Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး (၈) ပေါင်းခြင်းနှင့် နုတ်ခြင်း

0

(0 Reviews)

Certified

6 hour(s)

344 Enrollment(s)

776 View(s)

Share On :

Course Description

ဂဏန်းသင်္ချာဆိုင်ရာ လုပ်ဆောင်ချက်များသည် သင်္ချာဆိုင်ရာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်မှုများ၏ ပင်မကျောရိုးဖြစ်ပြီး နေ့စဉ်ဘဝအခြေအနေများတွင်သာမက အဆင့်မြင့်သင်္ချာအသုံးချမှုများရှိ ပြဿနာဖြေရှင်းရာတွင်လည်း မရှိမဖြစ် အရေးပါသော ကိရိယာတန်ဆာပလာများကို ပံ့ပိုးပေးသည်။ ဤသင်တန်းသည် ပေါင်းခြင်းနှင့် နုတ်ခြင်း ဆိုင်ရာ အခြေခံအသိသညာများကို ဆန်းစစ်လေ့လာပြီး ဂဏန်းသင်္ချာဆိုင်ရာ လုပ်ဆောင်ချက်များ၏ တိကျသေချာသော အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကိန်းဂဏန်း တွက်ချက်မှု တွင် ၎င်းတို့၏ အရေးပါမှုကို အစပြုလေ့လာမည်။ ဤလုပ်ဆောင်ချက်များကို အသုံးပြုသည့် အခြေအနေအမျိုးမျိုးကို ဆန်းစစ်လေ့လာခြင်းဖြင့် သင်ယူသူများသည် ကိန်းများ အပြန်အလှန်ဆက်သွယ်ပုံနှင့် တွက်ချက်မှုများကို အမျိုးမျိုးသော အကြောင်းအရာများနှင့် ကိုက်ညီအောင် လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနိုင်ပုံတို့နှင့် ပတ်သက်၍ စနစ်တကျနားလည်မည်ဖြစ်သည်။

သင်တန်းပြီးဆုံးချိန်တွင် သင်ယူသူများသည် ပေါင်းခြင်းနှင့် နုတ်ခြင်းကို ယုံကြည်မှုရှိရှိနှင့် စနစ်တကျ ချဉ်းကပ်နိုင်စွမ်း တိုးတက်လာမည်ဖြစ်သည်။ ၎င်းတို့၏ တွက်ချက်မှုဆိုင်ရာ ကျွမ်းကျင်မှုနှင့် လက်တွေ့ဘဝအခြေအနေများတွင် ဂဏန်းသင်္ချာသဘောတရားများ အသုံးချ နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်သည်။ ရှင်းလင်းသောအဆင့်ဆင့်တိုးတက်မှုပုံစံ၊ အသိသညာဆိုင်ရာနားလည်မှုနှင့် လုပ်ငန်းစဉ်ကျွမ်းကျင်မှုကို အလေးပေးမှုတို့ကြောင့် ဤသင်တန်းသည် နောက်ထပ်သင်္ချာဆိုင်ရာ သင်ယူမှုများအတွက် ခိုင်မာသော အခြေခံ တစ်ရပ်ကို ပံ့ပိုးပေးပါသည်။

