Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မူလတန်းအထူးပြု သင်္ချာဘာသာရပ် အဆင့်မြင့်သင်ကြားနည်း

3

(4 Reviews)

Certified

8 hour(s)

238 Enrollment(s)

1819 View(s)

Share On :

Course Description

ဤသင်တန်းသည် လုပ်ငန်းခွင်ဝင်စဆရာများအား မူလတန်းစာသင်ခန်းများတွင် သင်္ချာဘာသာရပ်ကို ထိရောက်စွာသင်ကြားနိုင်ပြီး လိုအပ်သောတတ်ကျွမ်းမှုများ တတ်မြောက်သွားစေရန် စီစဉ်ရေးဆွဲ ထားပါသည်။ လုပ်ငန်းခွင်ဝင်စဆရာတစ်ဦးအနေဖြင့် သင်္ချာဘာသာရပ်သင်ယူရာတွင် အထောက်အကူပြု စေရန် သိသင့်သည်များ၊ စာသင်ခန်းအတွင်း လုပ်ဆောင်ရမည်များနှင့် ပတ်သက်၍ လေ့လာရမည် ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာ အသိပညာများကိုသာ အလေးပေးခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ အသက်အရွယ်အလိုက် သင်ကြားသင်ယူမှုအခြေအနေများတွင် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထားများကိုလည်း အလေးပေးထားပါသည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။
မော်ဂျူး (၁) သင်္ချာဘာသာရပ်မိတ်ဆက်
၁.၁။ မူလတန်းအဆင့် သင်္ချာဘာသာရပ်၏ သဘောသဘာဝ
၁.၁.၁။ ပုံစံများနှင့်ဆက်သွယ်ချက်များ
၁.၁.၂။ သင်္ချာ၊ သိပ္ပံနှင့် နည်းပညာ
၁.၁.၃။ သင်္ချာနည်းကျစဉ်းစားတွေးခေါ်မှု
၁.၂။ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင်ပါသောသင်္ချာ
၁.၂.၁။ သင်္ချာသင်ယူခြင်းဆိုင်ရာတိုးတက်မှု
မော်ဂျူး (၂) ပုစ္ဆာဖြေရှင်းခြင်းနှင့် အယူအဆလွဲမှားမှုများ
၂.၁။ ငြမ်းဆင် သင်ကြားခြင်းနည်းလမ်း 
၂.၁.၁။ သင်္ချာသင်ကြားသော စာသင်ခန်းများရှိ ကြိုတင်မျှော်မှန်းထားသော ပုစ္ဆာများ 
၂.၁.၂။ ကိုယ်စားပြုဖော်ပြချက်များကို အသုံးပြု၍ ပုစ္ဆာဖြေရှင်းခြင်း 
၂.၁.၃။ ငြမ်းဆင်သင်ကြားခြင်းနှင့် ဆရာ၏ အခန်းကဏ္ဍ 
၂.၁.၄။ ငြမ်းဆင်သင်ကြားခြင်းကို အသုံးပြုထားသည့် ပုစ္ဆာဖြေရှင်းခြင်းလုပ်ငန်းများ 
၂.၂။ သင်္ချာဘာသာရပ်တွင် သုတေသန ပြုလုပ်ခြင်း 
၂.၂.၁။ အတွေ့များသော အမှားများနှင့် အယူအဆလွဲမှားမှုများ
၂.၂.၂။ အနုတ်လက္ခဏာအပေါ် သင်္ကေတဆိုင်ရာ ခံစားသိမှု 
၂.၃။ သင်္ချာသင်ကြားခြင်းတွင် လူတိုင်းအကျုံးဝင်မှုရှိသော ချဉ်းကပ်နည်း 
၂.၃.၁။ လူတိုင်းအကျုံးဝင်မှုရှိသော ပုစ္ဆာဖြေရှင်းခြင်းလုပ်ငန်းများ
မော်ဂျူး (၃) သင်္ချာကို နားလည် သဘောပေါက်ခြင်း
၃.၁။ ကိန်းများ 
၃.၁.၁။ ကိန်းအယူအဆနှင့် နေရာလိုက်တန်ဖိုး 
၃.၁.၂။ သူငယ်တန်းနှင့် ပထမတန်းအတွက် ပေါင်းခြင်းနှင့် နှုတ်ခြင်း နည်းလမ်းများ 
၃.၁.၃။ ဒုတိယတန်းတန်းအတွက် ပေါင်းခြင်း၊ နှုတ်ခြင်း နည်းလမ်းများနှင့် စိတ်တွက်တွက်ခြင်း 
၃.၁.၄။ မြှောက်ခြင်းနှင့် စားခြင်း 
၃.၁.၅။ အပိုင်းကိန်းများ 
၃.၁.၆။ ကိန်းသဘောတရားကို ချဲ့ထွင်ခြင်း
၃.၁.၇။ စုံကိန်းများနှင့် မကိန်းများ 
၃.၂။ တိုင်းတာခြင်း 
၃.၂.၁။ တိုင်းတာခြင်း သဘောတရား 
၃.၂.၂။ အလျား 
၃.၂.၃။ ဒြပ်ထုနှင့် အလေးချိန် 
၃.၂.၄။ အချိန်နှင့် ကြာချိန် 
၃.၂.၅။ ဧရိယာနှင့် ထုထည် 
၃.၃။ မူလတန်းအဆင့်တွင် သင်္ချာပုစ္ဆာ ဖြေရှင်းမှု စွမ်းရည်များ ပျိုးထောင်ပေးခြင်း 
၃.၃.၁။ သင်္ကေတဆိုင်ရာ ခံစားသိမှုကို ပျိုးထောင်ပေးခြင်းနှင့် အသုံးချခြင်း 
၃.၃.၂။ သင်္ချာအသုံးအနှုန်း 
၃.၃.၃။ မူလတန်းအောက်ဆင့်နှင့် သက်ဆိုင်သော စာသားပုစ္ဆာဖြေရှင်းမှု လုပ်ငန်းများ 
၃.၄။ နေ့စဉ်ဘဝရှိ သင်္ချာ 
၃.၄.၁။ ကစားကွင်းစီမံချက်တစ်ခုစီစဉ်ခြင်း 
၃.၄.၂။ အတန်းလိုက် လေ့လာရေး ခရီးစဉ်တစ်ခုကို စီစဉ်ခြင်း 
မော်ဂျူး (၄) သင်္ချာဆိုင်ရာ နမူနာပြ ဖော်ပြချက်များနှင့် ကိုယ်စားပြုဖော်ပြချက်များ
၄.၁။ အက္ခရာသင်္ချာ 
၄.၁.၁။ အက္ခရာသင်္ချာဆိုင်ရာ အယူအဆများ 
၄.၁.၂။ မူလတန်းအဆင့်တွင် အက္ခရာသင်္ချာဆိုင်ရာ အတွေးအခေါ်ကို သင်ကြားခြင်း 
၄.၂။ ဂျီဩမေတြီ 
၄.၂.၁။ ပုံသဏ္ဌာန်နှင့် နေရာ 
၄.၂.၂။ ပြင်ညီ ဂျီဩမေတြီ 
၄.၂.၃။ စက္ကူခေါက်ခြင်းဖြင့် ဂျီဩမေတြီပုံများ ပြုလုပ်ခြင်း 
၄.၃။ သင်္ချာဆိုင်ရာ ဆက်သွယ်ချက်များ 
၄.၃.၁။ သင်္ချာဆိုင်ရာ ဆက်သွယ်ချက်များ၏ အယူအဆ 
၄.၃.၂။ အချက်အလက်စုဆောင်းခြင်းနှင့် အချက်အလက် ဆန်းစစ်လေ့လာချက် 
၄.၃.၃။ ပျမ်းမျှခြင်း 
မော်ဂျူး (၅) ကျွန်ုပ်တို့ သင်္ချာကို သင်ကြား၊ သင်ယူပုံ
၅.၁။ မူလတန်းအဆင့် စာသင်ခန်း စီမံခန့်ခွဲမှု 
၅.၁.၁။ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုရှိသော ပုံစံများ
၅.၂။ သင်ယူမှုအတွက် ပြင်ဆင်ခြင်း 
၅.၂.၁။ ထိရောက်မှုရှိသော သင်္ချာသင်ခန်းစာဆိုသည်မှာ အဘယ်နည်း 
၅.၂.၂။ သင်ခန်းစာများ၏ အစီအစဉ်တစ်ခုကို ပြင်ဆင်ခြင်း 
၅.၂.၃။ သင်ပြမှုပုံစံ ပြင်ဆင်ခြင်း 
၅.၂.၄။ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်ပေးခြင်း 
၅.၃။ စိတ်ပါဝင်စားမှုကို လှုံ့ဆော်ခြင်း 
၅.၃.၁။ မူလတန်းကျောင်းသားများ၏ စိတ်ပါဝင်စားမှုကို မြှင့်တင်ပေးသည့် နည်းလမ်းများ 
၅.၃.၂။ သင်္ချာနှင့်ဆိုင်သော ကစားနည်းများ 
၅.၄။ သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် ရင်းမြစ်များ 
၅.၄.၁။ ကိန်းဖြည့်ပေါင်းခြင်းနှင့် ကိန်းခွဲနုတ်ခြင်း 
၅.၄.၂။ အမြင်အားဖြင့် ကိုယ်စားပြုဖော်ပြနိုင်သော သင်္ချာသင်ထောက်ကူ ပစ္စည်းများကို အသုံးပြုခြင်း 
၅.၅။ သင်ယူမှုအား စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း 
၅.၅.၁။ အားနည်းချက် စစ်ဆေးအကဲဖြတ်ခြင်း
၅.၅.၂။ မူလတန်းအဆင့်အတွက် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နည်းကိရိယာများ 

