Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အလယ်တန်းအထူးပြု ကာယပညာဘာသာရပ် အဆင့်မြင့်သင်ကြားနည်း

0

(0 Reviews)

Certified

4 hour(s)

116 Enrollment(s)

1051 View(s)

Share On :

Course Description

ဤသင်တန်းတွင် အလယ်တန်း ကာယပညာဘာသာရပ်ဆိုင်ရာ အခြေခံ အချက်အလက်များသာမက သင်ကြားရေးဆိုင်ရာ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုနှင့် သဘောထားတို့ ဖွံ့ဖြိုးတိုးတက်စေနိုင်သော သင်ခန်းစာများ၊ သင်ယူမှုလုပ်ငန်းများနှင့် ရင်းမြစ်များ ပါဝင်ပါသည်။ လက်တွေ့လုပ်ငန်းများမှ ကာယပညာဆိုင်ရာ အသိပညာများကို နက်နက်ရှိုင်းရှိုင်း လေ့လာရမည်ဖြစ်ပြီး၊ လေ့လာစူးစမ်းမှု အရည်အချင်းများကို တိုးပွားစေနိုင်ပါသည်။ ထို့ပြင် အရည်အချင်းပြည့်ဝသည့် အလယ်တန်းကာယပညာဘာသာရပ် ဆရာတစ်ဦး အဖြစ် သင်ကြားနိုင်ရေး အတွက် လိုအပ်သော ကျွမ်းကျင်မှုများဖြစ်သည့် သင်ထောက်ကူပစ္စည်းများ ဖန်တီးရွေးချယ်ခြင်း၊ သင်ယူမှုလုပ်ငန်းများနှင့် သင်ပြမှုပုံစံများ ရေးဆွဲခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း စသည်တို့ကို လေ့လာရမည်ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါမော်ဂျူးများကို သင်ယူရပါမည်။
မော်ဂျူး ၁ - ကာယပညာမိတ်ဆက်
မော်ဂျူး ၂ – ကာယ ကျန်းမာကြံ့ခိုင်ရေး
မော်ဂျူး ၃ - အားကစားနှင့် ကစားနည်းများ
မော်ဂျူး ၄ – နေကောင်းကျန်းမာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု
မော်ဂျူး ၅ - စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး ၆ - ကာယပညာ သင်ကြားခြင်း
ဘရူးနား၏ ခရုပတ်ပုံ သင်ရိုးညွှန်းတမ်း (Bruner’s spiral curriculum)၊ သင်ရိုးညွှန်းတမ်း (curriculum)၊ အလယ်တန်း အထူးပြု (Middle Specialisation Track)၊ သင်ကြားမည့် အကြောင်းအရာများ (scope)၊ အစီအစဉ် (sequence)၊ အကြိမ်၊ ပြင်းအား၊ ကြာချိန်နှင့် အမျိုးအစား (F.I.T.T.) အခြေခံမူ၊ အလုံးစုံခြုံငုံမိသော ကျန်းမာကြံ့ခိုင်ရေး (holistic fitness)၊ လိုက်လျောညီထွေပြုပြင်ခြင်း အခြေခံမူ (principle of adaptation)၊ ကိုယ်ပိုင်ဟန် အခြေခံမူ (principle of individuality)၊ ဝန်အားမြှင့်ခြင်းနှင့် တိုးတက်ခြင်း အခြေခံမူ (principle of progression and overload)၊ ပြန်လည်နာလန်ထ အားဖြည့်ခြင်း အခြေခံမူ (principle of recovery/recuperation)၊ နောက်ကြောင်းပြန်ခြင်း အခြေခံမူ (principle of reversibility)၊ တိကျသေချာခြင်း အခြေခံမူ (principle of specificity)၊ ငြီးငွေ့မှုကို ဖယ်ရှားခြင်း အခြေခံမူ (principle of tedium elimination)၊ ကျန်းမာကြံ့ခိုင်ရေး အခြေခံမူ (principles of fitness)၊ နည်းဗျူဟာအရ ခက်ခဲရှုပ်ထွေးလာစေခြင်း (Building tactical complexity)၊ အဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်ခြင်း နှင့်ဆိုင်သော (collaborative)၊ ယှဉ်ပြိုင်မှုရှိသော (competitive)၊ သဘောတရားအခြေပြု ကစားနည်း (concept-based game)၊ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သော (cooperative)၊ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သော နမူနာပုံစံ (Cooperative Model)၊ ချဲ့ထွင် မွမ်းမံခြင်း အခြေခံမူ (exaggeration principle)၊ ကိုယ်စားပြုမှု အခြေခံမူ (representation principle)၊ နမူနာပေးခြင်းဆိုင်ရာ အခြေခံမူ (sampling principle)၊ ကစားနည်းကို နားလည်စေရန် သင်ကြားခြင်း (TGfU) (Teaching Games for Understanding - TGfU)၊ မိရိုးဖလာနည်းပညာ နမူနာပုံစံ (traditional technical model)၊ ထိန်းသိမ်းလိုက်နာလိုမှု (adherence)၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့် (autonomy)၊ လူထုအပန်းဖြေခြင်း (community recreation)၊ ရေဓာတ်ခန်းခြောက်ခြင်း (dehydration)၊ ပင်ကိုမူလမဟုတ်ဘဲ ဖြစ်ပေါ်လာသည့် တက်ကြွစိတ် (extrinsic motivation)၊ အချိုဓာတ်အညွှန်းကိန်း (Glycemic index)၊ ရေဓာတ်ဖြည့်ခြင်း (hydration)၊ မိုးလုံလေလုံအပန်းဖြေခြင်း (indoor recreation)၊ ပင်ကိုမူလတက်ကြွစိတ် (intrinsic motivation)၊ ကစီဓာတ်နည်းသော အစားအစာ (low-carbonhydrate diet)၊ မက်စလိုး၏ လိုအပ်ချက်ဝါစဉ် (Maslow’s hierarchy of needs)၊ လှုံ့ဆော်မှု (motivation)၊ လေဟာပြင် အပန်းဖြေခြင်း (outdoor recreation)၊ ကာယကျောင်းသား၏ ကိုယ်ပိုင်လက္ခဏာ (PE learner identity)၊ ကာယပညာ သိနားလည်မှု (physical literacy)၊ ဦးစားပေးကြိုက်နှစ်သက်မှုများ (preference)၊ အပန်းဖြေခြင်း (recreation)၊ ကိုယ်တိုင်စိတ်ပိုင်းဖြတ်ခြင်း သီအိုရီ (self-determination theory)၊ စာသင်ခန်းတွင်း သတ်မှတ်ချက် စံတန်ဖိုးများ (class norm values)၊ နှိုင်းယှဉ်စံထား စစ်ဆေးအကဲဖြတ်ခြင်း (criterion-referenced assessment)၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း (formative assessment)၊ သတ်မှတ်စံထား စစ်ဆေးအကဲဖြတ်ခြင်း (norm-referenced assessment)၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း (summative assessment)၊ သင်ပြမှုပုံစံရေးဆွဲခြင်း (lesson planning)။

