Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အလယ်တန်းအထူးပြု မြန်မာစာဘာသာရပ် အဆင့်မြင့်သင်ကြားနည်း

5

(2 Reviews)

Certified

8 hour(s)

242 Enrollment(s)

1793 View(s)

Share On :

Course Description

ဤသင်တန်းတွင် ပြီးခဲ့သည့် အလယ်တန်းမြန်မာစာသင်ကြားခြင်း အခြေခံအဆင့် သင်တန်းမှ ရရှိခဲ့သည့် မြန်မာစာသင်ကြားရေး အခြေခံအသိပညာဗဟုသုတများကို ကျွမ်းကျင်မှုရှိစေရန် ထပ်မံချဲ့ထွင်လေ့လာမည်ဖြစ်သည်။ ကျောင်းသားများအတွက် ပိုမိုအဓိပ္ပာယ်ရှိသော သင်ယူမှုဖြစ်ပေါ်စေရန် လူမှုရေးနှင့် ယဉ်ကျေးမှု အတွေ့အကြုံများကို အခြေခံပြီး မြန်မာဘာသာစကား၏ အနှစ်သာရကို ထိန်းသိမ်းသော သင်ခန်းစာများကို ပြင်ဆင်ခြင်းအပြင် ဘာသာစကားသင်ယူမှုအတွက် စနစ်တကျချဉ်းကပ်နည်းများနှင့် လက်တွေ့သင်ကြားမှုတွင် ၎င်းနည်းများကို မည်သို့အသုံးချနိုင်ကြောင်း လေ့လာသင်ယူရမည်ဖြစ်သည်။ 
ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည်။
မော်ဂျူး ၁။ မြန်မာစာဘာသာရပ် မိတ်ဆက်
၁-၁။ မြန်မာစာသာသာရပ် သင်ရိုးညွှန်းတမ်းအကျဉ်း
မော်ဂျူး ၂။ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူမှု 
၂-၁။ ဘာသာစကားဖွံ့ဖြိုးမှု
၂-၂။ ဒုတိယဘာသာစကား တတ်မြောက်မှု
၂-၃။ ဘာသာစကားသင်ယူမှုကို ပံ့ပိုးခြင်း
မော်ဂျူး ၃။ မြန်မာစာ မြန်မာစကား 
၃-၁။ မြန်မာဘာသာစကား ဖြစ်ထွန်းတိုးတက် ပြောင်းလဲလာပုံ
၃-၂။ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ 
၃-၃။ မြန်မာစာအရေးအသားစနစ်
၃-၄။ မြန်မာသဒ္ဒါ
မော်ဂျူး ၄။ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) ကျွမ်းကျင်မှုများ 
၄-၁။ အပြောဘာသာစကား ဖွံ့ဖြိုးမှု 
၄-၂။ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) စွမ်းရည်များကို      
       သင်ကြားသင်ယူခြင်း
မော်ဂျူး ၅။ အဖတ်အရွတ်နှင့် အရေးအသားကျွမ်းကျင်မှုများ
၅-၁။ အဖတ်အရွတ်ကျွမ်းကျင်မှုများ
၅-၂။ အဖတ်အရွတ်ကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း 
၅-၃။ အရေးအသားကျွမ်းကျင်မှုများ 
၅-၄။ အရေးအသားကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း 
မော်ဂျူး ၆။ စာပေ
၆-၁။ မြန်မာစာပေ
၆-၂။ မြန်မာစာပေ သင်ကြားသင်ယူခြင်း
မော်ဂျူး ၇။ စစ်ဆေးအကဲဖြတ်ခြင်း 
၇-၁။ အလယ်တန်းကျောင်းသားများ၏ မြန်မာစာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း

အဓိကအသုံးအနှုန်းများ

သင်ရိုးညွှန်းတမ်း၊ အလယ်တန်းအထူးပြု၊ ခရုပတ်ပုံသင်ရိုးညွှန်းတမ်း ချဉ်းကပ်နည်း၊ ဘာသာစကားစွမ်းရည် (၄) ရပ်၊ ဆက်သွယ်ရေးကျွမ်းကျင်မှု၊ ဘာသာစကားအသိ၊ ယဉ်ကျေးမှုအသိ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေး (ELB-MLE)၊ ဘာသာစကားစုံပတ်ဝန်းကျင်၊ ဒုတိယဘာသာစကား၊ ပညာသင်ယူရေး ဘာသာစကား၊ စကားသံစနစ်၊ စကားလုံးစနစ်၊ သဒ္ဒါစနစ်၊ အဓိပ္ပာယ်စနစ်၊ လက်တွေ့အသုံးပြုပုံစနစ်၊ စာသင်ခန်းသုံးဘာသာစကား၊ လူမှုဆက်ဆံရေးဘာသာစကား၊ အိမ်သုံးဘာသာစကား၊ လူအချင်းချင်း ဆက်သွယ်ပြောဆိုရေး အခြေခံကျွမ်းကျင်မှုများ  (BICS)၊ စဉ်းစားဉာဏ်နှင့် ပညာရပ်ဆိုင်ရာ ဘာသာ စကားတတ်ကျွမ်းမှု (CALP)၊ ဘာသာစကားပြဆရာ၊ ဘာသာစကားအစဉ်အလာ၊ စကားသံအဆင့်၊ စကားလုံးအဆင့်၊ ဝါကျအဆင့်၊ မွေးစားစကားလုံးများ၊ ပါဠိ၊ သက္ကတ၊ မွန်၊ အနက်အဓိပ္ပာယ်၊ ခေတ်သုံးမြန်မာဘာသာစကား၊ စံမြန်မာဘာသာစကား၊ ဘာသာစကား၏ အစဉ်အလာ၊ ဘာသာစကားအသွင်ကွဲ၊ ကာလအသွင်ကွဲစကား၊ ဒေသအသွင်ကွဲ စကား၊ လူမှုအသွင်ကွဲစကား၊ ပုဂ္ဂလအသွင်ကွဲစကား၊ ဘာသာဗေဒနည်း၊ ထုတ်ဖော်မှုစွမ်းရည်၊ လက်ခံမှုစွမ်းရည်၊ ရသစာပေ၊ အပြောစွမ်းရည်၊ စစ်ဆေးအကဲဖြတ်ခြင်း၊ နည်းပညာသင်နည်းဗေဒ   (TPACK)၊ ၂၁ ရာစုကျွမ်းကျင်မှု၊ အဖတ်အရွတ်စွမ်းရည်၊ အရေးအသားစွမ်းရည်၊ မီဒီယာတတ်ကျွမ်းမှု၊ ဘာသာရပ်ဆိုင်ရာ စာတတ်မြောက်မှု၊ ဝေဖန်ပိုင်းခြား စာတတ်မြောက်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ တတ်ကျွမ်းမှု၊ အဖတ်အရွတ်ဆိုင်ရာနယ်ပယ်၊ မွေးစားစကားလုံးများကို ဖတ်ရွတ်ခြင်း၊ ထပ်ဆောင်းပေါဟာရ၊ ဝေါဟာရကြွယ်ဝမှု၊ မြန်မာစာပေ၊ ဂုဏ်၊ အလင်္ကာ၊ ရသ၊ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရ၊ သုဗောဓာလင်္ကာရ (ခေါ်) အလင်္ကာကျမ်း၊ ဘဝ၊ ဌာယီဘာဝ၊ ဝိဘာဝ၊ အနုဘာဝ၊ ဗျဘိစာရီဘာဝ၊ သာတွိကဘာဝ၊ သိင်္ဂါရရသ၊ ဟဿရသ၊ ကရုဏာရသ၊ ရုဒ္ဒရသ၊ ဝိဘစ္ဆရသ၊ ဘယာနကရသ၊ အဗ္ဘုတရသ၊ ဝီရရသ၊ သန္တရသ၊ မြန်မာစကားပြေ၊ ပုံပြင်၊ သုတစာပေ၊ ပြဇာတ်၊ မြန်မာကဗျာ၊ စကားထာ၊ စကားလိမ်၊ ဆိုရိုးစကား၊ စကားပုံ၊ အတန်းတွင်းစစ်ဆေးအကဲဖြတ်ခြင်း၊ ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း၊ အလယ်တန်း အဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူပြီး စစ်ဆေး အကဲ ဖြတ်ခြင်း၊ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား၊ စစ်ဆေးရန် အချက်များပါသော စာရင်း။

