Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မော်ဂျူး (၅) ကိန်းဂဏန်းများ

5

(1 Reviews)

Certified

6 hour(s)

430 Enrollment(s)

776 View(s)

Share On :

Course Description

ဤသင်တန်းသည် ကိန်းများနှင့်သက်ဆိုင်သော အခြေခံအသိသညာများကို မိတ်ဆက် ပေးပြီး ဤနယ်ပယ်တွင် ဆရာများအတွက် မရှိမဖြစ်လိုအပ်သော သင်္ချာစွမ်းရည်များကို ရှင်းလင်းဖော်ပြထားသည်။ ထို့အပြင် ကလေးများ၏ ကိန်းတည်ဆောက်မှုအဆင့်များနှင့် ဤဖွံ့ဖြိုးမှုကို အားပေးသည့် သင်နည်းဗေဒဆိုင်ရာနည်းဗျူဟာများကိုလည်း တင်ပြထား သည်။ ဤသင်တန်းတွင် အရေအတွက်များကို ခန့်မှန်းခြင်း၊ နှိုင်းယှဉ်ခြင်း၊ ရေတွက်ခြင်း မပြုဘဲ အနည်းငယ်သောပမာဏများကို မှတ်မိနိုင်ခြင်း၊ ကိန်းဂဏန်းများ၏ တည်ဆောက် ပုံနှင့် ထိရောက်စွာအသုံးပြုနည်းများကို နားလည်စေခြင်းတို့အတွက် ဆရာများက ကျောင်းသားများကို လမ်းညွှန်ရာတွင် ကူညီပေးမည့် သင်ကြားနည်းမျိုးစုံနှင့် သင်ထောက်ကူပစ္စည်းများ(အရင်းအမြစ်များ)ပါဝင်သည်။ ဆရာများသည် ကျောင်းသား များ၏ တိုးတက်မှုကို အကဲဖြတ်ရန် စံညွှန်းများ (benchmarks) ရရှိထားပြီး ထိုအချက်အလက်များကို အခြေခံ၍ သင်ယူနိုင်စွမ်းအမျိုးမျိုးအလိုက် သင်ယူစေခြင်း(differentiation) နှင့် အားလုံးပါဝင်နိုင်သော ပညာရေး (inclusion) ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဆရာများသည် ဈေးနှုန်းချိုသာပြီး ရိုးရှင်းသော ပစ္စည်းများ၊ ပညာရေးဆိုင်ရာ ကစားနည်းများကို အသုံးပြု၍ သင်ယူမှုကို လွယ်ကူပျော်ရွှင်စေမည့် နည်းလမ်းများကို လေ့လာရမည်ဖြစ်သည်။ နေ့စဉ်အသုံးပြုနေ သော ဝတ္ထုပစ္စည်းများ၊ သဘာဝပစ္စည်းများနှင့် ရိုးရှင်းသောနည်းစနစ်များကို ဖန်တီးကြံဆအသုံးချခြင်းဖြင့် ကျောင်းသားများအတွက် အပြန်အလှန်တုံ့ပြန်မှုရှိပြီး လက်တွေ့အသုံးချနိုင်သည့် သင်ခန်းစာများကို ဒီဇိုင်းဆွဲနိုင်မည်ဖြစ်သည်။