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စ ဆရာ၊ ဆရာမများသာမက လုပ်ငန်းခွင်ဝင်ပြီး ဆရာ၊ ဆရာမများပါ အလယ်တန်းကာယပညာဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် ဖြစ်ပါသည်။ ဆရာဆရာမများအနေဖြင့် ကာယပညာဆိုင်ရာ အသိပညာများကို ပိုမိုနက်နဲစွာ လေ့လာနိုင်ရန် သင့်လျော်သော သင်ကြားရေးချည်းကပ်နည်း၊ သင်ထောက်ကူရင်းမြစ်များနှင့် စစ်ဆေးအကဲဖြတ်နည်းများကို ထိရောက်စွာအသုံးချ၍ လူတိုင်းအကျုံးဝင်သည့် သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် စီစဉ်ရေးဆွဲထားပါသည်။

အလယ်တန်း ကာယပညာဘာသာရပ်တွင် ချမှတ်ထားသော သင်ယူမှုရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ကျန်းမာကြံ့ခိုင်ရေးနှင့် ပတ်သက်သည့် ကာယလှုပ်ရှားမှုများ၊ ကစားနည်းများ၊ အားကစားများတွင် ပါဝင်လုပ်ဆောင်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာလာပြီး လူမှုဆက်ဆံရေးပိုင်းတွင်လည်း ကောင်းမွန်လာစေရန်။

၂။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ထိရောက်သော ကိုယ်ကာယနှင့် ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်ရေး ကျွမ်းကျင်မှုများတွင် ပါဝင်လုပ်ဆောင်ရန်။

၃။ အားကစားများ၊ ကစားနည်းများ၊ ပျော်ရွှင်ဖွယ်ကစားပွဲများတွင် ပါဝင်စေခြင်းဖြင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဇွဲလုံ့လရှိခြင်း၊ သည်းခံစိတ်ရှိခြင်းနှင့် ဖြောင့်မတ်ခြင်း အစရှိသည့် ကောင်းမွန်သော တွေးခေါ်ပြုမူပုံများနှင့် စိတ်ဓာတ်များကို ပျိုးထောင်လေ့ကျင့်ပေးရန်။

၄။ ကျန်းမာ၍ ညီညွတ်မျှတသော နေထိုင်မှုဘဝ၊ အားလပ်ချိန်ပျော်ရွှင်မှုနှင့် အပန်းဖြေမှုတို့ကို ဖန်တီးခြင်းဖြင့် ပျော်ရွှင်ဝမ်းမြောက်မှု၊ အာရုံစူးစိုက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် ကျွမ်းကျင်မှုများကို ရရှိအောင် ပျိုးထောင်ပေးရန်။ 

