ပညာရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်း။ မော်ဂျူး (၅) - လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှုအတွက် ခေါင်းဆောင်မှု
5
(1 Reviews)
Certified
8 hour(s)
250 Enrollment(s)
859 View(s)

Share On :
Course Description
"လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှုအတွက် ခေါင်းဆောင်မှု" သင်တန်းသည် စာသင်ခန်းများနှင့် ကျောင်းများအတွင်း လူမှု-စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှု (Social Emotional Learning - SEL) ကို မြှင့်တင်ရာတွင်နှင့် ထိန်းသိမ်းရာတွင် ဆရာအတတ်သင်နည်းပြများ ၏ ပညာရေးဆိုင်ရာ ခေါင်းဆောင်များအဖြစ် အရေးပါသော အခန်းကဏ္ဍကို နားလည်စေရန်အတွက် အခြေခံအုတ်မြစ်ကို ချပေးထားသည်။ ပါဝင်သူများသည် SEL ၏ သဘောတရား၊ ၎င်း၏ အစိတ်အပိုင်းများ၊ ၎င်း၏ အရေးပါပုံနှင့် ပို၍အရေးကြီးသည်မှာ ဆရာများနှင့် ကျောင်းပတ်ဝန်းကျင်တွင် ၎င်းကို မည်သို့ မြှင့်တင်ရမည်ကို လေ့လာကြမည်ဖြစ်သည်။ ဤသင်တန်းသည် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု (CRT) ၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြထားပြီး၊ ပဋိပက္ခဒဏ်သင့် အခြေအနေများတွင် ၎င်း၏ အရေးပါပုံနှင့် ကျောင်းသားများ၏ မတူကွဲပြားသော ယဉ်ကျေးမှုများကို လေးစားပြီး ဂုဏ်ပြုသည့် ဘေးကင်း၍၊ လူတိုင်းအကျုံးဝင်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်ကို သေချာစေရန်အတွက် မည်သည့် မဟာဗျူဟာများနှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ရန် လိုအပ်သည်ကို သရုပ်ဖော်ပြထားသည်။ ချိတ်ဆက်ပါဝင်စေသည့် ဆွေးနွေးမှုများနှင့် လက်တွေ့ကျသော လုပ်ငန်းများမှတစ်ဆင့်၊ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏အခန်းကဏ္ဍကို ဆင်ခြင်သုံးသပ်ရန်၊ အကျပ်အတည်းများတွင် ဆရာများ ရင်ဆိုင်ရသော ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများကို ပိုင်းခြားစိတ်ဖြာရန်နှင့် ပံ့ပိုးမှုပေးပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးသော သင်ကြားရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန်အတွက် လက်တွေ့လုပ်ဆောင်နိုင်သော မဟာဗျူဟာများ ကို တည်ဆောက်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။ ဤသင်တန်းသည် ဘေးကင်းပြီး လူတိုင်းအကျုံးဝင်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်များ ဖန်တီးရန်အတွက် လူမှု-စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှုနှင့် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု ချဉ်းကပ်မှုများ ကို ထည့်သွင်းခြင်းကို ဦးစားပေးသည့် ခေါင်းဆောင်မှု စိတ်နေစိတ်ထားကို ပျိုးထောင်ရန် ရည်ရွယ်သည်။ ဤသင်တန်းတွင် အဓိက အပိုင်း (၄) ပိုင်း ပါဝင်သည်-
(၁) လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှုနှင့် ပဋိပက္ခအခင်းအကျင်းအတွင်း ၎င်း၏ အရေးပါမှုအကြောင်း မိတ်ဆက်
(၂) လူမှုနှင့် စိတ်ခံစားချက်ပိုင်း သင်ယူမှုဆိုင်ရာ အဓိက တတ်ကျွမ်းမှုများကို နားလည်ခြင်း
(၃) ဆရာ၊ ဆရာမများအတွက် လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှု အားပေးမြှင့်တင်ရေးတွင် ပညာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ
