Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မူလတန်းအထူးပြု လူမှုရေးဘာသာရပ် အဆင့်မြင့်သင်ကြားနည်း

5

(1 Reviews)

Certified

6 hour(s)

255 Enrollment(s)

1325 View(s)

Share On :

Course Description

ဤသင်တန်းတွင် မူလတန်းလူမှုရေးဘာသာရပ်ဆိုင်ရာ အခြေခံအချက်အလက်များသာမက သင်ကြားရေးဆိုင်ရာ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုနှင့် သဘောထားတို့ ဖွံ့ဖြိုးတိုးတက်စေနိုင်သော သင်ခန်းစာများ၊ သင်ယူမှုလုပ်ငန်းများနှင့် ရင်းမြစ်များပါဝင်ပါသည်။ လက်တွေ့လုပ်ငန်းများမှ သမိုင်းနှင့် ပထဝီဝင်ဆိုင်ရာ အသိပညာများကိုနက်နဲစွာ လေ့လာရမည်ဖြစ်ပြီး၊ လေ့လာစူးစမ်းမှု အရည်အချင်းများကို တိုးပွားစေနိုင်ပါသည်။ ထို့ပြင် အရည်အချင်းပြည့်ဝသည့် မူလတန်းလူမှုရေးဘာသာရပ်ဆရာတစ်ဦးအဖြစ် သင်ကြားနိုင်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများဖြစ်သည့် သင်ထောက်ကူပစ္စည်းများ ဖန်တီးရွေးချယ်ခြင်း၊ သင်ယူမှုလုပ်ငန်းများနှင့် သင်ပြမှုပုံစံများ ရေးဆွဲခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း စသည်တို့ကို လေ့လာရမည်ဖြစ်သည်။

ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် -

မော်ဂျူး ၁။ လူမှုရေးဘာသာရပ် မိတ်ဆက်

             ၁.၁။ မူလတန်း လူမှုရေးဘာသာရပ်၏ ဖွဲ့စည်းပုံနှင့် မာတိကာအကြောင်းအရာ

              ၁.၂။ အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရှိ လူမှုရေးဘာသာရပ်

              ၁.၃။ မူလတန်း လူမှုရေးဘာသာရပ် သင်ရိုးညွှန်းတမ်း “ကျယ်ပြန့်လာသော ပတ်ဝန်းကျင်”

              ၁.၄။ လူမှုရေးဘာသာရပ် သင်ကြားရေးဆိုင်ရာ တတ်ကျွမ်းမှုများ

              ၁.၅။ လူမှုရေးဘာသာရပ်ရှိ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်

မော်ဂျူး ၂။ လူမှုရေးဘာသာရပ်ကို သင်ကြားခြင်း၊ သင်ယူခြင်း

            ၂.၁။ မူလတန်း လူမှုရေးဘာသာရပ် သင်ကြားရေးအတွက် ကျွမ်းကျင်မှုများနှင့် နည်းစနစ်များ

            ၂.၂။ မူလတန်းဆင့် လူမှုရေးဘာသာရပ်အတွက် ရင်းမြစ်များ

မော်ဂျူး ၃။ ပထဝီဝင်

             ၃.၁။ သဘာဝပထဝီဝင်

             ၃.၂။ လူမှုရေးပထဝီဝင်

             ၃.၃။ ဒေသန္တရ ပထဝီဝင်

             ၃.၄။ လက်တွေ့ပထဝီဝင်ဆိုင်ရာ ကျွမ်းကျင်မှုများ

မော်ဂျူး ၄။ သမိုင်း

             ၄.၁။ မြန်မာ့သမိုင်း

             ၄.၂။ ကမ္ဘာ့သမိုင်း

မော်ဂျူး ၅။ စစ်ဆေးအကဲဖြတ်ခြင်း

             ၅.၁။ လူမှုရေးဘာသာရပ်ရှိ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ချဉ်းကပ်နည်းများ

