Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

Course 2: ဆရာ၊ဆရာမများ အတွက် သင်ကြားသင်ယူမှုတွင် အသုံးဝင်သော PowerPoint Feature များ (Essential Features of PowerPoint for Teachers)

5

(9 Reviews)

Certified

30 hour(s)

359 Enrollment(s)

1309 View(s)

Share On :

Course Description

ဤသင်ခန်းစာသည် PowerPoint အသုံးပြု၍ Presentation များပြင်ဆင်ရာတွင် တင်ဆက်ပြသလိုသည့် အကြောင်းအရာများကို ပရိသတ်ကို ထိရောက်စွာ ပြသနိုင်ရန်အတွက် အသုံးပြုနိုင်သော လုပ်ဆောင်ချက်များကို လေ့လာကြရမည်ဖြစ်သည်။ စာအရေးအသားဖြင့် တင်ဆက်ပြသရာတွင် စနစ်တကျဖြစ်စေရန် အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ၊ Slides များတွင် အသုံးပြုထားသော စာ၊ ပုံစသည်တို့ကို Animation ထည့်သွင်းနိုင်သည့် လုပ်ဆောင်ချက်များ၊ Slides ကူးပြောင်းရာတွင် ထည့်သွင်းနိုင်သော လုပ်ဆောင်ချက်များ၊ တင်ဆက်ပြသလိုသော အကြောင်းအရာကို နားလည်လွယ်စေရန် Slides များတွင် ထည့်သွင်းအသုံးပြုနိုင်သော Shape, Chart, Table, Pictures နှင့် Icons များကို အသုံးပြုခြင်း တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိင်မည် ဖြစ်ပါသည်။

Course Objectives

သင်ခန်းစာ ပြီးစီးသွားပါက သင်တန်းသားများ အနေဖြင့် တင်ဆက်မှု ကောင်းသော PowerPointတစ်ခုတွင် မရှိမဖြစ် လိုအပ်သည့် Bullet အမျိုးမျိုး၊ Feature များကို ထပ်ခါထပ်ခါ ဖန်တီးရန် မလိုဘဲ ကူးယူနိုင်သည့် Format Painter ၊ စာများ ဝတ္ထုပစ္စည်းများကို လှုပ်ရှားမှုများ ထည့်သွင်းနိုင်သည့် Animation အမျိုးမျိုး၊ Objects များကို 2D၊ 3D ဖောင်းကြွများ ပြင်ဆင်ခြင်း နှင့် ဇယားများ လင့်များ ဖန်တီး ချိတ်ဆက်ခြင်းများကို အသုံးပြု၍ သင်ယူမှုတွင် ငြီးငွေ့မှု မရှိသော PowerPointများကို ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။

Learning Outcomes

သင်တန်း ပြီးဆုံးသည့်နောက်တွင် သင်တန်းတက်ရောက်သော ဆရာ/ ဆရာမများ အနေဖြင့် အောက်ပါတို့ကို လုပ်ဆောင် နိုင်လာပါမည်။

  • ဆလိုက် အကြောင်းအရာများကို ပြင်ဆင်ရာတွင် Bullets နှင့် Format Painter ကို အသုံးပြုတတ်ရန်။
  • အမျိုးမျိုးသော Animation Effect များကို ဆလိုက်များတွင် အသုံးပြုတတ်ရန်။
  • ဆလိုက် တစ်ခုမှ နောက်တစ်ခုသို့ Transition Effect များကို လုပ်ဆောင်တတ်ရန်။
  • Content ဖန်တီးရန် လိုအပ်သော အစိတ်အပိုင်းများဖြစ်သည့် Picture၊ Shape၊ Icon များကို အသုံးပြု၍ ဆလိုက်များကို ဖန်တီး တည်ဆောက်တတ်ရန်။
  • အချက်အလက် ဇယားများ ဖန်တီးတတ်ရန် နှင့် ဇယားနှင့် သက်ဆိုင်သော feature များ ပြင်ဆင် အသုံးပြုတတ်ရန်။
  • လင့်များ ထည့်သွင်း၍ အခြားသော ဗွီဒီယို၊ ဝဘ်စာမျက်နှာ၊ သင်ခန်းစာများ သို့ ချိတ်ဆက် သင်ကြားနိုင်ရန်။

Please login to take this course

PowerPoint Course 2 မိတ်ဆက်

ဘူးလတ်များ (Bullets) နှင့် ဖော်မတ် ကူးယူခြင်း (Format Painter) ကို အသုံးပြုခြင်း

လှုပ်ရှားမှု (Animation Effects)

ဆလိုက် တစ်ခုနှင့် တစ်ခု ကူးပြောင်းခြင်း (Transition)

ပုံသဏ္ဍာန်များ (Shapes)

ရုပ်ပုံများနှင့် သင်္ကတား (Pictures and Icons)

Utilizing Essential Features of PowerPoint

ဉာဏ်စမ်းမေးခွန်းများ (Quiz)

Related Courses

chatGPTicon