Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး(၅) အမြင်အာရုံချို့ယွင်းမှုရှိသော မသန်စွမ်းကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ကျင့်သင်ကြားပေးခြင်းအွန်လိုင်းသင်ခန်းစာ

0

(0 Reviews)

Certified

1 hour(s)

141 Enrollment(s)

3570 View(s)

Share On :

Course Description

မသန်စွမ်းကလေးများသည် မသန်စွမ်းမဟုတ်သော ကလေးများနှင့်အတူ သင်ကြား သင်ယူမှုဖြစ်စဉ် တွင် ပါဝင်ကြောင်းနိုင်ငံတကာ လူ့အခွင့်အရေးကြေငြာစာတမ်းများတွင် ဖော်ပြထားပါသည်။ သို့ပါသော်လည်းမြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သောမသန်စွမ်းမှုဆိုင်ရာ လူတိုင်းအကျုံးဝင်ပညာရေးသုတေသနစာ တမ်းများတွင်မသန်စွမ်းကလေးများအားလေ့ကျင့်သင်ကြားပေးရာတွင်ဆရာ၊ဆရာမများအနေဖြင့် အခက် အခဲရှိကြောင်း တွေ့ရှိရပါ သည်။ ဥပမာ အားဖြင့် မျက်မမြင်စာကို ဆရာ/မများက မဖတ်ပေးနိုင်သလို ဆရာ/မများရေးသော စာကိုလည်း ကလေးများက မဖတ်နိုင်ပါ။ သင်္ချာဘာသာရပ်၌လည်း သင်္ချာခဲ နှင့် တွက်သည်များကို ဆရာမများမှ နားမလည်နိုင်ပါ။ မျက်မမြင်များ၏ သဘာဝ နှင့် အခက်အခဲများကိုလည်း နားမလည်ကြသေးသောကြောင့်ဖြစ်သည်။မသန်စွမ်းမှုရှိသောကလေးများနှင့်ပံ့ပိုးသည့်ဆရာများအကြားကြုံတွေ့ရသောအတား အ ဆီးကိုဖြေရှင်းရန်ဆရာများအနေဖြင့်လုံလောက်သည့်နည်းပညာတတ်ကျွမ်းမှုအားနည်းခြင်းကြောင့်ဖြစ်ပသည်။ဤအမြင်အာရုံမသန်စွမ်းသောကလေးများအတွက် လူတိုင်းအကျုံးဝင် ပညာရေးလေ့ကျင့်သင်ကြားပေးခြင်း၊အွန်လိုင်းသင်ခန်းစာသည်အမြင်အာရုံချို့ယွင်း သောကလေးများနှင့် ဆရာ များအကြား တွေ့ကြုံရသော အခက်အဲများကို ကျော်လွှားသွားနိုင်ရန်နှင့် လွတ်လပ်သော လူ့အဖွဲ့အစည်းအတွင်း ပါဝင် လာနိုင်မည့် လူတိုင်းအကျုံးဝင် သင်ယူပျော်ဝန်းကျင်နှင့် စာသင်ခန်းများဖြစ်လာရန်အတွက် အမြင်အာရုံမသန်စွမ်းသောကလေးများအားသင်ကြားထောက်ပံ့ပေးနိုင်ရန်နည်းလည်းအချို့ကိုမျှဝေထားပါသည်။ထို့အပြင်ဤသင်ခန်းစာသည်၂၀၂၀ ပြည့်နှစ်စက်တင်ဘာလတွင်ပြဌာန်းခဲ့သော ဆရာများအတွက်တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်  (Teacher Competencies Standard Framework) နှင့်ကိုက်ညီမှုရှိသည့်အချို့သော အညွှန်းကိန်းများကို အခြေခံထားပါသည်။ထို အညွှန်းကိန်းများမှာ- 

