မူလတန်းအထူးပြု မြန်မာစာဘာသာရပ် အဆင့်မြင့်သင်ကြားနည်း
5
(1 Reviews)
Certified
8 hour(s)
215 Enrollment(s)
2434 View(s)

Share On :
Course Description
သင်ရိုးညွှန်းတမ်း၊ မူလတန်းအထူးပြု၊ ခရုပတ်ပုံသင်ရိုးညွှန်းတမ်း ချဉ်းကပ်နည်း၊ ဘာသာစကားစွမ်းရည် ၄ ရပ်၊ ဆက်သွယ်ရေးကျွမ်းကျင်မှု၊ ဘာသာစကားအသိ၊ ယဉ်ကျေးမှုအသိ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ ရှေးဦးအရွယ်ကလေးသူငယ်၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စကားသံစနစ်၊ စကားလုံးစနစ်၊ သဒ္ဒါစနစ်၊ အဓိပ္ပာယ်စနစ်၊ လက်တွေ့အသုံးပြုပုံစနစ်၊ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (ELB-MLE)၊ လူအချင်းချင်း ဆက်သွယ်ပြောဆိုရေး အခြေခံကျွမ်းကျင်မှုများ (BICS)၊ စဉ်းစားဉာဏ်နှင့် ပညာရပ်ဆိုင်ရာ ဘာသာစကားတတ်ကျွမ်းမှု (CALP)၊ ပညာသင်ယူရေးဘာသာစကား၊ လူမှုဆက်ဆံရေးဘာသာစကား၊ ဘာသာစကားနှစ်မျိုးပြောသူ၊ ဦးတည်ဘာသာစကား၊ ဒုတိယဘာသာစကား၊ ဘာသာ စကားစုံပတ်ဝန်းကျင်၊ ဘာသာစကားပြဆရာ၊ အိမ်သုံးဘာသာစကား၊ စာသင်ခန်းသုံးဘာသာစကား၊ ဘာသာစကားအစဉ်အလာ၊ ဘာသာစကားထိတွေ့မှု၊ စကားသံအဆင့်၊ စကားလုံးအဆင့်၊ ဝါကျအဆင့်၊ မွေးစားစကားလုံးများ၊ ပါဠိ၊ သက္ကတ၊ မွန်၊ အနက်အဓိပ္ပာယ်၊ အပြောဘာသာစကား၊ အရေးဘာသာ စကား၊ အနက်ဆန့်ကျင်စကားလုံးများ၊ ဝေါဟာရကြွယ်ဝမှု၊ ကျောင်းသားဗဟိုပြုသင်ကြားမှု၊ စကားပြောခြင်းအတတ်၊ စကားသံပီသမှု၊ စစ်ဆေးအကဲဖြတ်ခြင်း၊ နည်းပညာသုံးသင်နည်းဗေဒဆိုင်ရာ အသိပညာအညွှန်းဘောင် (TPACK)၊ ၂၁ ရာစု ကျွမ်းကျင်မှု၊ အိမ်သုံးဘာသာစကား၊ အဖတ်အရွတ်စွမ်းရည်၊ အရေးအသားစွမ်းရည်၊ စာဖတ်ခြင်းမဏ္ဍိုင် (၅) ရပ်၊ စာဖတ်ခြင်း ရည်ရွက်ချက် (၅) ရပ်၊ မီဒီယာတတ်ကျွမ်းမှု၊ မြန်မာကဗျာ၊ အဖတ်အရွတ်သင်ကြားခြင်း ရည်ရွယ်ချက်၊ အဖတ်အရွတ်စွမ်းရည် သင်ကြားခြင်းဆိုင်ရာ ရင်းမြစ်အမျိုးမျိုး၊ ပေါင်းစပ်လေ့လာသင်ယူမှု ချဉ်းကပ်နည်း၊ စာအရေးအသား သင်ကြားခြင်း ရည်ရွယ်ချက်၊ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း၊ ဉာဏ်ဖွင့်စဉ်းစားနည်း၊ အရေးဘာသာစကား၊ အရေးအသားစွမ်းရည် သင်ကြားခြင်းဆိုင်ရာ ရင်းမြစ်အမျိုးမျိုး၊ မြန်မာစာပေ၊ ပဒေသရာဇ်ခေတ် မြန်မာစာပေ၊ ပုဂံခေတ်မြန်မာစာပေ၊ ပင်းယခေတ်မြန်မာစာပေ၊ အင်းဝခေတ်မြန်မာစာပေ၊ တောင်ငူခေတ်မြန်မာစာပေ၊ ညောင်ရမ်းခေတ်မြန်မာစာပေ၊ ကုန်းဘောင် ခေတ်မြန်မာစာပေ၊ ကိုလိုနီခေတ်မြန်မာစာပေ၊ လွတ်လပ်ရေးခေတ်မြန်မာစာပေ၊ မျက်မှောက်ခေတ် မြန်မာစာပေ၊ ကျောက်စာ၊ စကားပြေ၊ ကဗျာ၊ ပုံပြင်၊ ဘာသာစကားသင်ကြားရေး အထောက် အကူပြုကဗျာများ၊ ယဉ်ကျေးမှုစာရိတ္တနှင့် ကျင့်ဝတ်ဆိုင်ရာ ကဗျာ၊ မြန်မာ့သဘာဝ ရိုးရာဓလေ့ စရိုက်ကဗျာများ၊ သုတစကားပြေ၊ ရသစကားပြေ၊ သုတရသ စကားပြေ၊ အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း၊ ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်းဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူစဉ်စစ်ဆေးခြင်း၊ သင်ယူပြီးစစ်ဆေးခြင်း၊ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား။
Course Objectives
Learning Outcomes
- မူလတန်းအထူးပြုမြန်မာစာအဆင့်မြင့်သင်ကြားခြင်းသင်တန်း သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းပုံတို့ကို စိစစ်လေ့လာတတ်မည်။
- ပြီးခဲ့သည့် မူလတန်းမြန်မာစာသင်ကြားခြင်း အခြေခံအဆင့်သင်တန်း သင်ရိုးပါ ခေါင်းစဉ်များနှင့် တတ်ကျွမ်းမှုများကို ပြန်လည်လေ့လာပြီး ယခု မူလတန်းအထူးပြု မြန်မာစာအဆင့်မြင့်သင်ကြားခြင်း သင်တန်းသင်ရိုးနှင့် ချိတ်ဆက်တတ်မည်။
- မူလတန်းဆင့် မြန်မာစာဘာသာရပ်၏ အခန်းများ၊ အခန်းငယ်များ၊ ရည်ရွယ်ချက်များနှင့် သင်ခန်းစာခေါင်းစဉ်များသည် ကျောင်းသားများ၏ လက်တွေ့ဘဝနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆန်းစစ်လေ့လာတတ်မည်။
- သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသုံးစာအုပ်များနှင့် ဆရာလမ်းညွှန်များရှိ သင်ကြားသင်ယူမှုနည်းလမ်းများကို ပြန်လည်ဆန်းစစ်တတ်မည်။
- မူလတန်းဆင့် မြန်မာစာဘာသာရပ်အတွက် သင်ကြားသင်ယူမှုနည်းလမ်းများကို ထုတ်နုတ်ဆွေးနွေးတတ်မည်။
- ယခု မူလတန်းအထူးပြုမြန်မာစာအဆင့်မြင့်သင်ကြားခြင်းသင်တန်းသင်ရိုးသည် ဆရာ၊ ဆရာမများ မူလတန်းစာသင်ခန်းများတွင် သင်ကြားတတ်စေရန် မည်သို့လေ့ကျင့်ပေးကြောင်း လေ့လာဖော်ထုတ်တတ်မည်။
- ဘာသာစကားဖွံ့ဖြိုးမှု သီအိုရီများနှင့် ဘာသာစကား၏ လုပ်ဆောင်ချက်များကို လေ့လာပြီးနောက် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဘာသာစကားဖွံ့ဖြိုးမှုသည် လူမှုရေးဆိုင်ရာ၊ အာရုံသိမှုဆိုင်ရာ၊ သိမှုဖြစ်စဉ်ဆိုင်ရာ၊ အသိသညာဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ အကြောင်းခံများနှင့် မည်သို့ချိတ်ဆက်ကြောင်း ဖော်ထုတ်တတ်မည်။
- မူလတန်းကျောင်းသားများ/ကလေးသူငယ်များ၏ သင်ယူမှုကို အထောက်အကူပြုနိုင်ရန် အတွက် ရှေးဦးအရွယ် ကလေးသူငယ်များ၏ ဘာသာစကားဖွံ့ဖြိုးမှုတွင် တိုင်းရင်းသားဘာသာစကား (မိခင်ဘာသာစကား) အခြေပြုသင်ယူခြင်း၏ အကျိုးသက်ရောက်မှုကို ရှင်းပြတတ်မည်။
- တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (ELB-MLE)ကို အမျိုးမျိုးသော စာသင်ခန်းများတွင် အကောင်အထည်ဖော်ခြင်း နမူနာများကို လေ့လာဆန်းစစ်တတ်မည်။
- မူလတန်းကျောင်းသားများ၏ ဘာသာစကားဖွံ့ဖြိုးမှုကို အထောက်အကူပြုသော ဘာသာစကား သီအိုရီများနှင့် သက်ဆိုင်ရာ နည်းလမ်းများကို ပြန်လည်သုံးသပ်တတ်မည်။
- လူမှုဆက်ဆံရေးဘာသာစကားနှင့် ပညာသင်ယူရေးဘာသာစကားတို့၏ အသိသညာနှင့် နမူနာများကို ဖော်ထုတ်တတ်ပြီး ဆန်းစစ်တတ်မည်။
- ဘာသာစကားစုံ စာသင်ခန်းတစ်ခုတွင် မူလတန်းကျောင်းသားများ၏ ဘာသာစကား တတ်မြောက်မှုအတွက် ပံ့ပိုးပေးရာ၌ ကြုံတွေ့နိုင်သော အခြေအနေနှင့် အခက်အခဲများကို ဖော်ထုတ်သုံးသပ်တတ်မည်။
- အခြေခံပညာ မူလတန်းအောက်ဆင့် မြန်မာစာဘာသာရပ်သင်ရိုး၏ ဘာသာစကားဆိုင်ရာ နယ်ပယ်ကို ရှင်းပြတတ်မည်။
- အိမ်တွင် မြန်မာစကားမပြောသော မူလတန်းကျောင်းသားများ၏ ဘာသာစကားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးမည့် နည်းလမ်းများကို လေ့လာဆန်းစစ်တတ်မည်။
- နောက်ခံအခြေအနေ မတူညီသော မူလတန်းကျောင်းသားများ၏ ဘာသာစကားသင်ယူမှုကို ပံ့ပိုးနိုင်မည့် ဘာသာစကားပြဆရာတစ်ယောက်၏ အခန်းကဏ္ဍကို ဆွေးနွေးတတ်မည်။
- ဘာသာစကားစုံပတ်ဝန်းကျင်တွင် ဘာသာစကားပြဆရာတစ်ဦး၌ ရှိရမည့် အရည်အချင်း များကို ဆန်းစစ်လေ့လာတတ်မည်။
- မြန်မာဘာသာစကား၏ အစဉ်အလာ၊ အရေးပါပုံနှင့် မြန်မာစာပေသင်ကြားသင်ယူရန် လိုအပ်ပုံ တို့ကို လေ့လာဆန်းစစ်တတ်မည်။
- မြန်မာဘာသာစကားရှိ အနက်အဓိပ္ပာယ်များနှင့် လက်တွေ့အသုံးဆိုင်ရာစနစ်များကို ဆီလျော်သည့် ဥပမာများပေးတတ်ကာ မြန်မာဝေါဟာရကြွယ်ဝမှုအတွက် အထောက်အကူ ပြုသည့် အနက်ဆန့်ကျင်စကားလုံးများကို စာရင်းပြုစုတတ်မည်။
- မူလတန်းကျောင်းသားများကို အခြေခံဗျည်း (၃၃) လုံးနှင့် သရများ၊ ဗျည်းတွဲနှင့် အသတ်များ၊ ပါဌ်ဆင့်စကားလုံးများကို စနစ်တကျ မှန်မှန်ကန်ကန် ပြောဆို၊ ရွတ်ဖတ်၊ ရေးသားတတ်စေရန် ပံ့ပိုးပေးနိုင်သည့်နည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- စကားထာ၊ စကားပုံနှင့် ဆိုရိုးစကားတို့၏ သဘောသဘာဝ၊ တစ်ခုနှင့်တစ်ခု ကွဲပြားပုံ၊ အသုံးပြုပုံများကို လေ့လာဆန်းစစ်တတ်ကာ မူလတန်းဆင့်သင်ကြားရေးအတွက် သင်ကြားသင်ယူမှု နည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသားများ မြန်မာသဒ္ဒါကို သွယ်ဝိုက်သောနည်းဖြင့် လေ့လာသင်ယူနိုင်ရန် ပံ့ပိုးနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ကာ သဒ္ဒါနည်းလမ်းကျ ဝါကျများ ရေးဖွဲ့တတ်စေရန် ပံ့ပိုးပေးမည့် လေ့ကျင့်ခန်းများ ဖန်တီးပြုစုတတ်မည်။
- အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ) ဖွံ့ဖြိုးမှုက မူလတန်း ကျောင်းသားများ၏ တီထွင်ဖန်တီးမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ လေးနက်စွာ ဆန်းစစ်ဝေဖန်နိုင်မှု၊ ပူးပေါင်း ဆောင်ရွက်မှု စသည့် ၂၁ ရာစု ကျွမ်းကျင်မှုများကို မည်သို့ ပံ့ပိုးလျက်ရှိကြောင်း ဝေဖန် သုံးသပ်တတ်မည်။
- မူလတန်းကျောင်းသားများ၏ တီထွင်ဖန်တီးခြင်းစွမ်းရည်နှင့် လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း စွမ်းရည်များကို ပံ့ပိုးပေးနိုင်မည့် အပြောဘာသာစကားဖွံ့ဖြိုးမှုအတွက် သင်ယူမှုလုပ်ငန်းတစ်ခု ရေးဆွဲဖန်တီးတတ်မည်။
- မိမိအတန်းဖော်များ ရေးဆွဲထားသော သင်ယူမှုလုပ်ငန်းကို အကဲဖြတ်ရန် သတ်မှတ်ချက် ဇယားကို အသုံးပြု၍ စစ်ဆေး အကဲဖြတ်ပြီး အပြုသဘောဆောင်သော အကြံပြုချက်များ ပေး တတ်မည်။
- အများရှေ့ထွက်၍ ပြောဆိုခြင်း၏ အရေးပါပုံကို ရှင်းပြတတ်ပြီး လိုအပ်သော စွမ်းရည်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- မူလတန်း ကျောင်းသားများအား အများရှေ့ ပြောဆိုတတ်စေရန် ပံ့ပိုးပေးနိုင်မည့် နည်းလမ်း များကို ဖော်ထုတ်တတ်မည်။
- မူလတန်းအောက်ဆင့် မြန်မာဘာသာရပ် သင်ရိုးမှ အနာအကြားနှင့် အပြောအဆိုဆိုင်ရာ သင်ခန်းစာများကို ဆွေးနွေးတတ်မည်။
- အပြော ဘာသာစကားဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ နောက်ခံမတူသော မူလတန်းကျောင်းသား များ၏ စာသင်ခန်းတွင်း ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ဖော်ထုတ်တတ်၍ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- TPACK အကြောင်းကို ရှင်းပြတတ်ပြီး မူလတန်းကျောင်းသားများ၏ ဆက်သွယ်ပြောဆိုရေး ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေးအတွက် နည်းပညာ ပေါင်းစပ်အသုံးပြုခြင်းက မည်သို့ ပံ့ပိုးပေးနိုင် သည်ကို စိစစ်လေ့လာတတ်မည်။
- TPACK အညွှန်းဘောင်ကို အသုံးပြု၍ သင်ယူမှုလုပ်ငန်းတစ်ခု ပြုစုတတ်မည်။
- မူလတန်းအောက်ဆင့် ကျောင်းသားများ၏ အနာအကြားနှင့် အပြောအဆို စွမ်းရည်များ တိုးတက်လာစေရန် သင်ခန်းစာများကို ပြင်ပအကြောင်းအရာများနှင့် ချိတ်ဆက် သင်ကြား တတ်မည်။
- မူလတန်းကျောင်းသားများ၏ အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ ဖွံ့ဖြိုးစေရန် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှု အလေးပေးထားသော သင်ပြမှုပုံစံတစ်ခုကို ဖန်တီးရေးဆွဲ တတ်မည်။
- ထိုဖန်တီး ရေးဆွဲထားသော သင်ပြမှုပုံစံကို လက်တွေ့သင်ကြားတတ်ပြီး မိမိကိုယ်ကို ပြန်လည် သုံးသပ်တတ်မည်။
- မူလတန်း ကျောင်းသားများ၏ အဖတ်အရွတ်ဆိုင်ရာ တတ်ကျွမ်းမှုများ အချိန်နှင့်အမျှ တဖြည်းဖြည်း တိုးတက်လာပုံကို သိရှိရန်အတွက် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်း မြန်မာစာဘာသာရပ် သင်ရိုးပါ အဖတ်အရွတ် သင်ခန်းစာများကို ဆန်းစစ်တတ်မည်။
- မြန်မာကဗျာ (သို့) စာပေလက်ရာ နမူနာတစ်ခုကို ရွေးချယ်ပြီး အဆိုပါ စာပေကို လေ့လာခြင်းနှင့် အဖတ်အရွတ်ကျွမ်းကျင်မှုများ တိုးတက်လာခြင်း၏ ဆက်နွှယ်မှုကို ဆန်းစစ်လေ့လာတတ်မည်။
- မူလတန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှုနှင့် အဖတ်အရွတ်ကျွမ်းကျင်မှုတို့၏ ဆက်နွှယ်မှုကို ဖော်ထုတ်တတ်မည်။
- မူလတန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှုနှင့် အဖတ်အရွတ်ကျွမ်းကျင်မှုများ တိုးတက်ရရှိစေရန် သင်ယူမှုလုပ်ငန်းတစ်ခုကို ပြင်ဆင်တတ်မည်။
- အခြေခံပညာမူလတန်း မြန်မာစာဘာသာရပ် ဆရာလမ်းညွှန်စာအုပ်များပါ သင်ခန်းစာများကို အသုံးပြုပြီး အဖတ်အရွတ်ကျွမ်းကျင်မှု တိုးတက်လာစေရန်အတွက် စာဖတ်ခြင်း မဏ္ဍိုင် (၅) ရပ်နှင့် စာဖတ်ခြင်းရည်ရွယ်ချက် (၅) ရပ်တို့ အကြားရှိ ဆက်နွှယ်မှုများကို ဖော်ထုတ်တတ်မည်။
- အဖတ်အရွတ်စွမ်းရည်များကို သင်ကြားပေးရာတွင် မူလတန်းကျောင်းသားများ၏ ကွဲပြားခြားနားသော လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်စေရန်အတွက် လိုအပ်သည့် သင်ကြား၊ သင်ယူမှု နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးတတ်မည်။