အဓိကအသုံးအနှုန်းများ 

ဇီဝမဲ့ဖြစ်သော (abiotic)၊ စိုက်ပျိုးရေးကို အခြေခံသည့် လူ့အဖွဲ့အစည်း (agrarian society)၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား (archaeological evidence)၊ လက်တွေ့ချိတ်ဆက်သင်ယူမှု(authentic learning)၊ ပုဂံခေတ် (Bagan Period)၊ ဇီဝမျိုးစုံမျိုးကွဲများ (biodiversity)၊ ဇီဝသိုက်(biome)၊ ဘူဇွာလူတန်းစား (bourgeoisie)၊ ကိုလိုနီပြုခြင်း (colonization)၊ ရပ်ရွာရင်းမြစ်များ (community resources)၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း (critical thinking)၊ အချက်အလက် (data)၊ လူဦးရေပညာ (demography)၊ ဂေဟစနစ် (ecosystem)၊ ကျယ်ပြန့်လာသော ပတ်ဝန်းကျင် (expanding environment)၊ မြေရှင်ပဒေသရာဇ်စနစ် (feudal system)၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း (formative assessment)၊ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းများ (human development indicators)၊ လူတိုင်း အကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း (inclusive assessment) ၊ စက်မှုတော်လှန်ရေး (Industrial Revolution) ၊ စူးစမ်းလေ့လာမှု အခြေပြုသင်ယူမှု(inquiry-based learning)၊ သင်ထောက်ကူပစ္စည်းများ (instructional materials)၊ ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်း (integrated curriculum)၊ သံခေတ် (iron age)၊ ဘုရင် (King)၊ ကုန်သည်ကြီးများ (merchants)၊ အလယ်ခေတ် (Middle Ages) ၊ မူလရင်းမြစ် (primary source)၊ ပျူယဉ်ကျေးမှု (pyu culture)၊ တစ်ဆင့်ခံရင်းမြစ်(secondary source) ၊ ကျောက်ခေတ် (Stone Age)၊ မြေကျွန်များ (serfs)၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း (summative assessment) ပုထိုး (stupa)၊ ဆင့်ပွားရင်းမြစ် (tertiary source)။

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စ ဆရာများသာမက လုပ်ငန်းခွင်ဝင်ပြီး ဆရာများပါ မူလတန်း လူမှုရေးဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် ဖြစ်ပါသည်။ ဆရာများအနေဖြင့် သမိုင်း၊ ပထဝီဝင်ဆိုင်ရာ အသိပညာများကို ပိုမိုနက်နဲစွာ လေ့လာနိုင်ရန်၊ သင့်လျော်သော သင်ကြားရေးချဥ်းကပ်နည်း၊ သင်ထောက်ကူ ရင်းမြစ်များနှင့် စစ်ဆေးအကဲဖြတ်နည်းများကို ထိရောက်စွာအသုံးချ၍ လူတိုင်းအကျုံးဝင်သည့် သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် စီစဥ်ရေးဆွဲထားပါသည်။