အဓိကအသုံးအနှုန်းများ

ဒြပ်မဲ့(abstraction)၊ အပေါင်းတည်ကိန်း (addend)၊ သိမှုဆိုင်ရာ ရုပ်ပုံဖော်မှု (cognitive schema)၊ သဘောတရားဆိုင်ရာအသိပညာ (conceptual knowledge)၊ လေးနက်စွာသင်ယူခြင်း (deep learning) ၊ ကိန်းဂဏန်းများအပေါ်ခံစားသိရှိမှု (feel for numbers) ၊ ယေဘုယျဖော်ပြချက် (generalization)၊ စူးစမ်းလေ့လာမှုလုပ်ငန်းများ (investigative tasks)၊ ကျိုးကြောင်းသင့်ရှင်းပြချက် (justification)၊ သင်္ချာသင်ထောက်ကူပစ္စည်းများ (manipulatives)၊ သင်္ချာဆိုင်ရာအလေ့အကျင့်များ (mathematical practices)၊ သင်္ချာနည်းကျစဉ်းစားတွေးခေါ်မှုလုပ်ငန်းစဉ်များ (mathematical thinking processes)၊ အဓိပ္ပါယ်ပြည့်ဝသည့် သင်ယူမှု (meaningful learning)၊ အကြောင်းအရာဆက်သွယ်ပြပုံစံ/ စိတ်ကူးပုံဖော်ခြင်း (mind maps)၊ အမြှောက်တည်ကိန်း (multipicands)၊ ကိန်းဂဏန်းဆိုင်ရာခံစားသိမှု (number sense)၊ ပုံစံများသည် ထပ်တလဲလဲဖြစ်ကြောင်း၊ တိုးပွားကြောင်းနှင့် လျော့နည်းကြောင်း (pattern repeat, grow and shrink)၊ သင်နည်းဗေဒဆိုင်ရာအသိပညာများ (PCK-Pedagogical Content Knowledge)၊ အပြုသဘောဆောင် ပင်ကိုစရိုက် (positive disposition)၊ လုပ်ထုံး လုပ်နည်းဆိုင်ရာတတ်ကျွမ်းမှု (procedural fluency)၊ လုပ်ထုံးလုပ်နည်းဆိုင်ရာအသိပညာ (procedural knowledge)၊ မြှောက်လဒ် (product)၊ သင်ယူခြင်းဆိုင်ရာတိုးတက်မှု (progression of knowledge)၊ ဆက်သွယ်ချက်ဆိုင်ရာ နားလည်သဘောပေါက်မှု (relational understanding)၊ ဆီလျော်မှုရှိသော (relevant)၊ ကိုယ်စားပြုဖော်ပြချက် (representation)၊ အပေါင်း (sum)၊ အပေါ်ယံသင်ယူခြင်း (surface learning)၊ နည်းပညာဆိုင်ရာ၊ သင်နည်းဗေဒဆိုင်ရာ နှင့် အကြောင်းအရာဆိုင်ရာ အသိပညာ (TPACK – Technological, Pedagogical, and Content knowledge)၊ လွှဲပြောင်းအသုံးချသင်ယူခြင်း (transfer learning)၊ အယူအဆကွန်ရက်များ (webs of ideas)၊ ဖက်စပ်ရဂုဏ်သတ္တိ (associative property)၊ အလိုအလျောက်ဆောင်ရွက်နိုင်စွမ်း (automacity)၊ အခြေခံဂဏန်းတွက်နည်းများကို ပိုင်နိုင်စွာတတ်မြောက်မှု (basic number fact mastery)၊ လုပ်ငန်းအ‌လေ့အထတူအသိုက်အဝန်း (community of practice) ၊ ကိန်းအုပ်စုဖွဲ့သည် (compose)၊ တွက်ချက်မှုနည်းလမ်းများ (computational strategies)၊ ဖလှယ်ရဂုဏ်သတ္တိ (commutative property)၊ ကိန်းအုပ်စုခွဲသည် (decompose) ၊ ပိုင်းခြေ (denominator)၊ တိုက်ရိုက်လမ်းညွှန်သင်ကြားခြင်း (direct instruction)၊ ဖြန့်ဝေရဂုဏ်သတ္တိ (distributive property)၊ အစားတည်ကိန်း (dividend)၊ စားကိန်း (divisor)၊ တန်ဖိုးတူအပိုင်းကိန်းများ (equivalent fractions)၊ ရှင်းလင်းသောညွှန်ကြားချက် (explicit instruction)၊ ဆခွဲကိန်းများ (factors)၊ မျှတစွာခွဲဝေခြင်း (fair sharing)၊ လိုက်လျောညီထွေတွက်ချက်မှုနည်းလမ်းများ (flexible computational strategies)၊ လိုက်လျောညီထွေတွေးခေါ်မှု (flexible thinking)၊ ရာဂဏန်းပြပုံစံကားချပ် (hundred chart)၊ စူးစမ်းရှာဖွေမှုအခြေပြုသင်ယူမှု (inquiry-based learning)၊ ဆတိုးကိန်း (multiple)၊ အမြှောက်တည်ကိန်း (multiplicand)၊ ဆင့်ပွားတွေးခေါ်ခြင်း (multiplicative thinking)၊ အာရုံပေါင်းစုံအသုံးပြုသင်ယူမှု (multisensory learning)၊ တွက်ရိုးတွက်စဉ်မဟုတ်သောပုစ္ဆာ (non-routine problem)၊ ကိန်း (number)၊ ကိန်းဂဏန်းအဓိကဧရိယာ (number core)၊ ကိန်းဂဏန်း ဆိုင်ရာခံစားသိမှု (number sense)၊ ဂဏန်းခြေ (numeral)၊ ကိန်းဖတ်ခြင်း (numeration)၊ ပိုင်းဝေ (numerator)၊ တွက်ချက်မှုအဓိကဧရိယာ (operations core)၊ အပိုင်း-အပြည့် (part-whole)၊ နေရာလိုက်တန်ဖိုး (place value)၊ ပုစ္ဆာတွက်ချက်ခြင်း (problem-solving)၊ လုပ်ထုံးလုပ်နည်း ဆိုင်ရာတတ်ကျွမ်းမှု (procedural fluency)၊ မြှောက်လဒ် (product)၊ အကျိုးပြုပင်ကိုစရိုက် (productive disposition)၊ အကျိုးဖြစ်ထွန်းစေသော ကြိုးပမ်းမှု (productive struggle)၊ စားလဒ် (quotient)၊ ပြန်လည်သုံးသပ်တွေးခေါ်ခြင်း (reflective thinking)၊ ဆက်သွယ်ချက်အဓိကဧရိယာ (relations core)၊ ထပ်တလဲလဲနုတ်ခြင်း (repeated subtraction)၊ တွက်ရိုးတွက်စဉ်ပုစ္ဆာ (routine problem)၊ ငြမ်းဆင်သင်ကြားခြင်း (scaffolding)၊ ကိန်းခြားရေတွက်ခြင်း (skip counting)၊ မျက်မှန်းဖြင့်အရေအတွက်သိခြင်း (Subitising)၊ သမားရိုးကျအယ်လ်ဂိုရစ်သမ်များ (traditional algorithms)၊ ကမ္ဘာတစ်ဝန်းလုံးအသုံးပြုနိုင်သော သင်ယူမှုပုံစံ (universal design for learning- UDL)၊ ပိုင်းမျဉ်း (vinculum)၊ နှိုင်းရယူနစ်များ၊ ဧရိယာ၊ ဂုဏ်ရည်၊ အခြေ 10 စနစ်၊ ဝင်ဆံ့နိုင်စွမ်း၊ အပိတ်လုပ်ငန်းများ၊ နှိုင်းယှဉ်ခြင်း၊ ကိန်းထွေများ၊ အစဉ်လိုက်ရေတွက်ခြင်း၊ ခြားနားချက်၊ တိုက်ရိုက်နှိုင်းယှဉ်ခြင်း၊ ဖယ်ထုတ်မှု၊ ကြာချိန်၊ တန်ဖိုးတူ၊ တန်ဖိုးတူ အုပ်စုဖွဲ့ခြင်း၊ ခန့်မှန်းချက်၊ လိုက်လျောညီထွေ_ တွက်ချက်မှုနည်းလမ်းများ၊ လမ်းညွှန်မှုဖြင့် လုပ်ဆောင်ရသော အလေ့အကျင့်၊ အမြင့်၊ ကိန်းယောင်များ၊ အပိုင်းကိန်းတု၊ သွယ်ဝိုက်နှိုင်းယှဉ်ခြင်း၊ ကိန်းပြည့်၊ အီရာရှင်နယ်ကိန်းများ၊ အလျား၊ ဒြပ်ထု၊ စိတ်တွက်၊ ကိန်းရော၊ အဆတိုးအခြေအနေ၊ သဘာဝကိန်း၊ စံသတ်မှတ်မထားသော ယူနစ်များ၊ တစ်ခု−တစ်ခု ကိုက်ညီမှု၊ အဖွင့်လုပ်ငန်းများ၊ ပိုင်းခွဲတွက်ခြင်း၊ ပုစ္ဆာဖွဲ့စည်းပုံ၊ အပိုင်းကိန်းစစ်၊ ရာရှင်နယ်ကိန်းများ၊ ကိန်းစစ်များ၊ စံသတ်မှတ်ထားသော တိုင်းတာမှုယူနစ်၊ ထိတွေ့ကိုင်တွယ်နိုင်သော၊ ဖလှယ်ခြင်း၊ ယူနစ်နှင့် သက်ဆိုင်သော၊ ယူနစ်ဖွဲ့ခြင်း၊ မူရှိယူနစ်များ၊ ထုထည်၊ အလေးချိန်၊ ထောင့်ကျဉ်းများ၊ ကြိမ်များကိန်း၊ ကိန်းစဉ်တန်းများ၊ ကိန်းပုံစံများပြုလုပ်ခြင်း၊ ကိန်းရှင်များ၊ ကိန်းသေ၊ ခေါက်ချိုးညီမှု၊ ဂျီဩနေတြီဆိုင်ရာ အတွေးအခေါ်၊ စက်ဝိုင်းကားချပ်၊ စတုဂံ၊ ညီမျှခြင်း၊ ညီမျှမှု၊ တိုင်းတာ၍ရသော အချက်အလက်၊ တိုင်းတာနိုင်သောပမာဏ၊ ထပ်ကျော့ကိန်းပုံစံများ၊ ထပ်တူညီခြင်း၊ ထိပ်စွန်းမှတ်များ၊ ထောင့်ကျယ်များ၊ ထောင့်ဖြောင့်၊ ထောင့်မတ်ကျမျဉ်း၊ ထောင့်များ၊ ထောင့်မှန်များ၊ နှစ်ဖက်ခေါက်ချိုးညီခြင်း၊ ပြင်ညီဂျီဩမေတြီ၊ ပြန်လည်သုံးသပ်မှု၊ ပုံစံပြောင်းလဲခြင်း၊ ပုံစံမပျက် အဖြောင့်ရွှေ့ပြောင်းခြင်း၊ ပုံသဏ္ဌာန် အရွယ်အစားနှင့် အနေအထားဆိုင်ရာ သိမြင်မှု၊ ဖန်ရှင်ဆိုင်ရာ ဆက်သွယ်ချက်၊ ဗဟိုပြုတိုင်းတာချက်များ၊ ဗဟုဂံ၊ မျဉ်းတစ်ဖြောင့်တည်းကျသော၊ မျဉ်းပြိုင်၊ ယေဘုယျ ကောက်ချက်ချခြင်း၊ ရွမ်းဗက်၊ ရုပ်ပြပုံဂရပ်၊ ရေတွက်၍ရသောအချက်အလက်၊ လှည့်၍ခေါက်ချိုးညီခြင်း၊ လှည့်ခြင်း၊ သဏ္ဌာန်တူခြင်း (ပုံသဏ္ဌာန်များ) ၊ သမတ်ကိန်း၊ ဟစ္စတိုဂရမ်၊ အက္ခရာကိန်း၊ အက္ခရာသင်္ချာ၊ အက္ခရာသင်္ချာဆိုင်ရာ ဆန်းစစ်ဝေဖန်မှု၊ အက္ခရာသင်္ချာဆိုင်ရာ အတွေးအခေါ်၊ အချိုးညီခြင်း၊ အစဉ်ပြအချက်အလက်၊ အစွန်းထွက်တန်ဖိုး၊ အနားပြိုင်စတုဂံ၊ အမှတ်တစ်ခုတည်းတွင် စုဆုံသော မျဉ်းများ၊ အရည်အချင်းပြအချက်အလက်၊ အရည်အသွေးပြ အချက်အလက်၊ အရေအတွက်ပြ အချက်အလက်၊ အလယ်ကိန်း။

