Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မော်ဂျူး (၄) စောင့်ကြည့်လေ့လာခြင်းအဆင့် - အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းအတွက် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE)

5

(12 Reviews)

Certified

15 hour(s)

411 Enrollment(s)

3497 View(s)

Share On :

Course Description

မော်ဂျူးသည်  အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းများတွင် ပဋိပက္ခကိုထည့်သွင်းစဥ်းစားစဉ်းစားသောပညာရေး (CSE) ၏ အခြေခံမူများနှင့် နည်းလမ်းများကို ပေါင်းစပ်ထားသည့် မော်ဂျူး (၅) ခုအနက် လေးခုမြောက်ဖြစ်သည်။ ယခင်မော်ဂျူးများတွင် စီမံကိန်းရေးဆွဲခြင်းစက်ဝန်း အဆင့်များတွင် အဆင့်ဆင့်ရှိနေသော - တစ်ခါတစ်ရံ တစ်ပြိုင်နက်ပြုလုပ်ရသည့် အဆင့်များ ပါဝင်သည်ကို ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထိုအဆင့်များမှာ −

(၁) လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု

(၂)  ဒီဇိုင်းရေးဆွဲခြင်းအဆင့်

(၃) အကောင်အထည်ဖော်ခြင်းအဆင့်

(၄) စောင့်ကြည့်လေ့လာခြင်း အဆင့်

(၅) အကဲဖြတ်သုံးသပ်ခြင်းအဆင့်

ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော  အခင်းအကျင်းတစ်ခုတွင် ပညာရေးအစီအစဉ်များကို စောင့်ကြည့်လေ့လာခြင်းသည် ခက်ခဲသည်။ စောင့်ကြည့်လေ့လာခြင်း၏ အရေးကြီးပုံကို သေချာစွာ နားမလည်ခြင်း၊ ပစ္စည်းကိရိယာများ မရှိခြင်း၊ ရင်းမြစ်များ၊ အချိန်နှင့် လုပ်နိုင်စွမ်းများ မရှိခြင်း အစရှိသော ရှုပ်ထွေးခက်ခဲသော အကြောင်းရင်းများကြောင့် စိန်ခေါ်မှုများလည်း ရှိနိုင်သည်။ သို့ရာတွင် စောင့်ကြည့်လေ့လာခြင်းသည် စီမံကိန်းတစ်ခု၏ ထိရောက်မှုအတွက် များစွာအရေးပါသည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားသော နေရာများတွင် ပညာရေးစီမံကိန်းတစ်ခုတွင် ပဋိပက္ခကိုထည့်သွင်းစဉ်းစားမှုကို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အဆင့်တစ်လျှောက်လုံးတွင်  စစ်ဆေးရန် ပို၍ပင် အရေးပါသည်။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် စောင့်ကြည့်လေ့လာခြင်းသည် ပညာရေးစီမံကိန်းများကြောင့် ရပ်ရွာအတွင်းရှိ တင်းမာမှုနှင့် သဘောထား မတူညီမှုများ ပို၍ဆိုးရွားမလာစေကြောင်းကို သေချာစေသည်။ ပညာရေးစီမံကိန်းသည် ၎င်း၏ကနဦး ပန်းတိုင်များနှင့် ရည်ရွယ်ချက်များမှ သွေဖည် မသွားစေရန်ကိုလည်း သေချာစေပါသည်။

သင်တန်း၏ ဦးတည်အုပ်စု

မော်ဂျူးကို မြန်မာနိုင်ငံတွင်း ပညာရေးကဏ္ဍတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ စီမံကိန်း သို့မဟုတ် စီမံချက်မန်နေဂျာများ အတွက် ရေးဆွဲပြုစုထားပါသည်။ ၎င်းတို့ စီစဉ်လုပ်ဆောင်နေကြသည့် သဘောသဘာဝ အမျိုးမျိုးရှိနိုင်သော အောက်ပါ သင်ယူမှုဆိုင်ရာ အစပျိုးလုပ်ဆောင်မှုများအတွက် ဦးတည်ဖန်တီးထားခြင်းဖြစ်ပါသည် -

  • ကျောင်းပညာရေးသင် (Formal)၊ နေ့စဉ်ဘဝအတွေ့အကြုံများမှ ရရှိသော ပညာရေးသင် (informal) နှင့် ကျောင်းပြင်ပ ပညာရေးသင် (non-formal) ကျောင်းများနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ  
  • ပုဂ္ဂလိက၊ အစိုးရနှင့် ရပ်ရွာကျောင်းများ 
  • မြို့ပြ၊ ကျေးလက်ဒေသနှင့် မြို့ပြမကျကျေးလက်မကျ (semi-rural) ဒေသများရှိ စာသင်ကျောင်းများ။