- မူလတန်းဆင့်တွင် အဖတ်အရွတ်ကျွမ်းကျင်မှုများ သင်ကြားပေးရာ၌ အသုံးပြုနိုင်သည့် ရင်းမြစ်အမျိုးမျိုးအကြောင်း ဆွေးနွေးတတ်မည်။
- ပေါင်းစပ်လေ့လာသင်ယူမှုနည်းလမ်းကို အသုံးပြု၍ အခြားသော ဘာသာရပ်များ (သို့) သင်ခန်းစာများကို ပူးတွဲလေ့လာခြင်းဖြင့် အဖတ်အရွတ်ကျွမ်းကျင်မှုများ တိုးတက်နိုင်ကြောင်း ဖော်ထုတ်တတ်မည်။
- စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြတတ်ပြီး ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားသည့် စာများကို စာရင်းပြုစုတတ်မည်။
- စာရေးသားနည်းများနှင့် ဉာဏ်ဖွင့်စဉ်းစားနည်းများကို ရှင်းပြတတ်မည်။
- မှတ်တမ်း (ဂျာနယ်) ရေးသားခြင်းနှင့်အတူ ပုံဆွဲခြင်းကိုပါ ပေါင်းစပ်လုပ်ဆောင်ခြင်း (ပုံ-စာ မှတ်တမ်း) ဖြင့် ကိုယ်ပိုင်စိတ်ကူးနှင့် ဖန်တီးရေးသားတတ်စေရန် မူလတန်းကျောင်းသားများကို မည်သို့လေ့ကျင့်ပေးနိုင်းကြောင်း ရှင်းပြတတ်မည်။
- သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများ ကိုယ်ပိုင်စိတ်ကူးဖြင့် မှတ်တမ်း (ဂျာနယ်) ရေးသားရာတွင် အသုံးပြုရန်အတွက် ၎င်းတို့နှင့် သင့်လျော်မည့် စိတ်ဝင်စားဖွယ် မေးခွန်းများ (သို့) စိတ်ကူးစိတ်သန်းများကို ပြုစုရေးသားတတ်မည်။
- အရေးအသားသင်ခန်းစာများအတွက် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်း ဆရာလမ်းညွှန်များတွင် ဖော်ပြထားသော သင်ကြား၊ သင်ယူမှုနည်းလမ်းများကို စိစစ်လေ့လာကာ ချိတ်ဆက်တတ်မည်။
- မူလတန်းဆင့်တွင် အဖတ်အရွတ်ကျွမ်းကျင်မှုများ သင်ကြားပေးရာ၌ အသုံးပြုနိုင်သည့် ရင်းမြစ်အမျိုးမျိုးကို စာရင်းပြုစု ဆွေးနွေးတတ်မည်။
- မူလတန်းဆင့် ကျောင်းသားများ၏ အဖတ်အရွတ်ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ကာ ဖန်တီးရေးဆွဲထားသည့် သင်ခန်းစာ သင်ပြမှုပုံစံတစ်ခုကို လက်တွေ့သင်ကြားတတ်မည်။
- ခေတ်၊ ကာလအလိုက် မြန်မာစာပေတိုးတက်လာပုံကို ဆန်းစစ်တတ်မည်။
- မြန်မာကဗျာ အဖွဲ့အမျိုးမျိုးအကြောင်း ကြည့်ရှုလေ့လာ အကဲဖြတ်တတ်မည်။
- မူလတန်းကျောင်းသားများနှင့်ဆီလျော်သော စကားပြေ၊ ကဗျာ သင်ခန်းစာများကို ဖော်ထုတ် တတ်မည်။
- မူလတန်းဆင့် စကားပြေနှင့် ကဗျာ သင်ကြားသင်ယူမှုနည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- မူလတန်းဆင့် စကားပြေနှင့် ကဗျာသင်ခန်းစာများကို သင်ပြမှုပုံစံရေးဆွဲတတ်ပြီး လက်တွေ့ သင်ကြားတတ်မည်။
- မူလတန်းကျောင်းသားများကို စစ်ဆေးအကဲဖြတ်နိုင်သည့် နည်းလမ်းအမျိုးမျိုးကို ရှင်းပြ တတ်မည်။
- မူလတန်းကျောင်းသားများ၏ မတူကွဲပြားသော လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်သည့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းအမျိုးမျိုးကို စာရင်းပြုစုတတ်မည်။
- မြန်မာစာဘာသာရပ်သင်ရိုးပါ အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသားတို့နှင့် စပ်လျဉ်း၍ မူလတန်းကျောင်းသားများ၏ တတ်ကျွမ်းမှုကို စစ်ဆေးအကဲဖြတ်ရန်အတွက် သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန် အချက်များပါသော စာရင်းတို့ကို ပြုစုရေးဆွဲတတ်မည်။
- ကျောင်းသားများ၏ စာပေလေ့လာသင်ယူမှုနှင့် ဆက်စပ်စွမ်းရည်များကို အကဲဖြတ်ရန်အတွက် မေးခွန်းများ မေးခြင်းနှင့် မေးခွန်းပုံစံများ အသုံးပြုခြင်းတို့သည် သင်ယူစဉ် စစ်ဆေး အကဲဖြတ် ခြင်းနှင့် သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အဓိကနည်းလမ်းများအနက် တစ်ခု ဖြစ်ကြောင်း ရှင်းပြတတ်မည်။
- မူလတန်းမြန်မာစာသင်ရိုးညွှန်းတမ်းနှင့်အညီ ကျောင်းသားများ၏ စာပေသင်ယူမှုနှင့် ဆက်စပ် စွမ်းရည်များကို စစ်ဆေးအကဲဖြတ်ရန်အတွက် ထိရောက်သော မေးခွန်းများ၊ မေးခွန်းပုံစံများ ရေးသားပြုစုတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ မြန်မာစာဘာသာရပ် မိတ်ဆက်
ဉာဏ်ဖွင့်မေးခွန်း
၁.၁။ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းအကျဉ်း