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စဆရာ၊ ဆရာမများသာမက လုပ်ငန်းခွင်ဝင်ပြီးဆရာ၊ ဆရာမများပါ အလယ်တန်းမြန်မာစာဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။ အထူးသဖြင့် ဆဋ္ဌမတန်းနှင့် သတ္တမတန်း မြန်မာစာသင်ရိုးညွှန်းတမ်းများကို သင်ကြားပို့ချရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် မြန်မာစာဘာသာရပ်ဆိုင်ရာ အသိပညာများကို ပိုမိုနက်နဲစွာ လေ့လာသိရှိရန်၊ မြန်မာစာသင်ရိုးညွှန်းတမ်းကို ထိထိမိမိနားလည်ရန်၊ သင်ကြားနည်းများနှင့် စစ်ဆေးအကဲဖြတ်နည်းများကို စနစ်တကျနားလည်သဘောပေါက်ရန် ရည်ရွယ်ပါသည်။ 

Learning Outcomes

ဤသင်တန်းရှိမော်ဂျူးများကို သင်ယူပြီးချိန်တွင် သင်သည် -

  • အလယ်တန်းမြန်မာစာသင်ကြားခြင်း အဆင့်မြင့် သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းပုံတို့ကို စိစစ်လေ့လာတတ်မည်။
  • ပြီးခဲ့သည့် အလယ်တန်း မြန်မာစာသင်ကြားခြင်း အခြေခံအဆင့်သင်ရိုးပါ ခေါင်းစဉ်များနှင့် တတ်ကျွမ်းမှုများကို ပြန်လည်လေ့လာပြီး ယခု အလယ်တန်းမြန်မာစာသင်ကြားခြင်း အဆင့်မြင့် သင်ရိုးနှင့် ချိတ်ဆက်တတ်မည်။
  • အလယ်တန်းဆင့် မြန်မာစာဘာသာရပ်၏ အခန်းများ၊ အခန်းငယ်များ၊ ရည်ရွယ်ချက်များနှင့် သင်ခန်းစာခေါင်းစဉ်များသည် ကျောင်းသားများ၏ လက်တွေ့ဘဝနှင့် ဆက်စပ်မှု ရှိ/မရှိ ဆန်းစစ်လေ့လာတတ်မည်။
  • ဆဋ္ဌမတန်း၊ သတ္တမတန်း ကျောင်းသုံးစာအုပ်များနှင့် ဆရာလမ်းညွှန်များရှိ သင်ကြားသင်ယူမှုနည်းလမ်းများကို ပြန်လည်ဆန်းစစ်တတ်မည်။
  • ယခု အလယ်တန်းမြန်မာစာသင်ကြားခြင်း အဆင့်မြင့် သင်ရိုးသည် ဆရာ၊ ဆရာမများ အလယ်တန်းစာသင်ခန်းများ သင်ကြားတတ်စေရန် မည်သို့လေ့ကျင့်ပြင်ပေးကြောင်း လေ့လာဖော်ထုတ်တတ်မည်။
  • ဘာသာစကားဖွံ့ဖြိုးမှု သီအိုရီများနှင့် လုပ်ဆောင်ချက်များကို လေ့လာပြီးနောက် ဘာသာ စကားဖွံ့ဖြိုးမှုသည် လူမှုရေးဆိုင်ရာ၊ အာရုံသိမှုဆိုင်ရာ၊ သိမှုဖြစ်စဉ်ဆိုင်ရာ၊ အသိသညာ ဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ အကြောင်းခံများနှင့် မည်သို့ ချိတ်ဆက်နေကြောင်း ဖော်ထုတ် တတ်မည်။
  • မိခင်ဘာသာစကား အခြေပြုသင်ယူခြင်းသည် အလယ်တန်းကျောင်းသားများအပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း ရှင်းပြတတ်မည်။
  • လူ့အဖွဲ့အစည်းအတွင်းမှ ဘာသာစကား၏ လုပ်ငန်းတာဝန်များကို ဆွေးနွေးတတ်မည်။
  • ဘာသာဗေဒတွင် ဖော်ထုတ်ထားသည့် ဘာသာစကား၏ လုပ်ငန်းတာဝန် အမျိုးမျိုးကို နှိုင်းယှဉ် တတ်မည်။
  • ဘာသာစကား၏ အဓိကကျသော လုပ်ငန်းတာဝန်များကို အသုံးပြုပြီး အလယ်တန်းဆင့် စာသင်ခန်းများတွင် မြန်မာဘာသာစကားစွမ်းရည်ဖွံ့ဖြိုးမှုနှင့် သင်ယူမှုကို မည်သို့ ပံ့ပိုးပေး နိုင်မည်ကို ဆွေးနွေးတတ်မည်။
  • ဘာသာစကားနှစ်မျိုး သို့မဟုတ် ဘာသာစကားစုံပတ်ဝန်းကျင်တွင် အလယ်တန်း ကျောင်းသား များ၏ ဘာသာစကားတတ်မြောက်မှုအတွက် သင်ယူမှုဝန်းကျင်ကောင်း ဖန်တီးပေးရာတွင် ဆရာ၊ မိဘ၊ ကျောင်း၊ ရပ်ရွာတို့၏ အခန်းကဏ္ဍများကို လေ့လာသုံးသပ်တတ်မည်။
  • ဘာသာစကားနှစ်မျိုး သို့မဟုတ် ဘာသာစကားစုံတတ်သော အလယ်တန်းကျောင်းသားများ၏ ဘာသာစကားတတ်မြောက်မှုကို ပံ့ပိုးပေးမည့် ချဉ်းကပ်နည်းများကို ဆန်းစစ်တတ်မည်။
  • အလယ်တန်းကျောင်းသားများအတွက် သင့်လျော်သော ပညာသင်ယူရေး ဘာသာစကား၏ အဓိကကျသော အင်္ဂါရပ်များကို ဖော်ထုတ်တတ်မည်။
  • အဓိပ္ပာယ်ရှိသော လူမှုဆက်ဆံရေးဘာသာစကားမှတစ်ဆင့် အလယ်တန်း ကျောင်းသားများ၏ ပညာသင်ယူရေးဘာသာစကား သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးနိုင်သည့် နည်းလမ်း အမျိုးမျိုးကို ဆွေးနွေးတတ်မည်။
  • စာသင်ခန်းသုံး ဘာသာစကားသည် ပညာသင်ယူရေးဘာသာစကားနှင့် လူမှု ဆက်ဆံရေး ဘာသာစကားတို့ကို မည်သို့ ပေါင်းကူးချိတ်ဆက်ပေးကြောင်း ရှင်းပြ တတ်မည်။ 
  • ဘာသာစကားနှစ်မျိုး သို့မဟုတ် ဘာသာစကားစုံပြောရသော အလယ်တန်း ကျောင်းသားများ၏ ပညာသင်ယူရေးဘာသာစကားတတ်မြောက်မှုကို ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို သတ်မှတ် ဖော်ထုတ်တတ်မည်။
  • မြန်မာဘာသာစကား၏ အစဉ်အလာနှင့် အရေးပါပုံကို ပိုမိုသိရှိပြီး ခေတ်သုံးမြန်မာဘာသာစကားနှင့် စံမြန်မာစကားတို့၏ သွင်ပြင်လက္ခဏာများ၊ ကွဲပြား ခြားနားချက်များကို ယှဉ်တွဲလေ့လာတတ်မည်။
