Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

Course 3: PowerPoint အသုံးပြု၍ သင်ကြားမှု သင်ယူမှုဆိုင်ရာသင်ခန်းစာများပြင်ဆင်ခြင်း (Designing Teaching and Learning Materials using PowerPoint)

4

(8 Reviews)

Certified

30 hour(s)

459 Enrollment(s)

2059 View(s)

Share On :

Course Description

ဤသင်ခန်းစာတွင် PowerPoint ကို အသုံးပြု၍ သင်ကြားသင်ယူခြင်းအတွက် သင်ခန်းစာများပြင်ဆင်ရာတွင် လို‌အပ်သော အကြောင်းအရာများကို လေ့လာကြရမည်ဖြစ်သည်။ အဓိကအားဖြင့် သင်ခန်းစာပြင်ဆင်ရာတွင် အသုံးပြုမည့် Slides များ၏ မျက်မှာဖုံးပြင်ဆင်ခြင်း၊ Animation များကိုအသုံးပြု၍ သင်ခန်းစာများကို ပြင်ဆင်ခြင်း၊ PowerPoint ၏ လုပ်ဆောင်ချက်များကို အသုံးပြု၍ Matching သင်ခန်းစာကို ပြင်ဆင်ခြင်း၊ Presentation ပြင်ဆင်ရာတွင် မရှိမဖြစ် သိရှိထားရန် လိုအပ်သော အချက်များနှင့် PowerPoint အသုံးပြု၍ Presentation Slides ကို ဗီဒီယိုရိုမှတ်တမ်းဖန်တီးခြင်းတို့ကို လေ့လာရမည်ဖြစ်သည်။ သင်ခန်းစာများလေ့လာပြီးပါက PowerPoint အသုံးပြုရန် သင်ကြားသင်ယူမှုအတွက် သင်ခန်းစာများကို ပြင်ဆင်နိုင်မည်ဖြစ်သည်။

Course Objectives

Course-3 ပြီးစီးပါက သင်ယူသူများ အနေဖြင့် စွဲဆောင်မှု ရှိသော PowerPoint ခေါင်းစီး စလိုက်များ၊ ဉာဏ်စမ်း မေးခွန်းများ၊ Matching များ၊ သရုပ်ဖော်ပုံများကို ရှင်းလင်းပြီး နားလည်လွယ်အောင် လှုပ်ရှားမှုများ ပေါင်းစပ်ခြင်း၊ ပင်မအကြောင်းအရာ သင်ခန်းစာများကို စွဲဆောင်မှု ရှိအောင် အရောင်၊ ရုပ်ပုံ၊ bullet၊ Transition ပေါင်းစပ်ခြင်းနှင့် PowerPointဖြင့် သင်ခန်းစာ ဗီဒီယို ဖန်တီးခြင်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

Learning Outcomes

သင်တန်းပြီးဆုံးသည့်နောက်တွင် သင်တန်းတက်ရောက်သော ဆရာ၊ ဆရာမများအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင် နိုင်လာပါမည်။

  • သင်ကြားရေး အကြောင်းအရာများ၏ မျက်နှာဖုံး စာမျက်နှာ၊ ခေါင်းစီးဆလိုက်ကို သမားရိုးကျ မဟုတ်ဘဲ တီထွင်ကြံဆ ဖန်တီးတတ်ရန်။
  • တင်ဆက်မှု အကြောင်းအရာ ပြင်ဆင်ရာတွင် မတူညီသော Animation အမျိုးအစားများကို အသုံးပြုတတ်ရန်။
  • Animation များကို အသုံးပြု၍ ပိုမိုရှင်းလင်းပြီး နားလည်လွယ်စေသော ဉာဏ်စမ်းများ၊ သရုပ်ဖော်မှုများ၊ Matching များကို ဖန်တီးတတ်ရန်။
  • သင်ယူသူများအနေဖြင့် PowerPoint ပြသမှုအပေါ် တွင် ကြာရှည်စွာ သင်ယူမှု ပြုနိုင်ပြီး ငြီးငွေ့မှု မရှိသော သင်ယူမှုကို ပေးစွမ်းနိုင်သည့် ပင်မ အကြောင်းအရာ ဆလိုက်များကို Visuals Animation, Transition များ အသုံးပြု၍ ပြင်ဆင်တတ်ခြင်း။
  • PowerPoint အပလီကေးရှင်းဖြင့် အသုံးပြု၍ သင်ခန်းစာ ဗီဒီယိုများ ဖန်တီးခြင်း။

Please login to take this course

PowerPoint Course 3 မိတ်ဆက်

မျက်နှာဖုံးစာမျက်နှာ/ ခေါင်းစီးဆလိုက်ကို ဒီဇိုင်းဆွဲခြင်း (Designing Cover Page/ Heading Slide of Learning Materials)

လှုပ်ရှားမှုကို အသုံးပြု၍ အညွှန်းတပ်ခြင်း၊ ဉာဏ်စမ်း မေးခွန်းများ၊ မှားမှန် မေးခွန်းများ ဖန်တီးခြင်း (Creating quiz, true/ false questions, labelling using animation)

တွဲဖက်ခြင်း Matching

PowerPoint အသုံးပြု၍ ပင်မသင်ခန်းစာဆိုင်ရာအကြောင်းအရာကို ဒီဇိုင်းဆွဲခြင်း (Designing Main Content using PowerPoint)

Designing PowerPoint slides for different subjects

ဗီဒီယို မှတ်တမ်း ယူခြင်း (Recording in PowerPoint)

အပို အရင်းအမြစ်များ

Keyboard Shortcuts guide for quick commands.

ဉာဏ်စမ်းမေးခွန်းများ (Quiz)

Related Courses

chatGPTicon