မော်ဂျူး (၇) ကိန်းရေတွက်မှုစနစ် - ကိန်းပြည့်များ
0
(0 Reviews)
Certified
6 hour(s)
332 Enrollment(s)
780 View(s)

Share On :
Course Description
Course Objectives
- အုပ်စုဖွဲ့စည်းခြင်း၊ လဲလှယ်ခြင်း၊ အခြေ၊ နေရာလိုက်တန်ဖိုးစသည့် ကိန်းစနစ်များ၏ အဓိကလက္ခဏာများကို နားလည်ပြီး ဤအဓိကလက္ခဏာများ တည်ဆောက်ပုံနှင့် ကိန်းများအားကိုယ်စားပြုပုံကို ဖော်ပြတတ်ရန်။
- အခြေခံရေတွက်ခြင်းမှစ၍ နေရာလိုက်တန်ဖိုးကို နားလည်ခြင်းနှင့် ခုဂဏန်း၊ ဆယ်ဂဏန်း၊ ရာဂဏန်းများအကြား ကိန်းပြောင်းဖွဲ့ခြင်း(ကိန်းဖလှယ်ခြင်း)များပြုလုပ်ခြင်းအထိ အပြည့်ကိန်းများ၏ ဆယ်လီစနစ် သင်ယူခြင်းတွင် ပါဝင်သောအဆင့်များကို ဖော်ပြတတ်ရန်။
- အဆင့်တစ်ဆင့်ချင်းစီတွင် သင်ယူမှုကိုပံ့ပိုးပေးရန် ကိန်းများကိုရေတွက်ခြင်း၊ အုပ်စု ဖွဲ့စည်းခြင်း၊ ကိုင်တွယ်အသုံးပြုခြင်းပြုလုပ်နိုင်သည့်ပစ္စည်းများ(ဥပမာ - တစ်ဆယ်ကို အခြေပြုထားသည့် လေးထောင့်ကွက်များ) ကိုသုံး၍ ကိန်းများခွဲခြင်း ကဲ့သို့သော လက်တွေ့ လုပ်ငန်းများကို ဆောင်ရွက်တတ်ရန်။
- ဒြပ်ရှိနှင့် ဒြပ်မဲ့(စိတ်တွက်) ကျိုးကြောင်းဆက်စပ်တွေးတောခြင်း နှစ်ခုစလုံးဖြင့် နေရာလိုက်တန်ဖိုး၊ အုပ်စုဖွဲ့စည်းခြင်းနှင့် ကိန်းပြောင်းဖွဲ့ခြင်း(ကိန်းဖလှယ်ခြင်း)တို့ အပေါ် ကျောင်းသားများ၏ နားလည်မှုကို စစ်ဆေးအကဲဖြတ်ပြီး ကျောင်းသား၏ တိုးတက်မှုကို တိုင်းတာရန်။
- နေရာလိုက်တန်ဖိုးရောထွေးခြင်း၊ အုပ်စုပြန်လည်ဖွဲ့စည်းခြင်းကဲ့သို့သော အခက်အခဲများကို ဖော်ထုတ်တတ်ရန်နှင့် ၎င်းတို့ကို ကျော်ဖြတ်နိုင်သည့် သင်ထောက်ကူပစ္စည်းများနှင့် လုပ်ငန်းများ အသုံးပြုတတ်ရန်။
Learning Outcomes
ဤသင်တန်းအပြီးတွင် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည် -
- အုပ်စုဖွဲ့စည်းခြင်း၊ နေရာလိုက်တန်ဖိုး၊ ကိန်းပြောင်းဖွဲ့ခြင်း(ကိန်းဖလှယ်ခြင်း)တို့ အပါအဝင် အဓိက ကိန်းတွက်ချက်မှုအသိသညာများ သတ်မှတ်ဖော်ထုတ်နိုင်မည်။
- သင်္ချာဘာသာရပ်ဆိုင်ရာ အခြေခံလုပ်ထုံးများဖြင့် အုပ်စုဖွဲ့ခြင်း၊ နေရာလိုက်တန်ဖိုးနှင့် ကိန်းပြောင်းဖွဲ့ခြင်း(ကိန်းဖလှယ်ခြင်း)များက ကိန်းအသိဖွံ့ဖြိုးမှုနှင့် ပြဿနာဖြေရှင်းခြင်း ကို မည်သို့ ပံ့ပိုးပေးနိုင်သည်ကို ရှင်းပြနိုင်မည်။ ဂဏန်းများ၊ နေရာလိုက်တန်ဖိုးနှင့် ကိန်းဖွဲ့စည်းပုံတို့အကြား ဆက်စပ်မှုကို ကျောင်းသားများ နားလည်နိုင်စေသော သင်ထောက်ကူပစ္စည်းများ (တစ်ဆယ်အခြေပြု လေးထောင့်ကွက်များ၊ ကိန်းမျဉ်းများ)ကို အသုံးပြုသည့် လက်တွေ့ လုပ်ငန်းများကို ဖန်တီးတတ်မည်။
- ကျောင်းသားများ၏ နေရာလိုက်တန်ဖိုးနှင့် အုပ်စုဖွဲ့ခြင်းကို ကောင်းစွာနားလည်နိုင်စွမ်းနှင့် ကိန်းပြောင်းဖွဲ့ခြင်း (ကိန်းဖလှယ်ခြင်း) လုပ်နိုင်စွမ်းတို့ကို တိုင်းတာနိုင်သည့် ကိန်းတွက်ချက်မှု အသိသညာ တတ်ကျွမ်းမှုကို အကဲဖြတ်နိုင်မည်။
