မော်ဂျူး (၁) သင်္ချာသင်ယူမှုအထွေထွေအခြေခံမူများ
4.6
(9 Reviews)
Certified
6 hour(s)
679 Enrollment(s)
1553 View(s)

Share On :
Course Description
ယခု သင်္ချာသင်ယူမှုအထွေထွေအခြေခံမူများ သင်တန်းကို လုပ်ငန်းခွင်ဝင်စ ဆရာများနှင့် သင်္ချာသင်ကြားရာတွင် သင်တန်းရရှိမှု အကန့်အသတ်ရှိသော ဆရာများအတွက် စီစဉ်ရေးဆွဲထားသည်။ သင်္ချာဆိုင်ရာကျွမ်းကျင်မှုများသည် ကမ္ဘာကြီးကို နားလည်ရန်အတွက် အရေးကြီးပြီး အခြားသိပ္ပံ ဘာသာရပ်များအားလုံး၏ အခြေခံ ဖြစ်သည်။ အနာဂတ်သင်္ချာဆိုင်ရာကျွမ်းကျင်မှု၏ အခြေခံဖြစ်သောကြောင့် အစောပိုင်းကာလ အတွက်အချက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည် ကလေးငယ်များအတွက် အလွန် အရေးကြီးပါသည်။ ဤသင်တန်းက အစောပိုင်းကာလ အတွက်အချက်ဆိုင်ရာ သင်ကြားသင်ယူမှုကို အလေးပေးသော ယူနစ်များနှင့် မိတ်ဆက်ပေးသည်။ ဤသင်တန်းသည် ကလေးငယ်များကို သင်္ချာစွမ်းရည်များ ထိရောက်စွာသင်ကြားနိုင်ရန် လက်တွေ့ကျသော နည်းဗျူဟာများနှင့် သင်္ချာဆိုင်ရာ ဖြေရှင်းနည်း(ကိရိယာ)များကို ဆရာများအား ပို့ချရန် ရည်ရွယ်ပါသည်။ ဤသင်တန်းပြီးဆုံးသောအခါ ဆရာများသည် ကျောင်းသားများ အတွက် အပြုသဘောဆောင်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော သင်ယူမှုပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။
အထူးသဖြင့် ဤသင်တန်းသည် ပညာရေး၏ သင်္ချာဘာသာရပ်ဆိုင်ရာ အထွေထွေ အခြေခံမူများကို မိတ်ဆက်ပေးမည်ဖြစ်သည်။ ၎င်းတို့မှာ ကျောင်းသားများကို တက်ကြွစေခြင်း၊ လုပ်ဆောင်မှုနှင့် ကစားခြင်းမှ တစ်ဆင့်သင်ယူခြင်း၊ အသုံးပြုခြင်း၊ ပုံဖြင့်ကိုယ်စားပြုခြင်း၊ လက်တွေ့လုပ်ဆောင်ရသည့်နည်းလမ်းဖြင့် သင်္ချာဆိုင်ရာယူဆချက်များ တဖြည်းဖြည်း တည်ဆောက်ခြင်း၊ နှုတ်ဖြင့်ဖော်ပြခြင်းနှင့် ပြန်လည်တင်ပြခြင်းတို့ဖြင့် အတွေ့အကြုံမှ ယူဆချက်သဘောတရားသို့ကူးပြောင်းခြင်း တို့ဖြစ်သည်။ ဤသင်တန်းကို အခန်း (၅) ခန်းခွဲထားပြီး အခန်း တစ်ခန်းစီသည် သင်္ချာဘာသာရပ်ဆိုင်ရာ အပိုင်းတစ်ပိုင်းကို သင်ကြားပေးသော သင်ခန်းစာတစ်ခုဖြစ်ပါသည်။ ထို့ပြင် အခန်းတစ်ခန်းစီ၏ အဆုံးတွင် အဆင့်သတ်မှတ်ခြင်းမရှိဘဲ နားလည်မှုကို အကဲဖြတ်မည့် ဉာဏ်စမ်းမေးခွန်းများ ပါရှိသည်။ သင်တန်းအဆုံးတွင် သင်ယူတိုးတက်မှုကို အကဲဖြတ်ရန် အဆင့်သတ်မှတ်ထားသော နောက်ဆုံးစစ်ဆေးအကဲဖြတ်မှုတစ်ခု ပါဝင်ပါသည်။ ဤသင်တန်းသည် သင်္ချာသင်ကြားရေးစွမ်းရည်များ တိုးတက်စေရန်နှင့် သင်္ချာစာသင်ခန်းများကို စိတ်ဝင်စားစရာကောင်းသော၊ စိန်ခေါ်မှုရှိသော၊ ထိရောက်သော စာသင်ခန်းများ ဖြစ်စေသည့်အရာများကို နားလည်စေရန် ကူညီပေးပါမည်။