Learning Outcomes

ဤသင်တန်း သင်ယူပြီးချိန်တွင် သင်သည် -

  • လူမှုရေးဘာသာရပ် သဘောသဘာဝနှင့် ၎င်းတွင်ပါဝင်နေသော အကြောင်းအရာများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • မူလတန်း လူမှုရေးဘာသာရပ် သင်ရိုးညွှန်းတမ်း၏ အခြေခံယူဆချက်ငါးမျိုးကို ဆွေးနွေးတတ် မည်။
  • မူလတန်းသင်ရိုးညွှန်းတမ်းတွင် လူမှုရေးဘာသာရပ်နှင့် အခြားဘာသာရပ်များ၏ ချိတ်ဆက်မှု များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ထိရောက်အောင်မြင်သော မူလတန်းလူမှုရေးဘာသာရပ် ဆရာတစ်ဦး၏ ပင်ကိုလက္ခဏာများကို ဖော်ပြတတ်မည်။
  • ဤသင်ရိုးသည် ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) တွင် သတ်မှတ်ထားသော တတ်ကျွမ်းမှုများကို ပေါက်မြောက်ရရှိစေရန် ကျောင်းသားများကို မည်သို့ ပံ့ပိုးပေးနိုင်ကြောင်း သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လက်တွေ့နှင့်ချိတ်ဆက်ပြီး အပြန်အလှန်ပါဝင်ဆွေးနွေးမှုရှိသည့် သင်ယူမှုကို လူမှုရေးဘာသာရပ်သင်ခန်းစာများတွင် ပေါင်းစပ်သင်ကြားနိုင်မည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လူမှုရေးဘာသာရပ်ကို လေ့လာပြုစုရန် အသုံးပြုထားသော အချက်အလက် အမျိုးအစားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မူလတန်းဆင့် လူမှုရေးဘာသာ သင်ကြားရာတွင် အသုံးပြုနိုင်သော သင်ထောက်ကူပစ္စည်း စာရင်းတစ်ခုကို တီထွင်ဖန်တီးတတ်မည်။
  • မြန်မာနိုင်ငံရှိ ကွဲပြားသော ဂေဟစနစ်နှစ်ခုကို နှိုင်းယှဉ်ခွဲခြားနိုင်ပြီး၊ ထိုဂေဟစနစ်များအပေါ် လူသားတို့၏အကျိုးသက်ရောက်မှုကို အကဲဖြတ်သုံးသပ်တတ်မည်။
  • မြန်မာနိုင်ငံရှိ နေရာဒေသအမျိုးမျိုးတွင် လူဦးရေထူထပ်မှု၊ ကျဲပါးမှု အကြောင်းရင်းများ၊ ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို နှိုင်းယှဥ်သုံးသပ်တတ်မည်။
  • လူမျိုး၊ တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်လက္ခဏာနှင့် အမွေအနှစ်စသည့် အယူအဆများကို ကျောင်းသားများ ဖော်ထုတ်လေ့လာနိုင်မည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကမ္ဘာ့မြောက်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံနှင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတို့၏ ပထဝီဝင်အနေအထား၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ၏ အချက်အလက်တို့ကို စာရင်းပြုစုတတ်မည်။ 
  • ဒေသဆိုင်ရာ နယ်မြေတစ်ခု၏ပုံကို အခြေခံ မြေပုံဆွဲနည်းသုံး၍ ရေးဆွဲတတ်မည်။
  • ရာသီဥတုနှင့် မိုးလေဝသကြား ဆက်နွှယ်မှုကို အကဲဖြတ်သုံးသပ်တတ်မည်။
  • မူလတန်းအောက်ဆင့် သဘာဝပထဝီဝင်၊ လူမှုရေးပထဝီဝင်၊ ဒေသန္တရ ပထဝီဝင်နှင့် လက်တွေ့ပထဝီဝင် သင်ပြမှုပုံစံတို့ကို ရေးဆွဲတတ်၍၊ မိမိ၏ သင်ခန်းစာစီစဥ်မှု ဆုံးဖြတ်ချက်များကို ရှင်းပြတတ်မည်။ အခြားဆရာများ၏ သင်ပြမှုပုံစံကိုလည်း အပြုသဘောဆောင်သော တုံပြန်အကြံပြုချက်များ ပေးတတ်မည်။
  • မြန်မာ့သမိုင်းတွင် ထင်ပေါ်ကျော်ကြားသူများကို ဖော်ပြတတ်ပြီး မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းပေါ်တွင် ၎င်းတို့၏ လွှမ်းမိုးမှုကို အကဲဖြတ်သုံးသပ်တတ်မည်။
  • မြန်မာနိုင်ငံရှိ ကျောက်ခေတ်၊ သံခေတ်၊ ကြေးဝါခေတ်ယဉ်ကျေးမှု၏ အဓိက လက္ခဏာရပ်များနှင့် ယင်းခေတ်များတစ်လျှောက် မြန်မာ့လူ့အဖွဲ့အစည်း၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ပြဆွေးနွေးတတ်မည်။
  • ရှေးမြန်မာနိုင်ငံတွင် မြို့ပြလူနေမှု ဖွံ့ဖြိုးတိုးတက်လာမှုနှင့် မြို့ပြနိုင်ငံများပေါ်ထွန်းလာမှုကို ဆန်းစစ်လေ့လာတတ်မည်။
  • ပုဂံခေတ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများနှင့် ပုဂံခေတ်ပျက်သုဉ်းခြင်း၏ အကြောင်းရင်းများကို ဆန်းစစ်လေ့လာတတ်မည်။
  • ပဒေသရာဇ်စနစ်ကျင့်သုံးသော မြန်မာနိုင်ငံ၏အချိန်ကာလ အပိုင်းအခြားများနှင့် ဧကရာဇ်နိုင်ငံတော်များကို လေ့လာသုံးသပ်တတ်မည်။
  • ကွဲပြားစုံလင်သောကာလတွင် တိုင်းပြည်၏ လူမှုရေး၊ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး လက္ခဏာရပ်များကို နှိုင်းယှဉ်ခွဲခြားတတ်မည်။
  • ပထမတောင်ငူဧကရာဇ် နိုင်ငံတော်တည်ထောင်မှုသို့ ဦးတည်သော အဖြစ်အပျက်များကို ဖော်ပြတတ်မည်။
  • ညောင်ရမ်းခေတ်တည်ထောင်မှုနှင့် မြန်မာနိုင်ငံပြည်လည်စုစည်းခြင်းဆီသို့ ဦးတည်သော အဖြစ်အပျက်များကို ဖော်ပြတတ်မည်။
  • မူလတန်း မြန်မာ့သမိုင်းသင်ခန်းစာ ခေါင်းစဉ်တစ်ခုကို ရွေးချယ်၍ နမူနာသင်ပြမှုပုံစံတစ်ခုကို စီစဉ်ရေးဆွဲတတ်မည်။
  • သင်ယူမှုရလဒ်များ၊ သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်မှုတို့ အကြားရှိ ဆက်နွှယ်မှုများကို ပြန်လည်သုံးသပ်တတ်မည်။
  • မူလတန်းဆင့် လူမှုရေးဘာသာရပ်တွင် စစ်ဆေးအကဲဖြတ်ခြင်း ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဟာဗျူဟာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • မူလတန်းဆင့် လူမှုရေးဘာသာ သင်ခန်းစာတစ်ခုအတွက် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းတစ်ခုကို ဖန်တီးတတ်မည်။
  • မူလတန်းဆင့် လူမှုရေးဘာသာ သင်ခန်းစာတစ်ခုအတွက် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းတစ်ခုကို ဖန်တီးတတ်မည်။
  • မူလတန်းဆင့် လူမှုရေးဘာသာ သင်ခန်းစာတစ်ခုအတွက် လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းတစ်ခုကို ဖန်တီးတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ လူမှုရေးဘာသာရပ် မိတ်ဆက်

