မော်ဂျူး (၃) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်
5
(1 Reviews)
Certified
10 hour(s)
45 Enrollment(s)
1349 View(s)

Share On :
Course Description
ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ဤ တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်
- မော်ဂျူး ၁။ ၂၁ ရာစု ပညာရေး
- မော်ဂျူး ၂။ သင်နည်းဗေဒ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုကို ခိုင်မာစွာ နားလည်စေခြင်း
- မော်ဂျူး ၃။ ပညာရေး စိတ်ပညာ
- မော်ဂျူး ၄။ ထိရောက်သော သင်ယူမှုအတွက် နည်းဗျူဟာများ
- မော်ဂျူး ၅။ အဓိပ္ပာယ်ရှိသော သင်ယူမှု အတွေ့အကြုံများ ဖန်တီးခြင်း
ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၃) ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၃) တွင်လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
မော်ဂျူး (၃)
- မော်ဂျူး (၃.၁) စိတ်ပညာရှုထောင့်မှ သင်ယူမှုသဘောတရားများနှင့် သင်ကြားရေးအပေါ် သက်ရောက်မှုများ
- ပထမနှစ်နှင့် ဒုတိယနှစ်တို့မှ အခြေခံသင်ယူမှုသဘောတရားအချို့ကို ပြန်လည်သုံးသပ်ခြင်း
- သိမှုဆိုင်ရာနှင့် လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဆိုင်ရာ သင်ယူမှုသဘောတရားများ
- လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဝါဒဆိုင်ရာ သင်ယူမှုသဘောတရားများ
- ပညာရေးစိတ်ပညာဆိုင်ရာ ယုံတမ်းစကားများနှင့် အယူအဆအလွဲများ
- မော်ဂျူး (၃.၂) ဉာဏ်ရည်အထွေထွေ သီအိုရီ
- ဉာဏ်ရည်အထွေထွေသီအိုရီဆိုင်ရာ လက်တွေ့ကျင့်သုံးမှုကို ပိုမိုခိုင်မာအားကောင်းစေခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း
- သင်ကြားသင်ယူမှုအတွက် ဉာဏ်ရည်ဆိုင်ရာသီအိုရီ
- မော်ဂျူး (၃.၃) ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနားလည်စေခြင်း
- ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
- သင်ယူသူ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မတူကွဲပြားမှုတို့ အကြောင်း ခိုင်မာစွာ နားလည်စေခြင်း
- ကျောင်းသားများ၏ စိတ်ကျန်းမာရေး
Course Objectives
ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။
Learning Outcomes
ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-
- ပညာရေးနှင့် လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်နွှယ်မှု၊ ပညာရေးကို အဓိက ပံ့ပိုးပေးသည့်အရာများနှင့် မတူကွဲပြားသော သင်ယူသူများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခု ပြုစုရေးဆွဲရာတွင် အဓိကကျသည့် ဘက်စုံကိုက်ညီမှုရှိခြင်းတို့အကြောင်း သိရှိနားလည်လာမည်။
- ဆရာအတတ်ပညာအစီအစဉ်၊ တတိယနှစ်၊ ဘာသာရပ်အထူးပြုလမ်းကြောင်း နှစ်ရပ်စလုံး၏ သင်ယူမှုပန်းတိုင်များ ပြည့်မီစေရန်အတွက် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ်အသိပညာ (TPACK) အညွှန်းဘောင်၊ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (EPSD) နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) စသော သင်နည်းဗေဒအညွှန်းဘောင်များကို အသုံးပြုသင်ကြားတတ်မည်။
- တတိယနှစ်၊ ပထမစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
- စာသင်ခန်းများရှိ ကွဲပြားစုံလင်သော သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို လက်တွေ့အသုံးချ၍ တတိယနှစ်၊ ပထမစာသင်နှစ်ဝက်တွင် ပါဝင်သည့် ဘာသာရပ်/သင်ယူမှုနယ်ပယ်များကို စီစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် သင်ကြားပို့ချခြင်းများ လုပ်ဆောင်တတ်မည်။
Please login to take this course
Lectures