Course Objectives

ဤသင်တန်းတွင် လုပ်ငန်းခွင်ဝင်ရောက်စ ဆရာများသည် - 
  • သင်္ချာ၏ အခြေခံဗဟုသုတများနှင့် သင်္ချာဘာသာရပ်သင်ကြားနိုင်ရန် အခြေခံ သင်ကြားနည်း ဆိုင်ရာ ဗဟုသုတများ တိုးတက်လာမည်။
  • မူလတန်းသင်္ချာ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားနည်းများနှင့် စစ်ဆေးအကဲဖြတ်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းအား စနစ်တကျ နားလည်သဘောပေါက်လာမည်။
  • မူလတန်းကျောင်းသားများ၏ သင်ယူမှုကို ကူညီထောက်ပံ့ပေးနိုင်သော သင်ယူမှုလုပ်ငန်းများကို မည်သို့ဖန်တီးရမည်၊ သင်ကြားသင်ယူမှု အရင်းအမြစ်များကို မည်သို့ ပြုလုပ်ရမည်ကို သိရှိလာမည်။

Learning Outcomes

ဤမော်ဂျူးကို သင်ယူပြီးချိန်တွင် သင်သည် -

  • သင်္ချာသည် ပုံစံများ၊ ဆက်သွယ်ချက်များနှင့် စည်းကမ်းများအကြောင်းဖြစ်ကြောင်း ရှင်းပြတတ်မည်။ 
  • မူလတန်းကျောင်းသားများ(သူငယ်တန်းမှဒုတိယတန်းအထိ)အတွက် ပုံစံများအား ကိုယ်စားပြု ဖော်ပြပုံနှင့် ပတ်သက်၍ အကြံဉာဏ်များကို ထုတ်ဖော်တတ်မည်။
  • သိပ္ပံနှင့်နည်းပညာဖြင့် ဘက်စုံပေါင်းစည်းထားသော သင်္ချာဘာသာရပ်ကို သင်ကြားပုံနှင့် ပတ်သက်၍ ဥပမာများ ပေးတတ်မည်။ 
  •  မူလတန်းကျောင်းသားများ (သူငယ်တန်း၊ပထမတန်း နှင့် ဒုတိယတန်း) ကို သင်္ချာသင်ကြားရာ တွင် နည်းပညာကို နည်းကိရိယာတစ်ခုအဖြစ် အသုံးပြုရန် နည်းလမ်းများကို ဖော်ပြတတ်မည်။
  • သူငယ်တန်းကျောင်းသားများအပါအဝင် မူလတန်းကျောင်းသားအားလုံးအတွက် သင်္ချာ နည်းကျ စဉ်းစားတွေးခေါ်မှုသည် အဘယ်ကြောင့်အရေးကြီးကြောင်း ရှင်းပြတတ်မည်။ 
  • သူငယ်တန်း၊ ပထမတန်း နှင့် ဒုတိယတန်း မူလတန်းကျောင်းသားများနှင့် သက်ဆိုင်သော သင်္ချာနည်းကျ စဉ်းစားတွေးခေါ်မှုလုပ်ငန်းစဉ်ကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • သူငယ်တန်း၊ ပထမတန်း နှင့် ဒုတိယတန်း ကျောင်းသားများအတွက် သင်္ချာနည်းကျ စဉ်းစားတွေးခေါ်မှုလုပ်ငန်းစဉ်၏ ဖွံဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီပေးသည့် သင်ယူမှုလုပ်ငန်း တစ်ရပ်ကို ဖန်တီးတတ်မည်။ 
  • မူလတန်း (သူငယ်တန်းအပါအဝင်) နှင့် အလယ်တန်းသင်္ချာ သင်ရိုးမာတိကာ၏ အကြောင်း အရာကို အကျဉ်းချုပ်ဖော်ပြတတ်မည်။ 
  • မူလတန်း (သူငယ်တန်းအပါအဝင်) နှင့် အလယ်တန်းသင်္ချာ သင်ရိုးမာတိကာရှိ သင်ယူခြင်းဆိုင် ရာ တိုးတက်မှု၏ အကြောင်းပြချက်ကို အကဲဖြတ်သုံးသပ်တတ်မည်။ 
  • မူလတန်းသင်္ချာ သင်ယူခြင်းဆိုင်ရာတိုးတက်မှုကို အသုံးပြု၍ မိမိ၏ သင်္ချာဆိုင်ရာ အသိပညာ ဖွံ့ဖြိုးတိုးတက်မှုကို အသုံးပြု၍ မိမိ၏သင်္ချာဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည် သုံးသပ်တတ်မည်။ 
  • သင်္ချာသင်ကြားသော စာသင်ခန်းတစ်ခုတွင် ကြုံတွေ့နိုင်ခြေရှိသော ပုစ္ဆာများနှင့် ဤပုစ္ဆာများအတွက် အဖြေများကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • သင်္ချာသင်ကြားသောစာသင်ခန်းများတွင် ကြုံတွေ့နိုင်ခြေရှိသောအခြားပုစ္ဆာများကို ကြိုတင်ခန့်မှန်းပြီး ဤပုစ္ဆာများတွက်အဖြေများကို ရှာဖွေတတ်မည်။ 
  • သင်္ချာသင်ယူခြင်းကို အချို့သောကျောင်းသားများ အဘယ်ကြောင့် ကြောက်ရွံ့ကြကြောင်း အကြောင်း ပြချက်များကို အဆိုပြုတတ်မည်။ 
  • ရုပ်ပုံသည် အဘယ်ကြောင့် သင်္ချာသင်ယူမှုလုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း အသေးစိတ်ဖော်ပြရှင်းလင်းတတ်မည်။
  • သူငယ်တန်းကျောင်းသားများအတွက် သင့်လျော်သော ကိန်းအမည်များ၊ ဂဏန်းခြေများနှင့် အရေ အတွက်များ (၁၀အထိနှင့် သုညအပါအဝင်) အကြား ဆက်သွယ်ချက်ကို (ပုံနှင့်သင်္ကတများကို အသုံးပြုပြီး) ရေးဆွဲဖော်ပြတတ်မည်။ 
  • ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများအတွက် အပေါင်းနှင့်အနုတ်အကြား ဆက်သွယ်ချက်ကို (ပုံနှင့်သင်္ကေတများအသုံးပြုပြီး) ရေးဆွဲဖော်ပြတတ်မည်။ 
  • ကိုယ်စားပြုဖော်ပြချက်များနှင့် နောက်ဆက်တွဲသင်ယူခြင်းတို့ကို ဖန်တီးခြင်းလုပ်ငန်းစဉ်အပေါ် ပြန်လည် သုံးသပ်တတ်မည်။ 
  • ရေတွက်ခြင်းအတွက် အရာဝတ္ထုများအား စူးစမ်းလေ့လာြခင်းနှင့် အုပ်စုဖွဲ့ခြင်းတို့၏ အရေးပါပုံကို ရှင်းပြတတ်မည်။  (သူငယ်တန်းနှင့်ပထမတန်း)
  • အမြှောက်ကို ထပ်တလဲလဲပေါင်းခြင်းအဖြစ် ကိုယ်စားပြုဖော်ပြပြီး ရှင်းပြတတ်မည်။ (ဒုတိယတန်း ကျောင်းသားများ)
  • မူလတန်းသင်္ချာသင်ကြားခြင်းအတွက် နည်းလမ်းတစ်ခုအဖြစ် ‘ငြမ်းဆင်သင်ကြားခြင်း’ ဟူသော ဝေါဟာရသည် မည်သည်ကိုဆိုလိုကြောင်း ဖော်ပြတတ်မည်။ 
  • တိုက်ရိုက်လမ်းညွှန်မှု၊ စူးစမ်းရှာဖွေမှုအခြေပြုသင်ယူခြင်းနှင့် ရှင်းလင်းသောညွှန်ကြားချက်စသည့် ဝေါဟာရများကို နှိုင်းယှဉ်တတ်မည်။ 
  • ရှင်းလင်းသော ညွှန်ကြားချက်နှင့် စုံစမ်းလေ့လာမှုတို့သည် အဘယ်ကြောင့် သင်္ချာသင်ခန်းစာ၏ အရေးပါသော ကဏ္ဍများဖြစ်ကြောင်း ကျိုးကြောင်းသင့်စွာ ရှင်းပြတတ်မည်။ 
  • ကျောင်းသားများက အရာဝတ္ထုများရေတွက်ခြင်း (၁၀၀အထိ) ကို သင်ယူနိုင်သည့် သင်ယူမှုလုပ်ငန်း တစ်ရပ်ကို စီစဉ်တတ်မည်။ ဥပမာ - နှစ်ခုခြား၊ ငါးခုခြား၊ ဆယ်ခုခြား ရေတွက်ခြင်း။ 
  • တိုက်ရိုက်လမ်းညွှန်သင်ကြားမှုမှ စုံစမ်းမေးမြန်းမှုအထိ ဆောင်ရွက်နိုင်သော သင်ယူမှုလုပ်ငန်းအဆင့် များကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • ရေတွက်ခြင်းလုပ်ငန်းကို ပြန်လည်ဆန်းစစ်ပြီး ပုစ္ဆာဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများကို သင်ကြားခြင်းအတွက် ၎င်း၏အကျိုးသက်ရောက်မှုများကို ကျိုးကြောင်းသင့်စွာ ရှင်းပြတတ်မည်။ 
  •  ပေးထားသောဥပမာကို အသုံးပြုပြီး ကျောင်းသားများ၏ သင်္ချာသင်ယူမှုကို ဆရာက မည်သို့ အဆင့်ဆင့် ပံ့ပိုးထောက်ကူပေးကြောင်း ရှင်းပြတတ်မည်။ 
  • မူလတန်းကျောင်းသားများကို သင်္ချာသင်ကြားရာတွင် အထောက်အကူဖြစ်စေသည့် စာသင်ခန်း ပတ်ဝန်းကျင်၏ အဓိကကဏ္ဍကို ဆွေးနွေးတတ်မည်။ 
  • မူလတန်းသင်္ချာသင်ယူခြင်းအတွေ့အကြုံတွင် ဆရာ၏အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ပြီး ဖော်ပြတတ်မည်။ 
  • သူငယ်တန်းမှဒုတိယတန်းအထိ အပေါင်းနှင့်အနုတ်အတွက် လိုအပ်သော အသိပညာ၏ ဖွံ့ဖြိုး မှုဆိုင်ရာ အစီအစဉ်ကို အသုံးချတတ်မည်။ 
  • သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများအတွက် အပေါင်း၊ အနုတ် တိုးတက်လာ စေရန် ပုစ္ဆာဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းတစ်ရပ်ကို ဖန်တီးတတ်မည်။ 
  • ဖန်တီးရေးဆွဲထားသော အပေါင်း (သို့မဟုတ်) အနုတ်လုပ်ငန်းတွင် သက်ဆိုင်သော သင်္ချာနည်းကျတွေးခေါ်ခြင်းနှင့် ပုစ္ဆာဖြေရှင်းခြင်းဆိုင်ရာ အခွင့်အလမ်းများကို သတ်မှတ် ဖော်ထုတ်တတ်မည်။ 