၁.၁.၁။ မူလတန်းမြန်မာစာသင်ကြားခြင်း အဆင့်မြင့်သင်တန်း သင်ရိုးညွှန်းတမ်းမိတ်ဆက်
အောက်ပါတို့ကို မှား/မှန် ဆုံးဖြတ်ပါ။
၁.၁.၂။ အခြေခံပညာမူလတန်းဆင့် မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ခြင်း
မော်ဂျူး (၁.၁.၂) အတွက် သင်ယူမှုလုပ်ငန်း
၁.၁.၃။ အခြေခံပညာမူလတန်းဆင့် မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် မူလတန်းအထူးပြုမြန်မာစာအဆင့်မြင့်သင်ကြားခြင်းသင်တန်း သင်ရိုးညွှန်းတမ်းတို့ကို ချိတ်ဆက်လေ့လာခြင်း
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း
မော်ဂျူး ၂။ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူမှု
၂.၁.၁။ ရှေးဦးအရွယ်ကလေးသူငယ်များ၏ ဘာသာစကားဖွံ့ဖြိုးမှုနှင့် တိုင်းရင်းသား ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (ELB-MLE)
ဘာသာစကား၏ အခြေခံစနစ် (၅) မျိုး
မော်ဂျူး (၂.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (ELB-MLE)
တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (ELB-MLE) - အဆက်
မော်ဂျူး (၂.၁.၁) အတွက် သင်ယူမှုလုပ်ငန်း
၂.၁.၂။ မူလတန်းဆင့်ကျောင်းသားများ၏ ဘာသာစကားဖွံ့ဖြိုးမှုကို ပံ့ပိုးခြင်း
မူလတန်းဆင့်ကျောင်းသားများ၏ ဘာသာစကားဖွံ့ဖြိုးမှုကို ပံ့ပိုးခြင်း
မော်ဂျူး (၂.၁.၂) အတွက် သင်ယူမှုလုပ်ငန်း
၂.၂။ ဒုတိယဘာသာစကား တတ်မြောက်မှု
၂.၂.၁။ မူလတန်းကျောင်းသားများ၏ လူမှုဆက်ဆံရေးဘာသာစကားနှင့် ပညာသင်ယူရေး ဘာသာစကား တတ်မြောက်မှု
ပညာသင်ယူရေးတွင် လူမှုဆက်ဆံရေးဘာသာစကား၏ အရေးပါမှု
ပညာသင်ယူရေးတွင် လူမှုဆက်ဆံရေးဘာသာစကား၏ အရေးပါမှု - အဆက်
၂.၂.၂။ ဘာသာစကားစုံပတ်ဝန်းကျင်တွင် ဘာသာစကားတတ်မြောက်မှုကို ပံ့ပိုးခြင်း
ဘာသာစကားစုံစာသင်ခန်း
စတီဖင်ဒီခရရှင် (Stephen D Krashen) ၏ ဒုတိယဘာသာစကားတတ်မြောက်မှု သီအိုရီ
အောက်ပါတို့ကို မှား/မှန် ဆုံးဖြတ်ပါ။
၂.၃။ ဘာသာစကားသင်ယူမှုကို ပံ့ပိုးခြင်း
မူလတန်းဆင့် မြန်မာစာဘာသာရပ်သင်ရိုး၏ ဘာသာစကားဆိုင်ရာ နယ်ပယ်
ပထမတန်း သင်ရိုးညွှန်းတမ်း
ဒုတိယတန်း သင်ရိုးညွှန်းတမ်း
မော်ဂျူး (၂.၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၃.၁) အတွက် သင်ယူမှုလုပ်ငန်း
၂.၃.၂။ မူလတန်းဆင့် မြန်မာစာဘာသာရပ် သင်ယူမှုကို ပံ့ပိုးခြင်း
မော်ဂျူး (၂.၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မူလတန်းဆင့် မြန်မာစာဘာသာရပ် သင်ယူမှုကို ပံ့ပိုးခြင်း - အဆက်
၂.၃.၃။ ဘာသာစကားနှစ်မျိုး (သို့) ဘာသာစကားစုံတတ်သော ကျောင်းသားများ၏ ဘာသာစကားတတ်မြောက်မှုကို ပံ့ပိုးရန် ဆရာတစ်ဦး၏ လိုအပ်ချက်များ
ဘာသာစကား နှစ်မျိုး (သို့) ဘာသာစကားစုံစာသင်ခန်းအတွင်း ဆရာတစ်ဦး၏ အခန်းကဏ္ဍများ
မော်ဂျူး (၂.၃.၃) အတွက် သင်ယူမှုလုပ်ငန်း
မူလတန်းမြန်မာဆရာတစ်ဦးတွင် ရှိရမည့် အရည်အချင်းများ
အောက်ပါတို့ကို မှား/မှန် ဆုံးဖြတ်ပါ။
မူလတန်းမြန်မာဆရာတစ်ဦးတွင် ရှိရမည့် အရည်အချင်းများ - အဆက်
မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း
မော်ဂျူး ၃။ မြန်မာစာ မြန်မာစကား
၃.၁။ မြန်မာဘာသာစကား ဖြစ်ထွန်းတိုးတက်ပြောင်းလဲလာပုံ
မြန်မာဘာသာစကား ဖြစ်ထွန်းတိုးတက်ပြောင်းလဲလာပုံ
၃.၂။ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ
၃.၂.၁။ မြန်မာဘာသာစကားရှိ အနက်အဓိပ္ပာယ်နှင့် လက်တွေ့အသုံးများ
မြန်မာဘာသာစကားသင်ကြားရေးတွင် အနက်အဓိပ္ပာယ်၏ အခန်းကဏ္ဍ
မြန်မာဘာသာစကားရှိ အနက်အဓိပ္ပာယ်များနှင့် အသုံးစနစ်များ
မြန်မာဘာသာစကားရှိ အနက်အဓိပ္ပာယ်များနှင့် အသုံးစနစ်များ - အဆက်
မော်ဂျူး (၃.၂.၁) အတွက် ဉာဏ်စမ်းမေးခွန်းများ
၃.၂.၂။ မူလတန်းဆင့် မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ
မူလတန်းဆင့် မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ
မူလတန်းဆင့် မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ - အဆက်