(၄) ပဋိပက္ခဖြစ်လေ့ရှိသော ပညာရေးအခင်းအကျင်းများ၌ ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားရေး အလေ့အကျင့်များ
Course Objectives
Learning Outcomes
- လူမှု-စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှု (SEL) ၏ အခြေခံမူများနှင့် အစိတ်အပိုင်းများကို ဖော်ပြနိုင်မည်။
- ပဋိပက္ခနှင့် အကျပ်အတည်း အခြေအနေများတွင် SEL ၏ အရေးပါပုံကို ရှင်းပြနိုင်မည်။
- ဘေးကင်းပြီး ပံ့ပိုးမှုပေးသော သင်ယူမှုပတ်ဝန်းကျင်များ ဖန်တီးရန်အတွက် SEL နှင့် စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသည့် အလေ့အကျင့်များ ကို အသုံးချနိုင်မည်။
- ကျောင်းသားများ၏ စိတ်ခံစားချက် ထိန်းညှိခြင်းနှင့် လူမှုဆက်ဆံရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် SEL မဟာဗျူဟာများကို အသုံးချနိုင်မည်။
- ပဋိပက္ခ ဖြစ်ပွားနိုင်သော သို့မဟုတ် အရင်းအမြစ်နည်းသော အခြေအနေများတွင် SEL ကို မြှင့်တင်ရာတွင်နှင့် ထိန်းသိမ်းရာတွင် ပညာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ ကို ပိုင်းခြားစိတ်ဖြာနိုင်မည်။
- ဝန်ထမ်းများအား လမ်းညွှန်ပေးခြင်း၊ ရွယ်တူချင်း လေ့လာစောင့်ကြည့်ခြင်းနှင့် ရပ်ရွာနှင့် ထိတွေ့ဆက်ဆံခြင်းကဲ့သို့သော လက်တွေ့ကျသော ခေါင်းဆောင်မှု မဟာဗျူဟာများ ကို သရုပ်ပြနိုင်မည်။
- ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အပြုသဘောဆောင်သော စာသင်ခန်းပတ်ဝန်းကျင်များကို မြှင့်တင်နေစဉ်တွင် အကျပ်အတည်းဆိုင်ရာ အကြောင်းအရာများရှိ အဖြစ်များသော စိန်ခေါ်မှုများ (ဥပမာ- ဆရာများ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျခြင်း (burnout)၊ အရင်းအမြစ် အကန့်အသတ်ရှိခြင်း၊ ကျောင်းသား စိတ်ဒဏ်ရာ မြင့်မားခြင်း) ကို ဖြေရှင်းပေးသည့် အကြောင်းအရာနှင့် သက်ဆိုင်သော SEL လုပ်ငန်းများ ကို ဖန်တီးရေးဆွဲနိုင်မည်။
- CRT ၏ အရေးပါပုံနှင့် သက်ရောက်မှုကို ဖော်ပြနိုင်မည်။
- အတန်းတွင်းတွင် ကျောင်းသား ပါဝင်မှု၊ လုပ်ဆောင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လူတိုင်းအကျုံးဝင်မှုတို့ကို တိုးတက်စေရန်အတွက် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု (CRT) မဟာဗျူဟာများ ကို အသုံးချနိုင်မည်။
Please login to take this course
Lectures
မိတ်ဆက်
၁။ လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှုနှင့် ပဋိပက္ခအခင်းအကျင်းအတွင်း ၎င်း၏ အရေးပါမှုအကြောင်း မိတ်ဆက်
ပဋိပက္ခဒဏ်သင့် အခြေအနေများတွင် SEL ၏ အရေးပါပုံ
လူမှု-စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှု (SEL) နှင့် ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေး (CSE) အကြား ဆက်စပ်မှု
SEL နှင့် စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော သင်ကြားမှု အကြား ဆက်စပ်မှု
SEL၊ CSE နှင့် စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော သင်ကြားမှုအကြား အပြန်အလှန်ဆက်ဆံရေး
စာသင်ခန်းအတွင်း SEL ကို အသုံးချခြင်း - ရှင်းလင်းချက်ဆိုင်ရာ ဖြစ်ရပ်လေ့လာမှု
သက်ရောက်မှုနှင့် သင်ယူခဲ့ရသော သင်ခန်းစာများ
အဓိက အချက်များ
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၄)
၂။ လူမှုနှင့် စိတ်ခံစားချက်ပိုင်း သင်ယူမှုဆိုင်ရာ အဓိက တတ်ကျွမ်းမှုများကို နားလည်ခြင်း