  • မြန်မာဒေသိယစကားတို့၏ သွင်ပြင်လက္ခဏာများကို သိရှိနားလည်ကာ မြန်မာဘာသာ စကားရှိ ကွဲပြားခြားနားသော ဒေသိယစကားများကို စံမြန်မာစကားနှင့် ယှဉ်တွဲ၍ လေ့လာ ဖော်ထုတ်တတ်မည်။ 
  • မြန်မာဘာသာစကားတွင် ဘာသာဗေဒနည်းအရ ရုပ်ရင်းနှင့် စကားလုံးအစိတ်အပိုင်းများ မည်သို့ပေါင်းစပ်ပုံနှင့် ဘာသာဗေဒနည်းအရ မြန်မာဝါကျဖွဲ့ပုံကို လက်တွေ့ခွဲခြား၍ ဆွေးနွေး တတ်မည်။ 
  • အလယ်တန်းကျောင်းသားများ ဝေါဟာရကြွယ်ဝစေရန်၊ စာလုံးပေါင်းသတ်ပုံစွမ်းရည် တိုးတက်မှုကို ပံ့ပိုးပေးရန် သင်ကြားသင်ယူမှု နည်းလမ်းများကို လေ့လာဆန်းစစ်တတ်မည်။
  • ဆီလျော်သော ဝါကျဖွဲ့ထုံးကို အသုံးပြုပြီး သဒ္ဒါစည်းကမ်းနှင့်အညီ ဝါစင်္ဂ (၉) ပါး ပါသော ဝါကျများ ဖွဲ့တတ်မည်။ 
  • နာမ်အစု၊ ကြိယာအစု၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ အဆက်ပစ္စည်းတို့၏ အရေးပါပုံနှင့် အသုံးပြုပုံကို ခွဲခြားတတ်မည်။ 
  • နေ့စဉ်သုံးပြောစကားများမှ သဒ္ဒါအသုံးအမှားများနှင့် အဓိပ္ပာယ်အသုံးအမှားများကို ဥပမာ ပေးပြီး ဆန်းစစ်တတ်မည်။ 
  • အလယ်တန်းကျောင်းသားများအား မြန်မာသဒ္ဒါသင်ကြားရန် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း နှင့် အခြားသောကျွမ်းကျင်မှုများကို အလေးပေးသော သင်ပြမှုပုံစံတစ်ခုကို ရေးဆွဲဖန်တီးတတ်မည်။ 
  • အလယ်တန်းဆင့် အပြောဘာသာစကား (အနာအကြားနှင့်အပြောအဆို) ဖွံ့ဖြိုးမှုမှ ရရှိ သွားမည့် အဓိက ကျွမ်းကျင်မှု (သို့မဟုတ်) စွမ်းရည်များကို ဖော်ထုတ်ဆွေးနွေးတတ်မည်။
  • အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ ဖွံ့ဖြိုးခြင်းဖြင့် အလယ်တန်း ကျောင်းသားများ၏ တီထွင်ဖန်တီးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းတို့ အပါအဝင် အခြားသော အဓိကကျွမ်းကျင်မှု (သို့မဟုတ်) စွမ်းရည်များကို မည်သို့ ပံ့ပိုးနိုင်မည်ကို အကဲဖြတ် သုံးသပ်တတ်မည်။ 
  • အလယ်တန်းကျောင်းသားများ၏ အပြောဘာသာစကား ဖွံ့ဖြိုးမှုအတွက် အနာအကြားနှင့် အပြော စွမ်းရည်တို့၏ အရေးပါပုံကို ဖော်ထုတ်ဆွေးနွေးတတ်မည်။
  • အလယ်တန်းကျောင်းသားများ အများရှေ့ထွက်၍ ပြောဆိုတတ်စေရန် ပံ့ပိုးပေးနိုင်မည့် သင့်လျော်သော နည်းလမ်းများကို ဖော်ထုတ်တတ်မည်။ 
  • ဆဋ္ဌမတန်းနှင့် သတ္တမတန်း မြန်မာစာဘာသာရပ် သင်ရိုးရှိ အနာအကြားနှင့် အပြောအဆို ဆိုင်ရာ သင်ခန်းစာများကို ဆွေးနွေးတတ်ပြီး  ဆရာလမ်းညွှန်စာအုပ်များမှ အနာအကြားနှင့် အပြောအဆိုဆိုင်ရာ သင်ခန်းစာများတွင် ပါဝင်သော သင်ကြားသင်ယူမှု နည်းလမ်းများကို ခွဲခြမ်းစိတ်ဖြာ  တတ်မည်။ 
  • ဘာသာရပ်သင်ကြားရေး၌ အသုံးပြုသော နည်းပညာသုံး သင်နည်းဗေဒဆိုင်ရာ အသိပညာ အညွှန်းဘောင် (TPACK)ကို ရှင်းပြတတ်ပြီး အလယ်တန်းကျောင်းသားများ၏ ဆက်သွယ် ပြောဆိုခြင်းစွမ်းရည်ကို ပံ့ပိုးပေးနိုင်ရန် နည်းပညာကို ပေါင်းစပ်ထည့်သွင်းနိုင်ပုံကို ဆန်းစစ် လေ့လာ တတ်မည်။
  • သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းတို့ကို အလေးပေးလျက် အလယ်တန်းဆင့် ကျောင်းသား များ၏  အနာအကြားစွမ်းရည်နှင့် အပြောအဆိုစွမ်းရည်များ ဖွံ့ဖြိုးစေမည့် သင်ခန်းစာ သင်ပြမှုပုံစံ တစ်ခုစီကို ဖန်တီးရေးဆွဲတတ်ပြီး လက်တွေ့သင်ကြားတတ်မည်။
  • ထိုသင်ခန်းစာလက်တွေ့သင်ကြားမှုအပေါ် စစ်ဆေးအကဲဖြတ်ရန် မိမိကိုယ်ကို ပြန်လည် သုံးသပ်တတ်မည်။
  • အခြေခံပညာအလယ်တန်းဆင့် အဖတ်အရွတ်ဆိုင်ရာ တတ်ကျွမ်းမှုများ၏ အရေးပါပုံကို ရှင်းပြတတ်ကာ ရည်ရွယ်ချက်အမျိုးမျိုးနှင့် စာအမျိုးမျိုးအတွက် စာဖတ်သည့်ပုံစံအမျိုးမျိုးကို ဖော်ထုတ် တတ်မည်။
  • အလယ်တန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှုနှင့် အဖတ်အရွတ်စွမ်းရည်တို့၏ ဆက်နွှယ်မှုကို ဖော်ထုတ်တတ်မည်။
  • နောက်ခံအခြေအနေမတူညီသော အလယ်တန်းကျောင်းသားများ အဖတ်အရွတ်စွမ်းရည်ကို သင်ယူရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်မည်။ 
  • အခြားသောဘာသာရပ်အကြောင်းအရာများနှင့် ပေါင်းစပ်လေ့လာသင်ယူမှုချဉ်းကပ်နည်းကို အသုံးပြု၍ အလယ်တန်းကျောင်းသားများ၏ အဖတ်အရွတ်စွမ်းရည်များ ဖွံ့ဖြိုးစေရန် ရည်ရွယ် ထားသည့်သင်ပြမှုပုံစံတစ်ခုကို ဖန်တီးရေးဆွဲတတ်မည်။ 
  • ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြတတ်ပြီး ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားသည့်စာများကို စာရင်းပြုစုတတ်မည်။