မော်ဂျူး (၁) ရပ်တန့်၍ စဉ်းစားပါ

၁.၁။ မူလတန်း လူမှုရေး ဘာသာရပ်၏ ဖွဲ့စည်းပုံနှင့် မာတိကာ အကြောင်းအရာ

မော်ဂျူး (၁.၁) အတွက် လက်တွေ့လုပ်ငန်း

၁.၂။ အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရှိ လူမှုရေးဘာသာရပ်

မော်ဂျူး (၁.၂) အတွက် လက်တွေ့လုပ်ငန်း

၁.၃။ မူလတန်း လူမှုရေးဘာသာရပ် သင်ရိုးညွှန်းတမ်း - “ကျယ်ပြန့်လာသော ပတ်ဝန်းကျင်”

မော်ဂျူး (၁.၃) အတွက် လက်တွေ့လုပ်ငန်း

၁.၄။ လူမှုရေးဘာသာရပ် သင်ကြားရေးဆိုင်ရာ တတ်ကျွမ်းမှုများ

၁.၅။ လူမှုရေးဘာသာရပ်ရှိ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၂။ လူမှုရေးဘာသာရပ်ကို သင်ကြားခြင်း၊ သင်ယူခြင်း

၂.၁။ မူလတန်း လူမှုရေးဘာသာရပ် သင်ကြားရေးအတွက် ကျွမ်းကျင်မှုများနှင့် နည်းစနစ်များ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

လူမှုရေးဘာသာရပ်စာသင်ခန်းအတွက် စူးစမ်းလေ့လာမှုအခြေပြုသင်ကြားရေးနည်းလမ်းများ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မူလတန်းဆင့် လူမှုရေးဘာသာရပ်တွင် သင်ခန်းစာပြင်ဆင်ရေးဆွဲခြင်း

မော်ဂျူး (၂) ရပ်တန့်၍ စဉ်းစားပါ (၂)

၂.၂။ မူလတန်းဆင့် လူမှုရေးဘာသာရပ်အတွက် ရင်းမြစ်များ

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို သေချာစွာ ဖတ်ရှု၍ အဖြေမှန်ကို ရွေးချယ်ပါ။