SEL ၏ အဓိက တတ်ကျွမ်းမှုများ
SEL တတ်ကျွမ်းမှုများနှင့် ကျောင်းသားများ၏ သင်ယူမှုအကြား ဆက်နွှယ်မှု
ပဋိပက္ခဒေသများတွင် SEL တတ်ကျွမ်းမှုများ၏ အရေးပါပုံ
စာသင်ခန်းရှိ SEL- သင်ကြားမှုနှင့် သင်ယူမှုတွင် ထူးခြားသော အသွင်ကူးပြောင်းမှု
သမားရိုးကျ စာသင်ခန်းနှင့် SEL ပေါင်းစပ်ထားသော စာသင်ခန်း နှိုင်းယှဉ်ချက်
ဖြစ်ရပ်လေ့လာမှုအခြေပြု လုပ်ငန်း
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၄)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၅)
၃။ ဆရာ၊ ဆရာမများအတွက် လူမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ သင်ယူမှု အားပေးမြှင့်တင်ရေးတွင် ပညာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ
လူမှုနှင့် စိတ်ခံစားချက်ပိုင်း သင်ယူမှု (SEL) ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် မဟာဗျူဟာ (၃) ရပ်
ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုအတွက် SEL မြှင့်တင်ရန် လက်တွေ့ကျသော မဟာဗျူဟာများ
ဆရာ၊ ဆရာမ စစ်တမ်းကို ခွဲခြမ်းစိတ်ဖြာရာတွင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီး အဆင့်များ
ပဋိပက္ခဖြစ်ပွားနိုင်သော ပတ်ဝန်းကျင်များတွင် လူမှု-စိတ်ခံစားချက်ပိုင်း သင်ယူမှု (SEL) ကြိုးပမ်းအားထုတ်မှုများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း
ပြန်လည်သုံးသပ်ရန် ဖြစ်စဉ်လေ့လာမှု - "SEL မှတစ်ဆင့် ဆရာများအား စွမ်းအားမြှင့်တင်ခြင်း"
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၄)
၄။ ပဋိပက္ခဖြစ်လေ့ရှိသော ပညာရေးအခင်းအကျင်းများ၌ ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားရေး အလေ့အကျင့်များ
ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားရေး (CRT) ၏ အဓိကဝိသေသများ
သမားရိုးကျသင်ကြားနည်းစနစ်များနှင့် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှုအကြား ကွာခြားချက်များ
ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု၏ ပညာရေးအပေါ် သက်ရောက်မှု
ပဋိပက္ခဒဏ်ခံရသော အခင်းအကျင်းများတွင် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု၏ အရေးပါမှု
ပညာရေးခေါင်းဆောင်မှုအတွက် ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှုကို မြှင့်တင်ရန် နည်းဗျူဟာများ
ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး
လမ်းညွှန်ကူညီမှုနှင့် နည်းပြခြင်း
အရင်းအမြစ် ပံ့ပိုးပေးခြင်း
ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်များ
ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု
ယဉ်ကျေးမှုနောက်ခံနှင့် ဆီလျော်ကိုက်ညီသော သင်ကြားမှု (CRT) ကို ထိန်းသိမ်းရန် ဆရာအတတ်သင် နည်းပြများ၏ အခန်းကဏ္ဍ
အကောင်အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် လျှော့ချရေး နည်းဗျူဟာများ
ဖြစ်ရပ်လေ့လာမှုအခြေပြု လုပ်ငန်း
ပြန်လည်သုံးသပ်ရန် ဖြစ်စဉ်လေ့လာမှု
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၄)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၅)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၆)
ပြန်လည်ဆန်းစစ်ခြင်း
Summary
သင်တန်းအနှစ်ချုပ်
Related Courses