  • အရေးအသားစွမ်းရည်တိုးတက်လာခြင်းဖြင့် အလယ်တန်းကျောင်းသားများ၏ တီထွင် ဖန်တီးခြင်း၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့အပါအဝင် အခြားသော အဓိက တတ်ကျွမ်းမှုများကို မည်သို့ပံ့ပိုးပေးနိုင်မည်ကို ဆန်းစစ်သုံးသပ်တတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ စာရေးသားခြင်းစွမ်းရည်ကို တိုးတက်လာစေရန်နှင့် စာရေးသားခြင်းတွင် စိတ်ဝင်စားမှုရှိစေရန်အတွက် စာရေးသားနည်းများနှင့် ဉာဏ်ဖွင့် စဉ်းစားနည်းများကို မည်သို့ အသုံးပြုနိုင်ကြောင်း သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • ကဗျာနှင့်စကားပေတို့တွင် အသုံးပြုသော ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ  အရေးအသား စွမ်းရည်များ ဖွံ့ဖြိုးရေးအတွက် ကျောင်းသားများကို ပံ့ပိုးပေးရန် သင်ကြားသင်ယူမှု နည်းလမ်းများကို လေ့လာဆန်းစစ်တတ်မည်။ 
  • အလယ်တန်းဆင့်ကျောင်းသားများအား အရေးအသားစွမ်းရည်များ ဖွံ့ဖြိုးအောင် သင်ကြားပေး ရန်အတွက် အားလုံးအကျုံးဝင်သော သင်ကြားနည်းများ ထည့်သွင်းပေါင်းစပ်ပြီး သင်ပြမှုပုံစံ တစ်ခုကို ဖန်တီးရေးဆွဲတတ်မည်။ 
  • သင်ခန်းစာလက်တွေ့သင်ကြားမှုအပေါ် စစ်ဆေးအကဲဖြတ်ရန် မိမိကိုယ်ကို ပြန်လည်သုံးသပ် တတ်မည်။
  • စာပေတွင်ပါဝင်သည့် ရသဆိုင်ရာ သဘောတရားများနှင့် ဖွဲ့စည်းမှုပုံစံများကို သတ်မှတ် ဖော်ထုတ်တတ်မည်။ 
  • မြန်မာစာပေရှိ အနုပညာရသမြောက်သော အသုံးအနှုန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်း ဖော်ပြချက်များ၏ ညွှန်းဆိုချက်များကို ဆွေးနွေးတတ်မည်။
  • မြန်မာစကားပြေများ (ပုံပြင်၊ ဝတ္ထုရှည်၊ စိတ်ကူးယဉ်စာပေ၊ သုတ‌စာပေ၊ ပြဇာတ်များ စသည်)နှင့် ကဗျာတို့ကို လေ့လာခြင်းဖြင့် အနုပညာရသခံစားမှုနှင့် အလင်္ကာမြောက် ရေးဖွဲ့မှုများကို ဖော်ထုတ်တတ်မည်။
  • မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသုံးပြုသည့် စကားထာများနှင့် စကားလိမ်များ၊ ဆိုရိုး စကားများနှင့် စကားပုံများ၏ ညွှန်းဆိုချက်များကို ရှင်းပြတတ်ပြီး တိုင်းရင်းသား လူမျိုး အသီးသီးတို့၏ စကားထာများနှင့် စကားလိမ်များ၊ ဆိုရိုးစကားများနှင့် စကားပုံများကို သုတေသနပြု၍ စုစည်းတတ်မည်။
  • အလယ်တန်းဆင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသည့် စကားပြေ သင်ပြမှုပုံစံ တစ်ခု ကို ဖန်တီးရေးဆွဲတတ်ပြီး လက်တွေ့ သင်ကြားတတ်မည်။
  • အလယ်တန်းဆင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသည့် ကဗျာသင်ပြမှု ပုံစံ တစ်ခုကို ဖန်တီး ရေးဆွဲတတ်ပြီး လက်တွေ့သင်ပြတတ်မည်။
  • သင်ခန်းစာလက်တွေ့သင်ကြားမှုများအပေါ် သင်ခန်းစာကြည့်ရှုလေ့လာသည့် ပုံစံလွှာများ အသုံးပြု၍ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အချင်းချင်း တုံ့ပြန်အကြံပြုချက်များ ပေးခြင်းတို့ လုပ်ဆောင်တတ်မည်။
  • မြန်မာဘာသာရပ်သင်ရိုးအပေါ် အလယ်တန်းကျောင်းသားများ၏ သင်ယူမှုကို သုံးသပ် စစ်ဆေးရန်အတွက် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းအမျိုးမျိုးကို ရှင်းပြတတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ မတူကွဲပြားသော လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းအမျိုးမျိုးကို စာရင်းပြုစု တတ်မည်။
  • မြန်မာဘာသာရပ်သင်ရိုးပါ အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသား တို့နှင့် စပ်လျဉ်း၍ အလယ်တန်းကျောင်းသားများ၏ သင်ယူတတ်ကျွမ်းမှု များကို စစ်ဆေး အကဲဖြတ်ရန်အတွက် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန်အချက်များ ပါသော စာရင်းကို ပြုစုရေးဆွဲတတ်မည်။
  • ကျောင်းသားများ၏ စာပေလေ့လာသင်ယူမှုနှင့် ဆက်စပ်စွမ်းရည်များကို အကဲဖြတ်ရန် အတွက် မေးခွန်းများမေးခြင်းနှင့် မေးခွန်းပုံစံများအသုံးပြုခြင်းတို့သည် သင်ယူစဉ် စစ်ဆေး အကဲဖြတ်ခြင်းနှင့် သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်း ဆိုင်ရာ အဓိကနည်းလမ်းများ အနက် တစ်ခုဖြစ်ကြောင်း ရှင်းပြတတ်မည်။
  • အလယ်တန်းဆင့် မြန်မာစာသင်ရိုးညွှန်းတမ်းနှင့်အညီ ကျောင်းသားများ၏ စာပေ သင်ယူမှုနှင့် ဆက်စပ်စွမ်းရည်များကို စစ်ဆေးအကဲဖြတ်ရန်အတွက် ထိရောက်သော မေးခွန်းများ၊ မေးခွန်း ပုံစံများ ရေးသား ပြုစုတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ မြန်မာစာဘာသာရပ် မိတ်ဆက်