  • အပြည့်ကိန်းများကို မြှောက်ခြင်းနှင့်စားခြင်းတွင် အတွေ့များသော အမှားများနှင့် အယူအဆ လွဲမှားမှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • အမြှောက်၊ အစားနှင့်သက်ဆိုင်သော အယူအဆလွဲမှားမှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်း တစ်ခုကို အဆိုတင်သွင်းတတ်မည်။ 
  • မူလတန်းအောက်ဆင့်တွင် အမြှောက်၊ အစား၏ အခြေခံအား နားလည်သဘောပေါက်မှု ဖွံ့ဖြိုး တိုးတက်စေခြင်း၏ အရေးပါပုံကို ကျိုးကြောင်းသင့်စွာ ရှင်းပြတတ်မည်။ 
  • အပိုင်းကိန်းများတွင် အတွေ့များသောအမှားများနှင့် အယူအဆလွဲမှားမှုများကို သတ်မှတ်ဖော် ထုတ်တတ်မည်။ 
  • အပိုင်းကိန်းဆိုင်ရာ အယူအဆလွဲမှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကို အဆိုပြုတတ်မည်။ 
  • မူလတန်းအောက်ဆင့်တွင် အပိုင်းကိန်းဆိုင်ရာအခြေခံအား နားလည်သဘောပေါက်မှု ဖွံ့ဖြိုး တိုးတက်စေခြင်း၏ အရေးပါပုံကို ကျိုးကြောင်းသင့်စွာ ရှင်းပြတတ်မည်။ 
  • နေရာလိုက်တန်ဖိုးနှင့်ပတ်သက်၍ ကျောင်းသားများတွေ့ကြုံနိုင်သည့် အယူအဆလွဲမှားမှုများ ကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • ပုံများ၊ သင်္ကေတများနှင့် စကားလုံးများကို အသုံးပြုပြီး နေရာလိုက်တန်ဖိုးဆိုင်ရာ အယူအဆ လွဲမှားမှုကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို ဖော်ပြတတ်မည်။ 
  • နေရာလိုက်တန်ဖိုးကို နားလည်သဘောပေါက်ခြင်းသည် နောက်ပိုင်းသင်္ချာသင်ယူမှုကို အဘယ်ကြောင့် ပံ့ပိုးကူညီပေးကြောင်း အသေးစိတ် ဖော်ပြရှင်းလင်းတတ်မည်။ 
  • အနုတ်လက္ခဏာအပေါ် “သင်္ကေတဆိုင်ရာခံစားသိမှု” ကို ပျိုးထောင်ပေးခြင်းသည် မည်သည် ကိုဆိုလိုကြောင်း ဖော်ပြတတ်မည်။ (ဥပမာ - အနုတ်၊ အနုတ်လက္ခဏာပါခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ခြင်း။) 
  • (ဒုတိယတန်းကျောင်းသားများ၏) သဘောတရားဆိုင်ရာ နားလည်သဘောပေါက်မှုဖွံဖြိုး တိုးတက်စေရန် ပုံများ၊ သင်္ကေတများ နှင့် စကားလုံးများကို အသုံးပြုပြီး အနုတ်လက္ခဏာ အသုံးပြုပုံ၏ ဥပမာများကို ပေးတတ်မည်။ 
  • နောက်ပိုင်းသင်္ချာသင်ယူခြင်းတွင် အနုတ်လက္ခဏာအပေါ် သင်္ကေတဆိုင်ရာခံစားသိမှုသည် အက္ခရာသင်္ချာဆိုင်ရာ အတွေးအခေါ်ကို အဘယ်ကြောင့် ပံ့ပိုးကူညီပေးကြောင်း အသေးစိတ် ဖော်ပြရှင်းလင်းတတ်မည်။ 
  • သင်္ချာသင်ခန်းစာများတွင် လူတိုင်းအကျုံးဝင်မှုကို မြှင့်တင်ပေးရန် အာရုံပေါင်းစုံ အသုံးပြု သင်ယူမှုက မည်သို့ကူညီနိုင်ကြောင်း ရှင်းပြတတ်မည်။ 
  • သူငယ်တန်း၊ ပထမတန်း (သို့မဟုတ်) ဒုတိယတန်း မူလတန်းကျောင်းသားများအတွက် အာရုံ ပေါင်းစုံအသုံးပြုသင်ယူမှုပါဝင်သည့် အပေါင်းပုစ္ဆာဖြေရှင်းခြင်း လုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။ 
  • သင်္ချာသင်ကြား၊ သင်ယူခြင်းအတွက် လူတိုင်းအကျုံးဝင်မှုရှိသော ချဉ်းကပ်နည်းများကို ပံ့ပိုး ကူညီပေးမည့် စာသင်ခန်းပတ်ဝန်းကျင်၏ အဓိကအခန်းကဏ္ဍများကု သတ်မှတ်ဖော်ထုတ် တတ်မည်။
  • နေရာလိုက်တန်ဖိုးကို သရုပ်ပြသင်ကြားရန် စုံစမ်းလေ့လာသင်ယူရေး လုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။
  • ဆယ်ဂဏန်းများ ပေါင်းခြင်း (သို့မဟုတ်) နုတ်ခြင်းတွင် နေရာလိုက်တန်ဖိုး၏ အရေးပါပုံကို ရှင်းပြတတ်မည်။
  • မူလတန်းအောက်ဆင့် သင်ယူခြင်းတွင် နေရာလိုက်တန်ဖိုးအား နားလည်သဘောပေါက်မှုကို ဖွံ့ဖြိုးတိုးတက်စေခြင်းအတွက် ရုပ်ပြကိုယ်စားပြုဖော်ပြချက်များကို အသုံးပြု၍ သင်ကြားတတ်မည်။
  • ဆယ်ဂဏန်းများ ပေါင်းခြင်းနှင့် နုတ်ခြင်းကို သင်ကြားရမည့် နည်းလမ်းတစ်ရပ်ကို ဖော်ပြတတ်မည်။
  • ဒုတိယတန်းကျောင်းသားတစ်ဦးက နေရာလိုက်တန်ဖိုး၏ အယူအဆ (ပေါင်းခြင်းနှင့် နုတ်ခြင်း) အားနားလည်ခဲ့ခြင်း ရှိ၊ မရှိကို မည်သို့ စစ်ဆေးအကဲဖြတ်မည်ကို သိရှိနားလည်သွားမည်။
  • အပေါင်းနှင့် အနုတ်ပုစ္ဆာများ ဖြေရှင်းရန် စိတ်ဖြင့်တွက်ချက်ရသော နည်းလမ်းအမျိုးမျိုးကို စာရင်း ပြုစုတတ်မည်။
  • ထပ်တလဲလဲ ပေါင်းခြင်းအဖြစ်လည်းကောင်း၊ အုပ်စုများအဖြစ်လည်းကောင်း၊ အချက်အလက် ကိုယ်စားပြု အခင်းအကျင်းများအဖြစ် လည်းကောင်း ဖော်ပြနိုင်သော အမြှောက်ကို ကိုယ်စားပြုသည့် သင်ကြားရေးရင်းမြစ်တစ်ခု ကို ဖန်တီးတတ်မည်။
  • အမြှောက်နှင့် အစား၏ သဘောတရားဆိုင်ရာ နားလည်သဘောပေါက်မှုကို ပံ့ပိုးကူညီရန် ရင်းမြစ်များကို မည်သို့အသုံးပြုနိုင်သည်ကို သိရှိနားလည်သွားမည်။
  • နေ့စဉ်ဘဝရှိအပိုင်းကိန်းများကို သင်ကြားရန် အခွင့်အလမ်းများကို သတိပြုတတ်မည်။
  • ကိန်းစစ်များ၊ ကိန်းယောင်များနှင့် ကိန်းထွေများကို နားလည်သဘောပေါက်မည်။
  • စုံကိန်းနှင့် မကိန်းများ၏ သဘောသဘာဝနှင့် ၎င်းတို့ကြားရှိ ဆက်သွယ်ချက် စည်းမျဉ်းများကို သင်ကြားနိုင်သည့် နည်းလမ်းတစ်ခု ကို ဖော်ပြတတ်မည်။
  • ပစ္စည်းတစ်ခု၏ ဂုဏ်ရည် (အလျား၊ အလေးချိန် စသည်တို့) ကို ထိုဂုဏ်ရည်နှင့် သက်ဆိုင်သော အတိုင်းအတာယူနစ်နှင့် နှိုင်းယှဉ်လျက် တိုင်းတာခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • အလျား၊ အမြင့်၊ အလေးချိန်နှင့် ထုထည်ကို အခြေခံ၍ အရာဝတ္ထုအမျိုးမျိုးကို နှိုင်းယှဉ်ရန်နှင့် အစဉ်လိုက်စီရန် သူငယ်တန်း၊ ပထမတန်း (သို့မဟုတ်) ဒုတိယတန်း ကျောင်းသားများအတွက် စုံစမ်းလေ့လာမှု လုပ်ငန်းများကို ရေးဆွဲတတ်မည်။
  • တန်ဖိုးတူသဘာတရားနှင့် တိုင်းတာခြင်းတွင် ၎င်းသည် အဘယ်ကြောင့် အရေးပါသော အယူအဆ တစ်ခုဖြစ်ကြောင်း ဖော်ပြတတ်မည်။
  • မီလီမီတာ၊ စင်တီမီတာ၊ မီတာနှင့် တန်ဖိုးတူ သဘောတရား အပါအဝင် အတိုင်းအတာယူနစ်များကို စူးစမ်းလေ့လာတတ်မည်။
  • ဒြပ်ထု၊ အလေးချိန်နှင့် ပတ်သက်သော အတွေ့များသည့် အမှားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မူလတန်းအောက်ဆင့် ကျောင်းသားများအတွက် ပို၍ ထိရောက်မှုရှိသော ဒြပ်ထုနှင့် အလေးချိန် အကြောင်း သင်ကြားခြင်းကို သရုပ်ပြသင်ကြားရန် ဥပမာများပေးတတ်မည်။
  • အချိန်ပြောပြခြင်းနှင့် အပိုင်းကိန်းများ အကြား ဆက်သွယ်ချက်ကိုဖော်ပြတတ်မည်။ 
  • အချိန်နှင့် ကြာချိန်အကြောင်း သင်ယူရာတွင် တိုက်ရိုက်လမ်းညွှန်သင်ကြားမှုနှင့် စုံစမ်းလေ့လာ တွေးခေါ်မှုတို့ကို မည်သည့်နေရာတွင် အသုံးချနိုင်ကြောင်း ညွှန်ပြတတ်မည်။ 
  • ဧရိယာနှင့် ပတ်လည်အနားအကြောင်း သဘောတရားဆိုင်ရာ နားလည်သဘောပေါက်မှု ဖွံ့ဖြိုးတိုးတက် စေရန် စုံစမ်းလေ့လာသင်ယူမှု လုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။
  • ဧရိယာနှင့် ပတ်လည်အနားဆိုင်ရာ သင်ယူမှုလုပ်ငန်းတွင် စုံစမ်းလေ့လာထားသည့် အဓိကကျသော သင်္ချာဆိုင်ရာ အယူအဆများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဧရိယာမှ ထုထည်အထိ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို နားလည်သဘောပေါက်မည်။
