ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှု
3.7
(3 Reviews)
Certified
7 hour(s)
180 Enrollment(s)
1401 View(s)
.png&w=3840&q=75)
Share On :
Course Description
ဤအွန်လိုင်းသင်တန်းတွင် ဆရာများကို ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာနှင့် မိတ်ဆက်ပေးမည် ဖြစ်သည်။ ၎င်းတွင် ကိုယ်ပိုင်ငွေကြေးဆိုင်ရာ အခြေခံ အသိပညာများ (ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲခြင်း၊ စုဆောင်းခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း)၊ အကြွေးဆိုင်ရာ အခြေခံ သဘောတရားများနှင့် ရင်းနှီးမြှုပ်နှံခြင်း၏ ရှုထောင့်အချို့ ပါဝင်သည်။ သင်တန်းတက်ရောက်သူများအနေဖြင့် လက်တွေ့လေ့ကျင့်ခန်းများတွင် စိတ်ဝင်တစား ပါဝင်သင်ယူ၍ အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုရှိသော သင်ယူမှုနည်းလမ်းများဖြင့် လက်တွေ့ဘဝမှ နမူနာ အဖြစ်အပျက်များကို သိရှိနားလည်လာမည်။ ဤသို့ နားလည်ခြင်းဖြင့် ရေရှည် တည်ငြိမ်မှုကို အထောက်အကူပြုသည့် အသိအမြင်ကြွယ်ဝသော ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သင်ယူကြမည်ဖြစ်သည်။ ဤသင်တန်းတွင် ဆရာများအတွက် ရည်ရွယ်၍ ၎င်းတို့၏ ဘဝတွင် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အသိအမြင်ကြွယ်ဝစွာ ချမှတ်နိုင်စေရန်၊ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်စေရန်နှင့် ၎င်းတို့၏ ဘဝအရည်အသွေးများ တိုးတက်ကောင်းမွန်နိုင်စေမည့် နည်းလမ်းများကို သင်ကြားပေးမည် ဖြစ်သည်။
ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်သည်။
Course Objectives
Learning Outcomes
- ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှုသည် ဝင်ငွေ၊ အသုံးစရိတ်နှင့် စုဆောင်းငွေများကို စီမံခန့်ခွဲနိုင်စေမည့် နည်းလမ်း (၃)ခု အပြင် အကြွေးနွံကို မည်သို့ တားဆီးကာကွယ်နိုင်ကြောင်းနှင့် ငွေကြေးရည်မှန်းချက်များကို မည်သို့ အထောက်အပံ့ပြုနိုင်ကြောင်းတို့ကိုပါ ရှင်းပြတတ်မည်။
- အခြေခံ လိုအပ်ချက်များကို အလေးထား၍ စုငွေရည်မှန်းချက်တစ်ခုကို ချမှတ်ခြင်းဖြင့် ဝင်ငွေနှင့် အသုံးစရိတ်များကို ပြသသည့် ကိုယ်ပိုင် လစဉ် ရသုံးမှန်းခြေငွေစာရင်းတစ်ခုကို ရေးဆွဲတတ်မည်။
- ထို့အပြင် မြန်မာနိုင်ငံရှိ ဒေသတွင်း စုဆောင်းငွေ၊ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အာမခံဆိုင်ရာ ရွေးချယ်စရာများကို ပြန်လည်ဆန်းစစ်ပြီး ငွေကြေးဆိုင်ရာ ရေရှည်လုံခြုံစိတ်ချမှုအတွက် ဘေးအန္တရာယ်များကို လျှော့ချနိုင်သည့် နည်းလမ်းတစ်ခုကို ဖော်ပြတတ်မည်။
- တာဝန်ယူမှုရှိသော အကြွေးနှင့် ချေးငွေဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသဘောတရားများကို လက်တွေ့ဘဝ အခြေအနေတစ်ခုတွင် မည်သို့အသုံးချမည်ကို လက်တွေ့နမူနာများ ပေးတတ်မည်။
- မြန်မာနိုင်ငံတွင် ငွေကြေးလိမ်လည်မှုပုံစံမျိုးစုံမှ ကာကွယ်နိုင်ရန်အတွက် လက်တွေ့ အသုံးဝင်သော နည်းလမ်းများကို ရှင်းပြတတ်မည်။
- ငွေကြေးဆိုင်ရာ အယူအဆများကို နားလည်ရလွယ်ကူစေပြီး မြန်မာကျောင်းသားများနှင့် ဆီလျော်မှုရှိစေသည့်၊ အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုကို အားပေးသော သင်ကြားနည်းတစ်ခုကို သရုပ်ပြတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှုအတွက် အခြေခံ အသိပညာ
