Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး (၄) ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ လူတိုင်းအကျုံးဝင်မှုနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း - ရပ်ရွာအခြေပြု ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး ကိုယ်တိုင်လမ်းညွှန်သင်ယူမှု

4.8

(12 Reviews)

Certified

6 hour(s)

1331 Enrollment(s)

1821 View(s)

Share On :

Course Description

ဤသင်တန်းတွင် ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာရေး၊ လူတိုင်းအကျုံးဝင်မှုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို အဓိကထား လေ့လာရမည်ဖြစ်သည်။ အထူးသဖြင့် ကိုယ်စိတ်ကျန်းမာရေးဆိုင်ရာ သင်ယူမှုအပေါ် အခြေခံ၍ ကျောင်းသားများအား ထိရောက်စွာ ပြုစုစောင့်ရှောက်နိုင်မည့် နည်းလမ်းများကို ဆက်လက် လေ့လာကြရမည်။ ဆရာ၊ ဆရာမများသည် ၎င်းတို့၏ ကျောင်းသားများ၏ အခြေခံအခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက၊ ကျောင်းသားများအတွက် ပြည့်စုံကောင်းမွန်သော စာသင်ခန်းပတ်ဝန်းကျင်တစ်ခုကို မည်သို့ ဖန်တီးပေးနိုင်မည်ကိုပါ လေ့လာသိရှိရမည် ဖြစ်သည်။

Course Objectives

ဤသင်တန်းသည် သမားရိုးကျ ဆရာအတတ်ပညာ သင်တန်းများကို တက်ရောက်ခဲ့ဖူးခြင်းမရှိသည့် ဆရာ၊ဆရာမများအတွက် အခြေခံကျွမ်းကျင်မှုများကို ဘက်စုံပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် ပါရှိသော သင်ခန်းစာများကို ဆရာ၊ဆရာမများ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလွယ်ပြင်လွယ် အသုံးချနိုင်မည် ဖြစ်ပါသည်။

Learning Outcomes

ဤသင်တန်းပြီးမြောက်ချိန်တွင် သင်တန်းတက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည် -

  • စာသင်ခန်းအတွင်းတွင် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ရန်၊ ထောက်ပံ့ကူညီရန်နှင့် မြှင့်တင်ပေးနိုင်ရန်် မတူညီသော နည်းဗျူဟာများကို အသုံးပြုနိုင်မည်။
  • ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် မတူညီသော နည်းလမ်းများကို ပြုစုနိုင်မည်။
  • သင်ကြားမှုတွင် လူမှုစိတ်ခံစားချက်ဆိုင်ရာ သင်ယူလေ့လာမှုနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာများကို   ပေါင်းစပ်ထည့်သွင်းနိုင်မည့် နည်းလမ်းများကို စီစဥ်နိုင်မည်။
  • သင်ကြားရေးတွင် လူတိုင်းအကျုံးဝင်မှုကို အလေးထားသည့် စိတ်နေစိတ်ထားကို အသုံးပြုနိုင်မည့် နည်းဗျူဟာများကို ဖော်ထုတ်နိုင်မည်။
  • ကျား−မရေးရာ လူတိုင်းအကျုံးဝင်ခြင်းကို ပို၍အားပေးသော စာသင်ခန်းများကို ဖော်ဆောင်မည့် နည်းဗျူဟာများကို အသုံးပြုနိုင်မည်။
  • ပညာရေးနှင့် သင်၏ ရပ်ရွာ အသိုင်းအဝိုင်း အားကောင်းလာစေရန် ရပ်ရွာနှင့် အတူ သင်လုပ်ဆောင်နိုင်သော နည်းဗျူဟာများကို ဖော်ထုတ်နိုင်မည်။
  • ကလေးတစ်ယောက်သည် မည်သည့် အချိန်တွင် ဘေးအန္တရာယ်ကျရောက်နိုင်ပြီး မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဖော်ထုတ်နိုင်မည်။
  • များစွာသော စာသင်ခန်းစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အပြုသဘောဆောင်သော စည်းကမ်းထိန်းသိမ်းခြင်းကို အသုံးပြုနိုင်မည်။
  • အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ရန်  ဤလမ်းညွှန်တွင် သင် သင်ယူခဲ့သောအရာများကို အသုံးချနိုင်မည်။