ဉာဏ်ဖွင့်မေးခွန်း

၁.၁။ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းအကျဉ်း

မော်ဂျူး (၁.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၁.၁.၂။ အခြေခံပညာအလယ်တန်းဆင့် မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ခြင်း

အတန်းအလိုက် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံ

မော်ဂျူး (၁.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၁.၁.၃။ အခြေခံပညာ အလယ်တန်းဆင့် မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် အလယ်တန်း မြန်မာစာသင်ကြားခြင်း အဆင့်မြင့် သင်ရိုးညွှန်းတမ်းတို့ကို ချိတ်ဆက်လေ့လာခြင်း

အခြေခံပညာ အလယ်တန်းဆင့် မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် အလယ်တန်း မြန်မာစာသင်ကြားခြင်း အဆင့်မြင့် သင်ရိုးညွှန်းတမ်းတို့ကို ချိတ်ဆက်လေ့လာခြင်း

မော်ဂျူး (၁.၁.၃) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၂။ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူမှု

၂.၁။ ဘာသာစကားဖွံ့ဖြိုးမှု

၂.၁.၁။ အလယ်တန်းဆင့် ကျောင်းသားများအပေါ် တိုင်းရင်းသားဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေး (ELB-MLE) ၏ သက်ရောက်မှု

၁။ ဘာသာစကားဖွံ့ဖြိုးမှုဆိုင်ရာ သီအိုရီများနှင့် လုပ်ဆောင်ချက်များ

တိုင်းရင်းသားဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (Ethnic Language Based-Multilingual Education, ELB-MLE)

