Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

ကစားနည်းအခြေပြု သင်ယူခြင်း

5

(1 Reviews)

Certified

7 hour(s)

201 Enrollment(s)

2364 View(s)

Share On :

Course Description

ဤသင်တန်းတွင် ကစားနည်းများကို အသုံးပြု၍ လက်တွေ့ သင်ယူမှုအတွေ့အကြုံများကို ဖန်တီးပေးနိုင်ရန်အတွက် ဆရာများ လိုအပ်သည့် သင်ပြမှုပုံစံရေးဆွဲခြင်း၊ သင်ကြား ပို့ချခြင်းနှင့် အကဲဖြတ်ခြင်းတို့တွင်  အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများပေးရန်ရည်ရွယ်လျက် ကစားနည်းအခြေပြု သင်ယူခြင်း (Game-based learning – GBL)နှင့် ပတ်သက်သည့် အယူအဆ၊ သဘောတရား၊ စံနမူနာများနှင့် လက်တွေ့ဘဝရှိ အလေ့အကျင့်များကို ခြုံငုံထည့်သွင်းထားပါသည်။ ဤသင်တန်းကို အဓိက မော်ဂျူးနှစ်ခုနှင့် ဖွဲ့စည်းထားပြီး GBL ၏ အခြေခံ သဘောတရားများနှင့်တကွ ပညာရေးကဏ္ဍအတွင်း အမျိုးမျိုးသော သင်ကြားမှုပုံစံများနှင့် အခြေအနေ အမျိုးမျိုး၌ အကောင်အထည်ဖော်ခြင်းတို့ကို အလေးထားဖော်ပြသွားမည် ဖြစ်သည်။  ဤသင်တန်း အပြီးတွင် သင်တို့အနေဖြင့်  ကစားနည်းများနှင့် လက်တွေ့ဘဝ အခြေအနေများအတွက် သင်ယူမှု အခြေခံသဘောတရားများကို ရှင်းလင်းစွာ ပြောပြတတ်မည်၊ မိမိတို့၏ ပတ်ဝန်းကျင်တွင် ကစားနည်းအခြေပြုသင်ယူနည်းအတွက် သုတေသနအခြေပြုသည့် စစ်ဆေး အကဲဖြတ်မှုများကို စီစဉ်ရေးဆွဲတတ်မည်၊ အဆင့်မြင့် သင်ကြားရေးနည်းပညာများကို အသုံးပြု၍ ပညာရေးဆိုင်ရာ အနေအထားများနှင့် ပတ်သက်၍ ကစားနည်းပုံစံများကို အကောင်အထည်ဖော်တတ်မည့်အပြင် ကျောင်းသားများအတွက် GBL နည်းလမ်းများ၏ ထိရောက်မှုကိုလည်း အကဲဖြတ်သုံးသပ်တတ်မည်ဖြစ်သည်။  

ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်သည်။ 
မော်ဂျူး ၁။ ကစားနည်းအခြေပြု သင်ယူခြင်း၏ အခြေခံ သ‌ဘောတရားများ 
၁.၁။ ကစားနည်းအခြေပြုသင်ယူခြင်း ဆိုသည်မှာ အဘယ်နည်း
၁.၂။ ကစားနည်းအခြေပြုသင်ယူခြင်း၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ
၁.၃။ ကစားနည်းအခြေပြုသင်ယူခြင်းအတွက် စာသင်ခန်းတွင်း အလေ့အကျင့်များ 

မော်ဂျူး ၂။ ကစားနည်းအခြေပြုသင်ယူခြင်းကို စီစဉ်ရေးဆွဲခြင်းနှင့် အသုံးပြုခြင်း
၂.၁။ ပညာရေးဆိုင်ရာ ကစားနည်းများကို စီစဉ်ရေးဆွဲခြင်း
၂.၂။ ကစားနည်းအခြေပြုသင်ယူခြင်းကို အခြေအနေအမျိုးမျိုးတွင် အသုံးပြုခြင်း
၂.၃။ ကစားနည်းအခြေပြုသင်ယူခြင်းကို စစ်ဆေးအကဲဖြတ်ခြင်း