မော်ဂျူး (၂.၂) အတွက် လက်တွေ့လုပ်ငန်း

မူလတန်းဆင့် လူမှုရေးဘာသာရပ်တွင် ဒေသန္တရ ရင်းမြစ်များကို အသုံးပြုခြင်း

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂.၂) အတွက် သင်ယူမှုလုပ်ငန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၃။ ပထဝီဝင်

၃.၁။ သဘာဝ ပထဝီဝင်

ဂေဟစနစ်

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း (၁)

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၁)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

သဘာဝဂေဟစနစ်များအပေါ် လူသားများ၏ အကျိုးသက်ရောက်မှုများ

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၂)

သဘာဝဂေဟစနစ်များကို ထိန်းသိမ်းခြင်းနည်းလမ်းများ

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း (၂)

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း (၃)

၃.၂။ လူမှုရေးပထဝီ

မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (အဆက်)

မြို့ကြီးများသို့ပြောင်းရွှေ့နေထိုင်ကြရသည့် အကြောင်းရင်းများကို ဥာဏ်ဖွင့်ဆွေးနွေးခြင်း

ကမ္ဘာကြီးတွင် လူသားစုံလင်ကွဲပြားမှု

မူလတန်းစာသင်ခန်းရှိ လူမျိုး၊ တိုင်းရင်းသားဖြစ်မှု၊ ယဥ်ကျေးမှုနှင့် ယဥ်ကျေးမှုအမွေအနှစ်

အောက်ပါတို့ကိုဖတ်၍ အဖြေမှန်ကို ရွေးချယ်ပါ။

၃.၃။ ဒေသန္တရ ပထဝီဝင်

ကမ္ဘာ့မြောက်ပိုင်းနှင့် ကမ္ဘာ့တောင်ပိုင်း

ကမ္ဘာပေါ်ရှိ နိုင်ငံများကို အမျိုးအစားခွဲခြားသည့် စံနှုန်းများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

ကမ္ဘာ့မြောက်ပိုင်းနှင့် ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံများ

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၄)

မော်ဂျူး (၃.၃) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ဂလိုဘယ်လိုက်ဇေးရှင်း

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၅)

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

ဒေသန္တရ ပထဝီဝင်အတွက် သင်ပြမှုပုံစံတစ်ခု ရေးဆွဲခြင်း

အောက်ပါတို့ကိုဖတ်၍ အဖြေမှန်ကို ရွေးချယ်ပါ။

အောက်ပါတို့ကိုဖတ်၍ အဖြေမှန်ကို ရွေးချယ်ပါ။

မြေပုံ အမျိုးအစားများ

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၆)

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း (၁)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

အောက်ပါတို့ကိုဖတ်၍ အဖြေမှန်ကို ရွေးချယ်ပါ။

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၄။ သမိုင်း

၄.၁။ မြန်မာ့သမိုင်း

မော်ဂျူး (၄) ရပ်တန့်၍ စဉ်းစားပါ (၁)

သမိုင်းတန်ဖိုး

မြန်မာ့သမိုင်းတွင် ထင်ပေါ်ကျော်ကြားသူများ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၁)

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၂)

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၂)

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၃) 

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

ပဒေသရာဇ်ခေတ်မြန်မာနိုင်ငံတော်

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၄)

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၅)

ညောင်ရမ်းခေတ် ပြန်လည်ထူထောင်ခြင်း

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၆)

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း (၇)

၄.၂။ ကမ္ဘာ့သမိုင်း

မော်ဂျူး (၄) ရပ်တန့်၍ စဉ်းစားပါ (၂)

ရှေးဦးလူနေမှုများ

ရှေးဦးလူနေမှုများ သင်ခန်းစာ၏အဆက်

မော်ဂျူး (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၄.၂) အတွက် လက်တွေ့လုပ်ငန်း (၂)

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

မော်ဂျူး (၄) ရပ်တန့်၍ စဉ်းစားပါ (၃)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

စက်မှုတော်လှန်ရေး

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၅။ စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၅) ရပ်တန့်၍ စဉ်းစားပါ

မော်ဂျူး (၅) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ

သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၅.၁) အတွက် လက်တွေ့လုပ်ငန်း (၁)

သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း

အောက်ပါတို့မှ အဖြေမှန်ရွေးချယ်ပါ။

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon
;