Course Objectives

မော်ဂျူးသည် မြန်မာနိုင်ငံ၏ပညာရေးနယ်ပယ်တွင် စောင့်ကြည့်လေ့လာခြင်း တာဝန်နှင့် လုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ခေါင်းဆောင်များ၊ အစီအစဥ်များ (သို့မဟုတ်) စီမံကိန်းမန်နေဂျာများကို စီမံချက်မန်နေဂျာများကို အထောက်အပံ့ပေးရန် ရည်ရွယ်သည်။ ဤမော်ဂျူးတွင်  အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ စီမံကိန်း/စီမံချက်မန်နေဂျာများအတွက် လမ်းပြမြေပုံတစ်ခုကိုပေး၍ အဓိကကျသည့် စောင့်ကြည့်လေ့လာသည့် လုပ်ငန်းတစ်ခုစီနှင့် လုပ်ငန်းအလိုက် အခြေခံတာဝန်များကို မည်ကဲ့သို့လုပ်ဆောင်ရမည်နှင့် ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို ပြောပြပေးရန် ရည်ရွယ်ပါသည်။

Learning Outcomes

မော်ဂျူးကို သင်ယူပြီးချိန်တွင် လေ့လာသူများသည် - 

၁။ စောင့်ကြည့်လေ့လာခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုတတ်မည်။

၂။ ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော  အခင်းအကျင်းများတွင်  စောင့်ကြည့်လေ့လာခြင်း၏အရေးပါပုံကို ရှင်းပြတတ်မည်။

၃။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင်  စောင့်ကြည့်လေ့လာခြင်းဥပမာများ  ပေးတတ်မည်။

၄။ စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ အညွှန်းကိန်းများကို ဖော်ပြတတ်မည်။

၅။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် စောင့်ကြည့်လေ့လာခြင်း၏ အဓိကအစိတ်အပိုင်းများကို ဖော်ပြတတ်မည်။

၆။ စောင့်ကြည့်လေ့လာခြင်း အစီအစဉ်ကို ဖော်ပြတတ်မည်။

၇။ စောင့်ကြည့်လေ့လာခြင်း၏ အသင့်လျော်ဆုံး အညွှန်းကိန်းများကို ရွေးချယ်တတ်မည်။

၈။ အခြေခံစည်းမျဉ်းနှင့် ရည်မှန်းချက်များကို ချမှတ်တတ်မည်။

၉။ အချက်အလက်များ (အချက်အလက်စာရင်းသွင်းခြင်းနှင့် အချက်အလက် သိမ်းဆည်းခြင်းကို မှန်ကန်စွာ လုပ်ဆောင်ခြင်း) ကို စီမံခန့်ခွဲတတ်မည်။

၁၀။ စောင့်ကြည့်လေ့လာသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာတတ်မည်။

၁၁။ စောင့်ကြည့်လေ့လာသည့် အချက်အလက်များကို အဓိပ္ပာယ်ဖော်ခြင်းနှင့် သတင်းပေးပို့ခြင်း၊ တွေ့ရှိချက်များကို တုံ့ပြန်ခြင်းများ ပြုလုပ်တတ်မည်။

၁၂။ စောင့်ကြည့်လေ့လာသည့်လုပ်ငန်းများ၏ ပဋိပက္ခအကဲဆတ်မှုကို စစ်ဆေးတတ်မည်။ 

၁၃။ စောင့်ကြည့်လေ့လာခြင်း၏ စိန်ခေါ်မှုများနှင့် အန္တရာယ်များကို ဖော်ပြတတ်မည်။

၁၄။ မတူညီသည့် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချနိုင်မည့်နည်းလမ်းများကို ပြုစုတတ်မည်။

Please login to take this course

မိတ်ဆက်

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော အခင်းအကျင်းတစ်ခုကို စောင့်ကြည့်လေ့လာခြင်း၏ အရေးပါပုံ

ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော အခင်းအကျင်းတစ်ခုကို စောင့်ကြည့် လေ့လာခြင်း၏ နမူနာများ

