လူတိုင်းအကျုံးဝင် သင်နည်းဗေဒ
4.8
(31 Reviews)
Certified
30 hour(s)
275 Enrollment(s)
6116 View(s)

Share On :
Course Description
လူတိုင်းအကျုံးဝင် သင်နည်းဗေဒသင်တန်းကို ဆရာများအတွက် အကြောင်းအရာပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သင်နည်းဗေဒဆိုင်ရာ သဘောတရားများနှင့် ဘေးကင်းလုံခြုံမှုရှိပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်ကို ဖန်တီးတတ်ပြီး အပြန်အလှန်တုံ့ပြန်ဆောင်ရွက်မှုရှိသော သင်ကြားသင်ယူမှုတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်တတ်စေရန် ရရှိထားသောတတ်ကျွမ်းမှုများနှင့် နည်းကိရိယာများကို အသုံးချတတ်ရန် စီစဉ်ရေးဆွဲထားပါသည်။
သင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။
မော်ဂျူး (၁.၁) သင်ယူသူဗဟိုပြု နှင့် တတ်ကျွမ်းမှုအခြေပြုသင်ကြားခြင်း
(၁.၁.၁) သင်ယူသူဗဟိုပြုစာသင်ခန်းများ
(၁.၁.၂) ထိရောက်သောသင်ယူမှု
(၁.၁.၃) တတ်ကျွမ်းမှုအခြေပြုပညာရေးနှင့် ၂၁ ရာစုကျွမ်းကျင်မှုများ
မော်ဂျူး (၁.၂) ဘာသာရပ်သင်ကြားရေးအတွက် သင်နည်းဗေဒဆိုင်ရာအသိပညာများနှင့် သင်ကြားမှုနည်းလမ်းများ
(၁.၂.၁) သင်နည်းဗေဒ၏ သဘောတရားနှင့် လက်တွေ့လုပ်ငန်း
(၁.၂.၂) သင်ယူမှုပုံစံများနှင့် သင်ကြားမှုနည်းလမ်းများ
(၁.၂.၃) ထိရောက်သော သင်ယူမှုအတွက် နည်းလမ်းများ
မော်ဂျူး (၁.၃) လူတိုင်းအကျုံးဝင်သင်နည်းဗေဒများနှင့် စာသင်ခန်းတွင်း အလေ့အကျင့်များ
(၁.၃.၁) လှုံ့ဆော်မှုနှင့် ပံ့ပိုးကူညီမှုရှိသော သင်ယူမှုဝန်းကျင်များ
(၁.၃.၂) လူတိုင်းအကျုံးဝင်ပညာရေး
(၁.၃.၃) လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း
မော်ဂျူး (၁.၄) ပဋိပက္ခအခြေအနေအတွင်း လိုက်လျောညီထွေမှုရှိသော ပညာရေး
(၁.၄.၁) ဘေးကင်းလုံခြုံ၍ စိတ်ချရမှုရှိသော သင်ယူမှုဝန်းကျင်
(၁.၄.၂) ငြိမ်းချမ်းရေးအတွက် ပညာရေး
(၁.၄.၃) မတူကွဲပြားသည့် ယဉ်ကျေးမှုများကို လေးစားလက်ခံသော သင်နည်းဗေဒ
Course Objectives
ဤသင်တန်းသည် သင်ယူသူများအား လူတိုင်းအကျုံးဝင်သင်နည်းဗေဒ၏ သဘောတရားများ၊ ချဉ်းကပ်နည်းများနှင့် နည်းလမ်းများကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးစေနိုင်ရန် ပြင်ဆင်ပေးမည်ဖြစ်သည်။
Learning Outcomes
သင်တန်းကာလအတွင်း သင်ယူသူများသည်
- ပညာရေးနှင့် သင်ကြားရေးအကြား ချိတ်ဆက်မှုများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
- ထိရောက်သောသင်ယူမှုနှင့် သင်ယူမှုသဘောတရားများကို ချိတ်ဆက်တတ်မည်။
- တတ်ကျွမ်းမှုအခြေပြုပညာရေးနှင့် ၂၁ရာစု ကျွမ်းကျင်မှုများအကြား ချိတ်ဆက်မှုများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
