Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး ၁ - ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အွန်လိုင်းသင်ခန်းစာ

  Certified      3  hour(s)      464 enrollment(s)      7 lecture(s)      13 quizz(es)      11040 view(s)   
 (27)
မော်ဂျူး ၁ - ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အွန်လိုင်းသင်ခန်းစာ
Course Description

လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ (Psychosocial Well-being) သည် လူသားတိုင်းအတွက် ပျော်စရာကောင်းသော အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် နှင့် ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ပြည့်စုံနေမှသာ လူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အလေးအမြတ်ထားခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခံစားရပြီး ၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာချနိုင်ခြင်း နှင့် ပဋိပက္ခများကို အပြုသဘောဖြင့် ပူးပေါင်းအဖြေရှာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ကလေးတိုင်းတွင် အသက်အရွယ်၊ မိသားစုအခြေအနေ နှင့် ဘဝအတွေ့အကြုံများအလိုက် လူမှုစိတ်ပိုင်းဆိုင်ရာ လိုအင်များ ရှိကြပါသည်။ ကျောင်း၊ သင်ယူမှုပတ်ဝန်းကျင်နှင့် ဆရာ၊ တပည့် ဆက်ဆံရေးက ကလေးများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို များစွာပံ့ပိုးပေးနိုင်ပါသည်။ အခက်အခဲ အကျပ်အတည်းကာလတွင် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ကလေးများကို လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးမှု အွန်လိုင်းသင်ခန်းစာကို ဆရာ၊ဆရာမများ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲထားပါသည်။ ကျောင်းသူကျောင်းသားများကို လူမှုစိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးမှုပေးရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ ကျောင်းသူ ကျောင်းသားများ၏ ကြံ့ကြံ့ခံနိုင်စွမ်း ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ နှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ပါသည်။

မော်ဂျုး (၁) တွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု မိတ်ဆက်သင်ခန်းစာကို လေ့လာရမည်ဖြစ်ပြီး၊ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှု၏ အဓိပ္ပါယ်၊ အခြေခံမူများ၊ နည်းလမ်းများနှင့် ပညာရေးကဏ္ဍမှတဆင့် လူမှုစိတ်ပိုင်းဆိုင်ရာကူညီ ထောက်ပံ့ပေးနိုင်သည့် နည်းလမ်းများနှင့် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍ ပါဝင်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာတွင် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့်နည်းလမ်းများနှင့် ဖြစ်ရပ်လေ့လာမှုများဖြင့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် သင်ယူမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန် ပံ့ပိုးပေးထားပါသည်။ထို့ကြောင့်  ဤသင်ခန်းစာသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သော ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competencies Standard Framework)၏ အချို့သော အညွှန်းကိန်းများကိုအခြေခံထားပါသည်။ထိုအညွှန်းကိန်းများမှာ-

  • (ခ) (၁.၁) ဘာသာရပ်ဆိုင်ရာအသိသညာများနှင့် အကြောင်းအရာများကို ရှင်းလင်းစွာနှင့် ကလေးများအား ကိုယ်ရောစိတ်ပါ ပါဝင်ဆောင်ရွက်မှုရှိအောင် သင်ကြားနိုင်စွမ်းရှိကြောင်း ပြသည်။
  • (ဂ) (၁.၃) ‌ဒေသန္တရ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ဆက်စပ်အခြေအနေများသည် ကျောင်းသားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအပေါ်တွင်အကျိုးသက်ရောက် နိုင်ဖွယ်ရှိကြောင်းကို နားလည်သဘောပေါက်ကြောင်းပြသသည်။

  • (ဂ) (၂.၁) ကျောင်းနှင့် ရပ်ရွာကိစ္စများ၌ ဆရာအတတ်ပညာအသိုင်းအဝိုင်းဝင် ဆရာတစ်ဦးအနေဖြင့် တာဝန်ခံဆောင်ရွက်နိုင်ကြောင်း ပြသသည်။

Course Objectives

မော်ဂျုး (၁) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမများ အနေဖြင့်

  • လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ကို နားလည်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ ပေးရာတွင် လိုက်နာရမည့် အခြေခံမူများကို ရှင်းပြတတ်မည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာ ပိရမစ်၏ အလွှာနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများကို နားလည်သဘောပေါက်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ပညာရေး၏ အခန်းကဏ္ဍ နှင့် အခြေခံမူများကို နားလည် သဘောပေါက်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍကို ဆန်းစစ်တတ်လာမည်။
  • ကလေးများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခပြည့်ဝလာစေရန် စာသင်ခန်းအတွင်းလုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်မည်။

Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)

Knowledge is power

By MgW***********  at 2024-04-16 15:09:38

I like this Course.