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • ဘရူးနား (Bruner) ၏ ခရုပတ်ပုံသင်ရိုးညွှန်းတမ်းပါ အဓိက အခြေခံမူများကို ထည့်သွင်းစဉ်းစားပြီး ကာယပညာဘာသာရပ် (အလယ်တန်းအထူးပြုလမ်းကြောင်း) နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးတတ်မည်။
  • ရိုးရှင်းသော အကြမ်းဖော်ပြချက်ပုံစံကို အသုံးပြုပြီး အလယ်တန်း ကာယပညာ အတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်းမှ သင်ကြားမည့် အကြောင်းအရာနှင့် သင်ကြားမှု အစီအစဉ်၏ အနှစ်ချုပ်ကို ဖန်တီးတတ်မည်။
  • ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) မှ အနိမ့်ဆုံး အဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အခြေခံပညာ အလယ်တန်း ကာယပညာ သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားရန် လိုအပ်သော တတ်ကျွမ်းမှုများကို ဆွေးနွေးတတ်မည်။
  • ကျန်းမာကြံ့ခိုင်ရေးအခြေခံမူများကို ပိုမို နားလည်လွယ်သော ဒေသိယ နောက်ခံ အကြောင်းအရာအဖြစ်သို့ ရိုးရှင်းအောင် လုပ်ဆောင်တတ်မည်။
  • လေ့ကျင့်ခန်း အစီအစဉ်များတွင် ကျန်းမာကြံ့ခိုင်ရေး အခြေခံမူများကို မည်သို့ သုံးချနိုင်ကြောင်း ဆွေးနွေးတတ်မည်။
  • ကျန်းမာကြံ့ခိုင်ရေး အခြေခံမူများကို ရည်ညွှန်းပြီး အလုံးစုံခြုံငုံမိသော ကျန်းမာကြံ့ခိုင်မှု အစီအစဉ် တစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
  • ငါးလကြာမြင့်သော ကျန်းမာကြံ့ခိုင်ရေး အစီအစဉ်တစ်ခုကို ရေးဆွဲရာတွင် ကျန်းမာကြံ့ခိုင်ရေး အခြေခံမူများကို လက်တွေ့အသုံးချတတ်မည်။
  • လက်သင်အဆင့်အတွက် တစ်ခုပြီးတစ်ခု ပတ်လည်လုပ်ခြင်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်ကို ဆောင်ရွက်တတ်မည်။
  • လုပ်ဆောင်နိုင်စွမ်းများ၊ ကျား၊မ ဖြစ်မှုနှင့် လေ့ကျင့်ခန်းပြုလုပ်သူများ၏ အသက်စသည့် အဆင့်တို့ကို ထည့်သွင်းစဉ်းစားပြီး ကျန်းမာကြံ့ခိုင်ရေး အစီအစဉ်များကို မည်သို့ ဆက်လက်မွမ်းမံရမည်ကို ပြန်လည်သုံးသပ်တတ်မည်။
  • ရှုထောင့်မျိုးစုံမှ အားကစားနှင့် ကစားနည်းများ၏ သဘောတရားကို စုစည်းဖော်ပြတတ်မည်။
  • အားလုံးပါဝင်နိုင်မှု၊ ကျား၊မ သာတူညီမျှမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များစသည်တို့ကို တိုးမြှင့်ပေးမည့် အားကစားနှင့် ကစားနည်းများ အားလုံးကိုခြုံငုံမိသော သင်ကြားမှုဒဿနတစ်ခုအား ဖော်ထုတ်တတ်မည်။
  • အားကစားနှင့် ကစားနည်းများကို သင်ကြားရာ၌ ဘေးကင်းလုံခြုံမှုအတွက် အားလုံးခြုံငုံမိသော စစ်ဆေးရန် အချက်များပါသည့် စာရင်းတစ်ခုကို ရေးဆွဲတတ်မည်။
  • အလယ်တန်း ကာယပညာဘာသာရပ်တွင် ဘေးကင်းလုံခြုံမှုအတွက် စစ်ဆေးရန် အချက်များပါသော စာရင်းကို အတည်ပြုပြဋ္ဌာန်းနိုင်မည့် ဗျူဟာများကို သတ်မှတ် ဖော်ထုတ်တတ်မည်။