အဓိက အသုံးအနှုန်းများ

ကိုယ်တိုင်ဦးဆောင် သင်ယူမှု၊ လိုက်လျောညီထွေစွာ ‌ပြောင်းလဲပြင်ဆင်၍ သင်ယူမှု၊ စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ၊ ပေါင်းစပ်သင်ယူမှု၊  ကျိုးကြောင်းဆက်စပ်၍ ဆန်းစစ်ဝေဖန် တွေးခေါ်ခြင်း၊ ယဉ်ကျေးမှုအရ ဆီလျော်မှုရှိခြင်း၊ သင်ရိုးညွှန်းတမ်းကိုက်ညီမှုရှိခြင်း၊ ဒစ်ဂျစ်တယ် နည်းကိရိယာများ၊ ပညာရေးဆိုင်ရာ ကစားနည်းများ၊ စိတ်ဝင်တစား ပါဝင်သင်ယူမှု၊ တုံ့ပြန်အကြံပြုချက်ပေးသည့် နည်းလမ်းများ၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှု၊ ကစားနည်းအခြေပြု သင်ယူခြင်း၊ ကစားနည်း လုပ်ငန်းစဉ်၊ လူတိုင်းအကျုံးဝင်မှု၊  ပင်ကို စိတ်အားထက်သန်မှု၊ ကာ ကာဟွတ်(Kahoot)၊ သင်ယူမှု ဦးတည်ချက်များ၊ သင်ယူမှု ရလဒ်များ၊  အဆင့်မြင့်နည်းပညာမသုံးသော ဖြေရှင်းနည်းများ၊ ဒစ်ဂျစ်တယ်ပစ္စည်းများ မလိုသော ကစားနည်းများ၊  ကြည့်ရှုလေ့လာခြင်း၊ အွန်လိုင်းပလက်ဖောင်းများ၊ အွန်လိုင်းဉာဏ်စမ်းပဟေဠိများ၊  ပူးပေါင်းပါဝင်၍ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊  အတန်းဖော်အချင်းချင်း စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုအထောက်အထားမှတ်တမ်း ဖန်တီးခြင်း၊ မသင်ယူမီနှင့် သင်ယူအပြီး စစ်ဆေးခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ တိုးတက်မှုမှတ်တမ်းထားရှိခြင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများ၊ အရင်းအမြစ်များ နည်းပါးခြင်း၊ သရုပ်ဆောင် သင်ကြားသင်ယူခြင်း၊ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား (rubrics)၊ သရုပ်သဏ္ဌာန်တူ လုပ်ဆောင်မှုများ၊ ပုံပြောခြင်း၊ ကျောင်းသားစိတ်ပါဝင်စားမှု၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆရာများကို လေ့ကျင့်သင်တန်းပေးခြင်း၊ လက်တွေ့ဘဝတွင် အသုံးချခြင်း။

Course Objectives

ဤသင်တန်း၏ ရည်ရွယ်ချက်မှာ ကစားနည်းအခြေပြုသင်ယူခြင်းကို ကွဲပြားစုံလင်သည့် ပညာရေးဆိုင်ရာ အခြေအနေများတွင် ပေါင်းစပ်အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် အကြောင်းအရာ အချက်အလက်များ၊ ကျွမ်းကျင်မှုများနှင့် နည်းလမ်းများကို ဆရာများအား ပံ့ပိုးပေးရန်ဖြစ်သည်။ ဤသင်တန်းတစ်လျှောက်တွင် သင့်အနေဖြင့်  GBL ၏ အဓိပ္ပာယ်၊ GBL အောင်မြင်ရသည့် အကြောင်းရင်း၊ ဘာသာရပ်နယ်ပယ်အသီးသီး၌ ပညာရေးဆိုင်ရာ ကစားနည်းများဖြင့် သင်ကြားခြင်းနှင့် ကျောင်းသားများ ကစားနေစဉ် စိတ်ပါဝင်စားမှုနှင့် သင်ယူမှုတို့ကို စစ်ဆေးအကဲဖြတ်ရန် နည်းလမ်းများကို သင်ယူရမည်ဖြစ်ပြီး သင့်ကျောင်းသားများ၏ သင်ယူမှုအတွေ့အကြုံများနှင့် ပေါက်မြောက်အောင်မြင်မှုတို့ကို တိုးတက်စေနိုင်သည့် စွမ်းရည်များ မြင့်မားလာစေမည်ဖြစ်သည်။ 