Please login to take this course

မော်ဂျူး မိတ်ဆက်

ကလေးသူငယ် အခွင့်အရေးများ

ကလေးသူငယ်အခွင့်အရေးများဆိုသည်မှာ အဘယ်နည်း။

ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ရန်၊ ထောက်ပံ့ကူညီရန်နှင့် မြှင့်တင်ပေးနိုင်ရန် ဆရာများပြုလုပ်နိုင်သည့် အခြားအရာများ

ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း

မာ့စ်လို၏ လိုအင်အဆင့်ဆင့် (Maslow’s hierarchy of needs) ဆိုသည်မှာအဘယ်နည်း။

ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းကို စောင့်​ရှောက်ရန် ဆရာများအတွက် အဘယ်ကြောင့် အရေးကြီးသနည်း။

ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းကို စောင့်​ရှောက်ရန် နည်းဗျူဟာများ

ကျောင်းသားများ၏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းကို ပံ့ပိုးပေးရန် နည်းဗျူဟာများ

လူမှုစိတ်ပိုင်းဆိုင်ရာ သင်ယူလေ့လာခြင်းနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာများ

အဓိက လူမှုစိတ်ခံစားချက်ဆိုင်ရာ စွမ်းရည် ငါးမျိုး

လူမှုစိတ်ခံစားချက်ဆိုင်ရာစွမ်းရည်များနှင့် ကျောင်းသားများကို ကူညီခြင်း

လူမှုစိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်များကို ဖွံ့ဖြိုးစေနိုင်သော ရိုးရှင်းသည့် နေ့စဥ် သင်ကြားမှုလုပ်ငန်းများ

လူမှုစိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်များကို ပံ့ပိုးပေးရန် အထူးပြုထားသော လုပ်ငန်းများ

ဘဝတွက်တာ ကျွမ်းကျင်စရာများ

အခန်း (၁) ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း - အနှစ်ချုပ်

အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

အခန်း (၁) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

ကျား၊မ ရေးရာ နှင့် ပညာရေး

ကျား−မရေးရာသည် လူမှုအသိုင်းအဝိုင်းနှင့် ပညာရေးတို့အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသနည်း။

ကျား−မရေးရာတုံ့ပြန်ကာကွယ်မှုသင်ကြားခြင်း

ရပ်ရွာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်ခြင်း

ဆရာများအနေဖြင့် ရပ်ရွာအသိုင်းအဝိုင်းနှင့် ပူးပေါင်းလုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။

ရပ်ရွာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု

အခန်း (၂) လူတိုင်းအကျုံးဝင် ပညာရေး - အနှစ်ချုပ်

အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

အခန်း (၂) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

ဘေးအန္တရာယ်နှင့် ကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများ

ပြင်းထန်သောစိတ်ဖိစီးမှု၏လက္ခဏာများကို အမျိုးအစားခွဲခြားခြင်း

စာသင်ခန်းစီမံခန့်ခွဲမှုကို နားလည်အောင်ပြုလုပ်ခြင်း

အပြစ်ပေးခြင်းနှင့် အပြုသဘောဆောင်သောစည်းကမ်းထိန်းသိမ်းခြင်း − ထိရောက်သော စာသင်ခန်းစီမံခန့်ခွဲမှုအတွက် အခြေခံစည်းမျဥ်းငါးခု

အပြုသဘောဆောင်သောစည်းကမ်း ထိန်းသိမ်းခြင်း၏ စည်းမျဥ်းများ

အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်များ

အခန်း (၃)။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း - အနှစ်ချုပ်

အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

အခန်း (၃) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

သင်တန်းအနှစ်ချုပ်

Related Courses

chatGPTicon
;