  • ရေ၏ အရွေ့နှင့် သက်ဆိုင်သော ထုထည်အယူအဆကို မည်သို့ သင်ကြားရမည် ကို သိရှိသွားမည်။
  • သင်္ချာတွင် အသုံးပြုသည့် အတွေ့များသော သင်္ကေတများ၏ အဓိပ္ပာယ်ကို ရှင်းပြတတ်မည်။
  • ထိုသင်္ကေတများနှင့် ပတ်သက်သော အယူအဆလွဲမှားမှုတစ်ခုကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • စာသားပုစ္ဆာများတွင် အတွေ့များသည့် စကားလုံးများ၏ သင်္ချာဆိုင်ရာ အယူအဆကို ရှင်းပြတတ်မည်။
  • မူလတန်းဆင့် စာသားပုစ္ဆာအမျိုးမျိုးကို နားလည်သဘောပေါက်မည်။
  • စာသားပုစ္ဆာများကို တွက်ချက်ခြင်းအတွက် ငြမ်းဆင်သင်ကြားမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်တတ်မည်။
  • ဒုတိယတန်းကျောင်းသားများ ဖြေရှင်းရန်အတွက် အပေါင်း၊ အနုတ်နှင့်ဆိုင်သော စာသားပုစ္ဆာများကို မည်သို့ ရေးသားရမည်ကို သိရှိနားလည်မည်။
  • ပုစ္ဆာဖြေရှင်းခြင်းနည်းလမ်း၏ အဆင့်များကို သတ်မှတ်ဖော်ထုတ်ရန် စာသားပုစ္ဆာများကို ဆန်းစစ် တတ်မည်။
  • ရေးဆွဲထားသည့် အဓိကကျသော သင်္ချာသဘောတရားများကို ညွှန်ပြလျက် ကစားကွင်းအတွင်းတွင် ပြုလုပ်ရမည့် တိုင်းတာမှုလုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။
  • ကစားကွင်းလုပ်ငန်းကို စီစဉ်ရာတွင် ပစ္စည်းကိရိယာများ၊ ဘေးကင်းလုံခြုံမှု၊ ကျောင်းသားများကို အုပ်စုဖွဲ့ခြင်းနှင့် အချိန်သတ်မှတ်ခြင်းကဲ့သို့သော ထည့်သွင်းစဉ်းစားရမည့် အချက်များကို ထောက်ပြတတ်မည်။
  • သူငယ်တန်းကျောင်းသားများအား ကိန်းပုံစံအမျိုးမျိုးသင်ကြားရန် လုပ်ငန်းတစ်ရပ်ကို ဖန်တီး တတ်မည်။
  • “ညီမျှခြင်း” လက္ခဏာကို နားလည်သဘောပေါက်မှုနှင့် သက်ဆိုင်သော ဥပမာများမှတစ်ဆင့် အက္ခရာ သင်္ချာဆိုင်ရာ အတွေးအခေါ်တွင် ညီမျှခြင်း၏ အယူအဆကို ဆန်းစစ်တတ်မည်။
  • ကိန်းပုံစံများကို အရာဝတ္ထုများဖြင့် ကိုယ်စားပြုဖော်ပြပြီး လစ်လပ်နေသော အစိတ်အပိုင်းများကို သတ်မှတ်ဖော်ထုတ်ရန် ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများအတွက် အခွင့်အလမ်းများကို ညွှန်ပြတတ်မည်။ 
  • အရာဝတ္ထုများဖြင့် ပြုလုပ်ထားသော ကိန်းပုံစံများကို ဖော်ပြရန် ကိန်းဝါကျများကို အသုံးပြုပြီး ကလေး ၏ အက္ခရာသင်္ချာဆိုင်ရာ အတွေးအခေါ်ကို မည်သို့တိုးချဲ့ရမည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။
  • “ဧရိယာနှင့် ပတ်လည်အနား” ဆိုင်ရာ သင်ယူမှုလုပ်ငန်းနှင့် အက္ခရာသင်္ချာဆိုင်ရာ အတွေး အခေါ် အတွက် ၎င်း၏ဆက်သွယ်ချက်ကို ပြန်လည်သုံးသပ်တတ်မည်။
  • ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၏ ပုံသဏ္ဌာန်များနှင့် ပြင်ညီဂျီဩမေတြီအကြောင်းကို သူငယ်တန်းမှ ဒုတိယတန်းအထိ ကျောင်းသားများသိရှိရန်နှင့် နားလည်ရန်အတွက် လိုအပ်သည့် သင်္ချာဆိုင်ရာ ဝေါဟာရများ၏ ခက်ဆစ်အဘိဓာန်ကို ပြင်ဆင်ပြီး ရေးဆွဲဖော်ပြတတ်မည်။  
  • ထောင့်ဟူသော အယူအဆမှာ လှည့်လိုက်သည့် ပမာဏဖြစ်ကြောင်း (ဥပမာ - ၉၀ ဒီဂရီသည် တစ်ပတ်၏ လေးပုံတစ်ပုံလှည့်လိုက်ခြင်းဖြစ်သည်) ကို ပြင်ပ ပတ်ဝန်းကျင်မှဥပမာများ (ဥပမာ - နာရီဒိုင်ခွက်၊ တံခါးဖွင့်ခြင်း) နှင့်အတူလေ့လာတတ်မည်။
  • ထောင့်မှန်များ (ထောင့်မှန်တြိဂံများ၊ စတုရန်းများနှင့် ထောင့်မှန်စတုဂံများအပါအဝင်) ရေးဆွဲရန် ဒုတိယတန်းကျောင်းသားများအတွက် လုပ်ဆောင်ချက်များကို စီစဉ်တတ်မည်။
  • ဒုတိယတန်းကျောင်းသားများအတွက် စီစဉ်ရေးဆွဲထားသော လုပ်ဆောင်ချက်တစ်ခုကို ပြန်လည် သုံးသပ်၍ ကျောင်းသားများ၏ ထောင့်မှန်များအပေါ်နားလည်မှုကို အကဲဖြတ်ရန် အခွင့်အလမ်းများကို ဖော်ပြတတ်မည်။
  • သူငယ်တန်းကျောင်းသားများက ပုံသဏ္ဌာန်အမျိုးမျိုး (ဗဟုဂံများနှင့် စက်ဝိုင်းများ) ကို အုပ်စုခွဲရာတွင် လေ့လာမှု၏ ရည်ရွယ်ချက်ကို ဖော်ပြတတ်မည်။
  • ဗဟုဂံများ၏ ဂုဏ်သတ္တိများ (ဥပမာ- ထိပ်စွန်းအရေအတွက်၊ အနားအရေအတွက်) ကို မျိုးတူစုပြီး ဖော်ပြသော စူးစမ်းလေ့လာမှု လုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။ ( ဒုတိယတန်း)
  • မူလတန်းအောက်ဆင့်တွင် သင်္ချာဆိုင်ရာ အယူအတများသင်ယူခြင်းအတွက် ပုံသဏ္ဌာန်များအား လေ့လာခြင်း၏ အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းပြတတ်မည်။
  • ပုံသဏ္ဌာန်များကို လေ့လာရန် စက္ကူခေါက်ခြင်းကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြ သင်ကြား တတ်မည်။ 
  • စက္ကူခေါက်ခြင်းလုပ်ဆောင်ချက်ဖြင့် ပုံသဏ္ဌာန်များ၏ ဂုဏ်သတ္တိများနှင့် သက်ဆိုင်သော အဓိက ကျသည့် သင်ယူခြင်းဆိုင်ရာ အခွင့်အလမ်းများကို ညွှန်ပြတတ်မည်။
  • (ပုံသဏ္ဌာန်များ/ အပိုင်းကိန်းများ၏) ဆက်သွယ်ချက်အားနားလည်သဘောပေါက်ခြင်းကို ဖွံ့ဖြိုး တိုးတက်စေရန် စက္ကူခေါက်ခြင်းကို ဆန်းစစ်တတ်မည်။
  • “ပမာဏတစ်ခုပြောင်းလဲခြင်းသည် အခြားတစ်ခုကိုပါ သက်ရောက်လိမ့်မည်” ဟူသော အယူအဆ      (လွတ်လပ်သော ကိန်းရှင်များနှင့်မှီခိုကိန်းရှင်များ)ကို ဖော်ပြတတ်မည်။
  • လွတ်လပ်သောကိန်းရှင်များနှင့် မှီခိုကိန်းရှင်များ၏ အယူအဆကို သရုပ်ပြသင်ကြားရန် ပြင်ပ ပတ်ဝန်း ကျင်မှ ဥပမာများကို ပြသပြီးရှင်းပြတတ်မည်။
  • တိကျသော ကိန်းရှင်တစ်ခုအပေါ်ကို အခြေပြုသော အချက်အလက်စုဆောင်းခြင်းအတွက် ရိုးရှင်းသော သုတေသနမေးခွန်းနမူနာများကို ပေးတတ်မည်။
  • အချက်အလက်များ စုဆောင်းခြင်း၊ စစ်ဆေးခြင်းနှင့် အမျိုးအစားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို ဖော်ပြတတ်မည်။ (ဒုတိယတန်း)
  • ကျောင်းသားများက အချက်အလက်များကိုစုဆောင်းခြင်း၊ စစ်ဆေးခြင်းနှင့် အမျိုးအစား သတ်မှတ် ရာတွင် စာသင်ခန်းအတွင်း၌ မျှော်မှန်းထားသည့် သင်္ချာဆိုင်ရာ အသုံးအနှုန်းကို‌ ဖော်ပြတတ်မည်။
  • ဒုတိယတန်းနှင့်သက်ဆိုင်သော စာရင်းများ၊ ဇယားများနှင့် အချက်အလက်ကိုယ်စားပြု ရုပ်ပုံများကို အသုံးပြုပြီး အချက်အလက်များကိုယ်စားပြုဖော်ပြခြင်းအတွက် လုပ်ငန်းတစ်ရပ်ကို စီစဉ်တတ်မည်။
  • အချက်အလက်များအား မည်သို့အဓိပ္ပာယ်ကောက်ရမည့်အကြောင်းကို ကျောင်းသားများအား သင်ကြားရာတွင် သင်္ချာဆိုင်ရာအတွေးအေခါ်ကို နမူနာပြရန် မေးခွန်းအချို့ကို အဆိုတင်သွင်း တတ်မည်။
  • အလယ်အမှတ်၊ ထက်ဝက်မှတ်နှင့် ဗဟိုအမှတ်တို့၏ အယူအဆကို သင်ကြားရန် နည်းလမ်းအမျိုးမျိုး ကို သုတေသနပြုလုပ်တတ်မည်။
  • ဒုတိယတန်းရှိ ရိုးရှင်းသော လုပ်ငန်းများက တတိယတန်းမှ ပဉ္စမတန်းအထိ မူလတန်း ကျောင်းသား များအတွက် ပျမ်းမျှခြင်း၏  သဘောတရားကို သင်ယူ ခြင်းအပေါ် မည်သို့ပံ့ပိုး ကူညီ ပေးနိုင် ကြောင်း ဖော်ပြတတ်မည်။
  • မူလတန်းအောက်ဆင့်တွင် ပျမ်းမျှခြင်းသင်ကြားမှုဆိုင်ရာ ဆက်စပ်မှုများကို အသေးစိတ် ဖော်ပြ ရှင်းလင်းတတ်မည်။
