Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

ICT ကို ထိရောက်စွာ ပေါင်းစပ်ထည့်သွင်းသင်ကြားနိုင်ရန်အတွက် သင်ကြားရေးအလေ့အကျင့်ကောင်းများ (အခြေခံအဆင့်)

4.2

(13 Reviews)

Certified

5 hour(s)

340 Enrollment(s)

2268 View(s)

Share On :

Course Description

ဤသင်တန်းသည် ဆရာ၊ဆရာမများကို ဒစ်ဂျစ်တယ်ခေတ်၏ ICT အကြောင်းမိတ်ဆက်ရန် ရည်ရွယ်ရေးဆွဲထားသည့် သင်တန်းတစ်ခုဖြစ်သည်။ ဤသင်တန်းသည် “ICT ကို ထိရောက်စွာ ပေါင်းစပ်ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် သင်ကြားရေးအလေ့အကျင့်ကောင်းများ” အခြေခံအဆင့်သင်တန်းဖြစ်ပြီး အပိုင်း ၂ ပိုင်း ပါဝင်သည်။ ပညာရေးကဏ္ဍတွင် ICT ကို ပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ အခြေခံများနှင့် စိတ်ဝင်စားစရာကောင်းသော မာလ်တီမီဒီယာသင်ခန်းစာများ ဖန်တီးခြင်းတို့ဖြစ်သည်။ ပညာရေးကဏ္ဍတွင် ICT ကို ပေါင်းစပ်အသုံးပြုပုံအား ယေဘုယျနားလည်သဘောပေါက်မှုကို ကျော်လွန်၍ ကျွန်ုပ်တို့၏ ၂၁ ရာစု ကျောင်းသူကျောင်းသားများ သင်သူမှုဖြစ်စဉ်တွင် ထိရောက်စွာ ပါဝင်လာစေရန် ကျွန်ုပ်တို့ သင်ကြားသူများ၏ မာလ်တီမီဒီယာ သင်ခန်းစာများ ဖန်တီးရန် နည်းပညာအသုံးပြုအပေါ် ပိုမိုအာရုံစိုက် လေ့လာခြင်းဖြစ်သည်။

သင်တန်း၏ ဦးတည် အုပ်စု

ဤသင်တန်းအား မြန်မာပညာရေးစနစ်အတွင်းရှိ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး အောက်ပါအကြောင်းအရာများ ထည့်သွင်း ရေးဆွဲထားပါသည်။

  • အစိုးရကျောင်း၊ ကျောင်းပြင်ပ ပညာရေး၊ အစိုးရပိုင် မဟုတ်သော ရပ်ရွာ အခြေပြုကျောင်းများနှင့် အခြားပညာရေး အခွင့်အလမ်းများ
  • ပုဂ္ဂလိကကျောင်းများ၊ အစိုးရကျောင်းများနှင့် ရပ်ရွာအခြေပြုကျောင်းများ
  • မြို့ပြ၊ မြို့စွန်ဆင်ခြေဖုံး နှင့် ကျေးလက်ဒေသများမှ ကျောင်းများ

မရှိမဖြစ် အခြေခံ လိုအပ်ချက်များ

  • အကြံပြုချက်- Myanmar Teacher Platform မှ ဗွီဒီယိုသင်ခန်းစာများကို ဝင်ရောက်လေ့လာနိုင်ရန် လက်ပ်တော့၊ တက်ဘလက်နှင့် စမတ်ဖုန်းများကဲ့သို့ ဒစ်ဂျစ်တယ်ပစ္စည်းများ၊ အင်တာနက်ချိတ်ဆက်မှုများ ရှိနေရမည်။
  • အားလုံးအကျုံးဝင်မှုရှိခြင်း - ဒစ်ဂျစ်တယ်ပစ္စည်းများ မရှိသော (သို့မဟုတ်) အင်တာနက်ချိတ်ဆက်၍ မရနိုင်သော အခြေအနေများအတွက် သင်ရိုးပါ စာရွက်စာတမ်းများကို ဒေါင်းလုတ်ဆွဲခြင်း၊ စာရွက်ဖြင့် ပုံနှိပ်ထုတ်ခြင်းတို့ဖြင့် အသုံးပြုနိုင်ပါသည်။​

Course Objectives

သင်တန်း၏ရည်မှန်းချက်များ

ဤသင်တန်း၏ ရည်မှန်းချက်များမှာ -

  • ကျောင်းသူကျောင်းသားများအတွက် နည်းပညာထည့်သွင်းအသုံးပြုမှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသော မဟာဗျူဟာများကို ရှာဖွေဖော်ထုတ်နိုင်ရန်။
  • စိတ်ဝင်စားဖွယ် ရုပ်သံစုံ သင်ယူမှုရင်းမြစ်များ ဖန်တီးရန်အတွက် သုံးစွဲရလွယ်ကူသော ဒစ်ဂျစ်တယ်နည်းလမ်းများကို လက်တွေ့အသုံးပြုနိုင်ရန်။
  • သင်၏ သင်ကြားရေးအဝန်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အချင်းချင်းအပြန်အလှန်သင်ယူမှုကို အားပေးရန်။
  • သင်ကြားရေးတွင် ICT ထည့်သွင်းအသုံးပြုခြင်းအကြောင်း ဆရာ၊ ဆရာမများ သိလိုစိတ် ထက်သန်လာစေရန်နှင့် 'စဉ်ဆက်မပြတ်သင်ယူသူ' များဖြစ်လာရေး အားပေးထောက်ပံ့ပေးနိုင်ရန်။