Course Objectives
ဤသင်တန်းသည် ဆရာများအား အတွက်အချက်ဆိုင်ရာအခြေခံများကို ရယူနိုင်သည့် ကစားနည်းများနှင့် လှုပ်ရှားမှုများ (activities)ကို လက်တွေ့ချဉ်းကပ်မှု၊ သင်္ချာသင်ကြားရေးဆိုင်ရာအခြေခံမူများကို ကောင်းစွာနားလည်မှု တို့ဖြင့် ထိရောက်ပြီး စိတ်ဝင်စားဖွယ် သင်္ချာသင်ကြားခြင်းကို နားလည်ကာ လက်တွေ့လုပ်ဆောင်နိုင်ရန် အဆင်သင့်ဖြစ်စေသည်။
ဤသင်တန်း၏ ရည်ရွယ်ချက်များမှာ -
- သင်္ချာသင်ကြားရေးဆိုင်ရာအခြေခံမူများနှင့် သက်ဆိုင်သည့် သီအိုရီပိုင်းဆိုင်ရာ အသိပညာ ဖွံ့ဖြိုးစေရန်
- ယခုသင်တန်းများတွင် ပါဝင်သော သင်ကြားနည်းအတတ်ပညာဆိုင်ရာ ရွေးချယ်မှုများနှင့် ချဉ်းကပ်မှုများကို ရှင်းပြနိုင်စေရန်
- "မည်သို့လုပ်ဆောင်ရမည်" ဆိုသည့် တိကျသော ညွှန်ကြားချက်များကို ပေးခြင်းဖြင့် သင်ကြားုကို အကောင်အထည်ဖော်နိုင်ရန်
- ဆရာအတတ်ပညာဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများ၏ နမူနာသစ်များမှတစ်ဆင့် ဆရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်။
Learning Outcomes
ဤသင်တန်းပြီးဆုံးချိန်တွင် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည် -
- ကလေးငယ်များ၏ အစောပိုင်းကာလ အတွက်အချက်ဆိုင်ရာဖွံ့ဖြိုးမှုကို နားလည်မည်။
- ဤဖွံ့ဖြိုးမှုတွင် အစောပိုင်းအတွေ့အကြုံများနှင့် ကျောင်း၏ အခန်းကဏ္ဍကို နားလည်မည်။
- ကျောင်းသားများ၏ ကစားခြင်းနှင့် လုပ်ငန်းများကို အခြေခံသော သင်ခန်းစာများ ဖန်တီးခြင်း၏ အရေးပါမှုကို နားလည်မည်။
- ထိရောက်သည့် ဆရာ့ကိုယ်နေဟန်ထားကို ကျင့်သုံးနိုင်လာမည်။
- ပံ့ပိုးကူညီမှုပေးသော စာသင်ခန်းပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်။
- ကျောင်းသားများ၏ အမှားများကို ကိုင်တွယ်ဖြေရှင်းပြီး သင်ယူမှုကို ပံ့ပိုးပေးနိုင်မည်။
Please login to take this course
Lectures
မိတ်ဆက်
အခန်း ၁။ သင်္ချာသဘောတရားများမိတ်ဆက်
ကိန်းဂဏန်းတစ်ခု၏ တည်ဆောက်ပုံ
အခြေခံအဆင့်များအတွက် သင်္ချာဆိုင်ရာယူဆချက်များ
အခြေခံအဆင့်များအတွက် သင်္ချာဆိုင်ရာယူဆချက်များ - အဆက်
