လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း
5
(10 Reviews)
Certified
30 hour(s)
152 Enrollment(s)
7764 View(s)

Share On :
Course Description
ဤလူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်းသင်တန်းသည် ဆရာများအတွက် အပြန်အလှန်တုံ့ပြန်ဆောင်ရွက်မှုရှိသော သင်ယူမှုတွင် ပါဝင်လုပ်ဆောင်စေခြင်းဖြင့် ဆက်စပ်သော တတ်ကျွမ်းမှုများရရှိအောင် ပြင်ဆင်ပေးမည် ဖြစ်သည်။ ဆရာတို့၏ လက်တွေ့သင်ကြားရေးတွင် သင့်လျော်သော စစ်ဆေးအကဲဖြတ်ခြင်းနည်းများကို အလိုက်သင့်ပြောင်းလဲအသုံးပြုခြင်းဖြင့် ကျောင်းသားများ၏ သင်ယူမှုအတွေ့အကြုံများနှင့် သင်ယူမှုရလဒ်များကို တိုးမြှင့်ပေးရန် ဤသင်တန်းမှ သင်ယူရရှိခဲ့သည့်အရာများကို ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။ သင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။
မော်ဂျူး (၁.၁) စစ်ဆေးအကဲဖြတ်ခြင်းကို ချဉ်းကပ်ခြင်းနည်းများ
(၁.၁.၁) စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း
(၁.၁.၂) သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း (AfL)
(၁.၁.၃) သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း (AoL)
(၁.၁.၄) သင်ယူမှုအဖြစ် စစ်ဆေးအကဲဖြတ်ခြင်း (AaL)
မော်ဂျူး (၁.၂) စစ်ဆေးအကဲဖြတ်ခြင်း နည်းဗျူဟာများ
(၁.၂.၁) စစ်ဆေးအကဲဖြတ်ခြင်းကို အသုံးပြုခြင်း
(၁.၂.၂) ကန့်သတ်ဖြေဆိုရသောမေးခွန်း (အပိတ်မေးခွန်း) နှင့် ဖွဲ့စည်းတည်ဆောက်ဖြေဆိုရသော မေးခွန်း (အဖွင့်မေးခွန်း)
(၁.၂.၃) ကျွမ်းကျင်မှုများကို လက်တွေ့ပြန်လည်အသုံးချနိုင်မှုအားစစ်ဆေးအကဲဖြတ်ခြင်း
(၁.၂.၄) လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၁.၃) တုံ့ပြန်အကြံပြုချက်ပေးခြင်း
(၁.၃.၁) တုံ့ပြန်အကြံပြုချက်ပေးခြင်းကို မိတ်ဆက်ခြင်း
(၁.၃.၂) တုံ့ပြန်အကြံပြုချက်မည်သို့ပေးမည်နည်း။
(၁.၃.၃) တုံ့ပြန်အကြံပြုချက်ပေးခြင်း၏ အကျိုးကျေးဇူးများ
မော်ဂျူး (၁.၄) စစ်ဆေးအကဲဖြတ်ခြင်းကို ဖန်တီးခြင်း
(၁.၄.၁) စစ်ဆေးအကဲဖြတ်ခြင်းကိုရေးဆွဲရန် ပြင်ဆင်ခြင်း
(၁.၄.၂) စစ်ဆေးအကဲဖြတ်ခြင်းကို စီစဉ်ရေးဆွဲခြင်း
(၁.၄.၃) ကျောင်းသားများကို စစ်ဆေးအကဲဖြတ်ခြင်း
(၁.၄.၄) ဖွဲ့စည်းတည်ဆောက်ဖြေဆိုရသောမေးခွန်း (အဖွင့်မေးခွန်း) ကို ဖန်တီးခြင်း
(၁.၄.၅) မေးခွန်းများကို ဖန်တီးခြင်း
Course Objectives
ဤသင်တန်းသည် သင်ယူသူများအား လူတိုင်းအကျုံးဝင်သောစစ်ဆေးအကဲဖြတ်ခြင်း၏ အခြေခံမူများ၊ ချဉ်းကပ်နည်းများနှင့် နည်းဗျူဟာများကို လက်တွေ့ကျင့်သုံးတတ်စေရန်နှင့် နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပါသည်။
Learning Outcomes
ဤသင်တန်းတွင် သင်ယူသူများသည်
- စစ်ဆေးအကဲဖြတ်ခြင်း၏ အဓိပ္ပာယ်နှင့် စစ်ဆေးအကဲဖြတ်ခြင်းအမျိုးအစားများကို ဖော်ပြတတ်မည်။
- သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်းနှင့်ပတ်သက်၍ အခြေခံမူများကို ခွဲခြားတတ်မည်။
- မတူညီသော စစ်ဆေးအကဲဖြတ်မှုပုံစံများ မည်သည့်အချိန်တွင်ဖြစ်ပေါ်သည်ကို ဖော်ထုတ်တတ်မည်။
- အပိတ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အဖွင့်စစ်ဆေးအကဲဖြတ်ခြင်းကို အမျိုးအစားခွဲခြားတတ်မည်။
- စစ်ဆေးအကဲဖြတ်ခြင်းအတွက် နည်းဗျူဟာများကို ရှင်းပြတတ်မည်။
- တုံ့ပြန်အကြံပြုချက်ပေးခြင်းက သင်ယူမှုအတွက် အဘယ်ကြောင့် အရေးပါကြောင်းကို ရှင်းပြတတ်မည်။
- အပြုသဘောဆောင်သည့် တုံ့ပြန်အကြံပြုချက်ပေးခြင်း၏ အကျိုးကျေးဇူးများကို ဆန်းစစ်တတ်မည်။
- ကျောင်းသားများအတွက် အကျိုးရှိသော တုံ့ပြန်အကြံပြုချက်ပေးခြင်းကို ဖန်တီးတတ်မည်။
- စစ်ဆေးအကဲဖြတ်ခြင်းကို စီစဉ်ရေးဆွဲရန် နည်းလမ်းများ ရှာဖွေတတ်မည်။
- ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်နိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်တတ်မည်။
- အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားများနှင့် စစ်ဆေးမှုများ၏ ပုံစံအမျိုးမျိုးကို လေ့လာဆန်းတတ်မည်။
- အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားများနှင့် စစ်ဆေးမှုများကို မည်သို့ဖန်တီးရမည်ကို ရှင်းပြတတ်မည်။
Please login to take this course
Related Courses