- ဆရာဗဟိုပြုချဉ်းကပ်နည်းနှင့် သင်ယူသူဗဟိုပြုချဉ်းကပ်နည်းတို့၏ ကောင်းကျိုး ဆိုးကျိုးများကို နှိုင်းယှဉ်တတ်မည်။
- သင်ယူမှုဆိုင်ရာတိုးတက်မှု၊ ခရုပတ်ပုံစံသင်ကြားသင်ယူမှု နှင့် စိတ်ပိုင်းဆိုင်ရာပုံစံများနှင့် တတ်ကျွမ်းမှုအခြေပြု သင်ကြားခြင်း၏ ဆက်စပ်တတ်မည်။
- သင်နည်းဗေဒ၏ သဘောတရားနှင့် လက်တွေ့လုပ်ငန်းအား တက်ကြွသော သင်ယူမှုနှင့် ဆရာဦးဆောင် သင်ယူမှုတို့ဖြင့် ဆက်စပ်တတ်မည်။
- သင်ယူမှုရည်ရွယ်ချက်များ၊ သင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်မှုများကြားရှိ ဆက်နွှယ်မှုများအား ဖော်ထုတ်တတ်မည်။
- သင်ယူမှုရည်ရွယ်ချက်များအား ဘလွန်း၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy) ဖြင့် ဆက်စပ်တတ်မည်။
- အခြေခံသင်ယူမှုပုံစံများအား ဒေသဆိုင်ရာ အကြောင်းအရာများနှင့် ဆက်စပ်တတ်မည်။
- ဆရာများသည် ကျောင်းသားများနှင့် ရှင်းလင်းတိကျစွာ ဆက်သွယ်ဆောင်ရွက်နိုင်ပုံကို ဖော်ထုတ်တတ်မည်။
- ကျောင်းသားများ၏ အမြင်များအား ဆရာများက နားထောင်ခြင်း၏ အရေးပါပုံကို ဆန်းစစ်တတ်မည်။
- ထိရောက်သော သင်ယူမှုဖြစ်စေရန် ကျောင်းသားများ ချိတ်ဆက်ပါဝင်လာစေမည့် နည်းလမ်းများကို ဖော်ပြတတ်မည်။
- သင်ယူမှုကို လှုံ့ဆော်ပေးပြီး ပံ့ပိုးကူညီမှုပေးသော သင်ယူမှုဝန်းကျင်၏ ဝိသေသ လက္ခဏာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- လူတိုင်းအကျုံးဝင်ပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုပြီး ဥပမာများ သတ်မှတ်ဖော်ထုတ်တတ်မည်။
- လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း၏ အဓိကသဘောတရားများကို အကျဉ်းချုံး ဖော်ပြတတ်မည်။
- အထူးပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုပြီး ဥပမာများ သတ်မှတ်ဖော်ထုတ်တတ်မည်။
- မသန်စွမ်းမှု၏ ဆေးပညာဆိုင်ရာပုံစံနှင့် လူမှုရေးဆိုင်ရာ ပုံစံများအကြား နှိုင်းယှဉ်တတ်မည်။
- အကျုံးဝင်ခြင်း၊ ပေါင်းစပ်ခြင်း၊ သီးခြားခွဲထားခြင်း၊ ဖယ်ချန်ထားခြင်း တို့ကို အဓိပ္ပာယ်သတ်မှတ်တတ်မည်။
- ဘေးကင်းလုံခြုံ စိတ်ချရမှုရှိသော သင်ယူမှုဝန်းကျင်ကို ဖန်တီးပေးနိုင်သည့် အကြောင်းအရာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ပညာသင်ကြားရေးတွင် ကျန်းမာသုခနှင့် ကျန်းမာခြင်းတို့ကို ဆက်စပ်နားလည်လာမည်။
- ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် ပညာရေးအတွက် အခြေခံ အကြောင်းအရာများကို ဖော်ထုတ်သိရှိလာမည်။
- ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ မူဘောင်များကို လေ့လာဖော်ထုတ်တတ်မည်။
- ယဉ်ကျေးမှုအရ ဆက်စပ်ဆီလျော်မှုရှိသည့် သင်နည်းဗေဒဆိုင်ရာ ဝိသေသလက္ခဏာများအား ဖွင့်ဆိုတတ်မည်။
Please login to take this course
Related Courses