Course Objectives

ပေါင်းခြင်းနှင့် နုတ်ခြင်းသည် ဂဏန်းသင်္ချာလုပ်ဆောင်ချက်များ၏ အခြေခံဖြစ်ပြီး မြှောက်ခြင်း၊ စားခြင်း၊ ထပ်ညွှန်းများကဲ့သို့သော အဆင့်မြင့်သင်္ချာအသိသညာများ၏ အခြေခံ လည်းဖြစ်သည်။ ၎င်းတို့ကို နားလည်ခြင်းသည် အလွန်အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် လက်တွေ့ဘဝအသုံးချမှုများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသောကြောင့်ဖြစ်သည်။ ဥပမာ - ချက်နည်းပြုတ်နည်းများတွင် ပါဝင်ပစ္စည်း ပမာဏများအချိုးကျ ပေါင်းထည့်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် တိုင်းတာမှုများကို ချိန်ညှိခြင်း သို့မဟုတ် ပျမ်းမျှခြင်းများ တွက်ချက်ရန် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို စိစစ်လေ့လာခြင်းတို့တွင် အရေးပါသည်။ မြှောက်ခြင်းသည် အကြိမ်ကြိမ်ပေါင်းခြင်းမှ ဆင်းသက်လာပြီး စားခြင်းသည် အရေအတွက်ပမာဏများကို ခွဲဝေပေးခြင်း ဖြင့် မြှောက်ခြင်း (အကြိမ်ကြိမ်ပေါင်းခြင်း)လုပ်ငန်းစဉ်ကို ပြောင်းပြန်ပြုလုပ်သည်။ ထပ်ညွှန်းများကမူ ဤအခြေခံမူများကို ပိုမိုကျယ်ပြန့်စွာ အသုံးချထားသည်။  ဤလုပ်ဆောင်ချက်များကို တတ်ကျွမ်းခြင်းသည် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု၊ သိပ္ပံနည်းကျတွက်ချက်မှုများ သို့မဟုတ် နေ့စဉ်လုပ်ငန်း ဆောင်တာများတွင် ဤကျွမ်းကျင်မှုများကို ထိရောက်စွာအသုံးချနိုင်စေရန် ခိုင်မာသော သင်္ချာအခြေခံတစ်ရပ်ကို ပံ့ပိုးပေးသည်။

ဤသင်တန်းသည် အောက်ပါအချက်များကို ရည်မှန်းထားပါသည် -  
  • ပေါင်းခြင်းနှင့် နုတ်ခြင်းကို အသုံးများသည့် လက်တွေ့ဘဝအခြေအနေများကို ဖော်ထုတ်တတ်ရန်။
  • ဤလုပ်ဆောင်ချက်များကြားရှိ သင်္ချာဆိုင်ရာစည်းမျဉ်းများနှင့် ဆက်နွှယ်မှုများကို ရှင်းပြတတ်ရန်။
  • တွက်ချက်နည်းစနစ်များ၏ အခြေခံ သဘောတရားများကို လေ့လာရန်။
  • ပေါင်းခြင်းနှင့် နုတ်ခြင်းဆိုင်ရာကျွမ်းကျင်မှု ရယူနိုင်သည့် အဆင့်များကို ခြုံငုံဖော်ပြပြီး သင်ကြားရေးဗျူဟာများပံ့ပိုးရန်။ 
  • တိကျမှန်ကန်မှု၊ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ အပါအဝင် ပေါင်းခြင်း/နုတ်ခြင်းတွင် ကျောင်းသားစွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်သည့် အဓိက နည်းပညာများကို ဖော်ထုတ်ရန်။
  • သင်ယူသူအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရည်ရွယ်ထားသော ပြုပြင်ရေးနည်းလမ်းများကို အကောင်အထည်ဖော်ရန်။

Learning Outcomes

ဤသင်တန်းအပြီးတွင် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည် -

  • ပေါင်းခြင်းနှင့် နုတ်ခြင်းကို အသုံးပြုသည့် အခြေအနေအမျိုးမျိုးကို မှတ်မိနိုင်မည်။
  • တွက်ချက်ပုံနည်းစနစ်များတွင် ပါဝင်သော သင်္ချာဆိုင်ရာအခြေခံမူများကို နားလည် နိုင်မည်။
  • အခြေအနေတစ်မျိုးစီ၏ တိကျသော ရည်ရွယ်ချက်များနှင့် စိတ်ဝင်စားဖွယ် လုပ်ငန်းများသုံးကာ ကျောင်းသားများကို မည်သို့သင်ကြားရမည်ကို တတ်ကျွမ်းလာမည်။
  • စိတ်တွက် တွက်ချက်မှုများကို မစတင်မီ လက်တွေ့ကိုင်တွယ်နိုင်သည့် ပစ္စည်းများ နှင့် မြင်သာသောပစ္စည်းများကဲ့သို့သော ဒြပ်ရှိနည်းလမ်းများဖြင့် တွက်ချက်နည်းများကို မည်သို့သင်ကြားရသည်ကို သိရှိလာမည်။  
  • ရည်ရွယ်ထားသည့် ပံ့ပိုးကူညီမှု ပေးနိုင်ရန် ကိန်းများကို မှတ်မိခြင်း၊ နေရာလိုက် တန်ဖိုး၊ မှတ်ဉာဏ်စွမ်းအားကဲ့သို့ ကျောင်းသားများ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို နားလည်နိုင်မည်။
  • တက်ကြွစွာ ပါဝင်ဆောင်ရွက်ရသော လုပ်ငန်းများ အပါအဝင် အမျိုးမျိုးသော အကဲဖြတ်နည်းများဖြင့် ကျောင်းသားများ၏ တိုးတက်မှုကို ခြေရာခံ အကဲဖြတ်နိုင်မည်။
  • လိုအပ်ချက်အလိုက် ပြောင်းလဲသင်ကြားမှုနည်းလမ်းနှင့် အံဝင်ခွင်ကျစီမံထားသည့် ကြားဝင်ဆောင်ရွက်မှုများကို အသုံးပြုကာ တစ်ဦးချင်း သင်ယူမှုလိုအပ်ချက်များနှင့် ကိုက်ညီအောင် သင်ကြားနည်းကို လိုက်လျောညီထွေ ပြောင်းလဲတတ်မည်။ 
  • ကျောင်းသားများ၏ စိတ်ပါဝင်စားမှုနှင့် နားလည်မှု တိုးတက်စေရန် လက်တွေ့ကိုင်တွယ်နိုင်သည့် ပစ္စည်းများနှင့် ကစားနည်းများကဲ့သို့ ပညာရေးဆိုင်ရာ ပစ္စည်းများနှင့် ရင်းမြစ်များကို အသုံးပြုတတ်မည်။

