မော်ဂျူး (၆) ကိန်းကိုယ်စားပြုဖော်ပြမှုများ
5
(1 Reviews)
Certified
6 hour(s)
308 Enrollment(s)
269 View(s)

Share On :
Course Description
Course Objectives
အစောပိုင်းကာလ သင်္ချာပညာရေးတွင် ကိန်းကိုယ်စားပြုမှုများဆိုင်ရာ အသိသညာသည် အခြေခံကျသည်။ ၎င်းသည် ကိန်းများအကြောင်းနှင့် ကိန်းများကို အခြေအနေ အမျိုးမျိုးတွင် အသုံးပြုနည်းတို့ကို နားလည်မှုအတွက် အခြေခံဖြစ်သည်။ ကိန်းများသည် နားလည်ရခက်ခဲသော သဘောတရားများဖြစ်ပြီး ကလေးများအနေဖြင့် ခိုင်မာသော၊ လက်တွေ့ကျသော ကိုယ်စားပြုမှုများဖြင့် ချိတ်ဆက်ဖော်ပြထားရပါမည်။ ဤကိုယ်စားပြုမှုများတွင် စကားလုံး (ပြောဆိုသော သို့မဟုတ် စကားလုံးပုံစံရေးသားထားသော ကိန်းများ)၊ အမြင် (ကိန်းဂဏန်းများ)၊ ပမာဏအခြေပြုရုပ်ပြပုံ (Analog) (ပမာဏများ သို့မဟုတ် အစက်များ၊ လက်ချောင်း များကဲ့သို့ နေရာချထားမှုပုံစံများ) ကိုယ်စားပြုမှု များပါဝင်သည်။ ဤကိုယ်စားပြုမှုများသည် သင်ယူသူများအား ကိန်းဆိုင်ရာ အသိသညာများကို နည်းလမ်းအမျိုးမျိုးဖြင့် စွဲမြဲစွာ နားလည်နိုင်စေရန် ကူညီပေးသည်။
ဤသင်တန်း၏ ရည်ရွယ်ချက်မှာ -
- ကလေးသူငယ်များ အစောပိုင်းကာလသင်ယူသည့် အခြေအနေများနှင့် ဆက်စပ်ပြီး ထင်သာမြင်သာသည့် ဥပမာများဖြင့် အမျိုးမျိုးသောသင်္ကေတများ(ကုဒ်များ) အထူးသဖြင့် ပမာဏ အခြေပြုရုပ်ပြပုံကုဒ်များ (Analog Codes) ကို ရှင်းပြတတ်ရန်
- ကိန်းကိုယ်စားပြုမှုပုံစံအမျိုးမျိုး ဖွံ့ဖြိုးလာပုံနှင့် ပေါင်းစပ်သင်ယူပုံကို အဓိက သိမှုအဆင့်များနှင့် ထိရောက်သည့် သင်ကြားရေးနည်းလမ်းများဖြင့် ရှင်းပြတတ်ရန်
- အစောပိုင်းကာလ သင်္ချာသင်ကြားမှုတွင် ကိန်းကိုယ်စားပြုမှုများကို စုစည်းသင်ယူနိုင်စေမည့် သင်ကြားရေးဗျူဟာများကို အသုံးချတတ်ရန်
- စကားလုံး(Verbal)၊ အမြင်(Visual)နှင့် ပမာဏအခြေပြုရုပ်ပြပုံ(Analog) ကုဒ် များကို နားလည်သဘောပေါက်ပြီး ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အသက်အရွယ်နှင့် ကိုက်ညီသောလုပ်ငန်းများနှင့် ကစားနည်းများကို ရွေးချယ် အကောင်အထည်ဖော်နိုင်ရန်
- ကျောင်းသားများ၏ ကိန်းကိုယ်စားပြုမှုများဆိုင်ရာ ကျွမ်းကျင်မှုနှင့် ၎င်းတို့အကြား ကူးပြောင်းအသုံးချနိုင်စွမ်းကို အထူးသတ်မှတ်ထားသော အကဲဖြတ်နည်းစနစ်များ နှင့် အကဲဖြတ်စံနှုန်းများဖြင့် စနစ်တကျ အကဲဖြတ်တတ်ရန်