မော်ဂျူး (၃.၁) စိတ်ပညာရှုထောင့်မှ သင်ယူမှုသဘောတရားများနှင့် သင်ကြားရေးအပေါ် သက်ရောက်မှုများ
ပထမနှစ်နှင့် ဒုတိယနှစ်တို့မှ အခြေခံသင်ယူမှုသဘောတရားအချို့ကို ပြန်လည်သုံးသပ်ခြင်း
သင်ပြမှုသဘောတရား (၃) ခု
သင်ယူမှုသဘောတရားဆိုင်ရာ လေ့ကျင့်ခန်း
သိမှုဆိုင်ရာနှင့် လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဆိုင်ရာ သင်ယူမှုသဘောတရားများ
ဒုတိယနှစ်တွင် သင်ယူခဲ့သော မှတ်ဉာဏ်သုံးမျိုး
သိမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုး
အချက်အလက်သစ်များကို ရေရှည်မှတ်ဉာဏ်သို့ ရွှေ့ပြောင်းရာတွင် ကျောင်းသားများအား ကူညီရန် ဆရာများ အသုံးပြုနိုင်သည့် နည်းဗျူဟာများ
လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဝါဒဆိုင်ရာ သင်ယူမှုသဘောတရားများ
လူမှုဆက်ဆံရေးဖြင့် အသိပညာတည်ဆောက်မှုဝါဒကို ပြန်လည်သုံးသပ် ထင်ဟပ်၍ ဆရာများ အသုံးပြုနိုင်သည့် နည်းဗျူဟာများ
အသိပညာတည်ဆောက်မှုဝါဒဆိုင်ရာ လေ့ကျင့်ခန်း
ပညာရေးစိတ်ပညာဆိုင်ရာ ယုံတမ်းစကားများနှင့် အယူအဆအလွဲများ
ကလေးများ၏ လေ့လာသင်ယူမှုကို ထိခိုက်ပျက်စီးစေနိုင်သည့် ပညာရေးဆိုင်ရာ ယုံတမ်းစကားများ
ပညာရေးစိတ်ပညာဆိုင်ရာ ယုံတမ်းစကားများနှင့် အယူအဆအလွဲများဆိုင်ရာ လေ့ကျင့်ခန်း
မော်ဂျူး (၃.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၁) အနှစ်ချုပ်
မော်ဂျူး (၃.၁) အတွက် ပို့ချချက် အပြည့်အစုံ
မော်ဂျူး (၃.၂) ဉာဏ်ရည်အထွေထွေ သီအိုရီ
ဉာဏ်ရည်အထွေထွေသီအိုရီဆိုင်ရာ လက်တွေ့ကျင့်သုံးမှုကို ပိုမိုခိုင်မာအားကောင်းစေခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း
ဉာဏ်ရည်အထွေထွေသီအိုရီဆိုင်ရာ လေ့ကျင့်ခန်းများ
သင်ကြားသင်ယူမှုအတွက် ဉာဏ်ရည်ဆိုင်ရာသီအိုရီ
ပြောင်းလွယ်ပြင်လွယ်သော ဉာဏ်ရည်နှင့် တည်တံ့စွဲမြဲသော ဉာဏ်ရည်
ဉာဏ်ရည်အဆင့်ဆင့်ဆိုင်ရာ သီအိုရီအပိုင်းအတွက် လေ့ကျင့်ခန်း
စတိန်းဘတ်၏ ဉာဏ်ရည်ဆိုင်ရာ အပိုင်းသုံးပိုင်း သီအိုရီ
စတိန်းဘတ်၏ ဉာဏ်ရည်ဆိုင်ရာ အပိုင်းသုံးပိုင်း သီအိုရီအတွက် လေ့ကျင့်ခန်းများ
မော်ဂျူး (၃.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၂) အနှစ်ချုပ်
မော်ဂျူး (၃.၂) အတွက် ပို့ချချက် အပြည့်အစုံ
မော်ဂျူး (၃.၃) ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနားလည်စေခြင်း
ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းများ
ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းအတွက် လေ့ကျင့်ခန်း
သင်ယူသူ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မတူကွဲပြားမှုတို့ အကြောင်း ခိုင်မာစွာ နားလည်စေခြင်း
အခြေခံ ဖွံ့ဖြိုးမှုသဘောတရားများဆိုင်ရာ လေ့ကျင့်ခန်း
ဖွံ့ဖြိုးမှုစနစ်များဆိုင်ရာ သီအိုရီများ
Baltes ၏ ဘဝသက်တမ်းတစ်လျှောက် ဖွံ့ဖြိုးမှု သီအိုရီ နှင့် Bronfenbrenner ၏ ဇီဝဂေဟဗေဒစနစ်များ သီအိုရီ
Baltes ၏ သဘောတရားဆိုင်ရာ လေ့ကျင့်ခန်း
ကျောင်းသားများ၏ စိတ်ကျန်းမာရေး
စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာသုခအကြောင်း လေ့ကျင့်ခန်း (၁)
စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာသုခအကြောင်း လေ့ကျင့်ခန်း (၂)
မူလတန်းနှင့် အလယ်တန်းအဆင့် ကလေးများ၏ စိတ်ကျန်းမာရေးပြည့်စုံကောင်းမွန်အောင် ပံ့ပိုးရေး
မူလတန်းနှင့် အလယ်တန်းအဆင့် ကလေးများ၏ စိတ်ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ
မော်ဂျူး (၃.၃) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၃) အနှစ်ချုပ်
မော်ဂျူး (၃.၃) အတွက် ပို့ချချက် အပြည့်အစုံ
Summary
မော်ဂျူး (၃) အနှစ်ချုပ်
Related Courses