  • ကစားနည်းကို နားလည်စေရန် သင်ကြားခြင်း (TGfU) ၏ အင်္ဂါရပ်များကို အလယ်တန်း ကာယပညာရှိ သင်နည်းဗေဒဆိုင်ရာ ချဉ်းကပ်မှုတစ်ခုအဖြစ် ဖော်ပြတတ်မည်။
  • အလယ်တန်း ကာယပညာသင်ယူသူများအတွက် ရှင်းလင်းအောင် ပြုလုပ်ထားသော ကစားနည်း အမျိုးအစား (၄) မျိုးထဲမှ တစ်နည်းနည်းကို အခြေတည်ပြီး ကစားနည်းကို နားလည်စေရန် သင်ကြားခြင်း (TGfU) သဘောတရားကို အခြေခံထားသော ကစားနည်းတစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
  • ကစားနည်းကို နားလည်စေရန် သင်ကြားခြင်း (TGfU) ပုံစံကို အသုံးပြုပြီး အလယ်တန်း အဆင့်တွင် အားကစားနှင့်ကစားနည်းများမှတစ်ဆင့် သင်ယူမှုကို ကူညီလမ်းညွှန်ပေးသည့် ကျွမ်းကျင်မှုများကို ဖော်ပြတတ်မည်။
  • လုပ်ငန်းခွင်အကြိုဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်တွင် ဖော်ပြထားသော အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်ကို ထည့်သွင်းစဉ်းစားပြီး ကစားနည်းကို နားလည်စေရန် သင်ကြားခြင်း (TGfU) သင်ခန်းစာ ပို့ချမှုကို ပြန်လည် သုံးသပ်တတ်မည်။
  • စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းကို အခြေပြုပြီး အလယ်တန်း ကာယပညာ သင်ယူသူများနှင့် ဆီလျော်မည့် အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သည့် ကစားနည်းကို အခြေခံထားသော လုပ်ငန်းများ၏ အဓိကအင်္ဂါရပ်များကို ဖော်ပြတတ်မည်။
  • အလယ်တန်း ကာယပညာသင်ယူမည့်သူများ၏ အဆင့်ကို ထည့်သွင်းစဉ်းစားပြီး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် ကစားနည်းကို အခြေခံထားသော လုပ်ငန်းတစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
  • အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သည့်ပုံစံကို အသုံးချပြီး အလယ်တန်းအဆင့်တွင် အုပ်စုလိုက် ကစားနည်းများကို ကူညီလမ်းညွှန်ပေးသည့် ကျွမ်းကျင်မှုများအား ဖော်ပြတတ်မည်။
  • လုပ်ငန်းခွင်အကြိုဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်တွင် ဖော်ပြထားသော အနိမ့်ဆုံးသတ်မှတ်ချက်ကို ထည့်သွင်းစဉ်းစားပြီး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် အုပ်စုလိုက်ကစားနည်း သင်ခန်းစာပို့ချမှုကို ပြန်လည် သုံးသပ်တတ်မည်။
  • အလယ်တန်း အားကစားကျောင်းသား/ ကာယကျောင်းသားများအတွက် အကောင်းဆုံး အားကစားစွမ်းဆောင်ရည်ကို ပံ့ပိုးပေးနိုင်မည့် အာဟာရဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတတ်မည်။
  • အလယ်တန်းကျောင်းသားများ အလွယ်မှတ်သားနိုင်သည့် အတိုကောက် တစ်ခုကို အသုံးပြုပြီး အကောင်းဆုံးအားကစားစွမ်းဆောင်ရည်အတွက် ရိုးရှင်းသော အကြံပြုချက်များကို တင်ပြတတ်မည်။
  • ကာယလုပ်ငန်းဆိုင်ရာ ဦးစားပေးကြိုက်နှစ်သက်မှုများ၊ လှုံ့ဆော်သည့် အကြောင်းအရင်း၊ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် မိမိကိုယ်မိမိ စည်းကမ်း ကြပ်မတ်မှုတို့ကို ကြည့်ခြင်း အားဖြင့် ကာယလုပ်ငန်းဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ဆက်နွှယ်နေသော မိမိ၏ စိတ်နေစိတ်ထားများကို စစ်ဆေးတတ်မည်။