- လူတိုင်းအကျုံးဝင်မှုရှိပြီး တုံ့ပြန်မှုရှိသော သင်ကြားရေးအလေ့အကျင့်ကောင်းများ ဖြစ်စေရေးအတွက် ကိန်းကိုယ်စားပြုနှင့် ဆက်စပ်သော သင်ယူမှုအခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် ရည်ရွယ်ထားသော ကြားဝင်ဆောင်ရွက်မှုများ (targeted interventions) ကိုအသုံးပြုရန် တို့ဖြစ်ပါသည်။
Learning Outcomes
- ကိန်းများ၏ ကိုယ်စားပြုမှုအခြေခံ (၃) မျိုးဖြစ်သည့် ရုပ်ပုံ/ပစ္စည်းစစ်(Analog) (ပမာဏအခြေပြု)၊ နှုတ်ပြောစကားလုံး (ကိန်းစကားလုံး)နှင့် ကိန်း(သင်္ကေတ) သင်္ကေတကုဒ်များကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
- ကိန်းဂဏန်းသင်္ကေတ၊ ပမာဏအခြေပြုရုပ်ပြပုံ နှင့် စကားလုံးတို့ဖြင့် ဖော်ပြသော ကိန်းကိုယ်စားပြုမှု များနှင့် ပတ်သက်၍ ကလေးများ၏ နားလည်မှု ဖွံ့ဖြိုးလာပုံကို လေ့လာဆန်းစစ် နိုင်မည်။ ရေတွက်ခြင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ရေတွက်ခြင်း၊ အမြင်ဖြင့် ဖော်ပြချက်များနှင့် နေ့စဉ်သုံးဘာသာစကားတွင်ပြောခြင်းကဲ့သို့သော လုပ်ငန်းများဖြင့် ဤကိန်းကိုယ်စားပြုမှုပုံစံများအကြား ချိတ်ဆက်မှုများ တည်ဆောက်ထားပုံကို ဆန်းစစ်နိုင်မည်။
- အသိသညာဆိုင်ရာနားလည်မှုကို မြှင့်တင်ပေးကာ ကျောင်းသားများ၏ ကိန်းကိုယ်စားပြုမှုဆိုင်ရာ တတ်ကျွမ်းမှုအား ပံ့ပိုးပေးသည့် မျှော်မှန်းထားသော လုပ်ငန်းများကို တီထွင်ဖန်တီးနိုင်မည်။
- ကျောင်းသားများ၏ ကိန်းကိုယ်စားပြုသင်္ကေတကုဒ်အမျိုးမျိုးကို နားလည်မှုနှင့် အသုံးချနိုင်မှု တိုးတက်ခြင်းကို သင့်လျော်သော အကဲဖြတ်နည်းလမ်းများဖြင့် စိစစ်နိုင်မည်။
- မတူညီသောသင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကိန်းဆိုင်ရာ အသိသညာများကို ထိရောက်စွာ သင်ယူနိုင်ရေးအတွက် သင်ကြားရေး နည်းဗျူဟာများနှင့် လုပ်ငန်းများကို ပြုပြင်ညှိနှိုင်းတတ်မည်။
- ကိန်းကိုယ်စားပြုမှုများနှင့်ပတ်သက်သည့် သင်ကြားမှုကို ပံ့ပိုးနိုင်ရေးနှင့် ကျောင်းသားများ၏ နားလည်မှုကို မြှင့်တင်နိုင်ရေးတို့အတွက် သင်ကြားရေး ပစ္စည်းများနှင့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချတတ်မည်။
Please login to take this course
Lectures
မိတ်ဆက်
၁။ ကျောင်းသားများ အောင်မြင်မှုအတွက် အခြေခံကျသော သင်္ချာစွမ်းရည်များ
ကိန်းများ၏ ကိုယ်စားပြုမှု (၃) မျိုး
ပမာဏအခြေပြုရုပ်ပြပုံကုဒ်၏ ကိုယ်စားပြုမှုများ (Analog)