Please login to take this course

မိတ်ဆက်

ပေါင်းခြင်းနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ချက်များ

ပေါင်းခြင်းနှင့် နုတ်ခြင်းပုစ္ဆာ အမျိုးအစားများ - အစိတ်အပိုင်းနှင့် တစ်ခုလုံး၊ ပမာဏ ပြောင်းလဲမှု၊ နှိုင်းယှဉ်ခြင်း 

ပမာဏ ပြောင်းလဲခြင်း

ပမာဏနှစ်ခုကို နှိုင်းယှဉ်ခြင်း

သင်္ချာလက္ခဏာများကို တတ်ကျွမ်းမှု- (+ ၊ - နှင့် =) ကို မှန်မှန်ကန်ကန် အသုံးပြုနည်း

ပေါင်းခြင်းနှင့် နုတ်ခြင်း၏ ဂုဏ်သတ္တိများ

သင်္ချာတွက်ချက်ပုံ နည်းစနစ်များနှင့် ၎င်းတို့၏ အဓိပ္ပာယ်

သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ

ကိန်းခွဲခြင်း

ဖြည့်စွက်ခြင်း

အရာဝတ္ထုအစုများ ပေါင်းခြင်း

ကိန်းပြောင်းလဲမှုများ

ပြဿနာဖြေရှင်းခြင်း

သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ

ကိန်းခွဲခြင်းလုပ်ငန်းများ

ဖြည့်စွက်ခြင်း လုပ်ငန်းများ

အရာဝတ္ထုအုပ်စုများ ပေါင်းစပ်ခြင်း

အလျားလိုက် စိတ်တွက် တွက်နည်းကို သင်ကြားခြင်း

ဒေါင်လိုက်တွက်နည်းကို သင်ကြားခြင်း

တွက်ချက်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုသော အန်စာတုံးဖြင့် ကစားနည်းများ 

သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ

ပေါင်းခြင်းနှင့် နုတ်ခြင်းကျွမ်းကျင်မှုများကို လေ့လာသုံးသပ်ခြင်းဖြင့် အကဲဖြတ်ခြင်း

သင်ယူမှုတွင် ကြုံတွေ့နိုင်သော အခက်အခဲများနှင့် ဖြေရှင်းနည်းများ

သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ

ကိန်းရေတွက်ရေး ပစ္စည်းကိရိယာ

အန်စာတုံးနှင့် လမ်းကြောင်းကစားနည်းများ

ပန်းကန်လုံးနှင့် သေတ္တာ ကစားနည်းများ

ခြင်းတောင်းမှန်ကို ရွေးပါ ကစားနည်း

သင်ခန်းစာ (၅) - ဉာဏ်စမ်းမေးခွန်းများ

အနှစ်ချုပ်

အနှစ်ချုပ် - ဗီဒီယို

Related Courses

chatGPTicon
;