Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း မိတ်ဆက်

3.9

(18 Reviews)

Certified

2 hour(s)

263 Enrollment(s)

5990 View(s)

Share On :

Course Description

ဤသင်ခန်းစာသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း၏ အခြေခံသဘောတရားများ ဖြစ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်ခြင်းဆိုင်ရာ တတ်ကျွမ်းမှုများ စသည်တို့ကို သင်ယူလေ့လာသူများအား မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း (MIL) ဆိုသည်မှာ "နိုင်ငံသားများက သတင်း အချက်အလက်၊ မီဒီယာ နှင့် ဒစ်ဂျစ်တယ်အကြောင်းအရာ ပုံစံအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် လက်လှမ်းမီ ရယူခြင်း၊ ရှာဖွေခြင်း၊ နားလည်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ဝေဖန်သုံးသပ်မှုရှိစွာ၊ ကျင့်ဝတ်ညီစွာ၊ ထိရောက်စွာ ဆောင်ရွက်ခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးဘဝ၊ လုပ်ငန်းခွင်၊ ပညာရေး၊ လူမှုအသိုင်းအဝိုင်းအရေးများ နှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်စေရန် ထောက်ပံ့ပေးသော တတ်ကျွမ်းမှုအစုအဝေး" ကို ခေါ်ဆိုပါသည်။(ယူနက်စကို၊ ၂၀၂၂ခုနှစ်)

မြန်မာနိုင်ငံတွင် မကြာသေးခင်နှစ်များအတွင်း MIL ကို အစိုးရ၊ သတင်းမီဒီယာ အေဂျင်စီများ၊ မီဒီယာ အန်ဂျီအိုများ၊ အရပ်ဘက်လူမှုအသိုင်းအဝိုင်းများ၊ ပညာရပ်သင်ကြားမှုနယ်ပယ် အပါအဝင် ကဏ္ဍအစုံတွင် ပိုမိုသိရှိလာကြပြီး အသိအမှတ်ပြုလာကြပြီဖြစ်သည်။ ယနေ့တွင် MIL တတ်ကျွမ်းမှုများကို နယ်ပယ်အစုံတွင် အသုံးချနေကြပြီ ဖြစ်သည်။ သတင်းအချက်အလက်၊ မီဒီယာနှင့် ဒစ်ဂျစ်တယ်အကြောင်းအရာ ပုံစံအမျိုးမျိုးကို နည်းကိရိယာအမျိုးမျိုး အသုံးပြု၍ ဆန်းစစ်ဝေဖန်မှုရှိစွာ၊ ကျင့်ဝတ်နှင့်အညီ ထိရောက်မှုရှိစွာ ဖန်တီးမျှဝေနိုင်သည်ဟူသော မိမိတို့၏ အခွင့်အရေးများကို သိရှိကာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက်  MIL တတ်ကျွမ်းမှုများကို ရရှိထားခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ အထူးသဖြင့် လူငယ်များအတွက် အရေးကြီးပါသည်။ 

Course Objectives

သင်ယူလေ့လာသူများသည်

၁။ လူမှုအသိုင်းအဝိုင်းအတွင်း မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၏ အခန်းကဏ္ဍကို နားလည်လာမည်။

၂။ အခြေခံလူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့၏ အခန်းကဏ္ဍကို နားလည်လာမည်။

၃။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပံ့ပိုးပေးသည့် MIL ၏ အခန်းကဏ္ဍကို နားလည်လာမည်။

၄။ မီဒီယာနှင့် သတင်းအချက်အလက် ပံ့ပိုးသူအမျိုးမျိုးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍ၊ လုပ်ဆောင်ချက်များနှင့် တာဝန်များကို ခွဲခြားသတ်မှတ်နိုင်မည်။

၅။ ယနေ့ခေတ် နည်းပညာဖြစ်ထွန်းသော အသိပညာ လူမှုအသိုင်းအဝိုင်းတွင် MIL တတ်ကျွမ်းမှုများ ရရှိထားခြင်းသည် မရှိမဖြစ်အရေးကြီးကြောင်းကို ရှင်းပြနိုင်မည်။

၆။ တိကျမှု၊ ပြည့်စုံမှု၊ အချိန်နှင့်တပြေးညီဖြစ်မှု နှင့် ဖြစ်နိုင်သော ဘက်လိုက်မှုများကို စစ်ဆေးရန် မီဒီယာနှင့် သတင်းအချက်အလက် အကြောင်းအရာများကို တိုက်ဆိုင်စစ်ဆေး ရည်ညွှန်းခြင်းများ ဆောင်ရွက်နိုင်မည်။ 

Learning Outcomes

ဆက်သွယ်ရေး မီဒီယာ ပလက်ဖောင်းအမျိုးမျိုး (ဥပမာ - တီဗီ၊ ပုံနှိပ်၊ ရေဒီယို၊ အင်တာနက် နှင့် လူမှုမီဒီယာ) ကို အသုံးပြုပြီး လက်လှမ်းမီရယူနိုင်စွမ်း၊ ဆန်းစစ်နိုင်စွမ်း၊ စစ်ဆေးအကဲဖြတ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း၊ ဆောင်ရွက်နိုင်စွမ်း။ ၎င်းတွင် မီဒီယာကို အချက်အလက်ကျကျ ဆန်းစစ်ဝေဖန်နားလည်မှု၊ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ နှင့် တစ်ဦးတစ်ယောက်ချင်းနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ သက်ရောက်မှုများ အပါအဝင် မီဒီယာလမ်းကြောင်းအမျိုးမျိုးကို နားလည်ခြင်းနှင့် အသုံးပြုခြင်း တို့ ပါဝင်သည်။ 

Please login to take this course

ဉာဏ်စမ်း - မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း အကျဉ်းချုပ်

ဉာဏ်စမ်း - မီဒီယာနှင့် သတင်းအချက်အလက်တို့ကို ဆန်းစစ်လေ့လာခြင်း မိတ်ဆက်

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း အကျဉ်းချုပ်

မီဒီယာနှင့် သတင်းအချက်အလက်တို့ကို ဆန်းစစ်လေ့လာခြင်း မိတ်ဆက်

Related Courses

chatGPTicon