သင်္ချာသဘောတရားများတည်ဆောက်ပုံ
ကိန်းဂဏန်းဆိုင်ရာ သဘောတရားကိုသင်ယူခြင်း - လင်းအမည်ရှိ ကလေးငယ်တစ်ဦး၏ ဖြစ်စဉ်လေ့လာမှု
လင်း၏ ကျောင်းအတွေ့အကြုံများ
သင်ခန်းစာ (၁) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၁) - ဉာဏ်စမ်းမေးခွန်းများ
အခန်း ၂။ အဓိပ္ပာယ်ရှိပြီး ပျော်စရာကောင်းသည့် သင်္ချာသင်ယူမှုကိုဖြစ်စေခြင်း
သင်ယူမှုကို ပိုမိုထိရောက်အောင် ပြုလုပ်ခြင်း
သင်ယူသူအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
ကစားနည်းများဖြင့် သင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း
သင်ခန်းစာ (၂) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၂) - ဉာဏ်စမ်းမေးခွန်းများ
အခန်း ၃။ ဆရာ၏ အခန်းကဏ္ဍများ
အပြုသဘောဆောင်သော လမ်းညွှန်ဆရာ - ကျောင်းသားများအပေါ် အပြုသဘောဆောင်ပြီး အားပေးအားမြှောက်ပြုသော စိတ်ထားကို ထားရှိခြင်း
ဒီဇိုင်းဆွဲသူနှင့် စီစဉ်သူ - ကျောင်းသားများ၏ အသက်အရွယ်နှင့် ကျွမ်းကျင်မှုများအလိုက် လုပ်ငန်းများကို စီစဉ်ပေးခြင်း
သင်္ချာနည်းပြ - ကလေးများကို စူးစမ်းရှာဖွေခွင့်နှင့် စမ်းသပ်ခွင့်ပေးခြင်း
သင်္ချာနည်းပြ - ကလေးများကို စူးစမ်းရှာဖွေခွင့်နှင့် စမ်းသပ်ခွင့်ပေးခြင်း - အဆက်
သင်ခန်းစာ (၃) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၃) - ဉာဏ်စမ်းမေးခွန်းများ
အခန်း ၄။ ပံ့ပိုးကူညီမှုရှိသော စာသင်ခန်းဝန်းကျင်ဖန်တီးခြင်း
အေးဆေးတည်ငြိမ်ပြီး ထိရောက်မှုရှိသည့် အုပ်စုလုပ်ငန်း စတင်နည်း
ခင်းကျင်းပြသမှုများ
ကျောင်းသားများအတွက် အုပ်စုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ
ပစ္စည်းများနှင့် ကိုင်တွယ်ခြင်း
သင်္ချာတွေးခေါ်မှုကို ဖွံ့ဖြိုးစေရန် ကျောင်းသားများ၏ ဖော်ပြချက်ကို ပံ့ပိုးပေးခြင်း
သင်ခန်းစာ (၄) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၄) - ဉာဏ်စမ်းမေးခွန်းများ
အခန်း ၅။ အမှားများမှ သင်ယူခြင်း
အမှားများကို ကိုင်တွယ်ဖြေရှင်းနည်း
သင်ယူမှုကို ခွဲခြားသတ်မှတ်ရန် အမှားများကို အသုံးပြုခြင်း - အမှားအမျိုးအစားများ
ကျောင်းသားများ တိုးတက်စေရန် အမှားများကို အသုံးပြုခြင်း
သင်ခန်းစာ (၅) အတွက် ဗီဒီယိုသင်ခန်းစာ
သင်ခန်းစာ (၅) - ဉာဏ်စမ်းမေးခွန်းများ
Summary
အနှစ်ချုပ်
အနှစ်ချုပ် - ဗီဒီယို
Related Courses