စကားလုံးအဆင့်
စကားလုံးအဆင့် - အဆက်
ဝါကျအဆင့်
ဝါကျအဆင့် - အဆက်
မော်ဂျူး (၃.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း
၃.၂.၃။ မူလတန်းဆင့် ဗျည်းနှင့် သရများ
မြန်မာဘာသာစကားရှိ ဗျည်းသံ သရသံများ
မြန်မာစာအရေးအသားစနစ်ရှိ ဗျည်းအက္ခရာ သရအက္ခရာ
မော်ဂျူး (၃.၂.၃) အတွက် သင်ယူမှုလုပ်ငန်း
၃.၂.၄။ မူလတန်းဆင့် ဗျည်းတွဲနှင့် အသတ်များ
မူလတန်းဆင့် ဗျည်းတွဲနှင့် အသတ်များ
မူလတန်းဆင့် ဗျည်းတွဲနှင့် အသတ်များ - အဆက်
၃.၂.၅။ မူလတန်းဆင့် ပါဌ်ဆင့်စကားလုံးများ
မူလတန်းဆင့် ပါဌ်ဆင့်စကားလုံးများ
မော်ဂျူး (၃.၂.၅) အတွက် ဉာဏ်စမ်းမေးခွန်း
၃.၃။ စကားအဆင်တန်ဆာ
စကားအဆင်တန်ဆာ
အောက်ပါတို့ကို မှား/မှန် ဆုံးဖြတ်ပါ။
၃.၃.၁။ စကားထာ၊ စကားပုံ၊ ဆိုရိုးစကားများကို မူလတန်းဆင့်တွင် သင်ကြားခြင်း
မော်ဂျူး (၃.၃.၁) အတွက် သင်ယူမှုလုပ်ငန်း
၃.၄။ မြန်မာစာအရေးအသားစနစ်
၃.၄.၁။ မြန်မာဘာသာစကား၏ အပြောပုံစံနှင့် အရေးပုံစံ (ပြောဟန်နှင့် ရေးဟန်)
မော်ဂျူး (၃.၄.၁) အတွက် သင်ယူမှုလုပ်ငန်း
အပြောပုံစံနှင့် အရေးပုံစံ (ပြောဟန်နှင့် ရေးဟန်)
၃.၅။ မြန်မာသဒ္ဒါ
မြန်မာသဒ္ဒါ
မော်ဂျူး (၂.၃.၃) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း
မော်ဂျူး ၄။ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) ကျွမ်းကျင်မှုများ
၄.၁။ အပြောဘာသာစကားဖွံ့ဖြိုးမှု
၄.၁.၁။ အပြောဘာသာစကားဖွံ့ဖြိုးမှုမှ ရရှိသွားမည့် အဓိက တတ်ကျွမ်းမှုများ
အပြောဘာသာစကားစွမ်းရည် ဖွံ့ဖြိုးမှုမှ ရရှိသွားမည့် အဓိကတတ်ကျွမ်းမှုများ
အပြောဘာသာစကားစွမ်းရည် ဖွံ့ဖြိုးမှုမှ ရရှိသွားမည့် အဓိကတတ်ကျွမ်းမှုများ - အဆက်
မော်ဂျူး (၄.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
၄.၁.၂။ အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ ဖွံ့ဖြိုးမှုနှင့်အတူ (၂၁) ရာစု ကျွမ်းကျင်မှုများ ကို ပျိုးထောင်ပေးခြင်း
၁။ အနာအကြားစွမ်းရည်ဖွံ့ဖြိုးမှု
၂။ အပြောအဆိုစွမ်းရည်ဖွံ့ဖြိုးမှု
အပြောသင်ခန်းစာများကို စစ်ဆေးအကဲဖြတ်ခြင်းနမူနာများ
မော်ဂျူး (၄.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
၄.၁.၃။ အပြောဘာသာစကားစွမ်းရည် ဖွံ့ဖြိုးမှု
၂။ မြန်မာဘာသာစကားသင်ကြားခြင်း၏ အရေးပါပုံ
မော်ဂျူး (၄.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း
၂။ အောက်ပါတို့ကို မှန်/မှား ဖြေပါ။
၄.၁.၄။ မူလတန်းဆင့်တွင် အများရှေ့ထွက်၍ ပြောဆိုခြင်း
၃။ အများရှေ့ထွက်၍ ပြောဆိုတတ်ရန် ပျိုးထောင်ခြင်း
မော်ဂျူး (၄.၁.၄) အတွက် သင်ယူမှုလုပ်ငန်း
၄.၂။ အပြောဘာသာစကားစွမ်းရည်များကို သင်ကြားသင်ယူခြင်း
၄.၂.၁။ မူလတန်းဆင့်ရှိ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) သင်ယူမှုနယ်ပယ်
မူလတန်းဆင့်ရှိ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) သင်ယူမှုနယ်ပယ်
မော်ဂျူး (၄.၂.၁) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၂။ မူလတန်းဆင့် အပြောဘာသာစကားစွမ်းရည်ဆိုင်ရာ သင်ကြားသင်ယူမှု နည်းလမ်းများ
မော်ဂျူး (၄.၂.၂) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၃။ နောက်ခံအခြေအနေမတူသော မူလတန်းကျောင်းသားများ၏ အပြောဘာသာစကား ဖွံ့ဖြိုးမှု
မတူကွဲပြားခြင်း
မော်ဂျူး (၄.၂.၃) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၄။ ဘာသာရပ်သင်ကြားရေး၌ အသုံးပြုသော နည်းပညာအသုံးပြု သင်နည်းဗေဒဆိုင်ရာ အသိပညာအညွှန်းဘောင် (TPACK) ကို အပြောဘာသာစကားသင်ခန်းစာတွင် အသုံးပြုခြင်း
ဘာသာရပ်သင်ကြားရေး၌ အသုံးပြုသော နည်းပညာအသုံးပြု သင်နည်းဗေဒဆိုင်ရာ အသိပညာအညွှန်းဘောင် (TPACK) ကို အပြောဘာသာစကားသင်ခန်းစာတွင် အသုံးပြုခြင်း - အဆက်
ဆက်သွယ်ပြောဆိုရေး ကျွမ်းကျင်မှုနယ်ပယ်အလိုက် အသုံးပြုနိုင်သည့် သင်ယူမှုလုပ်ငန်းများနှင့် ဖြစ်နိုင်ခြေရှိသည့် နည်းပညာများ