  • တစ်ဉီးချင်းလုပ်ဆောင်ခြင်းနှင့် နှစ်ယောက်တွဲလုပ်ဆောင်ခြင်း အတွက် စာသင်ခန်းစီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို ဖော်ပြတတ်မည်။
  • မူလတန်းကျောင်းသားများကို သင်္ချာသင်ကြားခြင်းအတွက် တစ်ဦးချင်းနှင့် နှစ်ယောက်တစ်တွဲ လုပ်ဆောင်ရသည့် လုပ်ငန်းများကို သရုပ်ပြသင်ကြားတတ်မည်။
  • သင်္ချာဆိုင်ရာ နားလည်သဘောပေါက်မှု အသစ်များ ဖွံ့ဖြိုးတိုးတက်စေရန် သင်္ချာအယူအဆများ အကြောင်းကို အခြားသူများနှင့် ဆက်သွယ်ပြောဆိုမှု၏ တန်ဖိုးကို ပြန်လည်သုံးသပ်တတ်မည်။
  • မူလတန်းသင်္ချာသင်ယူခြင်းအတွက် အုပ်စုလိုက်လုပ်ဆောင်ခြင်းနည်းလမ်းများနှင့် စာသင်ခန်း စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို ဖော်ပြတတ်မည်။
  • မူလတန်းကျောင်းသားများအား သင်္ချာသင်ကြားခြင်းအတွက် အုပ်စုလိုက်လုပ်ငန်းများကို သရုပ်ကြသင်ကြားတတ်မည်။
  • အပြန်အလှန် တုံ့ပြန်မှုရှိသော “လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း” ကို ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အထောက်အကူပေးသော စာသင်ခန်းဆိုင်ရာ တိကျသောအင်္ဂါရပ်များကို အသေးစိတ် ဆန်းစစ်ရှင်းပြတတ်မည်။
  • ထိရောက်မှုရှိသော သင်္ချာသင်ခန်းစာကို ဖော်ပြရန်အတွက် ယခင်ကျောင်းတွင်းအတွေ့အကြုံအပေါ် ပြန်လည်သုံးသပ်တတ်မည်။
  • ထိရောက်မှုရှိသော သင်္ချာသင်ခန်းစာ၏ အခြေခံသဘောတရားကို ယခင်အတွေ့အကြုံမှ ဥပမာများနှင့်အတူ ဖော်ပြတတ်မည်။ (ဥပမာ - ယခင်သင်ယူခြင်းနှင့် ချိတ်ဆက်ခြင်း၊ ရှင်းလင်းတိကျသော မိတ်ဆက်သင်ကြားခြင်း၊ အထောက်အကူပြု မျက်နှာစုံညီဆွေးနွေးမှုများ စသည်ဖြင့်)
  • ကိန်းဂဏန်းသဘောတရား ရေးဆွဲခြင်းနှင့် သက်ဆိုင်သော သင်ခန်းစာငါးခုမှ အဓိကသင်ယူခြင်းကို အစဉ်အတိုင်းဖြစ်စေရန် အကြမ်းဖော်ပြချက်တစ်ခု ရေးဆွဲတတ်မည်။
  • သင်ခန်းစာ ငါးခုမှတစ်ဆင့် သင်ယူခြင်းအစီအစဉ်အတွက် တိုက်ရိုက်သင်ကြားပို့ချမှု (သို့မဟုတ်) စူးစမ်းလေ့လာမှုရှိသော အတွေးအခေါ်ကဲ့သို့ သင်ကြားသင်ယူခြင်းဆိုင်ရာ နည်းလမ်းများကို ညွှန်ပြတတ်မည်။
  • သင်ခန်းစာ ငါးခု အစီအစဉ်က သင်္ချာသင်ယူခြင်းအတွက် ငြမ်းဆင်သင်ကြားမှု ချဉ်းကပ်နည်းကို မည်သို့ အထောက်အကူဖြစ်စေကြောင်း ပြသတတ်မည်။
  • သင်ပြမှုပုံစံလွှာကို အသုံးပြုပြီး ကျောင်းသားများ၏ ကနဦး အသိပညာ၊ သင်ခန်းစာဆိုင်ရာ ရည်မှန်းချက်များနှင့် သင်ကြားသင်ယူမှုနည်းလမ်းများကို ညွှန်ပြသည့် ကိန်းသဘောတရားကို သင်ကြားခြင်းအတွက် ‘ပုံကြမ်း’ တစ်ခု ပြင်ဆင်တတ်မည်။
  • ကိန်းသဘောတရားများကို နားလည်သဘောပေါက်ခြင်းအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွေးချယ်ထားသော သင်ကြားသင်ယူခြင်း နည်းလမ်းများကို ကျိုးကြောင်းသင့်စွာ ရှင်းပြတတ်မည်။
  • ကိန်းဆိုင်ရာ သိမြင်မှု သဘောတရား လုပ်ငန်းမိတ်ဆက်အတွက် သင်ပြမှုပုံစံအကြမ်းတွင် ဆရာနှင့် ကျောင်းသားလုပ်ငန်းများအတွက် အသေးစိတ်ကျသော ညွှန်ကြားမှုများကို ပြင်ဆင်တတ်မည်။
  • ကိန်းသဘောတရားလုပ်ဆောင်ချက်၏ စာကိုယ်အတွက် သင်ပြမှုပုံစံအကြမ်းတွင် ဆရာနှင့် ကျောင်းသားလုပ်ဆောင်ချက်များအတွက် အသေးစိတ်ကျသော ညွှန်ကြားမှုများကို ပြင်ဆင်တတ်မည်။
  • ကိန်းသဘောတရား၏ လုပ်ဆောင်ချက်ကို ပြန်လည်ဆန်းစစ်ခြင်းအတွက် သင်ပြမှုပုံစံအကြမ်းတွင် ဆရာနှင့် ကျောင်းသားလုပ်ငန်းများအတွက် အသေးစိတ်ကျသော ညွှန်ကြားမှုများကို ပြင်ဆင်တတ်မည်။
  • သင်ယူမှုကို စောင့်ကြည့်စစ်ဆေးခြင်း၏ ရည်ရွယ်ချက်များအာ ရှင်းပြတတ်မည်။
  • ကိန်းသဘောတရား သင်ယူမှုလုပ်ငန်းအတွက် ကျောင်းသားတစ်ယောက်၏ သင်ယူခြင်းဆိုင်ရာ အောင်မြင်မှုအတွက် စံသတ်မှတ်ချက်ကို အဆိုပြုတတ်မည်။
  • အောင်မြင်မှုအတွက် တိကျသော စံသတ်မှတ်ချက်နှင့် ပြည့်မီရန် ကျောင်းသားတစ်ယောက်၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းအချို့ကို စာရင်းပြုစုတတ်မည်။
  • အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်ပေးခြင်းသည် မည်သည်ကို ဆိုလိုကြောင်း ဖော်ပြတတ်မည်။
  • ယခင် သင်္ချာသင်ယူခြင်းအတွေ့အကြုံတွင် ရရှိခဲ့သည့် တုံ့ပြန်အကြံပြုချက်ကို ပြန်လည်သုံးသပ်ပြီး ၎င်းသည် အဘယ့်ကြောင့် အပြုသဘောဆောင်ကြောင်း ((သို့) အပျက်သဘောဆောင်ကြောင်း ညွှန်ပြတတ်မည်။
  • ကိန်းသဘောတရား သင်ယူမှုလုပ်ငန်းတွင် အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်သည် မည်သည့်ပုံစံ ပေါက်နေမည့်အကြောင်း ဥပမာများပေးတတ်မည်။
  • ထိရောက်စွာသင်ကြားမှုသည် ကျောင်းသားများအနေဖြင့် သင်ယူရာတွင် တက်ကြွစွာ ပါဝင်လာစေရန် အဘယ့်ကြောင့် လှုံ့ဆော်ပေးနိုင်သည်ကို အသေးစိတ် ရှင်းလင်းဖော်ပြတတ်မည်။
  • သင်္ချာနည်းကျ တွေးခေါ်မှုနည်းလမ်းများကို နမူနာပြခြင်းသည် သင်ယူခြင်းဆိုင်ရာ စိတ်ပါဝင်စားမှုကို မည်သို့ မြှင့်တင်ပေးကြောင်း အကျဉ်းချုပ်ဖော်ပြတတ်မည်။
  • သင်္ချာနှင့် ဆိုင်သော ကစားနည်းများက သင်္ချာသင်ယူခြင်းကို မည်သို့ပံ့ပိုးကူညီပေးကြောင်း ဖော်ပြတတ်မည်။
  • အလိုအလျောက်ဆောင်ရွက်နိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေခြင်း၏ အယူအဆကို ရှင်းပြတတ်မည်။
  • မူလတန်းအောက်ဆင့် သင်ယူခြင်းနှင့် သက်ဆိုင်သော ကိန်းဖြည့်ပေါင်းခြင်းနှင့် ကိန်းခွဲနှုတ်ခြင်းသည် မည်သည်ကို ဆိုလိုကြောင်းရှင်းပြတတ်မည်။
  • လေ့လာထားသည့် အဓိကကျသော သင်္ချာဆိုင်ရာ အကြံဉာဏ်များကို ညွှန်ပြခြင်းဖြင့် ကိန်းဖြည့်ပေါင်းခြင်းနှင့် ကိန်းခွဲနှုတ်ခြင်း အကြောင်းကို ဒုတိယတန်းကျောင်းသားများအား သင်ကြားရန် လုပ်ဆောင်ချက်တစ်ရပ်ကို ဖန်တီးတတ်မည်။
  • ကိန်းခွဲပေါင်းခြင်းနှင့် ကိန်းခွဲနှုတ်ခြင်းက သင်္ချာထပ်ဆောင်းသင်ယူခြင်းကို မည်သို့ပံ့ပိုးကူညီပေးနိုင်ကြောင်း အသေးစိတ် ဖော်ပြရှင်လင်းတတ်မည်။
  • ဒုတိယတန်းကျောင်းသားများ၏ စိတ်ဖြင့်တွက်ချက်ခြင်းနည်းလမ်းများကို စမ်းသပ်ရန်အတွက် အားနည်းချက် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နည်းကိရိယာတစ်ခုကို ဖန်တီးတတ်မည်။
  • စိတ်ဖြင့်တွက်ချက်ခြင်း နည်းလမ်းများကို သင်ယူခြင်းအား တိုးတက်စေရန် နည်းလမ်းတစ်ရပ်ကို အဆိုပြုတတ်မည်။ 
  • သူငယ်တန်းမှ ဒုတိယတန်းကျောင်းသားများအထိ သင်္ချာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ဆိုင်သော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နည်းကိရိယာများကို ဖော်ပြတတ်မည်။
  • ‌ကျောင်းသားများ၏ သင်ယူမှုဖော်ပြချက်နှစ်ချက် သင်ယူခြင်းကို စစ်ဆေးအကဲဖြတ်ရန်အတွက် စောင့်ကြည့်စစ်ဆေးရန် အချက်များပါသော စာရင်းတစ်ခုဖန်တီးပြီး ဤစစ်ဆေးအကဲဖြတ်ခြင်းကို အသုံးပြုခြင်းအတွက် အကြောင်းပြချက် ပေးတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ သင်္ချာဘာသာရပ်မိတ်ဆက်