  • (က) (၃.၂.၁) စာသင်ခန်းအတွင်း လုပ်ငန်းများတွင် ကျောင်းသားများအားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်မှု၊ ကိုယ်ရော စိတ်ပါ ပါဝင်ဆောင်ရွက်မှု အတွက် အားလုံးပါဝင်သည့် ဆက်သွယ် မှု (Inclusive Communication)ကို အထောက်အကူပြုသည်။ ဉပမာများပေး၍ ဖော်ပြသည်။
  • (ခ)(၃.၁.၁) သင်ယူမှု လုပ်ငန်းများတွင် ကျောင်းသားအားလုံး ပါဝင် ဆောင်ရွက်မှုအသေ အချာ ရှိစေရေးအတွက်စာသင်ခန်းနေရာအနေအထား၊အတန်းတွင်းရှိပစ္စည်းများနှင့်အရင်းအမြစ် များ ကို စီမံ အသုံးပြုသည်။
  • (ဂ) (၃.၁.၂) ကျောင်းသားများ၏ ကွဲပြားခြားနားသော လူမှုအခြေအနေများနှင့် နောက်ခံအကြောင်းများကို အသိအမှတ်ပြုပြီး ကျောင်းသားအားလုံးအား တန်းတူညီမျှ ဆက်ဆံသည်။ တို့ ဖြစ်ကြပါသည်။ 

Course Objectives

  • အမြင်အာရုံချို့ယွင်းမှု အမျိုးအစားများ၊ ဖြစ်ပွါးရသောအကြောင်းရင်းများ၊ သွင်ပြင်လက္ခဏာများ နှင့် ပုံမှန်စာသင်ခန်းတွင် ပံ့ပိုးသင်ကြားရမည့်နည်းများကို သိရှိစေရန်နှင့် လက်တွေ့ကျင့်သုံးနိုင်စေရန်။
  • မိဘ၊ဆရာများအနေဖြင့်မိမိကလေးကျောင်းနေစအရွယ်တွင်အမြင်အာရုံချို့ယွင်းမှု ရှိ၊ မရှိ  ကိုစောစီးစွာရှာဖွေဖော်ထုတ်ရန်နည်းလမ်းများကိုသိရှိစေရန်နှင့်အဆိုပါနည်းလမ်းများ ကိုလက်တွေ့အ သုံး ချနိုင်စေရန်။
  • ဆရာ၊ဆရာမများသည် ပုံမှန်စာသင်ခန်း၌ အမြင်အာရုံချို့ယွင်းသောကလေးများအား ပင်မသင်ရိုး ညွှန်းတမ်းနှင့် မျက် မမြင်လက်စမ်းစာကဲ့သို့သောပေါင်းစပ်သင်ရိုးဖြင့် သင်ကြားပေးနိုင်မည့်နည်းများကို သိရှိစေရန်။

Learning Outcomes

  • အမြင်အာရုံချို့ယွင်းမှု အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့်အမျိုးအစားများ၊ ဖြစ်ပွါးရသော အကြောင်းအရင်းများ၊ ယေဘုယျ လက္ခဏာများ၊ ကလေးများ၏ အမြင်အာရုံဖွံ့ဖြိုးမှု နှင့် စောစီးစွာစမ်းသပ်ခြင်းအကြောင်း ကိုသိရှိလာမည်။
  • အမြင်အာရုံ တစိတ်တစ်ပိုင်းချို့ယွင်း သောမျက်မမြင် ကလေးများ၏ ပင်ကိုယ်အရည်အချင်းနှင့် တွဲလျှက် တွေ့ကြုံရသည့် အခက်အခဲ စိန်ခေါ်မှုများကို နားလည် သဘောပေါက်လာ ပြီး ထိရောက်သည့် သင်ခန်းစာပြင်ဆင်မှုနှင့်သင်ထောက်ကူပစ္စည်းအသုံးပြုမှုနည်းလမ်းများကို သိရှိလာမည်။
  • အမြင်အာရုံအားလုံးချို့ယွင်းသောမျက်မမြင်ကလေးများ၏ ပင်ကိုယ်အရည်အချင်းနှင့် တွဲလျှက် တွေ့ကြုံရသည့် အခက်အခဲ စိန်ခေါ်မှုများကို နားလည် သဘောပေါက်လာ ပြီး ထိရောက်သည့် သင်ခန်းစာပြင်ဆင်မှုနှင့်သင်ထောက်ကူပစ္စည်းအသုံးပြုမှုနည်းလမ်းများကို သိရှိလာမည်။
  • အမြင်အာရုံချို့ယွင်းသူအားလုံးအတွက်ပေါင်းစပ်သင်ရိုး၏အရေးကြီးမှုနှင့် နည်းပညာကိုသိရှိပြီး ပင်မသင်ခန်းစာနှင့်တွဲဖက်ကာ သင်ကြားပေးတတ်လာမည်။
  • လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်အကောင်အထည်ဖော်ရာတွင်ပုံမှန်ကျောင်း ဆရာ/ဆရာမ များသည် ကွဲပြားသော နည်းစနစ်များအား အသုံးပြုခြင်းဖြင့် သင်ယူပျော်ပြီး လူတိုင်းပါဝင်နိုင်သည့် သင်ကြားရေးဝန်းကျင်တစ်ခု ကိုဖန်တီး နိုင် ကြောင်း သိရှိလာမည်။