  • တစ်ကိုယ်ရေ လေ့ကျင့်ခန်းကို အထောက်အကူပြုသော လှုံ့ဆော်သည့် အကြောင်းရင်းများနှင့် ကာယလုပ်ငန်းဆိုင်ရာ စီမံကိန်းတွင် လိုက်နာ လုပ်ဆောင်မှုတို့ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အပန်းဖြေလုပ်ငန်းများ၏ အဓိကအင်္ဂါရပ်များကို အကြမ်းဖျင်း ဖော်ပြတတ်မည်။
  • အပန်းဖြေလုပ်ငန်းများကို ရွေးချယ်ရာတွင် ကာယလုပ်ငန်းဆိုင်ရာ ပုဂ္ဂလဦးစားပေး ကြိုက်နှစ်သက်မှုများ၊ လှုံဆော်မှု၊ တတ်ကျွမ်းမှုနှင့် ထိန်းသိမ်းလိုက်နာမှုတို့ကို ဆက်စပ်တတ်မည်။
  • အလယ်တန်းကာယပညာဘာသာရပ်ရှိ ဆက်စပ် အကြောင်းအရာများတွင် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းတို့ကို နှိုင်းယှဉ်တတ်မည်။
  • အလယ်တန်းကာယပညာဘာသာရပ်ရှိ ဆက်စပ် အကြောင်းအရာများတွင် နှိုင်းယှဉ်စံထား စစ်ဆေးအကဲဖြတ်ခြင်းနှင့် သတ်မှတ်စံထား စစ်ဆေးအကဲဖြတ်ခြင်းတို့ကို နှိုင်းယှဉ် တတ်မည်။ 
  • ကာယပညာဘာသာရပ်တွင် အရည်အသွေးမြင့် စစ်ဆေးအကဲဖြတ်ခြင်း၏ ဝိသေသလက္ခဏာများကို ဖော်ပြတတ်မည်။
  • အလယ်တန်းကာယပညာသင်ခန်းစာရှိ သင်ယူခြင်းရလဒ်များ/ ရည်မှန်းချက်များကို စံထားပြီး ဗဟုသုတ စစ်ဆေးမှုတစ်ခုကို ဖော်ထုတ်ရေးဆွဲတတ်မည်။
  • အလယ်တန်း ကာယပညာသင်ခန်းစာရှိ သင်ယူခြင်းရလဒ်များ/ ရည်မှန်းချက်များကို စံထားပြီး သိစိတ်ရှိ လှုပ်ရှားမှုဆိုင်ရာ စစ်ဆေးမှုတစ်ခုကို ဖန်တီးရေးဆွဲတတ်မည်။
  • ဘေးကင်းလုံခြုံမှု၊ စာသင်ခန်း စီမံခန့်ခွဲမှုနှင့် ထိရောက်သော သင်နည်းဗေဒတို့ကို ထည့်သွင်းစဉ်းစားပြီး အလယ်တန်းအဆင့် ကျောင်းသားများအတွက် ၎င်းတို့၏ ဖွံ့ဖြိုးမှုအဆင့်နှင့် သင့်လျော်သည့် သင်ပြမှုပုံစံတစ်ခုကို ရေးဆွဲတတ်မည်။
  • သင်ပြမှုပုံစံအတိုင်း အလယ်တန်းဆင့် ကာယသင်ခန်းစာကို သင်ကြားတတ်မည်။
  • သင်ပြမှုပုံစံများကို ပြန်လည်ပြင်ဆင်ရန်နှင့် သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်မှုများကို တိုးတက်ကောင်းမွန်စေရန်တို့အတွက် ဆင်းဒွစ်အခြေခံမူကို အသုံးပြုပြီး အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်များကို ဖန်တီးတတ်မည်။
  • အလယ်တန်း ကာယပညာဘာသာရပ် ဆက်စပ်အကြောင်းအရာတွင် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းတို့ကို နှိုင်းယှဉ် တတ်မည်။
  • အလယ်တန်း ကာယပညာဘာသာရပ် ဆက်စပ်အကြောင်းအရာတွင် နှိုင်းယှဉ် စံထား စစ်ဆေးအကဲဖြတ်ခြင်းနှင့် သတ်မှတ်စံထား စစ်ဆေးအကဲဖြတ်ခြင်းတို့ကို နှိုင်းယှဉ်တတ်မည်။
  • ကာယပညာဘာသာရပ်တွင် အရည်အသွေးမြင့် စစ်ဆေးအကဲဖြတ်ခြင်း၏ ဝိသေသလက္ခဏာများကို ဖော်ပြတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး (၁) ကာယပညာမိတ်ဆက်