၁.၁။ မူလတန်းအဆင့် သင်္ချာဘာသာရပ်၏ သဘောသဘာဝ

အောက်ပါတို့ကို သေချာစွာဖတ်ရှု၍ မှား/မှန် ဆုံးဖြတ်ပါ။

၁.၁.၂။ သင်္ချာ၊ သိပ္ပံနှင့် နည်းပညာ

သင်္ချာသင်ကြားမှုတွင် TPACK ကို အသုံးချခြင်း

မော်ဂျူး (၁.၁.၂) အတွက် သင်ယူမှုလုပ်ငန်း

မူလတန်းကျောင်းသားများကို သင်ယူမှုအစပိုင်းတွင်ကူညီပေးခြင်း

သင်္ချာအယူအဆများကိုစမ်းသပ်လေ့လာမှုလုပ်ငန်း - ဥပမာ

မော်ဂျူး (၁.၁.၃) အတွက် သင်ယူမှုလုပ်ငန်း

၁.၂။ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင်ပါသောသင်္ချာ

သင်ယူမှုအဆင့်များ

၁။ အောက်ပါတို့ကို သေချာစွာဖတ်ရှု၍ မှား/မှန် ဆုံးဖြတ်ပါ။

၂။ အောက်ပါ ဖော်ပြချက်များကို ယှဉ်တွဲပါ။

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး (၁) အဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၂။ ပုစ္ဆာဖြေရှင်းခြင်းနှင့်အယူအဆလွဲမှားမှုများ

၂.၁။ ငြမ်းဆင်သင်ကြားခြင်းနည်းလမ်း

၂.၁.၁။ သင်္ချာသင်ကြားသောစာသင်ခန်းများရှိ ကြိုတင်မျှော်မှန်းထားသောပုစ္ဆာများ

ဆရာ၏သင်္ချာအသိပညာ

လုပ်ထုံးလုပ်နည်းဆိုင်ရာတတ်ကျွမ်းမှု

အကျိုးပြုပင်ကိုစရိုက်

မော်ဂျူး (၂.၁.၁) အတွက် သင်ယူမှုလုပ်ငန်း

အောက်ပါတို့ကို သေချာစွာဖတ်ရှု၍ မှား/မှန် ဆုံးဖြတ်ပါ။

မော်ဂျူး (၂.၁.၂) အတွက် သင်ယူမှုလုပ်ငန်း

အောက်ပါ ကိန်းဆိုင်ရာဖော်ပြချက်များနှင့် သက်ဆိုင်ရာ ဖော်ပြချက်များကို ယှဉ်တွဲပါ။

၂.၁.၃။ ငြမ်းဆင်သင်ကြားခြင်းနှင့်ဆရာ၏အခန်းကဏ္ဍ

၂.၁.၃။ ငြမ်းဆင်သင်ကြားခြင်းနှင့်ဆရာ၏အခန်းကဏ္ဍ - အဆက်

မော်ဂျူး (၂.၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

ရေတွက်ရန်သင်ယူခြင်း

ကိန်းခြားရေတွက်ခြင်း

မော်ဂျူး (၂.၁.၃) အတွက် သင်ယူလုပ်ငန်း (၁)

မော်ဂျူး (၂.၁.၃) အတွက် သင်ယူလုပ်ငန်း (၂)

အောက်ပါတို့ကိုသေချာစွာဖတ်၍ မှား/မှန်ဆုံးဖြတ်ပါ။

၂.၁.၄။ ငြမ်းဆင်သင်ကြားခြင်းကိုအသုံးပြုထားသည့်ပုစ္ဆာဖြေရှင်းခြင်းလုပ်ငန်းများ

အခြေခံဂဏန်းတွက်နည်းများကို ပိုင်နိုင်စွာတတ်မြောက်မှု

အလိုအလျောက်ဆောင်ရွက်နိုင်စွမ်းတည်ဆောက်ခြင်း

ငြမ်းဆင်သင်ကြားခြင်းကိုအသုံးပြုထားသည့်ပုစ္ဆာဖြေရှင်းခြင်းလုပ်ငန်းများ

အောက်ပါတို့ကိုသေချာစွာဖတ်၍ မှား/မှန်ဆုံးဖြတ်ပါ။

၂.၂။ သင်္ချာဘာသာရပ်တွင်သုတေသနပြုလုပ်ခြင်း

၂.၂.၁။ အတွေ့များသောအမှားများနှင့်အယူအဆလွဲမှားမှုများ

စားခြင်း

မြှောက်ခြင်းနှင့်စားခြင်းဆိုင်ရာ အယူအဆလွဲမှားမှုများကိုကာကွယ်ရန်နည်းလမ်းများ

အပိုင်းကိန်း

နေရာလိုက်တန်ဖိုး

၁။ အောက်ပါတို့ကိုသေချာစွာဖတ်၍ မှား/မှန်ရွေးချယ်ပါ။

၂။ အောက်ပါ ဖော်ပြချက်များကို ယှဉ်တွဲပါ။

အောက်ပါတို့ကိုသေချာစွာဖတ်၍ အဖြေမှန်ကိုရွေးချယ်ပါ။

၁။ အောက်ပါတို့ကို သေချာစွာဖတ်ရှု၍ မှား/မှန် ဆုံးဖြတ်ပါ။

၂။ အောက်ပါ ဖော်ပြချက်များကို ယှဉ်တွဲပါ။

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး (၂) အဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၃။ သင်္ချာကို နားလည်သဘောပေါက်ခြင်း

၃.၁။ ကိန်းများ

အောက်ပါတို့ကို သေချာစွာဖတ်ရှု၍ မှား/မှန် ဆုံးဖြတ်ပါ။

မှားမှန်ရောထွေး အမှန်ရွေးမေးခွန်း

၃.၁.၂။ သူငယ်တန်းနှင့် ပထမတန်းအတွက် ပေါင်းခြင်းနှင့် နုတ်ခြင်း

မော်ဂျူး (၃.၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃.၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၁.၃။ ဒုတိယတန်းအတွက် ပေါင်းခြင်း နုတ်ခြင်း၊ နည်းလမ်းများနှင့် စိတ်တွက် တွက်ခြင်း

ပေါင်းခြင်းနှင့် နုတ်ခြင်းအတွက် လိုက်လျောညီထွေ တွက်ချက်မှု နည်းလမ်းများ

မော်ဂျူး (၃.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း

ကိန်းများကို လိုက်လျောညီထွေစွာ တွက်ချက်ရန် နည်းလမ်းများ

မော်ဂျူး (၃.၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

စိတ်တွက် တွက်ခြင်း

စိတ်တွက် တွက်နည်းများ

မော်ဂျူး (၃.၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၃.၁.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃.၁.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၁.၅။ အပိုင်းကိန်းများ

အပိုင်းကိန်း အမျိုးအစားများ

ပမာဏများဖြစ်သော အပိုင်းကိန်းများ (Fractions as Quantities)

မော်ဂျူး (၃.၁.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃.၁.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၁.၆။ ကိန်းသဘောတရားကို ချဲ့ထွင်ခြင်း

ကိန်းယောင်များ (Imaginary Numbers)

ကိန်းထွေများ (Complex Numbers)

မော်ဂျူး (၃.၁.၆) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၃.၁.၇။ စုံကိန်းများနှင့် မကိန်းများ