By U N******  at 2024-05-15 11:39:02

I want to teach.

By One****  at 2024-05-17 00:37:35

I like this course

By May************  at 2024-05-27 11:15:27

ဒီcourse လေးကိုကြိုက်ပါသည်။

By Ma ************  at 2024-05-27 11:21:48

I like this knowledge and course .

By May************  at 2024-05-27 11:27:18

I like this knowledge and course

By Aye********  at 2024-05-27 12:07:10

စိတ်ဝင်စားစရာကောင်းမှု့နှင့် မိမိရဲ့စိတ်နှင့်ကလေးငယ်များ၏လူမူ့စိတ်ပိုင်းဆိုင်ရာကိုပေးနိုင်ခြင်း

By Cho****  at 2024-05-27 18:59:43

စိတ်ဝင်စားစရာကောင်းမှု့နှင့် မိမိရဲ့စိတ်နှင့်ကလေးငယ်များ၏လူမူ့စိတ်ပိုင်းဆိုင်ရာကိုပေးနိုင်ခြင်း

By Cho****  at 2024-05-27 20:12:42

I Like this knowledge

By May************  at 2024-05-27 23:40:02

I Like this

By May************  at 2024-05-27 23:49:41

I like this Knowledge and course

By Cho****  at 2024-05-28 00:49:16

I like this course because I get knowledge from this course

By Phu*********  at 2024-05-28 08:51:50

I like this knowledge

By Aye********  at 2024-05-28 09:48:44

ကလေးများအားလုံးချမ်းသာသူခရရှိရန်အတွက်ဆရာများအနေဖြင့် အကောင်းဆုံးပြုစုစောင့်ရှောက်သင့်ပါသည်။

By Kha***********  at 2024-05-28 13:31:28

အရမ်းအကျိုးရှိတဲ့သင်တန်းတစ်ခုပါ ဗဟုသုတအများကြီးရခဲ့ပါတယ်

By Thi********  at 2024-05-28 18:32:16

ကြိုက်သည်

By Daw*******  at 2024-05-29 11:09:41

ဆရာတစ်ယောက်အနေဖြင့် ဤ course အား လေ့လာဆည်းပူးသင်ယူသင့်ပြီး နားလည်သဘောပေါက်ထားဖို့လည်း လိုအပ်ပါသည်။ Great Course!

By Saw*****  at 2024-06-24 21:57:24

nice lesson

By Tes*  at 2024-07-25 10:45:14

I like this course. Very like this course.

By kha*************  at 2024-07-28 13:35:21

ကောင်ပါတယ် ဗဟုသုတလေရတယ်

By Min*************  at 2024-08-01 21:19:38

good

By Min*************  at 2024-08-02 17:42:20

ဆက်လက်လေ့လာလိုပါတယ်

By lin********  at 2024-08-07 05:33:16

ဆရာတယောက်အနေဖြင့် လူမှုစိတ်ပိုင်းဆိုင်ရာအသိပညာများ ရရှိမည်ဟု ယုံကြည်ပါသည်

By Aye***********  at 2024-08-31 20:56:12

ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များ၏ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် အလွန်းအသုံးဝင်သည့်သင်ခန်းစာ ဖြစ်ပါသည်။ဆရာများအားလုံး လူမှုစိတ်ပိုင်းဆိုင်ရာ အသိပညာများပြည့်ဝစွာရှိရမည် ဟုယုံကြည်မိပါသည်။

By Yin********  at 2024-09-03 23:09:28

စိတ်ဝင်စားပါသည်။

By Mon********  at 2024-09-04 00:58:26

ဤ Course ကိုကြိုက်နှစ်သက်သည်။စိတ်နှင့်သက်ဆိုင်သော သင်ခန်းစာများများစွာသင်ယူရရှိခဲ့ပါသည်။

By Eli**********  at 2024-10-17 15:07:32

Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course

There will be evaluation session before certification!

There is no live session planned yet!
Please login to take the course and join the live sessions!
Login
<
Back To Top