၁.၁။ အလယ်တန်းအထူးပြု ကာယပညာ သင်ရိုးညွှန်းတမ်းမိတ်ဆက်

အလယ်တန်း အထူးပြုလမ်းကြောင်း၏ ကာယပညာ သင်ရိုးညွှန်းတမ်းကို မိတ်ဆက်သင်ကြားခြင်း

ခရုပတ်ပုံသင်ရိုး၏ ဝိသေသလက္ခဏာများ

ကာယပညာ (အလယ်တန်းအထူးပြုလမ်းကြောင်း) သင်ရိုးညွှန်းတမ်း

သင်ယူမှုလုပ်ငန်း။ “ခရုပတ်ပုံသင်ရိုးညွှန်းတမ်းနှင့် ကာယပညာကို ချိတ်ဆက်ခြင်း”

၁.၂။ အခြေခံပညာ အလယ်တန်း ကာယပညာ သင်ရိုးညွှန်းတမ်း၏ သင်ကြားမည့် အကြောင်းအရာနှင့် သင်ကြားမှုအစီအစဉ်ကို နားလည်သဘောပေါက်ခြင်း

သင်ကြားမည့်အကြောင်းအရာများနှင့် သင်ကြားမှုအစီအစဉ်များ

အလယ်တန်းအောက်ဆင့်အတန်းများ၏ ကာယပညာအတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်း

အဖြေမှန်ကိုရွေးပါ။

မှန်/မှား

ယှဉ်တွဲပါ။

မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၂) ကာယကျန်းမာကြံ့ခိုင်ရေး

၂.၁။ ကျန်းမာကြံ့ခိုင်ရေး အခြေခံမူများ

ကျန်းမာကြံ့ခိုင်ရေးအခြေခံမူများကို နားလည်သဘောပေါက်ခြင်း

သင်ယူမှုလုပ်ငန်း။ မိမိကိုယ်ပိုင် (၃) ရက်တာ လေ့ကျင့်ခန်း အစီအစဉ်ကို ဒီဇိုင်းရေးဆွဲခြင်း

၂.၂။ ကျန်းမာကြံ့ခိုင်ရေးအစီအစဉ်ကို ဖန်တီးရေးဆွဲခြင်း

အလုံးစုံခြုံငုံမိသော ကျန်းမာကြံ့ခိုင်ရေး အစီအစဉ်တစ်ခု ရေးဆွဲခြင်း

လေ့ကျင့်ခန်းအစီအစဉ်

အားဖြည့်ခြင်း အစီအစဉ်

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ။

မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၃) အားကစားနှင့် ကစားနည်းများ

၃.၁။ အလယ်တန်းအဆင့်အတွက် အားကစားနှင့် ကစားနည်းများ သင်ကြားခြင်းအား မိတ်ဆက်ခြင်း

အလယ်တန်း ကာယပညာဘာသာရပ်ရှိ အားကစားနှင့် ကစားနည်းများကို နားလည်သဘောပေါက်ခြင်း

အားကစားနှင့် ကစားနည်းများကို အမျိုးအစားခွဲခြားခြင်း

သင်ယူမှုလုပ်ငန်း။ အားကစားနှင့် ကစားနည်းများ၏ သဘောတရားကို ခွဲခြားခြင်း

အားကစားနှင့် ကစားနည်းများ သင်ကြားရာ၌ ဘေးကင်း လုံခြုံရေးအတွက် စစ်ဆေးရန် အချက်များပါသော စာရင်းတစ်ခုကို ရေးဆွဲခြင်း

ဘေးကင်းလုံခြုံမှုအတွက် စံနှုန်း (၅) ချက်

ကာယပညာနှင့် အားကစား ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး

အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံရေး

အချိန်နှင့် ရာသီဥတုအခြေအနေဆိုင်ရာ ဘေးကင်းလုံခြုံရေး

လုပ်ငန်းများ၏ အန္တရာယ်ကို စစ်ဆေးအကဲဖြတ်ခြင်း

စာသင်ခန်းဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု

သင်ယူမှုလုပ်ငန်း။ “ကစားရန် ဘေးကင်းပါသလား” – ဘေးကင်းလုံခြုံမှုအတွက် စစ်ဆေးရန် အချက်များပါသောစာရင်း

၃.၂။ အားကစားနှင့် ကစားနည်းများကို သင်ကြားသည့် သင်နည်းဗေဒ ချဉ်းကပ်မှုများ

ကစားနည်းများကို နားလည်စေရန် သင်ကြားခြင်း ( TGfU)