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှု မိတ်ဆက်
မော်ဂျူး (၁.၁) အတွက် ဗီဒီယို သင်ခန်းစာ
လေ့ကျင့်ရန် - အသုံးစားရိတ်၊ ဝင်ငွေနှင့် စုဆောင်းငွေတို့ကို နားလည်ခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် - ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းများ
မော်ဂျူး (၁.၁) ဉာဏ်စမ်းမေးခွန်း
၁.၂။ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲရန်အတွက် အခြေခံလိုအပ်ချက်များ
သင်၏ ငွေသုံးစွဲသည့် အလေ့အကျင့်များကို စီမံထိန်းသိမ်းခြင်း
လေ့ကျင့်ရန် - မိုက်ခရိုဆော့(ဖ်)စာရင်းဇယား (Microsoft Excel) ကို စူးစမ်းလေ့လာခြင်း – ကိုယ်ပိုင် လစဉ်ရသုံးမှန်းခြေ ငွေစာရင်း
Expense Manager မိုဘိုင်း အက်ပလီကေးရှင်း
မော်ဂျူး (၁.၂) ဉာဏ်စမ်းမေးခွန်း
၁.၃။ စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံခြင်း
အာမခံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း
မော်ဂျူး (၁.၃) အတွက် ဗီဒီယို သင်ခန်းစာ
လေ့ကျင့်ရန် - ဒေသတွင်း ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများကို လေ့လာဖော်ထုတ်ခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် - စုငွေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းများ
မော်ဂျူး (၁.၃) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ ငွေကြေးစီမံခန့်ခွဲမှု
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ အကြွေးနှင့် ချေးငွေအကြောင်း သိရှိနားလည်ခြင်း
အကြွေးစီမံခန့်ခွဲမှု
လေ့ကျင့်ရန် - အကြွေးနှင့်ချေးငွေတို့ကို တာဝန်ယူမှု ရှိစွာ စီမံကိုင်တွယ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများကို အသုံးချခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် - အကြွေးနှင့်ချေးငွေတို့ကို တာဝန်ယူမှု ရှိစွာ စီမံကိုင်တွယ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများကို အသုံးချခြင်း
မော်ဂျူး (၂.၁) အတွက် ဗီဒီယို သင်ခန်းစာ
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
၂.၂။ ငွေကြေးလိမ်လည်မှု
ငွေကြေးလိမ်လည်မှုများ မခံရအောင် မည်သို့ ရှောင်ရှားမည်နည်း။
လေ့ကျင့်ရန် - လိမ်လည်မှုကို ကာကွယ်တားဆီးရန် နည်းလမ်းအတွက် စစ်ဆေးရမည့် အချက်အလက်များစာရင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် - လိမ်လည်ခံရမှု ဖြစ်ရပ်များ
မော်ဂျူး (၂.၂) ဉာဏ်စမ်းမေးခွန်း
၂.၃။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှုအကြောင်း သင်ကြားပေးခြင်း
ဒေသဆိုင်ရာအခြေအနေကို ထည့်သွင်းစဉ်းစားခြင်း
မော်ဂျူး (၂.၃) အတွက် ဗီဒီယိုသင်ခန်းစာ
လေ့ကျင့်ရန် - အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုရှိသော သင်ကြားနည်းကို သရုပ်ပြခြင်း
မော်ဂျူး (၂) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
သင်တန်း အနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ ထပ်ဆောင်းရင်းမြစ်များ
Related Courses