နှုတ်ပြောစကားလုံးကုဒ်၏ ကိုယ်စားပြုမှုများ (Verbal Code)
ကိန်းဂဏန်းကုဒ်၏ကိုယ်စားပြုမှုများ (numerical code)
ကိန်းမျဉ်း
သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ
၂။ သင်္ချာစွမ်းရည်အား ကျွမ်းကျင်ပိုင်နိုင်ခြင်း - အဆင့်ဆင့်ချဉ်းကပ်နည်း
ကိန်းကိုယ်စားပြုမှု ကုဒ်စနစ်သုံးမျိုးဖွံ့ဖြိုးမှု (ရှေးဦးအရွယ် ကလေးသူငယ်)
ကိန်းများ၏ အစောဆုံးကိုယ်စားပြုမှုများ - နှုတ်ပြောစကားလုံးနှင့် ပမာဏ အခြေပြုရုပ်ပြပုံ ကုဒ်များ
ပထမဆုံးကိန်းများအတွက် ပမာဏအခြေပြုရုပ်ပြပုံကုဒ်
ပမာဏအခြေပြုရုပ်ပြပုံကုဒ် (Analog Code) ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိရောက်မှု
ကိန်းစကားလုံးပေါ်ထွက်လာခြင်း - ဘာသာစကားကို အရေအတွက်နှင့် ချိတ်ဆက်ခြင်း
ကိန်းကိုယ်စားပြုမှု ဖွဲ့စည်းတည်ဆောက်ပုံ
ကိုယ်စားပြုမှု ၃ မျိုး ဆက်စပ်နားလည်မှု(ဟန်ချက်ညီညှိနှိုင်းပေးမှု)
ကိန်းစဉ်နှင့် ကိန်းမျဉ်း
သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ
၃။ သင်္ချာကို ပျော်ရွှင်ဖွယ် သင်ကြားနည်းများ - အပြန်အလှန်တုံ့ပြန်ပါဝင်နိုင်သော နည်းဗျူဟာများနှင့် စာသင်ခန်းတွင်းလုပ်ငန်းများ
လက်တွေ့ကစားနည်းများ
လမ်းကြောင်းပြည့်အောင် ဖြည့်ရသည့် ကစားနည်း
အန်စာတုံးလှိမ့်၍ အကွက်ရွှေ့ကစားရသော ကစားနည်းများ - ဘဲငန်းကစားနည်း၊ မြွေနှင့် လှေကားများ၊ မြင်းကလေးများ
လိုအပ်သောအရေအတွက်ကိုမှာယူခြင်း
ကိန်းစဉ်ပါသည့်လုပ်ငန်းများ
ကိန်းမျဉ်းပါသည့် လုပ်ငန်းများ
သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ
၄။ ပြီးပြည့်စုံသော စစ်ဆးအကဲဖြတ်မှုများနှင့် လူတိုင်းအကျုံးဝင်မှုရှိသော သင်ကြားရေး နည်းလမ်းများ
ကိန်းကိုယ်စားပြုမှုကို လေ့လာသည့်အဆင့်များ - ကလေးများ၏ တုံ့ပြန်မှုများ
ကြုံတွေ့နိုင်သောအခက်အခဲများ
လိုက်လျောညီထွေဖြစ်စေသော သင်ယူမှုလမ်းကြောင်းများ
သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ
၅။ ကုန်ကျစရိတ်သက်သာသော အရင်းအမြစ်များဖြင့် သင်္ချာသင်ကြားရေး ကိရိယာများ ဖန်တီးခြင်း
အရာဝတ္ထုငယ်များ
အမျိုးမျိုးသောကိုယ်စားပြုမှုများအတွက် ကတ်များ
အန်စာတုံးအဆင်ပုံစံများ
ဘုတ်ပြားကစားနည်းများ
အစုလိုက်ခင်းကျင်းပြသမှုများနှင့် ကိရိယာများ
Summary
အနှစ်ချုပ်
အနှစ်ချုပ် - ဗီဒီယို
Related Courses