TGfU နမူနာပုံစံ၏ ပင်မသဘောတရား လေးခု

TGfU သဘောတရားကို အခြေခံထားသော ကစားနည်းတစ်ခုကို ဒီဇိုင်းရေးဆွဲခြင်း

သင်ယူမှုလုပ်ငန်း။ TGfU ကစားနည်းဒီဇိုင်း ဖန်တီးခြင်း

အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် ကစားနည်းများကို သင်ကြားခြင်း

အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းပုံစံ၏ အင်္ဂါရပ်များ

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၄)နေကောင်းကျန်းမာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု

၄.၁။ အာဟာရ

အားကစား စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေမည့် အာဟာရဆိုင်ရာ ကိစ္စရပ်များ

အသားဓာတ်နှင့် အားကစားစွမ်းဆောင်ရည်

ရေဓာတ်ဖြည့်ခြင်းနှင့် အားကစားစွမ်းဆောင်ရည်

သင်ယူမှုလုပ်ငန်း။ အာဟာရဆိုင်ရာ မှတ်ဉာဏ်ကူစကားလုံး ဖန်တီးခြင်း

၄.၂။ ကိုယ်လက်လှုပ်ရှား တက်ကြွသော လူနေမှုဘဝကို ဖန်တီးခြင်း

စဉ်ဆက်မပြတ်ဖြစ်သော ကာယလုပ်ငန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်များ

ကာယလုပ်ငန်းများအတွက် လှုံ့ဆော်မှုကို နားလည်သဘောပေါက်ခြင်း

ကိုယ်တိုင်စိတ်ပိုင်းဖြတ်ခြင်း သီအိုရီ

ကာယပညာ သိနားလည်မှုနှင့် တတ်ကျွမ်းမှု

သင်ယူမှုလုပ်ငန်း။ “ကျွန်ုပ်အား မည်သည့်အရာက တွန်းအားပေးသနည်း။” -တစ်သက်တာ ကာယလှုပ်ရှားမှုအတွက် ကိုယ်ရေးကိုယ်တာ စိတ်နေသဘောထားများကို စူးစမ်းလေ့လာခြင်း

၄.၃။ အပန်းဖြေခြင်း

အပန်းဖြေခြင်းဖြင့် ဘဝအရည်အသွေးကို အပန်းဖြေခြင်းဖြင့် ဖန်တီးတည်ဆောက်ခြင်း

အပန်းဖြေခြင်းနှင့် မသက်ဆိုင်သော လုပ်ငန်းများ

အပန်းဖြေလုပ်ငန်း အမျိုးအစားများ

ပါဝင်သူဦးရေအလိုက် အပန်းဖြေခြင်း

လူထုအပန်းဖြေခြင်း

ထပ်ဆောင်းလိုအပ်ချက်ရှိသူများအတွက် အပန်းဖြေခြင်း

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၅) စစ်ဆေးအကဲဖြတ်ခြင်း

၅.၁။ သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း

အရည်အသွေးမြင့် စစ်ဆေးအကဲဖြတ်ခြင်း၏ လက္ခဏာ (၇) ချက်

သင်ယူမှုလုပ်ငန်း။ "စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုဆန်းစစ်ခြင်း"

သင်ယူခြင်းအား စစ်ဆေးအကဲဖြတ်ရန်အတွက် နည်းကိရိယာများ ရေးဆွဲပြုစုခြင်း

စစ်ဆေးမှုကို ကြိုတင်ပြင်ဆင်ခြင်း

စစ်ဆေးမှုကို ပြုစုတည်ဆောက်ခြင်း

စစ်ဆေးမှုကို စီမံခန့်ခွဲခြင်း

အဖြေမှန်ကိုရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၆) ကာယပညာသင်ကြားခြင်း

၆.၁။သင်ပြမှုပုံစံရေးဆွဲခြင်း

အဖြေမှန်ကို‌ရွေးပါ

မှန်/မှား

ယှဉ်တွဲပါ

မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန် မေးခွန်းနှင့် နမူနာအဖြေ

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ခြင်း

ဆက်လက်ဖတ်မှတ်စရာများ

Related Courses

chatGPTicon
;