ပဋိပက္ခဖြစ်ပွားလေ့ရှိသော နေရာအခင်းအကျင်းတစ်ခုနှင့် ငြိမ်းချမ်းသော နေရာအခင်းအကျင်းတစ်ခုကို စောင့်ကြည့်လေ့လာခြင်းတို့ကြား ကွဲပြားချက်

သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၃)

စောင့်ကြည့်လေ့လာခြင်း အညွှန်းကိန်းများ၏ အရေးပါပုံ

ပဋိပက္ခကိုထည့်သွင်းစဥ်းစားသောပညာရေး (CSE) အခင်းအကျင်းတစ်ခုရှိ စောင့်ကြည့်လေ့လာခြင်း၏ အဓိကအစိတ်အပိုင်းများ

ပဋိပက္ခကို ထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတစ်ခုတွင် စောင့်ကြည့်လေ့လာခြင်း၏ နမူနာတစ်ခု

ပဋိပက္ခဖြစ်ပွားလေ့ရှိသောနေရာများရှိ အညွှန်းကိန်းများ၏ ဥပမာများ

သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ

ပြန်လည်သုံးသပ်ခြင်းလေ့ကျင့်ခန်း

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် ရှင်းလင်း ပြတ်သားသော ပန်းတိုင်များနှင့် ရည်မှန်းချက်များ ချမှတ်ခြင်း၏ လက်တွေ့လုပ်ဆောင်နိုင်သော နမူနာတစ်ခု

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် ရှင်းလင်း ပြတ်သားသော ပန်းတိုင်များနှင့် ရည်မှန်းချက်များ ချမှတ်ခြင်း၏ လက်တွေ့လုပ်ဆောင်နိုင်သော နမူနာတစ်ခု - အဆက်

စောင့်ကြည့်လေ့လာခြင်းအညွှန်းကိန်းများကို ရွေးချယ်ခြင်း

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် စောင့်ကြည့် လေ့လာခြင်းအညွှန်းကိန်းများကို ရွေးချယ်ရာတွင် အသုံးပြု၍ရနိုင်သော နမူနာတစ်ခု

အခြေခံများနှင့် ရည်မှန်းချက်များ သတ်မှတ်ခြင်း

အချက်အလက်စီမံခန့်ခွဲခြင်း

သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် အချက်အလက် ခွဲခြမ်းစိတ်ဖြာသည့် အခြေအနေ၏ အသုံးပြု၍ ရနိုင်သော နမူနာတစ်ခု

အချက်အလက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် အချက်အလက်ကို အဓိပ္ပာယ်ဖွင့်ဆိုသည့် အခြေအနေ၏ အသုံးပြု၍ ရနိုင်သော နမူနာတစ်ခု

အချက်အလက်များကို တင်ပြခြင်းနှင့် တွေ့ရှိချက်များကို တုံ့ပြန်ဆောင်ရွက်ခြင်း

ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေး (CSE) အခင်းအကျင်းတွင် အချက်အလက်များကို တင်ပြခြင်းနှင့် တွေ့ရှိချက်များကို တုံ့ပြန်ဆောင်ရွက်ခြင်း၏ အသုံးပြု၍ ရနိုင်သော နမူနာတစ်ခု

စောင့်ကြည့်လေ့လာသော လုပ်ငန်းများ၏ ပဋိပက္ခထည့်သွင်းစဉ်းစားမှုကို စစ်ဆေးခြင်း

သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေး (CSE)၏ လမ်းညွှန်စည်းမျဉ်းများကို ဆန်းစစ်ရန် အောက်ပါတို့အနက်မှ မှန်သောအဖြေအားလုံးကို ရွေးပါ။

လုံခြုံရေးနှင့် ဘေးကင်းရေးဆိုင်ရာ အန္တရာယ်များ

သွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များ

အချက်အလက် ခိုင်မာမှုနှင့် ယုံကြည်ကိုးစားနိုင်မှု

ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုများ

အခင်းအကျင်းဆိုင်ရာ အလေးပေးသတိပြုဖွယ်များ

ဘက်လိုက်ခြင်းနှင့် ကိုယ်စားပြုခြင်း

ပဋိပက္ခကို ပြောင်းလဲစေနိုင်သောအားများတွင် လျင်မြန်သော ပြောင်းလဲမှုများ

သင်ခန်းစာ (၅) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၅) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၅) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပြန်လည်သုံးသပ်ခြင်း

အနှစ်ချုပ်

အနှစ်ချုပ် - ဗီဒီယိုသင်ခန်းစာ

Related Courses

chatGPTicon
;