မော်ဂျုး၄_အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သောပုံပြင်ပြောခြင်းနည်းလမ်းများ
5
(1 Reviews)
Certified
4 week(s)
52 Enrollment(s)
2291 View(s)

Share On :
Course Description
သင်ခန်းစာ အခန်း (၄) မှ ပြန်လည်ကြိုဆိုပါတယ်။ ပုံပြင်ပြောခြင်းက မတူကွဲပြားတဲ့ ယဉ်ကျေးမှုများနှင့် မျိုးဆက်များမှ လူများကြားမှာ စိတ်ဝင်စားမှုကောင်းခြင်း၊ ပညာပေးခြင်းနှင့် အပြန်အလှန်ချိတ်ဆက်ခြင်းကို မြှင့်တင်ပေးတဲ့ အနုပညာတစ်ခု ဖြစ်ကြောင်းလေ့လာခဲ့ပြီးတဲ့နောက် ဒီသင်ခန်းစာမှာတော့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သောပုံပြင်ပြောခြင်းနည်းလမ်းများ ကိုလေ့လာသွားနိုင်ပါမယ်။ နားထောင်သူများကို စိတ်ပါဝင်စားစေပြီး၊ ဇာတ်လမ်းများကို အသက်ဝင်စေမယ့် နည်းလမ်းကောင်းများကို ဆက်လက် လေ့လာကြရအောင်။

Course Objectives
ဤမော်ဂျုး၏ သင်ခန်းစာရည်မှန်းချက်များကတော့
· ချိတ်ဆက်မှုနဲ့ ပါဝင်ဆောင်ရွက်မှု အားကောင်းစေတဲ့ အပြန်အလှန် ပုံပြင်ပြောခြင်း နည်းလမ်းတွေကို သင်ယူရန်
· သရုပ်ဖော်ခြင်း၊အမြင်အာရုံသင်ထောက်ကူပစ္စည်းများ၊ဂီတ၊ စည်းချက် လှုပ်ရှားမှုနဲ့ အပြန်အလှန် တုံ့ပြန်မှု ပါဝင်တဲ့ ဂိမ်းတွေကို အသုံးပြုပြီး ပုံပြင်ပြောခြင်း ကဏ္ဍကို ပိုမိုလှုပ်ရှား သက်ဝင်နိုင်စေရန် တို့ဖြစ်ပါတယ်။
Learning Outcomes
သင်ခန်းစာ အပြီးမှာ
· အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သောပုံပြင်ပြောခြင်းနည်းလမ်းများ ကိုသိရှိလာမယ်။
· နားထောင်သူများကို စိတ်ပါဝင်စားစေပြီး၊ ဇာတ်လမ်းများကို အသက်ဝင်စေမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်မယ်။
ဒီမော်ဂျူးမှာတော့ သင်ခန်းစာ (၄ ) ခု ပါဝင်ပါမယ်။
သင်ခန်းစာ ၁ _ ထိရောက်သောပုံပြင်ပြောခြင်းအတွက် သရုပ်ဖော်ခြင်း
သင်ခန်းစာ၂_ ဇာတ်ဝင်ခန်းသုံးပစ္စည်းများ နှင့် အမြင်အာရုံသင်ထောက်ကူပစ္စည်းများဖြင့် ပုံပြင်ပြောခြင်း
သင်ခန်းစာ ၃ _ ဂီတ၊ စည်းချက်နှင့် လှုပ်ရှားမှုများဖြင့် ပုံပြင်ပြောခြင်း
သင်ခန်းစာ ၄- အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သော ပုံပြင်ပြောခြင်းကစားနည်းများနှင့် လှုပ်ရှားမှုများ
Please login to take this course
Related Courses
