Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မော်ဂျူး (၁) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

0

(0 Reviews)

Certified

40 hour(s)

62 Enrollment(s)

852 View(s)

Share On :

Course Description

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းလုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခြင်း
  • မော်ဂျူး ၂။ ပညာရေးသဘောတရားနှင့် ပညာရေးသီအိုရီ
  • မော်ဂျူး ၃။ စစ်ဆေးအကဲဖြတ်ခြင်း
  • မော်ဂျူး ၄။ ပံ့ပိုးကူညီမှုနှင့် ဘေးကင်းလုံခြုံမှုရှိသော ပတ်ဝန်းကျင်
  • မော်ဂျူး ၅။ ဆရာအတတ်ပညာ ကျွမ်းကျင်မှု

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၁)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၁) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၁)

  • မော်ဂျူး (၁.၁) ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အလယ်တန်းကျောင်း
    • ကျောင်းသင်ပညာရေးစနစ်ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲခြင်း
    • ဆရာများအနေဖြင့် ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များ
  • မော်ဂျူး (၁.၂)ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (ESD) နှင့် လူ့အခွင့်အရေးဆိုင်ရာပညာရေး
    • ESD ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အညွှန်းဘောင်များ၊ ရေရှည်တည်တံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းမြစ်များ 
    • EPSD/ESD  ဆိုင်ရာ တတ်ကျွမ်းမှုများ၊ သင်နည်းဗေဒများနှင့် တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်နည်း
    • အခြေခံပညာအလယ်တန်းအဆင့်ရှိ  လူ့အခွင့်အရေးဆိုင်ရာပညာရေး

    • မော်ဂျူး (၁.၃) ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်းပုံစံ
      • ဘက်ပေါင်းစုံ ပေါင်းစပ်ပါဝင်သည့် ဆရာအတတ်ပညာရေ