၁။ အောက်ပါတို့ကို မှန်/မှား ဖြေဆိုပါ။

၂.၁.၂။ ဘာသာစကား၏ လုပ်ငန်းတာဝန်များ

မော်ဂျူး (၂.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း - အဆက်

၂.၂။ ဒုတိယဘာသာစကားတတ်မြောက်မှုက

ဘာသာစကားနှစ်မျိုး (သို့မဟုတ်) နှစ်မျိုးအထက် တတ်မြောက်မှုကို ပံ့ပိုးခြင်း

ဒုတိယဘာသာစကား တတ်မြောက်မှု

မော်ဂျူး (၂.၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၂.၃။ ဘာသာစကားသင်ယူမှုကိုပံ့ပိုးခြင်း

လူမှုဆက်ဆံရေးဘာသာစကားနှင့် ပညာသင်ယူရေးဘာသာစကား

လူမှုဆက်ဆံရေးဘာသာစကားနှင့် ပညာသင်ယူရေးဘာသာစကား - အဆက်

မော်ဂျူး (၂.၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၂.၃.၂။ ကွဲပြားခြားနားသော လိုအပ်ချက်များရှိသည့် ကျောင်းသားများအတွက် ပညာသင်ယူရေး ဘာသာစကားသင်ယူမှုကို ပံ့ပိုးခြင်း

ဘာသာစကားပြဆရာတစ်ဦး၏ အရည်အသွေးများ

စာသင်ခန်းသုံးဘာသာစကား

ပညာသင်ယူရေး ဘာသာစကား သင်ယူမှုကို ပံ့ပိုးပေးနိုင်မည့်နည်းလမ်းများ

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၃။ မြန်မာစာ မြန်မာစကား

၃.၁။ မြန်မာဘာသာစကား ဖြစ်ထွန်းတိုးတက်ပြောင်းလဲလာပုံ

၃.၁.၁။ ခေတ်သုံးမြန်မာဘာသာစကားနှင့် စံမြန်မာဘာသာစကား

မော်ဂျူး (၃.၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၃.၂။ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ

အောက်ပါတို့ကို မှန် / မှား ရွေးချယ်ပါ။

၃.၂.၂။ စကားလုံးဖွဲ့ထုံး

စကားလုံးဖွဲ့ထုံး

မော်ဂျူး (၃.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၃.၂.၃။ ဝါကျဖွဲ့ထုံး

ဝါကျဖွဲ့ထုံး

အောက်ပါဝါကျတို့ကို အမျိုးအစားခွဲပြပါ။

၃.၂.၄။ ဝေါဟာရကြွယ်ဝမှု

ဝေါဟာရကြွယ်ဝမှု

မော်ဂျူး (၃.၂.၄) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

အလယ်တန်းဆင့် မြန်မာစာ သင်ခန်းစာများပါ ဝေါဟာရများကို လေ့လာခြင်း

၃.၃။ မြန်မာစာအရေးအသားစနစ်

မြန်မာစာအရေးအသားစနစ်

မော်ဂျူး (၃.၃) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

အလယ်တန်းမြန်မာစာကျောင်းသုံးစာအုပ်များမှ စာလုံးပေါင်းမှားယွင်းနိုင်သည့် စကားလုံးများ

မော်ဂျူး (၃.၃) အတွက် ဉာဏ်စမ်းမေးခွန်း

၃.၄။ မြန်မာသဒ္ဒါ

၃.၄.၁။ မြန်မာသဒ္ဒါအခြေခံ၊ ဝါစင်္ဂ (၉) ပါး

၃.၄.၂။ နာမ်အစု၊ ကြိယာအစုနှင့် အထူးပြုအစု

မော်ဂျူး (၃.၄.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၃.၄.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

အထူးပြုအစု

မော်ဂျူး (၃.၄.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၃)

၃.၄.၃။ အဆက်ပစ္စည်း၊ ဝါကျရိုးနှင့် ဝါကျရော

မော်ဂျူး (၃.၄.၃) အတွက် ဉာဏ်စမ်းမေးခွန်း

အခြေခံဝါကျများတည်ဆောက်ခြင်း

မော်ဂျူး (၃.၄.၃) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၃.၄.၄။ နေ့စဉ်သုံးစကားပြော သဒ္ဒါအသုံးမှားများ

မော်ဂျူး (၃.၄.၄) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၃.၄.၅။ မြန်မာသဒ္ဒါ သင်ကြားနည်း

သင်ပြမှုပုံစံ နမူနာဇယားပုံစံ

သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း (Formative Assessment)

၃.၄.၆။ မြန်မာသဒ္ဒါသင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

မြန်မာသဒ္ဒါသင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၄။ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) ကျွမ်းကျင်မှုများ

၄.၁။ အပြောဘာသာစကား ဖွံ့ဖြိုးမှု

အပြောဘာသာစကား ဖွံ့ဖြိုးမှု

၄.၁.၁။ အလယ်တန်းကျောင်းသားများ၏အပြောဘာသာစကား ဖွံ့ဖြိုးမှုမှ ရရှိသွားမည့် အဓိက တတ်ကျွမ်းမှုများ

၂။ အသံ၏ သဘောသဘာဝနှင့် အကြားအာရုံ

နားအတွင်း အသံစီးဆင်းမှု သို့မဟုတ် အသံ၊ နား၊ အကြားအာရုံ ဆက်စပ်မှု

၃။ အပြောဘာသာစကားဖွံ့ဖြိုးမှုဖြင့် ပံ့ပိုးပေးနိုင်မည့် အခြားသောာ အဓိက တတ်ကျွမ်းမှုများ

၁။ အောက်ပါတို့ကို မှား/မှန် ဆုံးဖြတ်ပါ။

၂။ အောက်ပါတို့ကို ယှဉ်တွဲပါ။

၃။ အောက်ပါမေးခွန်းကို ဖြေဆိုပါ။

၄.၁.၂။ အနာအကြားနှင့် အပြောအဆိုစွမ်းရည်

အနာအကြားနှင့် အပြောအဆို ဆက်နွှယ်မှုကို ဖော်ပြနိုင်သည့်နည်းလမ်းများ

၄။ အလယ်တန်းကျောင်းသားများအတွက် အပြောဘာသာစကားသင်ကြားခြင်း

မော်ဂျူး (၄.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၁.၃။ အလယ်တန်းဆင့်တွင် အများရှေ့ထွက်၍ ပြောဆိုခြင်းစွမ်းရည်

