှင့် အက်ပလီကေးရှင်းများကို အမှန်တကယ်အောင်မြင်ခဲ့သော နမူနာများအလိုက် စုစည်း တင်ပြခြင်းဖြင့် ဤသင်ရိုးကို အဆုံးသတ်ထားပါသည်။
သင်တန်း၏ ဦးတည် အုပ်စု
ဤသင်တန်းအား မြန်မာပညာရေးစနစ်အတွင်းရှိ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး အောက်ပါအခြေအနေအခင်းအကျင်းများအကြောင်းကို ထည့်သွင်း ရေးဆွဲထားပါသည်။
- အစိုးရကျောင်း၊ ကျောင်းပြင်ပ ပညာရေး၊ အစိုးရပိုင် မဟုတ်သော ရပ်ရွာ အခြေပြုကျောင်းများနှင့် အခြားပညာရေး အခွင့်အလမ်းများ
- ပုဂ္ဂလိကကျောင်းများ၊ အစိုးရကျောင်းများနှင့် ရပ်ရွာအခြေပြုကျောင်းများ
- မြို့ပြ၊ မြို့စွန်ဆင်ခြေဖုံး နှင့် ကျေးလက်ဒေသများမှ ကျောင်းများ
မရှိမဖြစ် အခြေခံ လိုအပ်ချက်များ
- အကြံပြုချက်-Myanmar Teacher Platform မှ ဗွီဒီယိုသင်ခန်းစာများကို ဝင်ရောက်လေ့လာနိုင်ရန် လက်ပ်တော့၊ တက်ဘလက်နှင့် စမတ်ဖုန်းများကဲ့သို့ ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် အင်တာနက်ချိတ်ဆက်မှု ရှိနေရမည်။
- အားလုံးအကျုံးဝင်မှုရှိခြင်း - ဒစ်ဂျစ်တယ်ပစ္စည်းများ မရှိသော (သို့မဟုတ်) အင်တာနက်ချိတ်ဆက်၍ မရနိုင်သော (သို့မဟုတ်) နှစ်မျိုးလုံး မရှိသော အခြေအနေများအတွက် သင်ရိုးပါ စာရွက်စာတမ်းများကို ဒေါင်းလုတ်ဆွဲခြင်း၊ စာရွက်ဖြင့် ပုံနှိပ်ထုတ်ခြင်းတို့ဖြင့် အသုံးပြုနိုင်ပါသည်။
Course Objectives
သင်တန်း၏ရည်မှန်းချက်များ
ဤသင်တန်း၏ ရည်မှန်းချက်များမှာ -
- ICT ဆိုင်ရာအယူအဆများကို ပိုမိုနားလည်လာစေရန်
- ICT ၏ အစိတ်အပိုင်းအမျိုးမျိုးကို နားလည် သိရှိမှု ပိုမို မြင့်တက်လာစေရန်
- စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် စပ်လျဉ်းသည့် ရေတို/ရေရှည် ကောင်းကျိုးများအကြောင်း အသေးစိတ် ရှင်းလင်းနိုင်ရန်
- စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် ပတ်သက်၍ သင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရှင်းပြဖွင့်ဆိုရန်
- သင့် ICT စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဖြေရှင်းနည်း ဗျူဟာများကို ရှင်းပြဖွင့်ဆိုရန်
- စာသင်ခန်းအတွင်း ICT အသုံးပြုနိုင်ရေးအတွက် ရိုးရှင်းသည့် လက်တွေ့ လုပ်ငန်းများကို တင်ပြရန်
- နည်းပညာ အသုံးပြုနည်းကို ဆရာ၊ ဆရာမများ သိလိုစိတ် ထက်သန်လာစေရန်နှင့် "စဉ်ဆက်မပြတ်သင်ယူသူ" များဖြစ်လာရေး အားပေးထောက်ပံ့ပေးနိုင်ရန်
Learning Outcomes
မျှော်မှန်းသင်ယူမှုရလဒ်များ
ဤသင်တန်းပြီးဆုံးပါက သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။
- ICT ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြနိုင်ပြီး ၎င်းတွင် ပါဝင်သည့် အစိတ်အပိုင်းများကို စာရင်းပြုတတ်သွားမည်။
- စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် စပ်လျဉ်းသည့် ရေတို/ရေရှည် ကောင်းကျိုးများကို သိရှိနားလည်သွားမည်။
- စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် ပတ်သက်၍ သင့် စိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာတတ်သွားမည်။
- သင့်စာသင်ခန်းအတွင်းရှိ ကြုံတွေ့နေရသည့် ICT အသုံးပြုမှုဆိုင်ရာ စိန်ခေါ်မှုများဖြေရှင်းတတ်သွားမည်။
- သင့်စာသင်ခန်းအတွင်း ကြုံတွေ့ရသော ICT အသုံးပြုမှုဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချနိုင်မည့် နည်းလမ်းများကို ရေးဆွဲခြင်းနှင့် သင့်လျော်သလိုပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်တတ်သွားမည်။
- သင့်စာသင်ခန်းတွင် ICT စတင်အသုံးချရာတွင် လက်တွေ့ကျ၍ ရိုးရှင်းသော လုပ်ငန်းများနှင့် အက်ပလီကေးရှင်းများကို ရွေးချယ်တတ်သွားမည်။
Please login to take this course
Lectures
မရှိမဖြစ် အခြေခံ လိုအပ်ချက်များ
၁။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ၏ အခြေခံများကို နားလည်ခြင်း
၁.၁. ICT ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် လွှမ်းခြုံမှု နယ်ပယ်များ
မှန်ကန်သည့် အဖြေ(များ)ကို ရွေးချယ်ပါ။
ပညာရေးကဏ္ဍသုံး ICT ဆိုသည်မှာ အဘယ်နည်း။
၁.၂. ဆရာ၊ ဆရာမ များအတွက် စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် စပ်လျဉ်းသည့် ရေရှည်/ရေတို ကောင်းကျိုးများ
၁.၂. ဆရာ၊ ဆရာမ များအတွက် စာသင်ခန်းအတွင်း ICT အသုံးပြုမှုနှင့် စပ်လျဉ်းသည့် ရေရှည်/ရေတို ကောင်းကျိုးများ (ဆက်ရန်)
မှန်ကန်သည့် အဖြေများကို ရွေးချယ်ပါ။
သင်ခန်းစာ (၁). ပြန်လည်သုံးသပ်ခြင်း
၁.၃ ICT အသုံးပြုခြင်းနှင့် ပတ်သက်သည့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများကို ICT သုံးပြီး ဖြေရှင်းခြင်း၊ စိန်ခေါ်မှု တစ်ခုစီအတွက် ဖြေရှင်းခြင်းနည်းဗျူဟာများ ( ဆရာ၊ ဆရာမများ၏ ရှုထောင့်မှ ကြည့်ခြင်း)
မှန်ကန်သည့် အဖြေအားလုံးကို ရွေးချယ်ပါ။
၂။ ရိုးရှင်းသည့် လက်တွေ့ လုပ်ငန်းများ
၂.၁ ဖြစ်ရပ်လေ့လာချက်များမှင့် ICT ပေါင်းစပ် အသုံးချမှု အောင်မြင်ခဲ့သည့် နမူနာများ
၂.၁ ဖြစ်ရပ်လေ့လာချက်များမှင့် ICT ပေါင်းစပ် အသုံးချမှု အောင်မြင်ခဲ့သည့် နမူနာများ (ဆက်ရန်)
နားလည်သဘောပေါက်မှုကို စစ်ဆေးခြင်း
သင်ခန်းစာ (၂.၁) ပြန်လည်သုံးသပ်ခြင်း
၂.၂ ICT အသုံးပြုရန် အဆင့်ဆင့် လမ်းညွှန်ချက်
နည်းကိရိယာများနှင့် ၎င်းကို အသုံးပြု၍ ဆောင်ရွက်နိုင်သည့် ဆရာလုပ်ငန်းဆောင်တာများကို တွဲစပ်ပါ။
သင်ခန်းစာ (၂.၂) ပြန်လည်သုံးသပ်ခြင်း
အနှစ်ချုပ်
Related Courses