    Course Objectives

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

    Learning Outcomes

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်_

    • မြန်မာနိုင်ငံရှိ ကျောင်းပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ပြီး အဆိုပါအပြောင်းအလဲများကိုလိုအပ်ရသည့် အကြောင်းရင်းများကို ဖော်ထုတ်နိုင်မည်။
    • လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းသစ်ကိုအသုံးပြု၍ မြန်မာ့လူမှုရေးနှင့် စီးပွားရေးဆိုင်ရာတောင်းဆိုချက်များအပေါ် ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်ထားသည့်နည်းလမ်းများကို ဖော်ပြနိုင်မည်။
    • ‘သင်ယူ-အသုံးချ-ပြန်လည်သုံးသပ်ခြင်း’ နည်းလမ်းသည် တတ်ကျွမ်းမှုအခြေပြုသင်ရိုးညွှန်းတမ်းတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မည်ကဲ့သို့ပါဝင်နေကြောင်း ဖော်ပြနိုင်မည်။
    • အသိစိတ်နှင့်တတ်ကျွမ်းမှုချိတ်ဆက်ခြင်းပြလေ့လာမှုပုံစံနှင့် ၎င်းပုံစံသည် ပြန်လည်သုံးသပ်ခြင်းအလေ့အထအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ရှင်းပြနိုင်မည်။
    • ICT နှင့် ဒီဂျစ်တယ်နည်းပညာ တတ်မြောက်မှု၊ အားလုံးအကျုံးဝင်မှုနှင့် သင်ယူရအဆင်ပြေသော ‌စာသင်ခန်းများကိုဖန်တီးရာတွင် ထားရှိရမည့် တန်ဖိုးထားမှုများ အစရှိသည့် ကျွမ်းကျင်မှုများကိုတိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်ရာတွင် ပြန်လည်သုံးသပ်ခြင်းအလေ့အထက မည်သို့သက်ရောက်မှုရှိသည်ကို ရှင်းပြနိုင်မည်။
    • ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းရှိ အချို့သောဘာသာရပ်များတွင် EPSD/ ESD သင်ကြားနည်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သင်နည်းဗေဒများကို ထည့်သွင်းတတ်မည်။
    • သင်ယူသူများသည် ကျောင်းရှိဆရာများအပြင် ကျောင်းဝန်ထမ်းများနှင့် သင်ယူသူအချင်းချင်းထံမှသာမက ၎င်းတို့၏ ပတ်ဝန်းကျင်မှပါ ယဉ်ကျေးမှုဆိုင်ရာစံနှုန်းများ၊ တန်ဖိုးထားမှုများနှင့် အပြုအမူများကို အတုယူလေ့လာကြောင်း နားလည်သဘောပေါက်ပြီး ပညာရေးမူဝါဒနှင့် စီမံကိန်းများ ပြုစုရေးဆွဲရာတွင် တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်နည်းကို လိုအပ်ကြောင်းနားလည်လာမည်။
    • တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်မှုနှင့်အညီ သင့်ကျောင်းအတွက် အသုံးချနိုင်သည့် ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စီမံကိန်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
    • ကျောင်းသင်ယူမှုတွင် ESD အကြောင်းအရာပေါင်းစပ်ထည့်သွင်းခြင်းကို လမ်းညွှန်ရန်အတွက်အသုံးပြုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အညွှန်းဘောင်များကို ပြန်လည်သုံးသပ်တတ်မည်။ 
    • လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာသင်ရိုးညွှန်းတမ်းတွင်ပါဝင်သော အင်္ဂါရပ်များနှင့် အခြေခံမူများကို ပြန်လည်သုံးသပ်တတ်မည်။ 
    • ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်းပုံစံအတွက် မတူညီသောချဉ်းကပ်နည်းများနှင့် ၎င်းတို့ကိုအဘယ်ကြောင့်လိုအပ်ကြောင်း ရှင်းပြတတ်မည်။ 
    • သင်၏သင်ခန်းစာ/အခန်းအတွက် သင်ပြမှုပုံစံပြင်ဆင်ရာတွင် ဘက်စုံပေါင်းစပ်ထားသော ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲမှုပုံစံအပေါ် နားလည်သဘောပေါက်မှုကို အသုံးချတတ်မည်။ 

    Please login to take this course

    မော်ဂျူးအကျဉ်းချုပ်

    သိခြင်း၊ သိလိုခြင်း၊ သိနားလည်သွားခြင်း

    သင်တန်းမိတ်ဆက်အနှစ်ချုပ်

    သင်တန်းမိတ်ဆက်အတွက် ပို့ချချက်အပြည့်အစုံ

    ကျောင်းသင်ပညာရေးစနစ်ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲခြင်း

    ဆရာများအနေဖြင့် ပြင်ဆင်ထားရန် လိုအပ်သည့်အချက်များ

    မော်ဂျူး (၁.၁) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၁.၁) အနှစ်ချုပ်

    မော်ဂျူး (၁.၁) အတွက် ပို့ချချက်အပြည့်အစုံ

    ESD ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အညွှန်းဘောင်များ၊ ရေရှည်တည်တံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းမြစ်များ

    EPSD/ ESD ဆိုင်ရာ တတ်ကျွမ်းမှုများ၊ သင်ကြားနည်းများနှင့် တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်နည်း

    အလယ်တန်းအဆင့် လူ့အခွင့်အရေးဆိုင်ရာပညာရေး

    မော်ဂျူး (၁.၂) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၁.၂) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၁.၂) အနှစ်ချုပ်

    မော်ဂျူး (၁.၂) အတွက် ပို့ချချက်အပြည့်အစုံ

    ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်းပုံစံအတွက် မတူညီသောချဉ်းကပ်နည်းများ

    မော်ဂျူး (၁.၃) အနှစ်ချုပ်

    မော်ဂျူး (၁.၃) အတွက် ပို့ချချက်အပြည့်အစုံ

    မော်ဂျူး (၁.၁) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၁) အနှစ်ချုပ်

    Related Courses

    chatGPTicon
    ;