အလယ်တန်းဆင့်တွင် အများရှေ့ထွက်၍ ပြောဆိုခြင်းစွမ်းရည်

ဟောပြောခြင်းလုပ်ငန်းစဉ်

အများရှေ့တွင် ပြောဆိုတတ်ရန် ပျိုးထောင်ခြင်း

တက်ကြွစွာနားထောင်ခြင်း

အလယ်တန်းဆင့် ကျောင်းသားများအား အများရှေ့ စကားပြောတတ်ရန် လေ့ကျင့်ပေးနိုင်မည့် နည်းလမ်းများ

မော်ဂျူး (၄.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၂။ အပြောဘာသာစကား (အနာအကြားနှင့် အပြောအဆို) စွမ်းရည်များကို သင်ကြား သင်ယူခြင်း

အနာအကြားနှင့် အပြောအဆိုစွမ်းရည် တိုးတက်စေရန် သင်ကြားသင်ယူမှုဆိုင်ရာ ယေဘုယျ လမ်းညွှန်ချက်များ

အနာအကြားနှင့် အပြောအဆိုဆိုင်ရာ သင်ခန်းစာများ (ကဗျာ)

မော်ဂျူး (၄.၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၂.၂။ အလယ်တန်းကျောင်းသားများ၏ အပြောဘာသာစကား ဖွံ့ဖြိုးမှုအတွက် နည်းပညာသုံး သင်နည်းဗေဒဆိုင်ရာ အသိပညာအညွှန်းဘောင် (TPACK) ကို အသုံးပြုခြင်း

၁။ TPACK အညွှန်းဘောင်မိတ်ဆက်

၂။ နည်းပညာပေါင်းစပ်အသုံးပြုခြင်းနှင့် ဆက်သွယ်ပြောဆိုရေးကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေး

၃။ သင်ကြားသင်ယူမှုအတွက် TPACK အသုံးပြုခြင်း

၄။ ဆက်သွယ်ပြောဆိုရေးကျွမ်းကျင်မှုများအတွက် သင်ယူမှုလုပ်ငန်းများနှင့် နည်းပညာ

မော်ဂျူး (၄.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၄.၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း - အဆက်

၄.၂.၃။ အနာအကြားစွမ်းရည် သင်ခန်းစာကိုပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း

အနာအကြားစွမ်းရည်သင်ခန်းစာကို ပြင်ဆင်ခြင်း

အလယ်တန်းဆင့် သင်ခန်းစာများကို I-T-P-R ပုံစံဖြင့် ချဉ်းကပ်ရေးဆွဲထားခြင်း

သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း

သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း - အဆက်

အနာအကြားစွမ်းရည် သင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

သင်ခန်းစာသင်ပြမှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်များ ရယူခြင်း

မော်ဂျူး (၄.၂.၃) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၂.၄။ အပြောအဆိုစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း

၁။ အပြောအဆိုစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်း

၂။ အပြောအဆိုစွမ်းရည် သင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း - အဆက်

အခြားသူများအား တုံ့ပြန်အကြံပြုချက်များပေးခြင်းနှင့် လက်ခံရယူခြင်း

အုပ်စုတွင်း အလှည့်ကျတင်ပြခြင်း

မော်ဂျူး (၄.၂.၄) အတွက် သင်ယူမှုလုပ်ငန်း

မော်ဂျူး (၄) အနှစ်ချုပ်

အခန်းဆုံးပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၅။ အဖတ်အရွတ်နှင့် အရေးအသားကျွမ်းကျင်မှုများ

၅.၁။ အဖတ်အရွတ် ကျွမ်းကျင်မှုများ

၅.၁.၁။ အဖတ်အရွတ်ဆိုင်ရာ တတ်ကျွမ်းမှုများ

မော်ဂျူး (၅.၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၅.၁.၂။ စာဖတ်သည့်ပုံစံအမျိုးမျိုး

မော်ဂျူး (၅.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၁.၃။ အလယ်တန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှု

အလယ်တန်းကျောင်းသားများအတွက် မီဒီယာတတ်ကျွမ်းမှု

အောက်ပါတို့ကို မှန် / မှား ရွေးချယ်ပါ။

၅.၂။ အဖတ်အရွတ်ကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း

၅.၂.၁။ အလယ်တန်းဆင့် အဖတ်အရွတ်ဆိုင်ရာနယ်ပယ်

မော်ဂျူး (၅.၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၅.၂.၂။ အဖတ်အရွတ်စွမ်းရည်များ တိုးတက်လာစေရန် လိုအပ်သော သင်ကြား၊ သင်ယူမှုနည်းလမ်းများနှင့် ရင်းမြစ်များ

အဖတ်အရွတ်စွမ်းရည်များ တိုးတက်လာစေရန် လိုအပ်သော သင်ကြား၊ သင်ယူမှုနည်းလမ်းများနှင့် ရင်းမြစ်များ

အဖတ်အရွတ်သင်ခန်းစာများ သင်ကြားရာတွင် ဂရပ်ဖစ်ပုံများကို အသုံးပြုခြင်း

မော်ဂျူး (၅.၂.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

အောက်ပါတို့ကို မှန် / မှား ရွေးချယ်ပါ။

၅.၂.၃။ မတူညီသည့် လိုအပ်ချက်များရှိနေသော ကျောင်းသားများအတွက် အဖတ်အရွတ်စွမ်းရည် ဖွံ့ဖြိုးမှု

မတူညီသောလိုအပ်ချက်ရှိနေသောကျောင်းသားများအတွက် ပံ့ပိုးပေးနိုင်သည့် အဆင့် (၃) ဆင့်

၅.၂.၄။ အဖတ်အရွတ်စွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်း

၅.၂.၅။ အဖတ်အရွတ်စွမ်းရည်သင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

၅.၃။ အရေးအသားကျွမ်းကျင်မှုများ

၅.၃.၁။ အလယ်တန်းကျောင်းသားများ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်း

အလယ်တန်းဆင့် သင်ခန်းစာအချို့ကို သင်ကြားပြီး ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားစေရန် သင်ကြားပေးခြင်း