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • ကစားနည်းအခြေပြု သင်ယူခြင်း၏ အဓိက လက္ခဏာရပ်များနှင့် ချဉ်းကပ်နည်းများကို ဆွေးနွေးတတ်မည်။ 
  • ပညာရေးဆိုင်ရာ အခြေအနေအမျိုးမျိုးတွင် ကစားနည်းအခြေပြု သင်ယူနည်း၏ အကျိးကျေးဇူးများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်သတ်မှတ်တတ်ပြီး လက်တွေ့ကျသော ဖြေရှင်းနည်းများကို အဆိုပြုတတ်မည်။  
  • ကစားနည်းများကို ဘာသာရပ်အလိုက် သင်ယူမှုဦးတည်ချက်များနှင့် ကိုက်ညီအောင် ချိန်ညှိလျက် GBLကို မိမိ၏ သင်ကြားမှုတွင် ပေါင်းစပ်ရန်  လက်တွေ့ကျသော နည်းလမ်းများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
  • ကောင်းမွန်သော ပညာရေးဆိုင်ရာ ကစားနည်းများ၏ အခြေခံသဘောတရားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။   
  • ဘာသာရပ်နှင့် အတန်းအဆင့် အမျိုးမျိုးအတွက် စိတ်ဝင်တစား ပါဝင်သင်ယူနိုင်စေမည့် ပညာရေးဆိုင်ရာ ကစားနည်းများကို လေ့လာဖော်ထုတ်တတ်မည်။ 
  • အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုရှိပြီး လူတိုင်းအကျုံးဝင်သည့်အပြင် ယဉ်ကျေးမှုအရ ဆီလျော်သော စာသင်ခန်းအတွေ့အကြုံများကို ဖန်တီးရန်  ကစားနည်းအခြေပြု သင်ယူနည်းကို အသုံးပြုတတ်မည်။
  • အမျိုးမျိုးသော ပညာရေးဆိုင်ရာ အခြေအနေများတွင် ပညာရေးဆိုင်ရာ အွန်လိုင်းကစားနည်းများ၏ အသုံးချနိုင်မှုကို လေ့လာဆန်းစစ်တတ်မည်။ 
  • Kahoot ကို အသုံးပြု၍  ကျောင်းသားများ၏ သင်ယူမှု ရလဒ်များကိုအကဲဖြတ်ရန် အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုရှိပြီး အချိန်နှင့် တစ်ပြေးညီဖြစ်သော စစ်ဆေးအကဲဖြတ်မှုတစ်ခုကို စီစဉ်ရေးဆွဲတတ်မည်။ 

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ ကစားနည်းအခြေပြု သင်ယူခြင်း၏ အခြေခံသဘောတရားများ

Video Lesson for Module 1

၁.၁။ ကစားနည်းအခြေပြု သင်ယူနည်းဆိုသည်မှာ အဘယ်နည်း။

Characteristics and approaches of Game-Based Learning

Comparison Between Traditional Learning and Game-Based Learning

Module 1.1 Quiz

1.2. Benefits and Challenges of Game-Based Learning

Common Challenges in Myanmar

Suggested Solutions to Overcome Challenges

Module 1.2 Quiz

1.3. Classroom Practices for Game-Based Learning

Video Lesson for Module 1.3

Module 1.3 Quiz

Module (1) Summary

Module 2. Designing and Implementing Game-Based Learning

Module 2 Expected Learning Outcomes and Competencies Gained

2.1. Designing Educational Games

Elements of a Good Educational Game

Strategies for Making Learning Meaningful and Engaging

In Practice - Exploring Examples of Educational Games

In Practice - Exploring Examples of Educational Games (continued)

Module 2.1 Quiz

2.2. Applying Game-Based Learning in Various Contexts

Role of Cultural and Social Factors in Game-Based Learning

In Practice - Exploring Online Educational Games

In Practice - Exploring Online Educational Games (Continued)

Module 2.2 Quiz

2.3. Assessing Game-Based Learning

Aligning Game Outcomes with Educational Goals and Objectives

In Practice - Creating a Kahoot Quiz

Module 2.3 Quiz

Module (2) Summary

Final Reflection

Course Summary

References

Related Courses

chatGPTicon