Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မော်ဂျူး (၁) လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု - အစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းအတွက် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE)

4.3

(9 Reviews)

Certified

15 hour(s)

740 Enrollment(s)

6212 View(s)

Share On :

Course Description

မော်ဂျူးသည် မြန်မာနိုင်ငံရှိ ပညာရေးကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြပြီး အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းများ ဆောင်ရွက်နေကြသည့် စီမံကိန်း/စီမံချက်မန်နေဂျာများအတွက် အထောက်အကူဖြစ်ရန် ရည်ရွယ်ပါသည်။ ဤမော်ဂျူးမှတစ်ဆင့် အစီအစဉ်ရေးဆွဲခြင်းအဆင့်တွင် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ၊ လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုကြား တူညီမှုများနှင့် ကွဲပြားခြားနားမှုများကို အကျဉ်းချုပ်ဖော်ပြပေးသွားမည်ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ၏ အချက်အလက်အကျဉ်း၊ ပဋိပက္ခဖြစ်စေသည့် အကြောင်းရင်းများနှင့် ၎င်း၏ ပြောင်းလဲစေနိုင်သောအားများ၊ စီမံကိန်းအကောင်အထည်ဖော်ခြင်းအပေါ် သက်ရောက်မှုရှိစေနိုင်သည့် ဆက်စပ်ပါဝင်သူများ (related actors) ကို စစ်ဆေးအကဲဖြတ်သုံးသပ်ရန် နည်းကိရိယာ (tool) များနှင့် နည်းပညာများကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

မော်ဂျူး၏ ဦးတည်အုပ်စု

ဤမော်ဂျူးကို မြန်မာနိုင်ငံတွင်း ပညာရေးကဏ္ဍတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ စီမံကိန်း သို့မဟုတ် စီမံချက်မန်နေဂျာများ အတွက် ရေးဆွဲပြုစုထားပါသည်။ 

၎င်းတို့ စီစဉ်လုပ်ဆောင်နေကြသည့် သဘောသဘာဝ အမျိုးမျိုးရှိနိုင်သော အောက်ပါ သင်ယူမှုဆိုင်ရာ အစပျိုးလုပ်ဆောင်မှုများအတွက် ဦးတည်ဖန်တီးထားခြင်းဖြစ်ပါသည် -

  • ကျောင်းပညာရေးသင် (Formal)၊ နေ့စဉ်ဘဝအတွေ့အကြုံများမှ ရရှိသော ပညာရေးသင် (informal) နှင့် ကျောင်းပြင်ပ ပညာရေးသင် (non-formal) ကျောင်းများနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ  
  • ပုဂ္ဂလိက၊ အစိုးရနှင့် ရပ်ရွာကျောင်းများ
  • မြို့ပြ၊ ကျေးလက်ဒေသနှင့် မြို့ပြမကျကျေးလက်မကျ (semi-rural) ဒေသများရှိ စာသင်ကျောင်းများ။

Course Objectives

မော်ဂျူးကို ကျောင်းပညာရေး (formal) မှ ကျောင်းပြင်ပ ပညာရေး (non-formal) အထိ၊ အစိုးရကျောင်းများမှ ပုဂ္ဂလိကကျောင်းများအထိ၊ နှင့် နိုင်ငံတော် အသိအမှတ်ပြု ပညာရေးမှသည် နေ့စဉ်ဘဝအတွေ့အကြုံများမှ ရရှိသော ပညာရေး (informal) ဆိုင်ရာ သင်ယူမှုအခွင့်အလမ်းများအထိ ပိုမိုကျယ်ပြန့်သော သင်ယူမှုအခွင့်အလမ်းများ ပါဝင်သည့် မြန်မာနိုင်ငံအနှံ့ရှိ ပညာရေးစီမံကိန်းများကို အစီအစဉ်ရေးဆွဲချမှတ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ပို့ချခြင်းများတွင် အလွန်အရေးပါသည့် နေရာမှ ပါဝင်နေကြသည့် ပညာရေးကဏ္ဍအတွင်းမှ စီမံကိန်း/စီမံချက်မန်နေဂျာများအတွက် ရေးဆွဲပြုစုထားပါသည်။ ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ အစပျိုးလုပ်ဆောင်မှု စီမံကိန်းများ ရေးဆွဲချမှတ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း၏ နည်းလမ်းများနှင့် နည်းဗျူဟာများကို နားလည်ခြင်းဖြင့် အဖွဲ့အစည်းခေါင်းဆောင်များသည် ခံနိုင်ရည်အားကောင်းသော ရပ်ရွာအသိုင်းအဝိုင်းများ (resilient communities) ကို တည်ဆောက်ခြင်းနှင့် အရည်အသွေးမီ သင်ယူမှုအခွင့်အလမ်းများကို သာတူညီမျှ လက်လှမ်းမီရယူနိုင်မှု ရှိစေခြင်းတွင် ပံ့ပိုးပေးနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့၏ လူမျိုးစုအသိုင်းအဝိုင်းများအတွင်း ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

