Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး (၃) စစ်ဆေးအကဲဖြတ်ခြင်းနှင့် လိုအပ်ချက်အလိုက် ပြောင်းလဲသင်ကြားခြင်း

3

(2 Reviews)

Certified

6 hour(s)

211 Enrollment(s)

1505 View(s)

Share On :

Course Description

ဤသင်တန်းသည် သင်္ချာဘာသာရပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဆိုသည်မှာ မည်သည်တို့ ဖြစ်ကြောင်း၊ ၎င်း၏ မူလဇာစ်မြစ်များနှင့် ဖြစ်ပေါ်ရသည့်အကြောင်းရင်းများကို ရှင်းလင်းစွာဖော်ပြ ထားသည်။ ပထမဦးစွာ ဂရုစိုက်မှုနှင့် ကျောင်းသားများအောင်မြင်ရေးအပေါ် အခြေခံသော သင်ကြားမှုနည်းလမ်းများက ဤစိုးရိမ်စိတ်ကို လျှော့ချရာတွင် မည်သို့ အထောက်အကူပြု နိုင်သည်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ထို့နောက် ဤသင်တန်းသည် စစ်ဆေးအကဲဖြတ်ခြင်း နှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲခြင်းအပေါ်တွင် အဓိက အလေးပေး ဖော်ပြထားပါသည်။ စစ်ဆေးအကဲဖြတ်ခြင်းဖြင့် ကျောင်းသားများ၏ လိုအပ်ချက်များကို တိကျစွာ သတ်မှတ်ဖော်ထုတ်နိုင်မည်ဖြစ်ပြီး သင်ယူနိုင်စွမ်းအမျိုးမျိုးအလိုက် သင်ယူစေခြင်းဖြင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။  ဤသင်တန်းတွင် စစ်ဆေးအကဲဖြတ်ခြင်း၏ ရည်မှန်းချက်များနှင့် အသုံးပြုနိုင်သော ကိရိယာများ၊ လိုအပ်ချက်အလိုက်ပြုပြင်ပြောင်းလဲ သင်ကြားမှုနည်းလမ်းများနှင့် ၎င်းကို အကောင်အထည်ဖော်နိုင်မည့် နည်းဗျူဟာများကိုလည်း အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။

Course Objectives

သင်ကြားမှုကို သင်ယူသူများ၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် သင်ယူမှုစစ်ဆေးအကဲဖြတ်ခြင်းသည် အလွန်အရေးကြီးပါသည်။ ဆရာများအနေဖြင့် မိမိတို့ရှေ့ရှုရမည့် တိုးတက်မှုအဆင့်များနှင့် ကျောင်းသားများ၏လက်ရှိအဆင့်တို့ကို သိရှိရန် လိုအပ်သည်။ ထို့ပြင် ၎င်းတို့သည် ကျောင်းသားများကြုံတွေ့ရသော အခက်အခဲများ၏ အကြောင်းရင်းများကိုလည်း ဖော်ထုတ်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ဆရာများသည် မတူကွဲပြားသော သင်ယူသူအမျိုးမျိုး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲသင်ကြားမှုနည်းလမ်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် သင်္ချာဘာသာရပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ (သင်္ချာဘာသာတွင် ကျရှုံးမည်ကို အလွန်ကြောက်ရွံ့ပြီး မကြာခဏသင်ယူမှုအတားအဆီးဖြစ်စေတတ်သော အခြေအနေ) ကို ကာကွယ်ရန်နှင့် လျှော့ချရန်အတွက် အထောက်အကူ  ဖြစ်စေမည်ဖြစ်သည်။

