မော်ဂျူး၅_ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပုံပြင်ပြောခြင်းအားစစ်ဆေးအကဲဖြတ်ခြင်း
0
(0 Reviews)
Certified
4 week(s)
48 Enrollment(s)
2517 View(s)

Share On :
Course Description
အခန်း ၅ ပုံပြင်ပြောခြင်း အွန်လိုင်း သင်ခန်းစာ၏ နောက်ဆုံးသင်ခန်းစာမှ ကြိုဆိုပါတယ်။ ဤသင်ခန်းစာမှာ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန်အတွက် ပုံပြင်ပြောရာ၌ ဆန်းစစ် အကဲဖြတ်ခြင်း၏ အရေးပါသော ကဏ္ဍကို လေ့လာသွားပါမယ်။ အကဲဖြတ်သုံးသပ်ခြင်းအတွက် လမ်းညွှန်ထားသောမေးခွန်းများနဲ့ သင်ထောက်ကူအချို့ကိုလည်း လေ့လာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မတူကွဲပြားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ပညာရေးနယ်ပယ်ကို ဖန်တီးနိုင်ဖို့ စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားခြင်းနှင့် အားလုံးအတူပါဝင်နိုင်ခြင်းရဲ့ အရေးကြီးပုံ ကို လေ့လာသွားပါမယ်။

Course Objectives
ဤမော်ဂျုး၏ သင်ခန်းစာရည်မှန်းချက်များကတော့
· ပုံပြင်ပြောခြင်း လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို တိုင်းတာရာမှာ ဆန်းစစ် အကဲဖြတ်ခြင်းက အရေးပါကြောင်း နားလည်ရန်။
· အကဲဖြတ်နည်းလမ်းတွေကို ဒီဇိုင်းဆွဲနည်း၊ ကျောင်းသူ၊ ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နဲ့ မိဘတွေရဲ့ အကြံပြု ချက်တွေကို စုဆောင်းနည်းနဲ့ ပုံပြင်ပြောခြင်းက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ နားလည်မှုနဲ့ စိတ်နေသဘောထားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်။
· သင်ကြားခြင်းနှင့် အကဲဖြတ်ခြင်းတွင် စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားခြင်းနှင့် အားလုံးအတူပါဝင်နိုင်ခြင်းရဲ့ အရေးကြီးပုံကို သတိပြုမိရန်တို့ဖြစ်ပါတယ်။
Learning Outcomes
သင်ခန်းစာ အပြီးမှာ
-ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်နှင့် ရေရှည်
ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန်အတွက် ပုံပြင်ပြောရာ၌ ဆန်းစစ်
အကဲဖြတ်ခြင်းအတွက်စံသတ်မှတ်ချက်များကို ချမှတ်နိုင်မယ်။
-အကဲဖြတ်သုံးသပ်ခြင်းအတွက် လမ်းညွှန်ထားသောမေးခွန်းများနဲ့ သင်ထောက်ကူအချို့ကို အသုံးချနိုင်မယ်။
-မတူကွဲပြားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ပညာရေးနယ်ပယ်ကို ဖန်တီးနိုင်ဖို့ စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားခြင်းနှင့် အားလုံးအတူပါဝင်နိုင်ခြင်းကို သတိပြုမိနိုင်မယ်။
ဒီမော်ဂျူးမှာတော့ သင်ခန်းစာ (၃ ) ခု ပါဝင်ပါမယ်။
သင်ခန်းစာ ၁ _ EPSD သင်ကြားရေးအတွက် အောင်မြင်မှုစံနှုန်းသတ်မှတ်ချက်များ
သင်ခန်းစာ၂_ အကဲဖြတ်သုံးသပ်ခြင်းနည်းလမ်းများ
သင်ခန်းစာ ၃- စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားခြင်းနှင့် အားလုံးအတူပါဝင်နိုင်ခြင်း၏အရေးကြီးပုံများ
Please login to take this course
Related Courses