Please login to take this course

Introduction

1. သင်ခန်းစာ မစခင်စဉ်းစားကြည့်ပါ။

2.ကမ္ဘာနဲ့ မြန်မာမှာ အမြင်အာရုံ ချို့ယွင်းသူ ဘယ်လောက်ရာခိုင်နှုန်းရှိလဲ။

3.(ဗီဒီယို သင်ခန်းစာ) အမြင်အာရုံ ချို့ယွင်းမှု အမျိုးအစားမျာနှင့် အဓိပ္ပါယ်ဖွင့် ဆိုချက်

4.ပင်မကျောင်းတွင်အမြင်အာရုံ ချို့ယွင်းမှု ရှိသည်ဟုယူဆရသော ကလေး အား အမြင်အာရုံ ချို့ယွင်းခြင်းရှိ၊ မရှိ စစ်ဆေးခြင်း။

5. လေ့ကျင့် ခန်းလေးလုပ်ကြည့်ရအောင်။

၆။ ယှဉ်တွဲပါ။

7. အမြင်အာရုံချို့ယွင်းမှု ဖြစ်ပွါးရသောအကြောင်းအရင်းများ

8. ဖြေကြည့်ပါ။

9.(ဗီဒီယို သင်ခန်းစာ) အမြင်အာရုံချို့ယွင်းသောကလေး များ၏ သွင်ပြင်လက္ခဏာများ

10. မှန်၊ မှားဖြေကြည့်ပါ။

11. အမှန်ကိုရွေးချယ်ဖြေဆိုပါ။

12. မွေးစ မှစ၍ ကျောင်းနေအရွယ်ကလေးများတွင်ပုံမှန် အမြင်အာရုံဖွံ့ဖြိုးမှု

13.မွေးစ မှ ကျောင်းနေအရွယ်ကလေးများတွင်ပုံမှန် အမြင်အာရုံဖွံ့ဖြိုးမှု

14.ယှဉ်တွဲပါ။

15. စဉ်းစားကြည့်ပါ။

16.( ဗီဒီယို သင်ခန်းစာ) အမြင်အာရုံ တစ်စိတ်တစ်ပိုင်း မမြင်သော ကလေး များ၏ သွင်ပြင်လက္ခဏာများ

17. အမြင်အာရုံ တစ်စိတ်တစ်ပိုင်းချို့ယွင်းသော ကလေးများ၏မြင်ကွင်းပုံစံ အမျိုးမျိုး။

18. ယှဉ်တွဲပါ။

19. Case studies

20. ဆိုင်းခေါ်န်၊ ၁၁ နှစ်

21. နန်းဧကရီ ၊၉ နှစ်

22. အားယူ၊၇ နှစ်

23. ဖြေကြည့်ကြမယ်။

24.(ဗီဒီယို သင်ခန်းစာ) အမြင်အာရုံတစ်စိတ်တစ်ပိုင်း မမြင်ရသော ကလေးများအာပုံမှန်စာသင်ခန်းတွင် လူ တိုင်းအကျုံးဝင်ပညာသင်ကြားရေးအတွက်ပံ့ပိုးပေးရမည့်နည်းလမ်းများ

25.(ထပ်ဆောင်းဖတ်ရှုရန် )အခြားပံ့ပိုးပေးမှု နည်းလမ်းများ

26. Case studies

27.ဆိုင်းခေါ်န်

28.နန်းဧကရီ

29.အားယူ

30. မှန်၊ မှား ရွေးချယ်ပါ။

31.Multiple choice

32. စဉ်းစားကြည့်ရအောင်။

33. (ဗီဒီယို သင်ခန်းစာ) အမြင်အာရုံအာလုံးချို့ယွင်းသောကလေးများ၏ သွင်ပြင် လက္ခဏာများနှင့် စိတ်ခံစားမှု များ

34.Case studies

35.စောဖိုးခွား၏အခက်အခဲ

36.နန်းဝါဝါ၏ အခက်အခဲ

37.ပြည့်ဖြိုး၏ အခက်အခဲ

38.မေးခွန်းလေးတွေ ဖြေကြည့်ရအောင်။

39.ယှဉ်တွဲပါ။

40.(ဗီဒီယိုသင်ခန်းစာ)အမြင်အာရုံအားလုံးချို့ယွင်းသောကလေး များ၏ စာသင် ခန်းထဲတွင် တွေ့ကြုံရတဲ့အခက်အခဲများအလိုက်လေ့ကျင့်သင် ကြား နည်းများ။