၅.၃.၂။ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ နည်းလမ်းများနှင့် ဉာဏ်ဖွင့်စဉ်းစားနည်းများ

စိတ်ကူးဖြင့် ပုံဖော်ဖန်တီးရေးသားခြင်းကို သင်ကြားခြင်း

မော်ဂျူး (၅.၃.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၅.၄။ အရေးအသားကျွမ်းကျင်မှုကို သင်ကြားသင်ယူခြင်း

၅.၄.၁။ အလယ်တန်းဆင့် အရေးအသားဆိုင်ရာ နယ်ပယ်

မော်ဂျူး (၅.၄.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း

၅.၄.၂။ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းအတွက် လိုအပ်သော သင်ကြားသင်ယူမှုနည်းလမ်းများနှင့် ရင်းမြစ်များ

၅.၄.၃။ အရေးအသားစွမ်းရည် သင်ခန်းစာကို ပြင်ဆင်ခြင်း

အောက်ပါတို့ကို မှန်/မှား ရွေးချယ်ပါ။

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၆။ စာပေ

၆.၁။ မြန်မာစာပေ

၁။ ရသ သဘာဝ

၂။ ရသ ဖြစ်ပေါ်ခံစားမှုဖြစ်စဉ်

ရသ ဖြစ်ပေါ်ခံစားမှုဖြစ်စဉ် - အဆက်

၃။ ရသ (၉) ပါး

ရသ (၉) ပါး

အဆွေးရသ (၄) ပါး

အသောရသ (၁) ပါး

မော်ဂျူး (၆.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၆.၁.၂။ မြန်မာစကားပြေတွင်ပါဝင်သော ရသဆိုင်ရာ သဘောတရားများ

အတ္ထုပတ္တိ

ဝတ္ထုတို

ရသစာတမ်း

ပြဇာတ်

မော်ဂျူး (၆.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၆.၁.၃။ မြန်မာကဗျာတွင်ပါဝင်သော ရသဆိုင်ရာ သဘောတရားများ

အလယ်တန်းဆင့် မြန်မာကဗျာအမျိုးအစားများ

၂။ ပြည်ထောင်စုစိတ်၊ နိုင်ငံချစ်စိတ်ထက်သန်ရေးကဗျာများ

၃။ အတတ်ပညာ၊ အတွေးအမြင်နှင့် ဆုံးမစာကဗျာများ

၄။ မြန်မာ့ရေမြေ သဘာဝရှုခင်းကဗျာများ

မော်ဂျူး (၆.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၆.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း - အဆက်

၆.၁.၄။ စကားထာများနှင့် စကားလိမ်

၁။ စကားထာ

စကားထာ - အဆက်

အသုံးအဆောင်ပစ္စည်းဆိုင်ရာ စကားထာများ

တိရစ္ဆာန်ဆိုင်ရာ စကားထာများ

၂။ စကားလိမ်

မော်ဂျူး (၆.၁.၄) အတွက် သင်ယူမှုလုပ်ငန်း

၆.၁.၅။ ဆိုရိုးစကားများနှင့် စကားပုံများ

ဆိုရိုးစကား

ဆိုရိုးစကား နမူနာများ

၂။ စကားပုံ

စကားပုံ

စကားပုံဖွဲ့ဆိုသည့်အကြောင်းအရာ

၃။ တိုင်းရင်းသားစကားပုံများ

တိုင်းရင်းသားစကားပုံများ

ဆိုရိုးစကား၊ စကားပုံ သင်ကြားနည်းလမ်းညွှန်

မော်ဂျူး (၆.၁.၅) အတွက် သင်ယူမှုလုပ်ငန်း

၆.၂။ မြန်မာစာပေ သင်ကြားသင်ယူခြင်း

I-T-P-R ပုံစံဖြင့် ရေးဆွဲသော သင်ပြမှုပုံစံအဆင့် (၄) ဆင့်

သင်ခန်းစာသင်ပြမှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်ရယူခြင်း

မော်ဂျူး (၆.၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၆.၂.၂။ ကဗျာသင်ခန်းစာများကို ပြင်ဆင်ခြင်း

ကဗျာသင်ခန်းစာများကို ပြင်ဆင်ခြင်း

မော်ဂျူး (၆.၂.၂) အတွက် သင်ယူမှုလုပ်ငန်း

၆.၂.၃။ ကဗျာသင်ခန်းစာကို လက်တွေ့သင်ကြားခြင်း

မော်ဂျူး (၆.၂.၃) အတွက် သင်ယူမှုလုပ်ငန်း

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံးပြန်လည်သုံးသပ်စဉ်းစားခြင်း

မော်ဂျူး ၇။ စစ်ဆေးအကဲဖြတ်ခြင်း

၇.၁။ အလယ်တန်းကျောင်းသားများ၏ မြန်မာစာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း

၇.၁.၁။ အလယ်တန်းအဆင့်အတွက် စစ်ဆေးအကဲဖြတ်ခြင်း

အလယ်တန်းဆင့် စစ်ဆေးအကဲဖြတ်ခြင်း

အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း

၂။ ကျောင်းအခြေပြု စစ်ဆေးအကဲဖြတ်ခြင်း (School-based assessment)

သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း

သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း နှိုင်းယှဉ်ချက်

အောက်ပါတို့ကို မှန်/မှား ဖြေပါ။

မော်ဂျူး (၇.၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၇.၁.၂။ စစ်ဆေးရန် အချက်များပါသော စာရင်းနှင့် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား

စစ်ဆေးရန် အချက်များပါသော စာရင်း

စစ်ဆေးရန် အချက်များပါသော စာရင်း - အဆက်

၂။ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား

အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားတည်ဆောက်ပုံနှင့် နမူနာ

မော်ဂျူး (၇.၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၇.၁.၃။ စစ်ဆေးအကဲဖြတ်ခြင်းအတွက် မေးခွန်းမေးခြင်းနှင့် မေးခွန်းပုံစံများ

၂။ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ

မော်ဂျူး (၇.၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၇) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည် သုံးသပ်စဉ်းစားခြင်း

သင်တန်းအနှစ်ချုပ်

ကိုးကားချက်များနှင့် ဆက်လက်ဖတ်မှတ်စရာများ

Related Courses

chatGPTicon
;