မော်ဂျူး (၄.၂.၄) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၅။ မြန်မာအပြောဘာသာစကားကို မူလတန်းဆင့် အတန်းအသီးသီးတွင် သင်ကြားခြင်း
မော်ဂျူး (၄.၂.၅) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၆။ အနာအကြားစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
အနာအကြားစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
၂။ အနာအကြားစွမ်းရည် သင်ခန်းစာကို လက်တွေ့သင်ကြားခြင်း
မော်ဂျူး (၄.၂.၆) အတွက် သင်ယူမှုလုပ်ငန်း
၄.၂.၇။ အပြောအဆိုစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
၂။ အပြောအဆိုစွမ်းရည်သင်ခန်းစာကို လက်တွေ့သင်ကြားခြင်း
မော်ဂျူး (၄.၂.၇) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည် သုံးသပ်စဉ်းစားခြင်း
မော်ဂျူး ၅။ အဖတ်အရွတ်နှင့် အရေးအသား ကျွမ်းကျင်မှုများ
၅.၁။ အဖတ်အရွတ် ကျွမ်းကျင်မှုများ
၅.၁.၁။ မူလတန်းဆင့် အဖတ်အရွတ်ဆိုင်ရာ တတ်ကျွမ်းမှုများ
မော်ဂျူး (၅.၁.၁) အတွက် သင်ယူမှုလုပ်ငန်း
၅.၁.၂။ မြန်မာကဗျာများ၊ စာပေများကို သင်ကြားခြင်းဖြင့် အဖတ်အရွတ်စွမ်းရည်ကို မြှင့်တင်ခြင်း
မြန်မာကဗျာများ၊ စာပေများကို သင်ကြားခြင်းဖြင့် အဖတ်အရွတ်စွမ်းရည်ကို မြှင့်တင်ခြင်း
မော်ဂျူး (၅.၁.၂) အတွက် သင်ယူမှုလုပ်ငန်း
၅.၁.၃။ မူလတန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှု
မူလတန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှု
မော်ဂျူး (၅.၁.၃) အတွက် သင်ယူမှုလုပ်ငန်း
၅.၂။ အဖတ်အရွတ်ကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း
၅.၂.၁။ မူလတန်းဆင့် အဖတ်အရွတ်ဆိုင်ရာ နယ်ပယ်
မော်ဂျူး (၅.၂.၁) အတွက် သင်ယူမှုလုပ်ငန်း
၅.၂.၂။ မူလတန်းဆင့် အဖတ်အရွတ်ကျွမ်းကျင်မှုဆိုင်ရာ သင်ကြား၊ သင်ယူမှုနည်းလမ်းများ
မော်ဂျူး (၅.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၅.၂.၂) အတွက် သင်ယူမှုလုပ်ငန်း
၅.၂.၃။ မူလတန်းဆင့် အဖတ်အရွတ်ကျွမ်းကျင်မှုများကို သင်ကြားရန်အတွက် လိုအပ်သော ရင်းမြစ်အမျိုးမျိုး
မူလတန်းဆင့် အဖတ်အရွတ်ကျွမ်းကျင်မှုများကို သင်ကြားရန်အတွက် လိုအပ်သော ရင်းမြစ်အမျိုးမျိုး
မော်ဂျူး (၅.၂.၃) အတွက် ဉာဏ်စမ်းမေးခွန်း
၅.၂.၄။ အဖတ်အရွတ်ကျွမ်းကျင်မှု သင်ခန်းစာများကို ပြင်ဆင်ခြင်း
အဖတ်အရွတ်ကျွမ်းကျင်မှု သင်ခန်းစာများကို ပြင်ဆင်ခြင်း
မော်ဂျူး (၅.၂.၄) အတွက် သင်ယူမှုလုပ်ငန်း
၅.၃။ အရေးအသား ကျွမ်းကျင်မှုများ
မူလတန်းကျောင်းသားများ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း
အောက်ပါမေးခွန်းများကို မှား/မှန်ရွေး၍ ဖြေဆိုပါ။
၅.၃.၂။ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ နည်းလမ်းများနှင့် ဉာဏ်ဖွင့်စဉ်းစားနည်းများ
ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ နည်းလမ်းများနှင့် ဉာဏ်ဖွင့်စဉ်းစားနည်းများ
မော်ဂျူး (၅.၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၅.၃.၃။ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း - မှတ်တမ်း (ဂျာနယ်) များ
ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း - မှတ်တမ်း (ဂျာနယ်) များ
စာရေးခြင်းလုပ်ငန်းစဉ်
မော်ဂျူး (၅.၃.၃) အတွက် သင်ယူမှုလုပ်ငန်း
၅.၄။ အရေးအသားကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း
မူလတန်းဆင့် အရေးအသားဆိုင်ရာ နယ်ပယ်
မော်ဂျူး (၅.၄.၁) အတွက် သင်ယူမှုလုပ်ငန်း
၅.၄.၂။ မူလတန်းဆင့် အရေးအသားကျွမ်းကျင်မှုများ ရရှိရန်အတွက် သင်ကြား၊ သင်ယူမှု ဆိုင်ရာ နည်းလမ်းများ
မူလတန်းဆင့် အရေးအသားကျွမ်းကျင်မှုများ ရရှိရန်အတွက် သင်ကြား၊ သင်ယူမှု ဆိုင်ရာ နည်းလမ်းများ
မော်ဂျူး (၅.၄.၂) အတွက် သင်ယူမှုလုပ်ငန်း
၅.၄.၃။ မူလတန်းဆင့် အရေးအသားကျွမ်းကျင်မှုသင်ကြားရေးအတွက် ရင်းမြစ်အမျိုးမျိုး
မူလတန်းဆင့် အရေးအသားကျွမ်းကျင်မှုသင်ကြားရေးအတွက် ရင်းမြစ်အမျိုးမျိုး
မော်ဂျူး (၅.၄.၃) အတွက် သင်ယူမှုလုပ်ငန်း