41. (သင်ခန်းစာ အပြင် အခြားပံ့ပိုးပေးမှုများ) စာမေးပွဲ စစ်ဆေးခြင်း

42. (သင်ခန်းစာ အပြင် အခြားပံ့ပိုးပေးမှုများ) မျက်မမြင်လက်စမ်းစာ (Braille)

43. Case studies

44.ပထဝီ သင်ခန်းစာတွင် နောနော်သည်ထိတွေ့ကိုင်တွယ်၍ ရသော မြေပုံများအားအသုံးပြုခြင်း။

45. ကျက်စာဘာသာရပ်များတွင် ဗညားသည် မျက်မမြင်လက်စမ်းပြဌာန်းစာအုပ်များ အသုံးပြုခြင်း။

46. ဘုမေသည်သင်္ချာသင်ခန်းစာတွင် ထိတွေ့ကိုင်တွယ် ပြီးအသုံးပြုရသောအထောက်အကူပစ္စည်းများအသုံးပြုသင်ယူခြင်း။

47. လေ့ကျင့်ခန်း

48. မှန်၊ မှားရွေးချယ်ပါ။

49. ဘာသာရပ်အလိုက်ဆရာ၊ဆရာမများကကျောင်းသားအားအသုံးပြုခိုင်းသောသင်ယူမှု အထောက်အကူ ပစ္စည်းများကို ယှဉ်တွဲပါ။

50.(ဖတ်ရှလေ့လာရန်) မြန်မာနိုင်ငံရော ၊အခြားနိုင်ငံများတွင်ပါ အမြင်အာရုံ တစ်စိတ်တစ်ပိုင်းချို့ယွင်းသော ကျောင်းသားများ အသုံးပြုသည့် အထောက် အကူ ပစ္စည်း များ။

51.လေ့ကျင့်ခန်း

52. သင်ခန်းစာမစခင်စဉ်းစားကြည့်ပါ။

53. (ဖတ်ရှုရန်) ပေါင်းစပ်သင်ရိုးအကြောင်းမိတ်ဆက်ခြင်း။

54.(ဗီဒီယိုသင်ခန်းစာ)ပေါင်းစပ်သင်ရိုးတမ်းတစ်ခုဖြစ်သောပတ်ဝန်းကျင်နဲ့လှုပ်ရှားသွားလာမှုဆိုင်ရာ ကျွမ်း ကျင်မှု(OrientationandMobility) သင်ကြားပေးခြင်းနည်းလမ်းများ

55. လေ့ကျင့်ခန်း

56. မှန်ရာ ကိုရွေးချယ်ပါ။

57. (ဖတ်ရှု လေ့လာစရာ) နေ့စဉ်ဘဝတစ်ကိုယ်ရည်ကိစ္စကျွမ်းကျင်မှုနည်းပညာ (Daily Living Skills)

58. မှန်၊ မှားရွေးချယ်ပါ။

59.(ဗီဒီယိုသင်ခန်းစာ)ပေါင်းစပ်သင်ရိုးတမ်းတစ်ခုဖြစ်သောအာရုံခံစားမှုဆိုင်ရာကျွမ်းကျင်မှု(Sensory Skills training) သင်ကြားပေးခြင်းနည်းလမ်းများ

60. လေ့ကျင့်ခန်း ( မှန်၊ မှား)

61.လေ့ကျင့်ခန်း ( အဖြေမှန်ရွေးပါ)

62. ပင်မသင်ခန်းစာများ နှင့် တွဲစပ်၍ ပေါင်းစပ် သင်ရိုး ညွှန်းတမ်းများကို တွဲစပ်သင်ကြားရန် နမူနာပုံစံကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

63. ယှဉ်တွဲပါ။

64. (ဗီဒီယို သင်ခန်းစာ) ဆရာတစ်ဦးအနေဖြင့် ပုံမှန်ကျောင်းခန်းတွင် အမြင်အာရုံ ချို့ယွင်းသော ကလေးတစ်ဦးအား သင်ကြား ပို့ချရာတွင် အောင်မြင်သည့်အတွေ့အကြုံ

65.ပြန်လှန်စဉ်းစားပါ။

Related Courses

chatGPTicon