သင်တန်း၏ရည်ရွယ်ချက်များ

ဤသင်တန်းသည် အောက်ပါရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည် -

  • စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ကြားနည်းဆိုင်ရာ လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲခြင်း နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ အကြောင်း အသိပညာများကို မျှဝေရန်။
  • သင်္ချာဘာသာရပ်ဆိုင်ရာစိုးရိမ်ပူပန်မှုများကိုလျှော့ချရန် အတန်းအတွင်း လုပ်ဆောင် နိုင်သည့် နည်းလမ်းများ၊ အပြုသဘောဆောင်သော စစ်ဆေးအကဲဖြတ်ခြင်းကို အသုံးပြုနည်းနှင့် လိုအပ်ချက်အလိုက်ပြုပြင်ပြောင်းလဲမှုများကို လေ့လာရန်။
  • ဆရာများအတွက် အသုံးပြုရ လွယ်ကူသော စစ်ဆေးအကဲဖြတ်မှုနှင့် လိုအပ်ချက် အလိုက်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နည်းကိရိယာများ (Tools) ကို ပံ့ပိုးပေးရန်။ 

Learning Outcomes

ဤသင်တန်းပြီးဆုံးချိန်တွင် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည် -

  • စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ကြားနည်းဆိုင်ရာ လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲခြင်း နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ အကြောင်း အသိပညာများ ကို မျှဝေနိုင်မည်။
  • သင်္ချာဘာသာရပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အတန်းအတွင်း လုပ်ဆောင်နိုင်သည့် နည်းလမ်းများ၊ အပြုသဘောဆောင်သော စစ်ဆေးအကဲဖြတ်ခြင်းကို အသုံးပြုနည်းနှင့် လိုအပ်ချက်အလိုက်ပြုပြင်ပြောင်းလဲမှုများကို လေ့လာသိရှိနိုင်မည်။
  • ဆရာများအတွက် အသုံးပြုရ လွယ်ကူသော စစ်ဆေးအကဲဖြတ်မှုနှင့် လိုအပ်ချက် အလိုက်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နည်းကိရိယာများ (Tools) ကို ပံ့ပိုးပေးနိုင်မည်။

Please login to take this course

မိတ်ဆက်

သင်္ချာဘာသာရပ်၏ စိန်ခေါ်မှုကို နားလည်ခြင်း

သင်္ချာဘာသာအပေါ် ကြောက်ရွံ့မှုနှင့် သင်ယူမှုအတားအဆီးများ 

မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်တည်ဆောက်နည်းများ

မိမိကိုယ်ကိုတန်ဖိုးထားမှုနှင့် ယုံကြည်မှုတိုးမြှင့်ခြင်းဖြင့် ဤအတားအဆီးကို ရှောင်ရှားနည်း

သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ

စစ်ဆေးအကဲဖြတ်ခြင်း၏ ရည်ရွယ်ချက်များ

ကျောင်းသားများ၏ တိုးတက်မှုနှင့် လိုအပ်ချက်များကို သိရှိရန် တိကျစွာ အကဲဖြတ်နည်း။

ကျောင်းသားများ၏ စစ်ဆေးအကဲဖြတ်ချက်များမှတစ်ဆင့် သင်ကြားမှုကို အကဲဖြတ်ခြင်း

ကျောင်းသားများကိုအကဲဖြတ်ရန်အတွက် နေ့စဉ်စာသင်ခန်းတွင်းလုပ်ငန်းများကို အသုံးပြုခြင်း

နယ်ပယ်တစ်ခုစီတွင် သတိပြုရမည့် အဓိက အချက်များ 

သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ

အကဲဖြတ်ခြင်းနည်းလမ်းများ (တေးကဗျာများနှင့် စံနမူနာများ)  

အကဲဖြတ်ဇယားများ 

ကျောင်းသားများအတွက် အကဲဖြတ်ကိရိယာများ

သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ

လိုအပ်ချက်အလိုက်ပြုပြင်ပြောင်းလဲနိုင်သော သင်နည်းဗေဒ၏ အခြေခံမူများ

သင်္ချာစာသင်ခန်းတွင် လိုအပ်ချက်အလိုက်ပြောင်းလဲသင်ကြားနည်းများ

မတူညီသော သင်ယူသူများ၏ လိုအပ်ချက်များအလိုက် ကိုင်တွယ်ဖြေရှင်းနည်း 

သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ

အနှစ်ချုပ်

အနှစ်ချုပ် - ဗီဒီယို

Related Courses

chatGPTicon
;