Learning Outcomes

မျှော်မှန်းသင်ယူမှုရလဒ်များ

ဤသင်တန်းပြီးဆုံးပါက သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။

  • သင်လက်ရှိသင်ကြားမှု ဆောင်ရွက်နေသည့် အခြေအနေတွင် ICT ထည့်သွင်းအသုံးချခြင်းဆိုင်ရာ အတားအဆီးများကို ကျောင်းသူကျောင်းသားများ၏ ရှုထောင့်မှ သတ်မှတ်ဖော်ထုတ်ပြီး ထိုအတားအဆီးများကို ကျော်လွှားနိုင်မည့် ထိရောက်သော မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်နိုင်မည်။
  • သက်ဆိုင်ရာ သင်ကြားမှုအခြေအနေတွင် ICT ပေါင်းစပ်အသုံးပြုခြင်းကို သင်ရိုးရည်မှန်းချက်များနှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်းနှင့် စတင်နိုင်မည်။
  • သင်ယူစဉ် အကဲဖြတ်ဆန်းစစ်ချက်များနှင့် စွမ်းဆောင်ရည် ဆန်းစစ်ချက်များမှတစ်ဆင့် ကျောင်းသူကျောင်းသားများ၏ ICT ကျွမ်းကျင်မှုနှင့် အသိပညာများကို အကဲဖြတ်ဆန်းစစ်နိုင်မည်။
  • အမြင်အားဖြင့် ဆွဲဆောင်မှုရှိသော မာလ်တီမီဒီယာခင်းကျင်းတင်ဆက်ချက်များ၊ ပူးပေါင်းလုပ်ဆောင်နိုင်သော နည်းကိရိယာများ စသည့် အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော မာလ်တီမီဒီယာသင်ခန်းစာများမှတစ်ဆင့် ကျောင်းသူကျောင်းသားများကို ပါဝင်စေနိုင်လာမည်။

Please login to take this course

သင်ရိုးမိတ်ဆက်

၁။ သင်ကြားရေးတွင် ICT ကိုပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ အခြေခံအချက်များ

၁.၁. (ကျောင်းသူကျောင်းသားများ၏ ရှုထောင့်မှ) ICT ပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ အတားအဆီးများနှင့် ထိုအတားအဆီးများကို ကျော်လွှားနိုင်ရန် နည်းဗျူဟာများ

ပြန်လည်သုံးသပ်ခြင်း

အဖြေမှန်(များ)ကို ရွေးချယ်ပါ။

၁.၂. ICT ကို ထိရောက်စွာ ထည့်သွင်းအသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲခြင်း

၁.၂.၁. ICT ကို ထိရောက်စွာ ထည့်သွင်းအသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲခြင်း (သင်ရိုးညွှန်းတမ်းနှင့် ချိန်ညှိခြင်း)

၁.၂.၂. ICT ကို ထိရောက်စွာ ထည့်သွင်းအသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲခြင်း (ICT ပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ သင်ယူမှုရည်မှန်းချက်များ)

၁.၂.၃. ICT ကို ထိရောက်စွာ ထည့်သွင်းအသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲခြင်း (သင်ယူမှုကို အကဲဖြတ်ဆန်းစစ်ခြင်း နည်းလမ်းများ)

ပြန်လည်သုံးသပ်ခြင်း

မှန်ကန်သည့် အဖြေ(များ)ကို ရွေးချယ်ပါ။

အဖြေမှန်ကို နေရာမှန်တွင် ယူထည့်ပါ။ နည်းကိရိယာများနှင့် ၎င်းတို့၏အသုံးပြုပုံများကို တွဲစပ်ပါ။

၂။ စိတ်ဝင်စားဖွယ် မာလ်တီမီဒီယာ သင်ကြားရေးရင်းမြစ်များ ဖန်တီးခြင်း

ပြန်လည်သုံးသပ်ခြင်း

မှန်/ မှား

၂.၂. ပူးပေါင်းလုပ်ဆောင်စေနိုင်သော ရုပ်သံစုံ မာလ်တီမီဒီယာ သင်ခန်းစာများ ဖန်တီးရာတွင် အသုံးပြုနိုင်မည့် နည်းကိရိယာများ

ပြန်လည်သုံးသပ်ခြင်း

နောက်ဆုံး သင်ယူမှုလုပ်ငန်း

ကွက်လပ်ဖြည့်ပါ။

အနှစ်ချုပ်

Related Courses

chatGPTicon
;