၅.၄.၄။ အရေးအသားကျွမ်းကျင်မှု သင်ခန်းစာများကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
အရေးအသားကျွမ်းကျင်မှု သင်ခန်းစာများကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
မော်ဂျူး (၅.၄.၄) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း
မော်ဂျူး ၆။ စာပေ
၆.၁။ မြန်မာစာပေ
ပဒေသရာဇ်ခေတ် မြန်မာစာပေ
(က) ပုဂံခေတ် မြန်မာစာပေ
ပုဂံခေတ် မြန်မာစာပေ
ပုဂံခေတ် မြန်မာစာပေ - အဆက်
အလှူမှတ်တမ်းတင်ကျောက်စာများ၏ ဝိသေသအချို့
ကာရန်ညှပ်စကားပြေ
(ခ) ပင်းယခေတ် မြန်မာစာပေ
(ဂ) အင်းဝခေတ်
အင်းဝခေတ်စာပေ
အင်းဝခေတ်ကဗျာ
(ဃ) တောင်ငူခေတ်
(င) ညောင်ရမ်းခေတ်
ညောင်ရမ်းခေတ်စာပေ
(စ) ကုန်းဘောင်ခေတ်
၃။ ကိုလိုနီခေတ် မြန်မာစာပေ
ကိုလိုနီခေတ် မြန်မာစာပေ
(၃) လွတ်လပ်ရေးခေတ်မှ မျက်မှောက်ခေတ် မြန်မာစာပေ
မော်ဂျူး (၆.၁.၁) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၆.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
၂။ အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။
၆.၁.၂။ မြန်မာကဗျာ
ကဗျာဟူသည်
ကာရန်
ကဗျာ့နရီ
ကဗျာအဖွဲ့ပုံစံများ
ဒွေးချိုး
မော်ဂျူး (၆.၁.၂) အတွက် သင်ယူမှုလုပ်ငန်း
၆.၁.၃။ မူလတန်းကျောင်းသားများအတွက် မြန်မာစကားပြေနှင့် ကဗျာပုံစံအမျိုးမျိုး
စကားပြေသင်ခန်းစာ
ကဗျာ
၆.၂။ မြန်မာစာပေသင်ကြားသင်ယူခြင်း
၁။ သုတစကားပြေသင်ကြားခြင်း
၂။ ရသစကားပြေ သင်ကြားခြင်း
၃။ သုတ-ရသ စကားပြေသင်ကြားခြင်း
မော်ဂျူး (၆.၂.၁) အတွက် သင်ယူမှုလုပ်ငန်း
၆.၂.၂။ စကားပြေသင်ခန်းစာများကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
လက်တွေ့သင်ကြားခြင်း
လက်တွေ့သင်ကြားခြင်း - အဆက်
သင်ပြမှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်များ ရယူခြင်း
မော်ဂျူး (၆.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း
၆.၂.၃။ ကဗျာသင်ခန်းစာများကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း
မူလတန်းဆင့် ကဗျာသင်ကြားမှုအဆင့်များ
လက်တွေ့ သင်ကြားခြင်း
သင်ပြမှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်များ ရယူခြင်း
မော်ဂျူး (၆.၂.၃) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်စဉ်းစား သုံးသပ်ခြင်း
မော်ဂျူး ၇။ စစ်ဆေးအကဲဖြတ်ခြင်း
၇.၁။ မူလတန်းကျောင်းသားများ၏ မြန်မာစာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း
(၁) အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း
အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း
(၂) ကျောင်းအခြေပြု စစ်ဆေးအကဲဖြတ်ခြင်း
ကျောင်းအခြေပြု စစ်ဆေးအကဲဖြတ်ခြင်း
(၃) အဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း
အဆင့်ပြီးမြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း
(၄) နမူနာအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၇.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၇.၁.၁) အတွက် သင်ယူမှုလုပ်ငန်း
၇.၁.၂။ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန် အချက်များပါသော စာရင်း
(၃) အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား နမူနာများ
မော်ဂျူး (၇.၁.၂) အတွက် သင်ယူမှုလုပ်ငန်း
၇.၁.၃။ စစ်ဆေးအကဲဖြတ်ခြင်းအတွက် မေးခွန်းမေးခြင်းနှင့် မေးခွန်းပုံစံများ
(၂) သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများနှင့် လုပ်ငန်းများ
(ဂ) အဆင့်အလိုက် မေးခွန်းများ
မော်ဂျူး (၇.၁.၃) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၇) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၇) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ် စဉ်းစားခြင်း
Summary
သင်တန်းအနှစ်ချုပ်
ကိုးကားချက်များနှင့် ဆက်လက်ဖတ်မှတ်စရာများ
Related Courses