မော်ဂျူး (၃.၁.၇) အတွက် ဉာဏ်စမ်းမေးခွန်း

၃.၂။ တိုင်းတာခြင်း

၃.၂.၁။ တိုင်းတာခြင်း သဘောတရား

တိုင်းတာခြင်းဆိုင်ရာ အဆင့်သုံးဆင့် လုပ်ငန်းစဉ်

မော်ဂျူး (၃.၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ခန့်မှန်းချက် (Estimation)

မော်ဂျူး (၃.၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၂.၂။ အလျား

မော်ဂျူး (၃.၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

တစ်ယူနစ်

မော်ဂျူး (၃.၂.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃.၂.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃.၂.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃.၂.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

ထုထည်

မော်ဂျူး (၃.၂.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

၃.၃။ မူလတန်းအဆင့်တွင် သင်္ချာပုစ္ဆာ ဖြေရှင်းမှုစွမ်းရည်များ

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃.၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

စာသားပုစ္ဆာအဖြေရှင်းပုံကို ငြမ်းဆင်သင်ကြားခြင်း

မော်ဂျူး (၃.၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၃.၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၃.၄။ နေ့စဉ်ဘဝရှိ သင်္ချာ

၃.၄.၁။ ကစားကွင်းစီမံချက်တစ်ခုကို စီစဉ်ခြင်း

ကစားကွင်းတစ်ခုတွင် ပါဝင်သည် အခြားသင်ယူမှု အခွင့်အလမ်းများ

မော်ဂျူး (၃.၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃.၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး (၃) အဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၄။ သင်္ချာဆိုင်ရာ နမူနာပြဖော်ပြချက်များနှင့် ကိုယ်စားပြု ဖော်ပြချက်များ

၄.၁။ အက္ခရာသင်္ချာ

၄.၁.၁။ အက္ခရာသင်္ချာဆိုင်ရာ အယူအဆများ

မော်ဂျူး (၄.၁.၁) အိမ်စာလုပ်ငန်း

ညီမျှခြင်းများနှင့် သင်္ချာဆိုင်ရာ ဆက်သွယ်ချက်များ

အောက်ပါတို့ကို သေချာစွာဆန်းစစ်၍ မှား/ မှန်ဆုံးဖြတ်ပါ။

၄.၁.၂။ မူလတန်းအဆင့်တွင် အက္ခရာသင်္ချာဆိုင်ရာ အတွေးအခေါ်ကို သင်ကြားခြင်း

ဖန်ရှင်ဆိုင်ရာဆက်သွယ်ချက်များ

မော်ဂျူး (၄.၁.၂) အတွက် သင်ယူမှုလုပ်ငန်း

“ပတ်လည်အနား”ကို နားလည်စေမည့် အက္ခရာသင်္ချာဆိုင်ရာအတွေးအခေါ်

မော်ဂျူး (၄.၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၄.၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၄.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

၄.၂။ ဂျီဩမေတြီ

၄.၂.၁။ ပုံသဏ္ဌာန်နှင့် နေရာ (Shape and space)

ဂျီဩမေတြီဆိုင်ရာအတွေးအခေါ် ဖွံ့ဖြိုးမှု

မော်ဂျူး (၄.၂.၁) အတွက် သင်ယူမှုလုပ်ငန်း

ပုံသဏ္ဌာန်တစ်ခုကို လမ်းလျှောက်၍ စူးစမ်းလေ့လာပြောပြစေခြင်း၏ အကျိုးကျေးဇူး (၁၀) ခု

မော်ဂျူး (၄.၂.၁) အတွက် အိမ်စာလုပ်ငန်း

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၄.၂.၂။ ပြင်ညီ ဂျီဩမေတြီ

မော်ဂျူး (၄.၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

ထောင့်များ

မော်ဂျူး (၄.၂.၂) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၄.၂.၂) အတွက် သင်ယူမှုလုပ်ငန်း (၂)

ဗဟုဂံများ

ပုံသဏ္ဌာန်များစူးစမ်းလေ့လာခြင်းနှင့် အမျိုးအစားခွဲခြားခြင်းလုပ်ငန်း

မော်ဂျူး (၄.၂.၂) အတွက် သင်ယူမှုလုပ်ငန်း (၃)

၄.၂.၃။ စက္ကူခေါက်ခြင်းဖြင့် ဂျီဩမေတြီပုံများ ပြုလုပ်ခြင်း

၁။ အောက်ပါတို့ကို ဆန်းစစ်လေ့လာ၍ မှားမှန်ရွေးပါ။

၂။ အောက်ပါတို့ကို ယှဉ်တွဲပါ။

မော်ဂျူး (၄.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

၄.၃။ သင်္ချာဆိုင်ရာဆက်သွယ်ချက်များ

၄.၃.၁။ သင်္ချာဆိုင်ရာဆက်သွယ်ချက်၏ အယူအဆ

မော်ဂျူး (၄.၃.၁) အတွက် လေ့ကျင့်ရန်မေးခွန်း

၄.၃.၂။ အချက်အလက်စုဆောင်းခြင်းနှင့်အချက်အလက်ဆန်းစစ်လေ့လာချက်

အချက်အလက်များကို ကိုယ်စားပြုဖော်ပြခြင်း

မော်ဂျူး (၄.၃.၂) အတွက် လေ့ကျင့်ရန်မေးခွန်းများ

၄.၃.၃။ ပျမ်းမျှခြင်း - ဗဟိုပြတိုင်းတာချက်

မော်ဂျူး (၄.၃.၃) အတွက် သင်ယူမှုလုပ်ငန်း (၁)

ဗဟိုပြုတိုင်းတာချက်များ

မော်ဂျူး (၄.၃.၃) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၄.၃.၃) အတွက် လေ့ကျင့်ရန်မေးခွန်းများ

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး (၄) အဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၅။ ကျွန်ုပ်တို့ သင်္ချာ သင်ကြား၊ သင်ယူပုံ

၅.၁။ မူလတန်းအဆင့် စာသင်ခန်း စီမံခန့်ခွဲမှု

၅.၁.၁။ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုရှိသော ပုံစံများ

စာသင်ခန်းတစ်ခန်းလုံး လေ့လာသင်ယူခြင်း

တစ်ဦးချင်း လေ့လာသင်ယူခြင်း

အုပ်စုလိုက်လေ့လာသင်ယူခြင်း

အုပ်စုဖွဲ့သောနည်းလမ်းများ

မည်သည့်နည်းလမ်းသည် အကောင်းဆုံး ဖြစ်သနည်း။

နည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်း

သင်္ချာနှင့်ဆိုင်သော ကစားနည်းများ ကစားနေစဉ် စာသင်ခန်းကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများ

လုပ်ငန်း အလေ့အထတူ အသိုက်အဝန်းတစ်ခု

၅.၂။ သင်ယူမှုအတွက် ပြင်ဆင်ခြင်း

မော်ဂျူး (၅.၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၂.၂။ သင်ခန်းစာများ၏ အစီအစဉ်တစ်ခုကို ပြင်ဆင်ခြင်း

သင်ယူမှုအတွက် အစီအစဉ်ဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ

ကိန်းဆိုင်ရာ သိမြင်မှု ဖွံ့ဖြိုးခြင်း

ကိန်းဆိုင်ရာသိမြင်မှု ဖွံ့ဖြိုးခြင်းအတွက် ဖွံ့ဖြိုးရမည့် အဓိကအချက်များ

ကိန်းနှင့် နေရာလိုက်တန်ဖိုးဆိုင်ရာ အယူအဆများတိုးတက်စေရန် အဆင့်များ

ရေတွက်ခြင်းလုပ်ငန်းစဉ်

ပေါင်းခြင်းနည်းလမ်းများနှင့် မြှောက်ခြင်းနည်းလမ်းများ

ကိန်းဆိုင်ရာသိမြင်မှု ဖွံ့ဖြိုးစေရန် ထောက်ပံ့ကူညီပေးနိုင်သည့် သင်ခန်းစာ (၅) ခုပါသော သင်ယူမှုအစီအစဉ်တစ်ခု ဖန်တီးခြင်း

၅.၂.၃။ သင်ပြမှုပုံစံ ပြင်ဆင်ခြင်း

၅.၂.၄။ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်ပေးခြင်း

အောင်မြင်မှုစံသတ်မှတ်ချက်များကို ရေးသားခြင်း

အတန်းလိုက် သင်ခန်းစာအကြောင်းအရာ အနှစ်ချုပ်

မေးခွန်းမေးခြင်းနည်းလမ်းများ

အောင်မြင်မှု စံသတ်မှတ်ချက်များနှင့် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း အခွင့်အလမ်းများ

သင်ယူမှုအတွက် တုံ့ပြန်အကြံပြုချက်များပေးခြင်း

အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်များ

အပြုသဘောဆောင်သည့် တုံ့ပြန် အကြံပြုချက်များပေးရန် အတွက် အကြံပြုချက်များ

မော်ဂျူး (၅.၂.၄) အတွက် မေးခွန်းများ

၅.၃။ စိတ်ပါဝင်စားမှုကို လှုံ့ဆော်ခြင်း

၅.၃.၁။ မူလတန်းကျောင်းသားများ၏ စိတ်ပါဝင်စားမှုကို မြှင့်တင်ပေးသည့် နည်းလမ်းများ

အစီအစဉ်ဆွဲရာတွင် အထောက်အကူဖြစ်စေမည့် ထိရောက်သောညွှန်ကြားချက်များ၏ အခြေခံစည်းမျဉ်းများ

၅.၃.၂။ သင်္ချာနှင့်ဆိုင်သော ကစားနည်းများ

မော်ဂျူး (၅.၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၄။ သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် ရင်းမြစ်များ

၅.၄.၁။ ကိန်းဖြည့်ပေါင်းခြင်းနှင့် ကိန်းခွဲနုတ်ခြင်း

နေရာလိုက်တန်ဖိုးဇယား

၅.၄.၂။ အမြင်အားဖြင့် ကိုယ်စားပြုဖော်ပြနိုင်သော သင်္ချာသင်ထောက်ကူပစ္စည်းများကို အသုံးပြုခြင်း

၅.၅။ သင်ယူမှုအား စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း

၅.၅.၁။ အားနည်းချက်စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၅.၅.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၅.၂။ မူလတန်းအဆင့်အတွက် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နည်းကိရိယာများ

ကြည့်ရှုစစ်ဆေးရမည့် အချက်များပါသော စာရင်း

စစ်ဆေးအကဲဖြတ်မှုအတွက် အစီအစဉ်ဆွဲခြင်း

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး (၅) အဆုံး ပြန်လည်သုံးသပ်ချက်

Related Courses

chatGPTicon
;