Course Objectives

သင်္ချာဘာသာရပ်တွင် ကိန်းဂဏန်းများအကြောင်း သိရှိခြင်းသည် ပထမဆုံးသော အရည်အချင်းဖြစ်သည်။ ကိန်းဂဏန်းများကို တည်ဆောက်တတ်ခြင်းသည် ကလေးများ၏ သင်္ချာစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆင့်တစ်ခုဖြစ်သည်။ ကိန်းဂဏန်းဆိုင်ရာ အခြေခံသဘောတရားများကို နားလည်ခြင်းဖြင့် ကလေးများသည် အရာဝတ္ထုအစုအဝေးများကို နားလည်ပြီး အရေအတွက်အနေဖြင့် တိုင်းတာနိုင်မည်ဖြစ်သည်။ ကိန်းတစ်ခုသည် အရေအတွက်တစ်ခုကို ကိုယ်စားပြုကြောင်း သိရှိပါက ၎င်းတို့သည် ထိုအရေအတွက်များကို နှိုင်းယှဉ်ခြင်း၊ ပေါင်းခြင်း နှင့် နုတ်ခြင်းများကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဤသင်တန်း၏ ရည်ရွယ်ချက်မှာ -
  • လူသားသမိုင်းတစ်လျှောက် ကိန်းပြည့်များ (integers) တည်ဆောက်ပုံ၊ ကိန်းဂဏန်းများ၏ အခန်းကဏ္ဍနှင့် အသုံးဝင်ပုံကို ရှင်းလင်းဖော်ပြရန်
  • ကလေးငယ်များအား ကိန်းဂဏန်းများ သင်ကြားရာတွင် အဆင့်ဆင့်လုပ်ဆောင်ရမည့် နည်းလမ်းများကို တင်ပြရန်
  • ကိန်းများ သင်ယူမှုကို အားပေးမည့် ပညာရေးဆိုင်ရာကစားနည်းများနှင့် နည်းဗျူဟာ များကို မိတ်ဆက်ပေးရန်
  • ကိန်းတည်ဆောက်မှုဆိုင်ရာ ကွဲပြားသော သင်ယူမှုလိုအပ်ချက်များအတွက် အကဲဖြတ်ရန် ကိရိယာများနှင့် နည်းလမ်းများကို ပံ့ပိုးပေးရန်
  • ဤမော်ဂျူးအတွက် အထောက်အကူပြု သင်ထောက်ကူပစ္စည်းများနှင့် ကိရိယာများ ကို ဖန်တီးပေးရန် တို့ဖြစ်ပါသည်။

Learning Outcomes

ဤသင်တန်းအပြီးတွင် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်
  • ကိန်းပြည့်များ (integers) အကြောင်းနည်းလည်ပြီး ကိန်းဆိုင်ရာအသိသညာများ တည်ဆောက်ပုံကိုနားလည်မည်။
  • ကလေးများအား ကိန်းဂဏန်းများ သင်ကြားရာတွင် အဆင့်ဆင့်လိုက်နာရမည့် နည်းလမ်းများကို သိရှိမည်။
  • စာသင်ခန်းအတွင်းပြုလုပ်နိုင်သော လုပ်ငန်းများနှင့် ကစားနည်းများကို အသုံးပြု၍ ကလေးများအနေဖြင့် ကိန်းများကို လွယ်ကူစွာ သင်ယူနိုင်ရန် ကူညီပေးနိုင်မည်။
  • ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်မှုများကို ဆန်းစစ်၍ ၎င်းတို့၏ တိုးတက်မှု၊ အခက်အခဲများနှင့် ပထမဆုံးကိန်းများအပေါ် နားလည်မှုတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သိရှိနိုင်မည်။
  • ကွဲပြားသော သင်ယူသူများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် သင့်လျော်သော ဖြည့်ဆည်းသင်ကြားမှုများ (remediations)ကို အကောင်အထည် ဖော်နိုင်မည်။
  • ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ၊ နေ့စဉ်အသုံးပြုနေသောအရာဝတ္ထုများနှင့် ရိုးရှင်း ပြီး ပါဝင်ချိတ်ဆက်စေနိုင်မှု အားကောင်းသော ကစားနည်းများကိုအသုံးပြု၍ အစောပိုင်းကာလ သင်္ချာအတွက်အချက်များ သင်ကြားရန် ပညာရေးဆိုင်ရာ အရင်းအမြစ်ပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို ဖန်တီးနိုင်မည်။

Please login to take this course

မိတ်ဆက်

အစုတစ်ခု၏ အများနှင့်သက်ဆိုင်သောဂုဏ်သတ္တိအဖြစ်ရှိနေသည့်ကိန်းဂဏန်းများ  

ကိန်းဆိုင်ရာအမြင်အမျိုးမျိုး

ကိန်းများ၏လုပ်ဆောင်ချက်များ

ကိန်းများ၏ သမိုင်းကြောင်း

ရေတွက်ခြင်းဆိုသည်မှာ အဘယ်နည်း။  

သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ

အရေအတွက်များကို နှိုင်းယှဉ်ခြင်းနှင့် ခန့်မှန်းခြင်း - ပိုများသည်၊ နည်းသည်၊ အတူတူဖြစ်သည်

