မော်ဂျူး ၃ - ကျောင်းနှင့်စာသင်ခန်းများတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ရေးလှုပ်ရှားမှုများ
4
(62 Reviews)
Certified
3 hour(s)
138 Enrollment(s)
748 View(s)

Share On :
Course Description
စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ် သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ အပါအဝင် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို တွေ့ကြုံနေရသည့် ကလေးများသည် အထူးပံ့ပိုးကူညီမှု လိုအပ်လေ့ရှိသည်။ ဤစိန်ခေါ်မှုများသည် မိသားစုပြဿနာများ၊ ရပ်ရွာအကြမ်းဖက်မှု၊ သဘာဝ ဘေးအန္တရာယ်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာအတွေ့အကြုံများကဲ့သို့သော အရင်းအမြစ်အမျိုးမျိုးမှ ဖြစ်ပေါ်လာနိုင်သည်။ ဆရာ၊ဆရာမများသည် ကလေးများ၏စိတ်ခံစားမှုများကို နားလည်သိရှိရန်နှင့် ကလေးများ ခံနိုင်ရည်ရှိလာစေရန် ကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။
မော်ဂျူး (၃) တွင် ဆရာ၊ဆရာမများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသော ပတ်ဝန်းကျင် တစ်ခု ဖန်တီးရန် အတွက် မရှိမဖြစ်လိုအပ်သော အသိပညာ၊ နည်းလမ်းများနှင့် လက်တွေ့ကျသောစွမ်းရည်များကို လေ့လာ သင်ယူရမှာ ဖြစ်ပါသည်။ မသေချာ မရေရာမှု တွေ များသော ကာလတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့်ရင်ဆိုင်နေရသော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာချမ်းသာသုခ၊ ခံနိုင်ရည်ရှိမှုနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီပေးနိုင်သော နွေးထွေးလုံခြုံသော သင်ယူမှုပတ်ဝန်းကျင် တစ်ခု တည်ဆောက်ရန် အရေးကြီးပါသည်။
Course Objectives
မော်ဂျုး (၃) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်
- နွေးထွေးလုံခြုံသော စာသင်ခန်း၏ အရေးပါပုံနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ချမှတ်တတ်လာမည်။
- စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို အားပေးရန် ထိရောက်သော အပြုသဘောဆောင်သော စည်းကမ်းနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်တတ်လာမည်။
- ကလေးများကို ခံနိုင်ရည်ရှိအောင် ပြုစုပျိုးထောင်ပေးနိုင်သော နည်းလမ်းများကို သိရှိနားလည်လာမည်။
- လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖော်ပြမှုအတွက် အားကစား၊ ဂိမ်းများနှင့် ကစားခြင်းကို ပေါင်းစပ်အသုံးပြုတတ်လာမည်။
- ကလေးများ၏ ကိုယ်ရေးကိုယ်သွေး ဖွံ့ဖြိုးမှုအတွက် ခွန်အားဖြစ်စေသော ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများ၏ အရေးပါပုံကို သိရှိလာမည်။
- ကလေးများ၏ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေရန် ထုတ်ဖော်ပြောဆိုမှုနှင့် စိတ်အပန်းဖြေလှုပ်ရှားမှုများကို အသုံးပြုတတ်လာမည်။
- စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းများ၏ သဘောတရားများနှင့် နည်းလမ်းများကို သိရှိနားလည်ပြီး အသုံးပြုတတ်လာမည်။
Please login to take this course
Introduction
Pre-test
စဉ်းစားကြည့်ပါ။
နွေးထွေး လုံခြုံသော သင်ယူမှု ဝန်းကျင်
ကုသရေးစာသင်ခန်းများ (Healing Classrooms)
ဗွီဒီယို သင်ခန်းစာ-လူမှုစိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသော သင်ယူမှုဝန်းကျင် (အပိုင်း - ၁)
အပြုသဘောဆောင်သော စည်းကမ်းများသတ်မှတ်ခြင်း
ကြံ့ကြံ့ခံနိုင်စွမ်း (Resilience)
ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience)ကို တည်ဆောက်ခြင်း
မှန်ရာ ရွေးပါ။
မေးခွန်းများကို ဖြေပါ။
စဉ်းစားကြည့်ပါ။
ဗွီဒီယို သင်ခန်းစာ-လူမှုစိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသော သင်ယူမှုဝန်းကျင် (အပိုင်း- ၂)
ဗွီဒီယို သင်ခန်းစာ-လူမှုစိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသော သင်ယူမှုဝန်းကျင် (အပိုင်း- ၃)
အားကစား
ဂီတ အက နှင့် တူရိယာ
ပုံဆွဲခြင်း
ပုံပြင်ပြောခြင်း
ပြဇာတ်နှင့် တေးသရုပ်ဖော်
ကလေးများအတွက် လူမှုစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပံ့ပိုးပေးသောလေ့ကျင့်ခန်းများ
လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့ပေးမှု အတွက် Work Plan
စိတ်ထိခိုက်ခံစားနေရသော ကလေးများကို အလေးထားကူညီပံ့ပိုးပေးခြင်း
ဗွီဒီယို သင်ခန်းစာ-စိတ်ထိခိုက်ခံစားနေရသော ကလေးများကို အလေးထားကူညီပံ့ပိုးပေးခြင်း (အပိုင်း- ၁)
ဗွီဒီယို သင်ခန်းစာ-စိတ်ထိခိုက်ခံစားနေရသော ကလေးများကို အလေးထားကူညီပံ့ပိုးပေးခြင်း (အပိုင်း- ၂)
ထပ်ဆောင်းကူညီပံ့ပိုးမှုလိုအပ်သော ကလေးများကို ညွှန်းပို့ခြင်း
မှား/မှန် ရွေးပေးပါ။
Training Request Form
ဆွေးနွေးကြမယ်
Post-test
Related Courses