Learning Outcomes

မော်ဂျူးပြီးမြောက်ချိန်တွင် တက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်တတ်လာမည် -

  • စီမံကိန်းရေးဆွဲခြင်းစက်ဝန်းနှင့် ၎င်း၏ မတူကွဲပြားသော အဆင့်များကို ရှင်းပြတတ်မည်။
  • မတူကွဲပြားသော အဆင့်များအားလုံးတွင် CSE ကို ပေါင်းစပ်ထည့်သွင်းခြင်း၏ အရေးပါပုံကို ရှင်းပြတတ်မည်။
  • ‘လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်း’ ကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ‘လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်း’ ၏ အရေးပါပုံကို ရှင်းပြတတ်မည်။
  • ‘ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု’ ကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ‘ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု’ ၏ အရေးပါပုံကို ရှင်းပြတတ်မည်။
  • ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုအား လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် မည်ကဲ့သို့ ပေါင်းစပ်ပြီး လုပ်ဆောင်ရမည်ကို ရှင်းပြတတ်မည်။
  • လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုကြား ကွဲပြားခြားနားမှုများကို သရုပ်ဖော်ရှင်းလင်းတတ်မည်။
  • ‘တက်ကြွလှုပ်ရှားသူများကို အကြမ်းဖျမ်း မြေပုံဖော်ခြင်း လေ့ကျင့်ခန်း’ တစ်ခုကို အသုံးပြုတတ်မည်။
  • ‘ပြဿနာသစ်ပင် (Problem Tree)’ တစ်ခုကို အသုံးပြုပြီး ပဋိပက္ခဖြစ်စေသည့် အကြောင်းရင်းများနှင့် အစပျိုးမှုများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • ‘ပဋိပက္ခ၏ အချိန်သတ်မှတ်ချက်ဇယား (Conflict Timeline) ကို အသုံးပြု၍ ပဋိပက္ခ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြောင်းလဲစေနိုင်သောအားများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။

Please login to take this course

မိတ်ဆက်ခြင်း

ပဋိပက္ခအခင်းအကျင်းများတွင် CSE စီမံကိန်းရေးဆွဲခြင်း၏ ဥပမာများ

CSE ပေါင်းစပ်ထည့်သွင်းထားသော စီမံကိန်းရေးဆွဲခြင်း၏ ဝိသေသလက္ခဏာများ

CSE ကို ပညာရေးစီမံကိန်းရေးဆွဲခြင်းတွင် ပေါင်းစပ်ထည့်သွင်းပုံ

စီမံချက်စက်ဝန်းတစ်ခုအား ဖော်ပြချက်

သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၁) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အရေးပါပုံ

လိုအပ်ချက်များကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုကြား ဆက်နွှယ်မှု

သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၂) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

ပဋိပက္ခခွဲခြမ်းစိတ်ဖြာမှုတိုင်း၏ အဓိက အစိတ်အပိုင်း (၄) ခု

သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၃) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာရန် ‘ပဋိပက္ခသစ်ပင် (Conflict Tree)’ တစ်ခု အသုံးပြုခြင်း

‘ပဋိပက္ခသစ်ပင် (Conflict Tree)’ နမူနာ

သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၂)

သင်ခန်းစာ (၄) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၃)

‘ပဋိပက္ခတွင် ပါဝင်သော တက်ကြွလှုပ်ရှားသူများ (Conflict Actors)’ ကို ခွဲခြမ်းစိတ်ဖြာခြင်း

သင်ခန်းစာ (၅) အတွက် ဗီဒီယိုသင်ခန်းစာ

သင်ခန်းစာ (၅) - နားလည်မှုစစ်ဆေးခြင်း - ဉာဏ်စမ်းမေးခွန်း (၁)

အနှစ်ချုပ်

အနှစ်ချုပ် - ဗီဒီယို

Related Courses

chatGPTicon
;