တစ်ခုချင်းရေတွက်ခြင်း - အရာဝတ္ထုများ၏ အမည်အဖြစ် ကိန်းများအသုံးပြုခြင်း

အလွန်သေးငယ်သောပမာဏများကို ရေတွက်ရန်မလိုဘဲ သိရှိခြင်း

အရာဝတ္ထုချင်းယှဉ်တွဲရေတွက်ခြင်း - အရေအတွက်ပြကိန်း တည်ဆောက်ခြင်း  

အရာဝတ္ထု ၁ ခု၊ ၂ ခု သို့မဟုတ် ၃ ခုပါသော အစုများ ဖန်တီးတတ်စေခြင်း

ညွှန်ပြခြင်းဖြင့် ရေတွက်ရန် သင်ယူခြင်း  

သင်္ကေတများဖြင့် ကိုယ်စားပြုဖော်ပြခြင်း

၁၀ အထိ နှင့် ၃၀ အထိ ကိန်းစဉ်များကို သင်ယူမှု အဆင့်ဆင့်

တစ်ခုချင်းစီယှဉ်တွဲရေတွက်ခြင်းကို အသုံးပြု၍ အရာဝတ္ထု ၁၀ ခုမှ အခု ၃၀ အထိ အစုများ စုဖွဲ့ခြင်း

သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ

ကိန်းစဉ်ကို ကဗျာဖြင့်လေ့လာခြင်း၊ ရေတွက်ခြင်း၊ ညွှန်ပြ၍ရေတွက်ခြင်း  

တေးကဗျာများကို ပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

ရေတွက်ခြင်း၊ ညွှန်ပြခြင်းဖြင့်ရေတွက်ခြင်း  

ကျောင်းသားများကို ရေတွက်ခြင်း

အန်စာတုံးလှိမ့်၍ အကွက်ရွှေ့ကစားရသော ကစားနည်းများ - ဘဲငန်းကစားနည်း၊ မြွေနှင့် လှေကားများ၊ မြင်းကလေးများ

အရာဝတ္ထု ၁ ခု သို့မဟုတ် ပိုများသည့် အရာဝတ္ထုများကို  စုဆောင်းထားသည့် ဗူးများ (၆ ခု၊ ၁၀ ခု အထိ)

စာသင်ခန်းအတွင်းရှိ အရာဝတ္ထုအစုများကို ရှာဖွေခြင်း

ကိန်းများပါသည့် စာအုပ်ကြီးပြုလုပ်ခြင်း

ကစားနည်းများ

သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ

ကလေး၏တုံ့ပြန်မှုများနှင့် လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်ခြင်းဖြင့် ကိန်းသိရှိမှုအဆင့်ကို ဖော်ထုတ်ခြင်း

ကြိုတင်မြင်နိုင်သော အခက်အခဲများ

လိုက်လျောညီထွေဖြစ်စေသော သင်ယူမှုလမ်းကြောင်းများ 

သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ

အရွယ်အစားနှင့် အရောင်အမျိုးမျိုးရှိသော ပလတ်စတစ်အဖုံးများ

အရာဝတ္ထုတစ်မျိုးကို အခြားအရာဝတ္ထုတစ်မျိုးနှင့် ယှဉ်တွဲဆက်စပ်ခြင်းအတွက် အရာဝတ္ထုငယ်များ

အန်စာတုံးအဆင်ပုံကတ်ပြားများ

ဘတ်စ်ကားနှင့် ခရီးသည်များ ကစားနည်း

သင်ခန်းစာ (၅) - ဉာဏ်စမ်းမေးခွန်းများ

အနှစ်ချုပ်

အနှစ်ချုပ် - ဗီဒီယို

Related Courses

chatGPTicon
;