- ကိန်းတွက်ချက်မှု သင်ကြားနည်းကို မြှင့်တင်ပေးနိုင်ရန်နှင့် စိတ်ဝင်စားဖွယ် ကျောင်းသား ဗဟိုပြုသင်ယူမှုအတွေ့အကြုံများကို ဖန်တီးနိုင်ရန် လက်တွေ့ကိုင်တွယ်အသုံးပြုနိုင် သောပစ္စည်းများနှင့် သင်ကြားရေးပစ္စည်းများကို ပေါင်းစပ် အသုံးပြုနိုင်သည့် နည်းလမ်းကို လေ့လာဖော်ထုတ်နိုင်မည်။
Please login to take this course
Lectures
မိတ်ဆက်
၁။ ကျောင်းသားများ အောင်မြင်မှုအတွက် အခြေခံကျသော သင်္ချာစွမ်းရည်များ
ကိန်းကြီးများရေးသားခြင်းအတွက် ကိန်းရေတွက်မှုစနစ်အမျိုးမျိုး
ကိန်းရေတွက်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်လာပုံ
ကိန်းစနစ်များတွင် အုပ်စုဖွဲ့စည်းခြင်း
ကိန်းပြောင်းဖွဲ့ခြင်းများ (လဲလှယ်ခြင်းများ)
နေရာလိုက် ကိန်းစနစ်၏ အခြေခံမူများ
ကိန်းစဉ်ထားရှိပုံ နည်းစနစ်( Algorithm)
သုည၏ အခန်းကဏ္ဍ
သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ
၂။ သင်္ချာစွမ်းရည်အား ကျွမ်းကျင်ပိုင်နိုင်ခြင်း - အဆင့်ဆင့်ချဉ်းကပ်နည်း
အရာဝတ္ထုများကို ရေတွက်ရန် အုပ်စုဖွဲ့ခြင်း
အရာဝတ္ထုအစုတစ်ခုကို အုပ်စုဖွဲ့၍ ရေတွက်ခြင်း
အလဲအလှယ် ပြုလုပ်ခြင်း (ကိန်းပြောင်းဖွဲ့ခြင်း) - ၁၀ ခုနှင့် ၁ ခု
ဖလှယ်ခြင်း (ကိန်းပြောင်းဖွဲ့ခြင်း) ဖြင့် အရာဝတ္ထုအစုများကို ရေတွက်ခြင်းနှင့် စုစည်းခြင်း
နေရာလိုက် ကိန်းရေတွက်မှုကို အသုံးပြုခြင်း
နေရာလိုက်တန်ဖိုးကို ရာနေရာနှင့် ထောင်နေရာ အထိ အကျယ်ချဲ့ခြင်း
သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ
၃။ သင်္ချာကို ပျော်ရွှင်ဖွယ် သင်ကြားနည်းများ - အပြန်အလှန်တုံ့ပြန်ပါဝင်နိုင်သော နည်းဗျူဟာများနှင့် စာသင်ခန်းတွင်းလုပ်ငန်းများ
ပုရွက်ဆိတ် အုပ်စုဖွဲ့ခြင်းကစားနည်း
ဖလှယ်ခြင်း(ကိန်းပြောင်းဖွဲ့ခြင်း) - (၁၀ နှင့် ၁) – စုပြီး ကိန်းပြောင်းဖွဲ့သည့် ကစားနည်း
တစ်ခုစီနှင့် ဆယ်ခုစီ ခုန်ခြင်း
အရောင်းအဝယ်ကစားနည်း
ပစ်မှတ်ကစားနည်း
ရဲတိုက်ကစားနည်း
ရေတွက်သည့် ကိရိယာ(Counter) အသုံးပြုခြင်း
သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ
၄။ ပြီးပြည့်စုံသော စစ်ဆးအကဲဖြတ်မှုများနှင့် လူတိုင်းအကျုံးဝင်မှုရှိသော သင်ကြားရေး နည်းလမ်းများ
ကလေး၏ တုံ့ပြန်မှုများနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် ကိန်းစနစ်အပေါ် နားလည်တတ်မြောက်မှုကို အကဲဖြတ်ခြင်း
ကြုံတွေ့နိုင်သော အခက်အခဲများ
လိုက်လျောညီထွေဖြစ်စေသော သင်ယူမှုလမ်းကြောင်းများ
သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ
၅။ ကုန်ကျစရိတ်သက်သာသော အရင်းအမြစ်များဖြင့် သင်္ချာသင်ကြားရေး ကိရိယာများ ဖန်တီးခြင်း
ရေတွက်ခြင်းဆိုင်ရာ ပစ္စည်းကိရိယာများ
ကတ်ပြားများ - ကိန်းများ၏ ပမာဏအခြေပြု ရုပ်ပြပုံ (Analog) နှင့် ကိန်း သင်္ကေတ ကိုယ်စားပြုမှုများ
တစ်ခုစီနှင့် တစ်ဆယ်စီ ကျော်၍(ခုန်၍)ရေတွက်ခြင်း
ပစ်မှတ်ကစားနည်း
ရဲတိုက်ကစားနည်း
လက်လှည့် ကိန်းရေတွက်သည့် ကိရိယာ ပြုလုပ်ခြင်း
သင်ခန်းစာ (၅) - ဉာဏ်စမ်းမေးခွန်းများ
Summary
အနှစ်ချုပ်
အနှစ်ချုပ် - ဗီဒီယို
Related Courses
