မော်ဂျူး ၂ - စာသင်ခန်းအတွင်း ကလေးများ၏စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းခြင်း။
3.9
(155 Reviews)
Certified
3 hour(s)
165 Enrollment(s)
1285 View(s)

Share On :
Course Description
အကျပ်အတည်းများသည် လူသားများ၏ ပုံမှန်ဖြစ်နေကျဖြစ်ရပ်များအပေါ် ဆိုးရွားသော အခြေအနေ တစ်ရပ် ရုတ်တရက် ကြားဝင်ပေါ်ပေါက်လာသော အဖြစ်အပျက် ဖြစ်သောကြောင့် ထိခိုက်ခံစားရသောသူများ အားလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေပါသည်။ ကလေးသူငယ်များသည် အသက်အရွယ် ၊ ရင့်ကျက်မှု၊ အတွေ့အကြုံ ၊ အသိပညာမပြည့်ဝခြင်းများ နှင့် သူများအပေါ် မှီခိုနေရမှုများကြောင့် ပဋိပက္ခများ၏ ရိုက်ခတ်မှုဒဏ်များ၊ စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို အနည်းနှင့်အများ ခံစားကြရပါသည်။ ထိုကဲ့သို့ ထိခိုက်ခံစားရသော ကလေးများ စာသင်ခန်းထဲရှိတတ်ပြီး ၎င်းကလေးများကို ဆရာ၊ဆရာမ များက အချိန်မှီလူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုများ ပြုလုပ်ပေးဖို့ အရေးတကြီးလိုအပ်ပါသည်။ ဤသို့ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုများကိုအချိန်မှီပံ့ပိုးပေးနိုင်ရန် ဆရာ၊ဆရာမများ အနေဖြင့် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာတတ်သော လက္ခဏာများ ကို ဦးစွာသတိထားမိဖို့ နှင့် စိတ်ဖိစီးမှု အမျိုးအစားများကိုနားလည်သဘောပေါက်ဖို့ အရေးကြီးပါသည်။ ကလေးများသည် တစ်ယောက်နှင့် တစ်ယောက် ခံနိုင်ရည်မတူကြသည့်အတွက် ဆရာ၊ ဆရာမ များက သင့်လျော်သောကူညီပံ့ပိုးမှုများ ပေးဖို့လိုအပ်ပါသည်။ မော်ဂျူး၂ တွင် အကျပ်အတည်းများနှင့် ကလေးများ၏ အသက်အရွယ်အလိုက် တုံ့ပြန်မှုများ၊ အကျပ်အတည်းများ၏အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာတတ်သော စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာများနှင့် ၎င်းတို့၏လက္ခဏာများကို လေ့လာရမည်ဖြစ်ပြီး စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများ ခံစားရသော ကလေးများကို ကျောင်းစာသင်ခန်းမှတဆင့် အထိရောက်ဆုံး လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှု ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဤသင်ခန်းစာတွင် လေ့လာနိုင်ပါသည်။
Course Objectives
မော်ဂျူး (၂) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်
• စာသင်ခန်းတွင်း ကလေးများကြုံတွေ့နေရသော အကျပ်အတည်းများနှင့် ကလေးများအပေါ် အကျပ်အတည်းများ၏ သက်ရောက်မှုများကို သိရှိနားလည်လာမည်ဖြစ်ပါသည်။
• ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုဖြစ်စဥ်နှင့် ကြုံတွေ့ရသောအကျပ်အတည်းများအပေါ် ကလေးများ၏ တုံ့ပြန်မှုများကို သိရှိပြီး ဖွံ့ဖြိုးမှုဖြစ်စဥ်တွင် လိုအပ်သောပံ့ပိုးကူညီမှုများပေးနိုင်လာမည်ဖြစ်ပါသည်။
• ကလေးများအား စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ဖြစ်ပေါ်လာတတ်သော အခြေအနေများကို ကွဲကွဲပြားပြားနားလည်သဘောပေါက်လာမည်ဖြစ်ပါသည်။
• စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာသော ကလေးများ၏လက္ခဏာများကို သတိထားမိလာပြီး အချိန်မှီလိုအပ်သောပံ့ပိုးကူညီမှုများပေးနိုင်လာမည်ဖြစ်ပါသည်။
• စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသောအခါ ကလေးများတုံ့ပြန်တတ်သော စိတ်ဖိစီးမှုအဆင့် ၃မျိုး ကွဲပြားနိုင်သည်ကို သတိပြုနားလည်လာပြီး ကလေးများ၏ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောနည်းလမ်းများပေးနိုင်လာမည်ဖြစ်ပါသည်။
• စာသင်ခန်းထဲတွင် ကျောင်းသူ/သားများလုပ်လေ့လုပ်ထရှိသော စိတ်ဖိစီးမှု လက္ခဏာများနှင့် ဆရာ/ဆရာမများ တုံ့ပြန်ဆောင်ရွက်နိုင်သောနည်းလမ်းများကိုသိရှိသဘောပေါက်လာပြီး တကယ့်လက်တွေ့အသုံးချတတ်လာမည်ဖြစ်ပါသည်။
Please login to take this course
Introduction
Pre-test
ဖြေကြည့်ပါ။
ဗွီဒီယို သင်ခန်းစာ-အကျပ်အတည်းများနှင့် ကလေးများအပေါ် သက်ရောက်မှု
အကျပ်အတည်းများ၏ ကလေးများအပေါ် သက်ရောက်မှုများ
အန္တရာယ်ဖြစ်စေသော အချက်များ (Risk Factors)
ဖြေကြည့်ပါ။
ကာကွယ်ပေးသော အချက်များ ( Protective Factors) သို့မဟုတ် အကာအကွယ် စက်ဝိုင်း
မှား/မှန် ဖြေပါ။
မှန်ရာရွေးပါ။
မှား/မှန် ရွေးပါ။
စဥ်းစားဖြေဆိုကြည့်ပါ။
ကွက်လပ်ဖြည့်ပါ။
စဉ်းစားကြည့်ပါ
ဗွီဒီယို သင်ခန်းစာ-ကလေးများ၏ အကျပ်အတည်းကို တုံ့ ပြန်မှုများ
ကလေးများ၏ ဖွံ့ဖြိုးမှုအသက်အရွယ်အလိုက် လူမှုစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ပဋိပက္ခများ
(မွေးကင်းစအရွယ်မှ ၁၈ လအထိ) -ယုံကြည်စိတ် နှင့် သံသယစိတ်
(၁၈လ မှ ၃နှစ်အထိ) - လူကြီးများကိုမမှီခိုလိုသောစိတ် နှင့် ရှက်တတ်သောစိတ်
(၃နှစ် မှ ၆နှစ်အထိ) - တက်ကြွစွာလုပ်ဆောင်လိုသောစိတ် နှင့် အပြစ်ရှိသည်ဟုခံစားမိသောစိတ်
(၆နှစ် မှ ၁၂နှစ် အထိ) - ဖန်တီးလိုစိတ် နှင့် သိမ်ငယ်စိတ်
(၁၂နှစ် မှ ၁၈နှစ်အထိ) – မိမိ၏ကိုယ်ပိုင်ပုံစံတည်ဆောက်ခြင်း နှင့် ကိုယ်ပိုင်ပုံစံပျောက်ဆုံးခြင်း
မှား/မှန်ရွေးပါ။
၇။ ဖြစ်ရပ်လေ့လာခြင်း
စဉ်းစားကြည့်ပါ။
ဗွီဒီယို သင်ခန်းစာ-စိတ်ဖိစီးမှုများ၏ လက္ခဏာများ နှင့် အမျိုးအစားများကိုနားလည်သိရှိခြင်း
စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းရင်းများ
မှား/မှန် ဖြေပါ။
မှန်ရာကို ယှဉ်တွဲပါ။
စဉ်းစားကြည့်ပါ။
ဗွီဒီယို သင်ခန်းစာ-စိတ်ဖိစီးမှုများ၏ အတိုင်းအတာနှင့် ပြင်းထန်မှုကိုနားလည်သိရှိခြင်း
လူမှုရေးဆိုင်ရာ ချွတ်ယွင်းချက်များ
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ
အသိဉာဏ်ဆိုင်ရာ ချို့ယွင်းချက်များ
မှား/ မှန် ဖြေဆိုပါ။
မှန်ရာကို ရွေးပါ။
မေးခွန်းများကို ဖြေဆိုပါ။
စဉ်းစားကြည့်ပါ။
ဗွီဒီယို သင်ခန်းစာ-စိတ်ဖိစီးမှုခံစားနေရသော ကလေးများကိုကူညီပံ့ပိုးပေးခြင်း
အကျပ်အတည်းကာလအတွင်း ကလေးများ၏အခြေအနေနှင့် ကူညီပေးနိုင်မည့် နည်းလမ်းများ
မှန်ရာကို ရွေးပါ။
ဖြေကြည့်ပါ။
Training Request Form
ဆွေးနွေးကြမယ်
Post-test
Related Courses
